Daily English Tips

Daily English Tips

Share

06/03/2026

အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေထဲက Speaking & Grammar Expressions တွေကို မြန်မာဘာသာပြန်နဲ့တကွ တစ်စုတစ်စည်းတည်း PDF ဖိုင်အဖြစ် ပြုစုပေးလိုက်ပါတယ်။
ဒီအသုံးအနှုန်းတွေဟာ - ✅ စာမေးပွဲအတွက် အထောက်အကူဖြစ်စေရုံတင်မက ✅ အပြင်မှာပါ တကယ်အသုံးချနိုင်တဲ့ စကားပြောပုံစံတွေ ဖြစ်ပါတယ်။
PDF file ကို comment က link မှာ download ဆွဲယူလိုက်ပါ။
အဆင်ပြေရင် share ပေးပါဦး။

01/03/2026

English Tip of the Day! 💡🤧
​ကလေးနှာစေးနေတဲ့အခါ အသုံးအနှုန်းလေးတွေကို လေ့လာကြည့်ရအောင်။
​✨ "You have a runny nose."
(မင်း နှာစေးနေတာပဲ။ / နှာရည်တွေ ထွက်နေတယ်နော်။)
​✨ "Let me wipe it."
(မေမေ သုတ်ပေးမယ်။)
​✨ "Blow your nose!"
(နှာညှစ်လိုက်ဦး။)
​Example Scene:
"Oh honey, you have a runny nose. Come here and let me wipe it with a tissue!" 🧼🌷
​ #ကလေးကိုအဂ်လိပ်စကားပြောပေးမယ်
​Common Vocabulary:
​Tissue: တစ်ရှူး
​Sniffle: နှာတရှုံ့ရှုံ့လုပ်သည်
​Congested: နှာပိတ်နေသည်

01/03/2026

G-12 (စနစ်သစ်) English အမှတ်ပေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ

​စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အမှတ်မဆုံးရှုံးရအောင် အောက်ပါအချက်များကို အထူးသတိပြုစေလိုပါတယ် -

​1️⃣ Initial Letter: Capital/Small letter မှားရင် (½) မှတ် လျှော့ပါတယ်။ Uncountable noun ကို 's' ပိုထည့်ရင် အမှတ်မရပါဘူး။

2️⃣ Grammar: မှားရင် (0) မှတ်ပါ။ (½) မှတ် မရှိပါ။ Not only...but also ကို အကြီးနဲ့စရင် Inversion သုံးပေးရပါမယ်။

3️⃣ Poem: မေးခွန်းဖြေတဲ့အခါ ကဗျာစာသားအတိုင်း ပြန်မကူးပါနဲ့။ မိမိဘာသာ စကားပြေ (Own words) နဲ့ ရေးမှ အမှတ်ပြည့်ရပါမယ်။

4️⃣ Seen Passage: Word form မပြောင်းဘဲ စာပိုဒ်ထဲကအတိုင်း ပြန်ကူးရင် (½) မှတ်ပဲ ရပါမယ်။

5️⃣ Unseen: Same meaning ရှာတဲ့အခါ စာလုံးပေါင်း လုံးဝမမှားပါစေနဲ့။

6️⃣ Dialogue: Box ထဲကအတိုင်း တိတိကျကျ ပြန်ကူးရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် "?" တွေ "s" တွေ ထည့်ခြင်း မပြုရပါ။

7️⃣ Letter: Format မှန်ရင် (၃) မှတ် စရပါမယ်။ Body မပါရင် အမှတ်မပေးပါ။

8️⃣ Essay: စာမျက်နှာ (၁ မျက်နှာခွဲ/၂ မျက်နှာ) ရေးသားပါ။ G-12 Level နဲ့ ဆီလျော်တဲ့ အသုံးအနှုန်း ဖြစ်ရပါမယ်။

​ဒီအချက်တွေကို သေချာလေ့လာထားခြင်းဖြင့် အမှတ်ကောင်းကောင်း ရရှိနိုင်ကြပါစေ။

Want your school to be the top-listed School/college in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


Myitkyina