Emmanuella Auto Service

Emmanuella Auto Service

Share

01/09/2021

👨‍🔧“ ဆိုင်ပြန်ဖွင့်နေပါပြီနော်

Emmanuella Auto Service ရဲ့ မိတ်ဟောင်း

မိတ်သစ် များကို ကြိုဆိုလျက်ပါ......“

အားလုံး ကိုဗစ်ဘေးမှ ကင်းရှင်းပီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ🙏

👇👇👇
အမှတ်(၄၇၇) ကြက်ခြေနီလမ်း၊ အေးစေတီရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️09424299994,📱09450049940
.

Photos from ကား - Car အ ကြောင်း စုံ's post 09/01/2021

😍😍

31/08/2020

ကဲ သိဖို့

ကျွန်တော့်ဆိုင်မှာ ဆီဖျန်းဖို့လာလာမေးကြတယ့် ကာစတန်မာများကို အကြိမ်ကြိမ် ဖြေကြားပေးနေရပါတယ်။
အောက်ပိုင်းဆီဖျန်းရင် ဆိုးကျိုးတွေ အဖြစ်များတာသိထားလို့ ငွေရဖို့ တစ်ခုတည်းအတွက် အလုပ်မလုပ်ချင်တယ့်အတွက် မလုပ်ဆောင်ပေးပါခင်ဗျာ။

အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီတမျိုးမျိုး ဖြန်းထားသင့်သလား?

လူတွေက ကားအောက်ပိုင်းကို သံချေးမကိုက်အောင် သန့်ရှင်းရလွယ်ကူအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇယ်လို ဆီတမျိုးမျိုး ဖြန်းထားလေ့ရှိပါတယ်။ ဆီဖြန်းထားလိုက်တဲ့အခါ ကားအစိတ်အပိုင်းတွေဟာ အရောင်စိုလာပြီး သစ်လွင်သန့်ရှင်းနေတယ် ထင်ရပါတယ်။ ကားအောက်ပိုင်းက ထွက်နေကျအသံတွေ ပျောက်သွားပြီး စိတ်ကျေနပ်မှုရပါတယ်။

သင့်ကားကို ရေဆေး ဆာဗစ်ရှင်းအပ်တဲ့အခါ ရိုးရိုးဆေးမလား ဒီဇယ်နဲ့ဆေးမလား မေးပါလိမ့်မယ်။ ဒီဇယ်သုံးမယ်ဆို အားလုံးဆေးပြီးသွားတဲ့အခါ ကားအောက်ပိုင်းကို ဒီဇယ်ဖြန်းပေးပါလိမ့်မယ်။ ကားပိုင်ရှင်ရဲ့ တောင်းဆိုမှုကြောင့်ဖြစ်စေ အလုပ်ရုံရဲ့လုပ်ထုံးနည်းအရဖြစ်စေ အင်ဂျင်ခန်းကိုလည်း ဒီဇယ်ဖြန်းထားတတ်ပါသေးတယ်။ အဲ့ဒီလိုလုပ်ခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ?

ကားအောက်ပိုင်းကို ဒီဇယ် ဒါမှမဟုတ် အဲ့လိုဆီတမျိုးမျိုးဖြန်းတာဟာ (အထူးသဖြင့် ပူနွေးတဲ့ဒေသတွေမှာ) ရာဘာဘွတ်တွေကို လျင်မြန်စွာ ပျက်စီးစေပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ ဆီတွေဟာ ဖုန်မှုန့်တွေကိုဆွဲကပ်ထားပြီး မာခဲလာခါ ဆွဲထိန်းတွေရဲ့လှုပ်ရှားတဲ့အစိတ်အပိုင်းတွေကို ပွန်းစားစေပါတယ်။

ဒါ့အပြင် စိုထိုင်းဆများတဲ့ဒေသမှာ ဖုန်မှုန့်နဲ့ရောနေတဲ့ဆီတွေဟာ အစိုဓါတ်နဲ့ဆားဓါတ်တွေကို ပိတ်လှောင်ထားပြီး ကားအောက်ခံထည်တွေကို လျင်မြန်စွာ ယိုယွင်းပျက်စီးစေပါတယ်။ O2 sensors နဲ့ suspension sensors တွေကိုလည်း ချို့ယွင်းစေပါတယ်။

ဝါယာရိန်းများနဲ့ အင်ဂျင်ခန်းကို ဖြန်းထားတဲ့အခါ အင်ဂျင်ပူလာချိန်မှာ ဝါယာရိန်းများနဲ့ ပလပ်စတစ်အပေါ်လွှာတွေဟာ မူလခံနိုင်ရည်ထက် ပိုပူလာပြီး ကျွတ်ဆပ်မာကြောလာခါ ကွဲပြတ်ပြီး ရှော့ဖြစ်ဖို့ကို ဦးတည်နေပါတယ်။ ရာဘာအစိပ်အပိုင်းများနဲ့ ပိုက်များကိုလည်း ပျက်စီးစေပါတယ်။ သင့်ရဲ့အင်ဂျင်ခန်းကို ဘယ်တော့မှ ဒီဇယ်ဖြန်းမထားပါနဲ့။ ဆာဗစ်လုပ်သူက ဖြန်းဖို့ပြင်နေရင် တားပါ။

အကြံပြုချက်တခုမှာတော့ ကားအောက်ပိုင်း စက်မှုအစိပ်အပိုင်းတွေကို ဒီဇယ်ဖြန်း ခဏထားပြီး ပြောင်အောင်ရေနဲ့ ဆေးကြောတာတော့ လုပ်လို့ရပါတယ်။ အင်ဂျင်ခန်းကိုတော့ မဖြန်းသင့်ဘူးလို့ ဆိုပါတယ်။

ကားထုတ်လုပ်သူတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး ညွှန်ကြားချက်တွေမှာ ကားအောက်ပိုင်းနဲ့ အင်ဂျင်ခန်းကို ဆီတမျိုးမျိုးဖြန်းထားဖို့ ညွှန်ကြားထားတာ မတွေ့ရဘဲ အဲ့ဒီအစား အင်ဂျင်ဝိုင် ဂီယာဝိုင် ဘရိတ်ဆီ စတဲ့ ဆီတမျိုးမျိုးထည့်တဲ့အခါ ဘေးကိုမဖိတ်စင်အောင် ဂရုစိုက်ဖို့နဲ့ ဖိတ်စင်သွားတဲ့ဆီတွေဟာ ကားရဲ့အစိပ်အပိုင်းတွေကို ပျက်စီးစေလိမ့်မယ်လို့ ဆိုပါတယ်။ ကားအင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီချေးများနဲ့ ညစ်ပတ်မနေအောင် ဆေးကြောဖို့ ညွှန်ကြားပါတယ်။

ဒီတော့ ဆေးကြောဖို့အတွက် ရာဘာနဲ့ ဝါယာရိန်းတွေကို မထိခိုက်စေတဲ့ engine degreaser ကိုသုံးပါ။ သံချေးမကိုက်ဖို့အတွက် under car coatings များကိုသုံးသင့်ပါတယ်။ ကားထုတ်လုပ်သူတွေက ကားအောက်ပိုင်းကို coatings တစ်ထပ်လုပ်ထားပေးပြီးဖြစ်တာကြောင့်် ယေဘူယျအားဖြင့် ရေဆေးရုံနဲ့လုံလောက်ပါသတဲ့။

Family_Myanmar


ရင်မြစ်>>>
www.pakwheels.com/blog/stop-spraying-oil-under-car/

Want your business to be the top-listed Autos & Automotive Service in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 477, Kyatchayni Street, Ayesayde Quarter
Myitkyina
99CV+3JMYITKYINA

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00