Zet Let Community School

Zet Let Community School

Share

19/09/2025

Jet ai tsawra myit gaw kaja ai maka law law hpe shabyin ya nga ai hpe kam ai. Hpaji lam hta shakut nga ai ni yawng hpe tsawra hkungga manu shadan nga ga.

#ဂျပန်_ဆရာများနေ့

ဂျပန်မှာ ဆရာများနေ့ မရှိပါဘူးတဲ့...။
တစ်နေ့မှာတော့... ကျွန်တော့်ရဲ့
လုပ်ဖော်ကိုင်ဖက် ဂျပန်ဆရာ
ယာမာမိုတကို မေးကြည့်ပါတယ်။

"ဂျပန်မှာ ဆရာများနေ့က
ဘယ်ရက်မှာ ကျင်းပပါသလဲ။
ဘယ်လိုကျင်းပပါသလဲ" လို့ ဆိုတော့..
ကျွန်တော့်အမေးကို သူက
အံအားသင့်စွာ ပြန်ဖြေပါတယ်။

"ငါတို့မှာ ဆရာများနေ့ဆိုတာ မရှိဘူး"

သူ့အဖြေကို ကြားရတော့ ယုံရခက်၊
မယုံရခက်။ စီးပွားရေး၊ သိပ္ပံနဲ့
နည်းပညာတွေ ဒီလောက်
ထွန်းကားတဲ့ နိုင်ငံမှာ ဆရာ၊
ဆရာမတွေနဲ့ သူတို့ရဲ့ အလုပ်ကို
မလေးစားကြတာ ဘာကြောင့်ပါလဲ။

အလုပ်ပြီးတာနဲ့ မာယာမိုတက
သူ့အိမ်ကို လိုက်လည်ဖို့
ကျွန်တော့်ကို ဖိတ်ခေါ်ပါတယ်

ယာမာမိုတက ကျွန်တော့်ကို
ရထားဘူတာဆီ ခေါ်ခဲ့တယ်။
ညနေခင်း အလုပ်ဆင်းချိန်ဖြစ်တော့..
ရထားပေါ်မှာ လူအပြည့်ပါပဲ။

ရထားပေါ်မှာ မတ်တပ်ရပ်ရင်း..
ရထားအမိုးမှာ တပ်ထားတဲ့ လက်ကိုင်ကွင်းကို တင်းတင်းဆုပ်ရင်း ထိုင်ခုံနေရာလွတ်များ
တွေ့လေမလားလို့ မျက်စိကစားမိပါတယ်။

ရုတ်တရက် ကျွန်တော် ရပ်နေတဲ့
ဘေးကခုံမှာ ထိုင်နေတဲ့ အဖိုးအိုတစ်ယောက်က
သူ့နေရာမှာ လာထိုင်ဖို့ နေရာထပေးပါတယ်။

သက်ကြီးရွယ်အိုတစ်ယောက်ရဲ့
ရိုသေလေးစားတဲ့ အပြုအမူကို
နားမလည်နိုင်ပဲ ကျွန်တော်က ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်.. အဖိုးအိုက ဇွဲမလျှော့ပဲ
သူ့နေရာကို ဇွတ်ဖယ်ပေးပါတယ်။

ဒါနဲ့ ကျွန်တော်က နားမလည်လို့
ဆရာယာမာမိုတကို မေးကြည့်ပါတယ်။

"ခင်ဗျားလည်ပင်းမှာ ဆွဲထားတဲ့
'ဆရာ'ဆိုတဲ့ အလုပ်အကိုင်ကြောင့်ပါ" လို့
ယာမာမိုတက ပြုံးပြီး ပြန်ဖြေပါတယ်။

"ဒီအဖိုးအိုဟာ ခင်ဗျားရင်ဘတ်မှာ
ဆွဲထားတဲ့ 'ဆရာ'ဆိုတဲ့ ကဒ်ပြားလေးကြောင့်.. ခင်ဗျားရဲ့ အဆင့်အတန်းကို
လေးစားတာကြောင့် သူ့ထိုင်ခုံကို ပေးတာပါ" တဲ့။

ကျွန်တော်ဟာ ယာမာမိုတရဲ့အိမ်ကို
ပထမဆုံး လိုက်လည်တာမို့ လက်ဗလာနဲ့
မသွားချင်ပါဘူး။
ဒါနဲ့.. လက်ဆောင်တစ်ခု ဝယ်သွားဖို့
ဆုံးဖြတ်လိုက်တယ်။

လက်ဆောင်ပစ္စည်းဝယ်ဖို့
ဆိုင်တစ်ဆိုင်ဆိုင်ကို လိုက်ပို့ဖို့
ယာမာမိုတဆီက အကြံဉာဏ် ယူပါတယ်။

ယာမာမိုတက ဆရာများအတွက်
သီးသန့် လျှော့ဈေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေ
ရှိကြောင်းပြောပြီး ဆိုင်တစ်ဆိုင်ကို
ခေါ်သွားပါတယ်။

"ဆရာတွေကိုသာ လျှော့ပေးတာလား" လို့
မေးတော့ ယာမာမိုတက..
"ဟုတ်တယ်" လို့ ကျွန်တော့်အမေးကို
အတည်ပြုပါတယ်။

ဂျပန်နိုင်ငံမှာပညာသင်ကြားတဲ့ အလုပ်ဟာ
အလေးစားဆုံးအလုပ် ဖြစ်ပြီးတော့...
ဆရာ၊ ဆရာမတွေဟာ အလေးစား ခံရဆုံး
ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

ဂျပန်လုပ်ငန်းရှင်၊ စတိုးဆိုင်ပိုင်ရှင်တွေက
ဆရာ၊ ဆရာမတွေ သူတို့ဆီ လာလည်ရင်
အရမ်း ပျော်ကြပြီးတော့..
အဲဒါဟာ ဂုဏ်ရှိတယ်လို့ ယူဆကြပါတယ်။

ဂျပန်မှာ ရှိနေစဉ်.. ဆရာ၊
ဆရာမတွေအပေါ်မှာ ဂျပန်လူမျိုးတွေရဲ့
လေးစားမှုကို အကြိမ်ပေါင်းများစွာ
မြင်တွေ့ခဲ့ရပါတယ်။

ရထားမှာ ဆရာ၊ ဆရာမများအတွက်
ထိုင်ခုံတွေ သီးသန့်ထားပေးတယ်။
ဆရာ၊ ဆရာမများအတွက်
အထူးဆိုင်တွေ ရှိတယ်။
ဘယ်ခရီးကို သွားသွား
လက်မှတ် တန်းစီစရာ မလိုဘူး။

ဒါ့ကြောင့်.. ဂျပန်မှာ ဆရာ
ဆရာမများအတွက် သီးသန့်
နေ့ထူးနေ့မြတ် မလိုဘူး။

ဒါ့ကြောင့်မို့.. ဂျပန်မှာရှိတဲ့ ဆရာ
ဆရာမများအတွက် နေ့တိုင်းဟာ
ဆရာများနေ့ပါပဲ။

Dr. Arvinder (N.D)
Crd # NAING OO

Photos from Zet Let Community School's post 12/09/2025

N b**g ai ladat ni hte hkaja let chye chyang wa nga ai.

Want your school to be the top-listed School/college in Myitkyina?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myitkyina