J Beauty Box
09/09/2020
27/08/2020
Sensitive skin သမားတွေ Sunscreen ရှာနေရင် ဒါသုံးပါ
💎💎31000 ks
26/08/2020
Rieti brand 50 % off မှာလို့ရတယ်နော်..
သိန်းကျော်တန်တွေ sale မို့လို့ ခုချိန် သောင်းဂဏန်းနဲ့ရမှာ..
ဒီဇိုင်းရွေးချင်ရင် အောက်က link မှာရွေးပြီး cb မှာ စျေးမေးကြည့်လို့ရပါတယ်..
http://www.rieti.co.kr/m/product_list.html?xcode=001&type=X&mcode=002
03/08/2020
Klairs can be ordered...
ခရီးက ပြန်လာတဲ့သူတွေအတွက် တွဲသုံးသင့်တဲ့အတွဲ
😎 Vit C Serum + Klairs midnight blue claming cream 😎
နေလောင်ထားတဲ့အသားရေ အမြန်ဆုံး ပြန်လင်းလာဖို့အတွက် soothing ဖြစ်စေတဲ့ sheet mask တွေများများ ကပ်ပေးဖို့လိုသလို Skin brightening ဖြစ်စေဖို့ Vit C serum ပြန်သုံးပေးဖို့လည်း လိုပါတယ်..
Vitamin C က one of the legendary skincare ingredient ပါပဲ... မရှိမဖြစ် လိုတဲ့ထဲပါပါတယ်.. Potent antioxidant ဖြစ်တဲ့အပြင်
- အသားရေကို ညီစေတယ်.. ချောမွေ့စေတယ်..
- အမဲစက်တွေမှိန်စေတယ်
- skin brightening ဖြစ်စေတယ်
- collagen ထုတ်တာကို အားပေးတာမို့ skin healing ကောင်းစေပြီး ဝက်ခြံအမာရွတ်တွေကိုလည်း သက်သာစေတယ်..
ယမုံကတော့ Vit C Serum - Hanyul Yuja Oil ကို သုံးပါတယ်.. ( Vitamin C က toner , cleanser အနေနဲ့စာရင် serum ထည့်သုံးတာ ပိုသိသာထိရောက်ပါတယ်.. ကိုယ့်မှာရှိတဲ့ Vit C serum တမျိုးမျိုးသုံးနိုင်ပါတယ်.. မရှိရင်တော့ ညဘက် night cream ဆိုပြီး ဝယ်မဲ့အစား Vitamin C Serum တခုကို မပါမဖြစ် သုံးစေချင်ပါတယ်)
နောက်တခုက Skin calming ဖြစ်စေတဲ့ Chamomile oil extract ပါ.. Guaiazulene လို့ခေါ်တဲ့ dark blue crystalline hydrocarbon က skin calming ဖြစ်စေတယ်.. Skin cell တွေကို အသစ်ပြန်ဖြစ်စေတဲ့အပြင် Japanese clinical trial အရ sunburn နဲ့ ezcema တွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်..
ဒါကြောင့် ခရီးသွားလို့ပဲဖြစ်ဖြစ် နေလောင်ထားလို့ပဲဖြစ်ဖြစ် Klairs midnight blue calming cream ကို Vit C serum နဲ့ တူတူတွဲသုံးကြည့်ပါ..
သိသိသာသာ အသားရေ ပြန်ကြည်ပြီး နေလောင်တာတွေ နီမြန်းရောင်ရမ်းတာတွေ သက်သာပါတယ်.. နောက် သူ့မှာ Centella Asiatica ပါလို့ Acne prone & acne skin တွေအတွက် gentle spot treatment အနေနဲ့လည်း သုံးနိုင်ပါတယ်..
ယမုံက အသားရေထိခိုက်တဲ့ထဲမပါပေမဲ့ တခုခုဆို Allergy လိုမျိုး ယားတတ်တဲ့သူပါ.. ပါးနှစ်ဖက်မှာ နီပြီး ယားလာပြီ ရောင်ချင်လာပြီဆိုရင် Klairs midnight cream ကို ဖြစ်တဲ့ နေရာလေးကို အသာလေး ပုတ်လိမ်းပေးလိုက်ရင် မနက်ကျ တော်တော်လေး သက်သာသွားတယ်..
နောက် ယမုံ့ အမျိုးသားကျတော့ Dermatitis ကလည်းရှိ Site ထဲတွေဆင်းပြီး နေလောင်တာမှ ပါးနှစ်ဖက်ဆို ရဲနေတာ အရမ်း.. သူ့ကို ညတိုင်း Hanyul oil နဲ့ Klairs blue cream လေး လိမ်းခိုင်းလိုက်တာ ရက်ပိုင်းတွင်းကို အသားရေက နေလောင်တာ သိသိသာသာသက်သာလာပြီး ဂလိုးလာတာ.. တွေ့တဲ့သူတိုင်းက ပြောကြတဲ့ထိပဲ..
အဲ့ဒါကြောင့် ခု ၄ ရက်ပိတ်လို့ ခရီးကပြန်လာတဲ့သူတွေအတွက် သတိတရ sharing လုပ်လိုက်ပါတယ်နော်..
မယုံရင် try ကြည့်ပါ.. တပတ်အတွင်း သိသာတယ်..
30/07/2020
Cosrx two in one poreless power liquid
💸 29000 ks
📦 Instock
[REVIEW] COSRX TWO IN ONE PORELESS POWER LIQUID
Another highly, highly, HIGHLY requested review! စာသေချာဖတ်ပါ။ စာသေချာမဖတ်ဘဲ စာထဲမှာပါတဲ့အကြောင်းတွေအောက်မှာလာမေးရင်မဖြေဘူးနော်။ ကျော်သွားမှာ။
The Rosie Edit မှာ သက်တမ်းတလျှောက်အများဆုံး request တောင်းဆိုခံရတဲ့ skincare item အဖြစ် မှတ်တမ်းဝင်တဲ့ cosRX က Two in One Poreless Power Liquid ပါ။ ဘယ်လောက်လဲဆိုရင် ဒါရေးမယ်နော်တင်ပြီးတည်းက ဝင်လိုက်တဲ့ message တွေဆိုတာလေ မစဲဘူး။ အလားတူဘဲ ကိုယ့်ရဲ့အလုပ်ကလဲမစဲဘူး။ မနက် ခြောက်နာရီကထပြီး run လိုက်တာ ညခုနှစ်အထိမရပ်မနားဘဲ။ ဒီ review ရေးရင် iPad ကြီးဘေးချပြီးအိပ်နေတဲ့ရက်တွေလည်းအများသားလား။ တစ်ခါဝင်လိုက် ဒါကိုပြန်ပြီးစစ်ဖို့ edit လုပ်လိုက်နဲ့ အခုမှတင်ဖြစ်တယ်ဆိုပါတော့။ အဲဒီတော့ ဒီ review ကို reaction ကောင်းတာတွေမြင်ချင်ပါတယ်။ Like & Share တော့မလုပ်ခိုင်းပါဘူး။ အသည်းလေးတွေဘဲပေးပါ။
Poreless Power Liquid ကို Glass skin in a bottle လို့ပြောကြတယ်။ အသားကြည်ပြီးတင်းတယ်ပေါ့။
Highlight လုပ်ထားတဲ့ ingredient တွေက Betaine Salicylate နဲ့ Tannin
Betaine Salicylate က salicylic acid လိုမျိုးဘဲဝက်ခြံနဲ့ပါတ်သက်ရင်သုံးတာမျိုး။ နောက်ပိုင်းမှာ သုတေသနစာတမ်းတွေကရေးတာက အချို့သူတွေက Salicylic acid သုံးတာကြာလာရင် အသားအရေကပါးပြီးတော့ ခြောက်သွေ့လာတတ်တယ်လို့ပြောကြတယ်။ အသားပါးရင်ဘာဖြစ်တတ်လဲဆိုတော့ နေလောင်လွယ်တယ်။ မကောင်းဘူးပေါ့နော်။ ပြီးတော့ Betaine salicylate က Salicylic acid ထက်စာရင်ထိရောက်ပုံခြင်းဆင်ပေမယ့်လည်း သူက ဝက်ခြံဖြစ်မယ့် အရိပ်အရောင်ရှိရင်ရှင်းပေးတာမျိုး၊ ဆားဝက်ခြံအမဲတွေကိုဖျော်ထုတ်ပေးတာမျိုးမှာကောင်းတယ်လို့ပြောကြတယ်။ ပြီးတော့ အသားအရေရဲ့ tone and texture (အရောင်ညှိပေးတာတို့ အသားချောတာမျိုး) ကိုတိုးတက်အောင်လုပ်ပေးတယ်ပေါ့နော်။
မှန်မှန်သုံးမှဒါမျိုး effect ရမှာနော်။ တစ်ပါတ်လောက်နဲ့ဒါမျိုးမရဘူး။
Tannin ကလည်း BHA တစ်မျိုးဘဲ။ သူက ပိုးသတ်ပေးပြီးတော့ အဆီတွေဖယ်ပြီး အသားကိုတင်းအောင်လုပ်ပေးတယ်။
ဒီနှစ်ခုကို main ingredient အဖြစ်ထည့်ထားပေးတော့ cosRX က glass skin in a bottle လို့ပြောတာမဆန်းဘူးပေါ့လေ။
Product Description
Poreless liquid ကအကြည်ရောင်။ ရေထက်နည်းနည်းပျစ်တယ်။ Serum ထက်တော့ကျဲတယ်။
How I Use
ဖူးပွင့်ကဒါကို night skincare routine မှာ မျက်နှာသစ်ပြီး toner မသုံးခင်သုံးတယ်။ ဒါမှ အသားရဲ့ optimum pH level ကိုမိပြီးတော့ ပိုအစွမ်းထက်တယ်။ ဒါသုံးပြီးရင် အနောက်က hydrating toner, hydrating serum လိုက်တယ်။ Vitamin C, AHA BHA ပါတာကို ဒါသုံးတဲ့နေ့မှာလုံးဝမသုံးဘူး။ ဒီ liquid က toner တွေထက်နည်းနည်းပြင်းတော့ ဖူးပွင့်က ဒါကိုအများဆုံး တစ်ရက်ခြားဘဲသုံးတယ်။ အကြောင်းရင်းက dry skin မို့သုံးတာရက်ဆက်သွားရင်အသားခြောက်မှာစိုးလို့။ အခြားသူတွေကိုလည်းဒါမျိုးလိုက်လုပ်ဖို့အကြံပေးချင်တယ်။
ဒါရေးရင် ဖူးပွင့်ကိုဒါတွေလာမေးမှာသိနေတယ်။
(၁) ဒါနဲ့ Some by Mi toner ဘာကွာလဲ
(၂) ဒါနဲ့ Kose Infinity Pure Advance lotion နဲ့ဘာကွာလဲ။
အဖြေ (၁) Blend မတူဘူး။ Potency (ထိရောက်ပုံပြင်းအား) မတူဘူး။ Some by Mi က သုံးမျိုးရော blend။ Poreless Power Liquid က BHA သီးသန့် blend။ မတူဘူး။ Some by Mi က multiplayer။ Poreless liquid က တစ်ခုတည်း သီးသန့်လုပ်တဲ့ specialized player လိုမျိုး။ ကွာတယ်။ ယှဉ်လို့မရဘူး။ မယှဉ်သင့်ဘူး။ ကောင်းတယ်ဆိုးတယ်ဆိုတာထက် ဘောလုံးသမားနဲ့ ဘက်စကက်ဘောသမားယှဉ်သလိုဖြစ်နေမယ်။
အဖြေ (၂) အခုထိ ဖူးပွင့်က Pure Advance ကို pore tightening, texture refining အတွက် အကောင်းဆုံးလို့ပြောပါတယ်။ ချွေးပေါက်ကျဉ်းပြီး အသားချောအောင်လုပ်ပေးတာပေါ့နော်။ Poreless power liquid လည်းတူတူပါဘဲ။ ကွာတာက approach ကွာတယ်။ Pure Advance က အဆီတွေကိုထိန်းတဲ့ approach ပေါ့နော်။ Poreless liquid ကတော့ အဆီတွေရှင်းတဲ့ approach ပေါ့။
ဆိုတော့ ဖူးပွင့်က skincare နဲ့ပါတ်သက်ရင် extra ဖြစ်တဲ့သူပီပီ ultimate pore refining routine လုပ်လိုက်တယ်။ cosRX ကို Pure Advance ပါတဲ့ routine ထဲထည့်လိုက်တယ်။ 🤣
ဘယ်လိုလဲဆိုတော့
Pure Advance Face Wash
cosRX poreless liquid (အများဆုံးတစ်ရက်ခြားတစ်ခါ)
Pure Advance Skin Lotion
Pure Advance Serum
သုံးလိုက်ရင်သုံးပြီးပြီးချင်းအသားတင်းလာတာသိသာတယ်။ Glass skin လို ကြည်ပြီးပြောင်လာမလားကတော့ အချိန်နည်းနည်းယူသုံးပြီးမှ ပြန်ပြောမယ်။ Update ပေါ့နော်။ Stay tuned!
Blackhead ပြောင်လားဆိုတော့ ပြောင်ပါတယ်။ ဖူးပွင့်အတွက်ကတော့ တစ်ပါတ်ခွဲလောက်မှာနှာခေါင်းမှာပေါက်လေ့ရှိတာတွေသက်သာပါတယ်။ ဖးးပွင့်က dry skin မို့လို့ blackhead ထွက်လေ့မရှိတာကိုလည်းသတိချပ်စေချင်ပါတယ်။
Who Should Use:
ဘယ်သူတွေသုံးသင့်လဲဆိုတော့ oily skin, combination skin ဖြစ်ပြီးတော့ အဆီဖုထတတ်တဲ့သူတွေ ပြီးတော့ skincare ထဲမှာ moisture များတာသိပ်မကြိုက်တတ်တဲ့သူတွေ။
Dry skin, normal skin တွေလည်းဒါကိုသုံးလို့ရပါတယ်။ ဒါပေမယ့် သူတို့က အနောက်က hydration သေချာလိုက်ပေးရမယ်။ ဒါကိုသုံးရင်အနောက်က hydrating serum/ essence ထည့်ကိုထည့်ပေးရမယ်။ အဲ့ဒါမှ အသားကကြည်မယ်။
ဘယ်မှာဝယ်ရင်ကောင်းလဲဆိုရင်တော့ LIBRA မှာဈေးသင့်ပြီးတော့ ပစ္စည်းမှန်တယ်။ ဖူးပွင့်လည်းအဲ့ဒီကဘဲဝယ်တယ်။
ကဲဒီလောက်ဆိုရင် review ကစုံလောက်ပါပြီ။ ဒါကိုဝယ်ဖို့ မျက်စပစ်နေတဲ့သူတွေလည်း ဝယ်ဖို့ မဝယ်ဖို့ဆုံးဖြတ်နိုင်ပြီလို့ထင်ပါတယ်။
နောက်မှတွေ့မယ်နော်။
အာဘွားစ်
Love Love Love,
Rosie
24/07/2020
Watson’s 7 days Mask
Price- 14000 ks
🍀ဒီ mask package လေးက လေ 7 days ဆက်တိုက် ကပ်ရ ဖို့အတွက် ထုတ်ထားတာ ဖြစ်ပါတယ်
🍀သူက mask sheet အမျိုးအစား 7 မျိုး, Ingredient 7 မျိုး နဲ့ Essence 5 မျိုး တို့ပါဝင်ပါတယ်
Masks တွေ အကုန် က Parabens free , Alcohol free နဲ့ Colourants free ပါနော်
🍀Monday -အသားအရေ ကို ရေဓာတ်ဖြည့်ပေး လို့ အသားကြည် ပြီး နူးညံ့ စေပါတယ်
🍀Tuesday - အသားအရေ ကိုအား ဖြည့်ပေး ပြီး vitalityကို boostလုပ်ပေးပါတယ်
🍀Wednesday - အသားကို ကြည်စေပြီး skin tone ကိုညီ အောင် ညှိ ပေးပါတယ်
🍀Thursday- အသားအရေ ကို သန့် စင် စေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်
🍀Friday -အသားအရေ ကို extra moisturise လုပ်ပေး နိုင် တဲ့ creamy essence နဲ့ ပြုလုပ်ထားတာဖြစ် ပါတယ်
🍀Saturday - ခြောက်ပြီး ပင်ပန်း နေတဲ့ အသား အရေ ကို ချော မွတ် ပြီး အစို ဓာတ်, ရေဓာတ်ဖြည့်ပေး ပါတယ်
🍀Sunday -အစိုဓာတ်အပြည့်အဝဖြည့်တင်း ပေး ပြီး အသားအရေ ကို ချော မွတ် နူးညံ့ စေပြီး skin complexion ကို improveလုပ်ပေးပါတယ်
😍 Glowချင်ရင် 7day maskသုံးဖို့လိုပါတယ်
21/07/2020
Pixi Glow tonic (Toner)
💵(100 ml) - 26000 ks (preorder)
Glow tonic ဆိုတဲ့အတိုင်း မျက်နှာကြည်ရှင်းပြီး Glow နေတဲ့ မျက်နှာလေးရရှိစေတာကြောင့် နာမည်ကြီးတဲ့ Toner ပါ
🦋exfoliation effect ပါတဲ့အတွက် မျက်နှာပေါ်က cell အသေတွေကို ဖယ်ရှားသန့်စင်ပေးပြီးတော့ cell အသစ်တွေပြန်ဖြစ်စေတယ်..
🦋Ginseng လည်း ပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကောင်းပြီး နုနယ်တင်းရင်းစေတယ်...
🦋ချွေးပေါက်တွေကို ကျဉ်းစေတယ်
🦋Alcohol free
paraben free ပါ
All skin type သုံးလို့ရပါတယ
👉ဒါလိမ်းပြီးရင် အနောက်ကနေ moisturizer တော့ မဖြစ်မနေလိမ်းပေးပါ..
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myitkyina