Know Nothing

Know Nothing

Share

22/05/2023

အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့တယ့် လူတွေမှ လူငယ်တွေကို ရည်ညွှန်းထားတယ့် Most Important Soft Skill... ကို ဖော်ပြပါမယ်။..

🌐 Soft skill ဆိုတာ ကိုယ့်ရဲ့ Professional Carierမှာ ကိုယ့်ရဲ့စွမ်းရည်တွေကို အပြည့်အဝသုံးနိုင်အောင် အထောက်အကူပေးတယ့် skills တွေပါ။

🌐 Soft skillsထူးထူးခြားခြား ပညာရေးနောက်ခံမလိုပဲ၊ ကိုယ်ကိုယ်တိုင် အချိန်အနည်းငယ်ပေးရုံဖြင့် လေ့လာနိုင်ပါတယ်။

❗ ဘယ် skill ကို ဖြည့်စွက်လေ့လာထားရမလဲဆိုတာကို အောက်မှာ ဆက်ဖတ်ကြည့်ပါ....

Time Management (အချိန်ထိန်းချုပ်မှု)

✳လူငယ်လူရွယ်များဟာ အချိန်ရဲ့တန်ဖိုးကို မသိကြပါဘူး။ တာသဘာဝပါ။သက်ကြီးလာမှ အချိန်ရဲ့တန်ဖိုးနဲ့ အချိန်ရဲ့သဘောသဘာဝကို သိတတ်လာကြပါတယ်။ဒါကြောင့် အောင်မြင်သူများဟာ အချိန်ကို လေးစားသူတွေကြသလို ၊ အချိန်ကိုတန်ဖိုးထားသင့်ကြောင်း အကြိမ်ကြိမ်ပြောဆိုဆုံးမလေ့ရှိကြပါတယ်။

မြန်မာ့ရိုးရာစကားပုံအနေနဲ့ဆိုရင် ''အချိန်နှင့် ဒီရေသည် လူကိုမစောင့်'' ဟူ၍မှတ်လို့ရပါတယ်။
အချိန်ကိုလူတိုင်း ၂၄ နာရီသာ ရရှိကြသော်လည်း၊ တစ်ယောက်နဲ့တစ်ယောက် ဆွတ်ခူးတယ့် ရလဒ်တွေတော့မတူကြပါဘူး။အချိန်ကို တိုးလျှော့လို့မရပေမဲ့ ကိုယ့်မှာရှိတယ့်အချိန်တွေကို အကောင်းဆုံးအကျိုးရှိအောင် အသုံးပြုလို့ရပါတယ်။

⭕ Time Management မှာ အခြေခံအနေနဲ့သိကိုသိထားရမယ့် Tools (3)ခု ကတော့...

1️⃣ To do lists.. ကိုယ်ဘာတွေလုပ်ရမယ်ဆိုတာကို ရေးမှတ်ထားတယ့် မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ (ဖြစ်နိုင်ရင် To do lists တစ်ပတ်စာကို အချိန်ပေးပြီး မှတ်ထားသင့်)။

2️⃣Daily task...ကိုယ့်တစ်ရက်စာဘာတွေလုပ်မလဲဆိုတာကို အချိန်နှင့်တကွ မှတ်ထားတယ့် အချိန်ဇယားပါ။ဒီမှတ်တမ်းမှာအရေးကြီးဆုံးနှင့် အချိန်အနည်းဆုံးရတယ့်လုပ်ဆောင်ချက်တွေကိုအရင်ဆုံးလုပ်ဖို့ အကြံပေးခြင်ပါတယ်။

3️⃣Used Time Note...ကိုယ်လုပ်ဆောင်ချက်တစ်ခုစီတိုင်းမှာ သုံးလိုက်တယ့်အချိန်တွေကို မှတ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်နေ့စဉ် သုံးလိုက်တယ့်အချိန်တွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရတယ့်အတွက် ကိုယ်က ဘယ်လုပ်ဆောင်ချက်တွေမှာ အချိန်ဖြုန်းနေတယ်ဆိုတာ သိပါလိမ့်မယ်။

🛑 ဒီ Time management အတွက်အသုံးဝင်တယ့် Tools တွေကိုသုံးပြီး အကျင့်ဖြစ်အောင်လုပ်ဆောင်သင့်ပါတယ်။

🖤 တာပေမဲ့ အကျင့်ပြင်ဖို့ မလုပ်ဆောင်နိုင်သေးဘူးဆိုရင်တော့ မကြာခင်မှာ Habbit Building (အကျင့်ပြင်ခြင်းပညာ)အကြောင်းရေးသားပေးပါမယ်။
🔵 ⏩မိနစ်ပိုင်းပေးရုံနှင့် ကိုယ့်ကိုယ်ကိုပြောင်းလဲပြစ်ဖို့ ဆန္ဒရှိရင်တော့ ဒီ pageနဲ့ post ကို Like,Follow,and share လုပ်ပေးပါဗျာ...။

Want your public figure to be the top-listed Public Figure in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


Myitkyina