In Christ Alone
Daily bread
God is our refuge and strength, a very present help in trouble. (Psalm 46:1)
ဘုရားသခင်သည်ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ (ဆာလံ ၄၆:၁)
ထာဝရအသက်ဆိုတာ
ဘုရားသခင်နှင့်အတူထာဝရရှိနေနိုင်ခြင်းလို့နားလည်နိုင်သည်။အသက်၏အရင်းအမြစ်သည် ဘုရားဖြစ်သည်။ဘုရားသခင်သည် ထာဝရတည်သောဘုရားဖြစ်သောကြောင့် ဘုရားပေးသည့်အသက်သည် ထာဝရဖြစ်သည်။ ထာဝရဟူသည်မှာ အချိန်၏ကန့်သတ်မှုအား ကျော်လွန်နေပေသည်။ အနည်းငယ် ရှင်းလင်းပြသရမည်ဆိုလျင် စက္ကန့် ၆၀= ၁ မိနစ်၊ မိနစ် ၆၀= ၁ နာရီ၊ ၂၄ နာရီ= ၁ ရက်၊ ရက် ၃၀ = ၁ လ၊ ၁၂ လ= ၁ နှစ် ဟူသည့် အချိန်၏ကန့်သတ်မှုအားကျော်လွန်နေခြင်းပါ။ အချိန်ကို ဘုရားက ဖန်းဆင်းခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၁:၁)။ ဖန်ဆင်း (ဖန်တီး) သူသည် ဖန်ဆင်းခံအရာထက်ကျော်လွန် (သို့) ဖန်တီးခံရသည့်အရာနှင့်လွတ်ကင်းလျက်ရှိတာကို သိထားနှင့်ပြီးသားပါ။ (ဥပမာ; ဖုန်းတီထွင်သူသည် ဖုန်းအထဲမှာရှိမနေပါ)။
ထိုနည်းတူပင် ဘုရားသခင်သည် အချိန်အကန့်အသတ်ကိုကျော်လွန်စွာ တည်ရှိနေပေသည်။ ထာဝရအသက်ရှင်သောဘုရားနှင့်အတူ ထာဝရ (အချိန်၏ကန့်သတ်မှုအားကျော်လွန်စွာ) နေထိုင်နိုင်ခြင်းအား ထာဝရအသက်ဟူ၍ ခေါ်ဆိုပါ၏။ ၎င်းထာဝရအသက်အား ပေးသူသည် တစ်ဦးတည်းသာရှိလေသည်။ ထိုသူမှာ ယေရှုခရစ်တော် ပင်ဖြစ်လေသည်။ ထိုသူအား ယုံကြည်သူသည် ထာဝရအသက် ဧကန်မုချ ရရှိပေမည်။
By In Christ alone
သခင်ယေရှုခရစ်တော်၏ကားတိုင်၌လုပ်ဆောင်ပေးခဲ့မှုအားယုံကြည်လျင်ထာဝရအသက်အတွက် အသေအချာပါ။ ထို့အပြင် သူ့အားယုံကြည်သက်ဝင်နေမှု (ဘယ်အခြေအနေမဆို)က ဘုန်းတော်ထင်ရှားစရာအကြောင်းပေတည်း။
By In Christ Alone
Click here to claim your Sponsored Listing.
Category
Contact the place of worship
Telephone
Website
Address
Shwei Stree
Myitkyina