Future Light Academy
14/06/2026
ကျေးဇူးတင်မှတ်တမ်းလွှာ သို့မဟုတ်
ဒဿမအကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့ ဘွဲ့နှင်းသဘင်
Future Light Academy ရယ်လို့ စတင်သန္ဓေတည်ခဲ့တဲ့အချိန်ကစလို့ ဝန်းရံကူညီပေးခဲ့ကြသူအတတ်ပညာရှင်များ၏ ပံ့ပိုးမှုများကြောင့် ကျောင်းတော်ကြီး၏ အသက်ရှုသံမှာ မပင်မပန်း ပုံမှန်အတိုင်းသာလျှင် ယနေ့အချိန်ထိ တည်တံ့ရှင်သန်လန်းဆန်းနေဆဲဖြစ်ပါတယ်ခင်ဗျာ။
အကယ်ဒမီရဲ့ ဂုဏ်အရပ်ရပ်ကိုတည်ဆောက်ပေးခဲ့ကြသူအတတ်ပညာရှင်များအပြင် မိသားစုဝင်များသဖွယ် ချစ်ခင်လေးစားကြရပါတဲ့ အကယ်ဒမီသင်တန်းဆင်း ဘွဲ့ရမောင်မယ် ဆရာဆရာမများ ၊ မိဘများ ၊ ကျောင်းတည်ထောင်သူများ ၊ စီမံခန့်ခွဲကြီးကြပ်ရေးအရာရှိကြီးများ ၊ ပြန်တမ်းဝင်အရာရှိကြီးများ ၊ အငြိမ်းစားဌာနဆိုင်ရာအတိုင်ပင်ခံကြီးများ နဲ့ သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြပြီးတဲ့ နယ်ပယ်အသီးသီးမှ သင်တန်းဆင်းမောင်မယ်တို့အားလည်း အထူးပင်အောက်မေ့သတိရကျေးဇူးတင်ရလျက်ရှိပါသည် ။
အဆိုပါ ဘွဲ့ရမောင်မယ်များကို အသိပညာ အတတ်ပညာများမျှဝေဖြန့်ဖြူးပေးကြပါသော ဖြန့်ဖြူးဆဲလည်းဖြစ်ကြပါသော အကယ်ဒမီပညာရေးအဖွဲ့မှ ပညာရေးဘာသာရပ်များ၏ ပညာရှင် ပါမောက္ခဆရာမကြီးများရဲ့ အင်အား ခွန်အားများကိုလည်း အလားတူပင်တစိမ့်စိမ့်အောက်မေ့ကြည်နူးပီတိဖြစ်ရလျက်ရှိပါသည်။
သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များအားလုံးကို ချောမွေ့ဖြောင့်ဖြူးစေရန် စနစ်တစ်ခု စံထား၍ ခွဲခြမ်းစိတ်ဖြာစီမံပေးကြပါသော အကယ်ဒမီ၏ စီမံခန့်ခွဲရေးရာဆရာဆရာမများ၏ စိတ်ခွန်အား ကိုယ်လုပ်အားတို့အားလည်း အကယ်ဒမီ၏ နှလုံးသားများသဖွယ်မှတ်ယူအောက်မေ့လျက်ရှိပါသည်။
အဖက်ဖက်မှ ဝိုင်းဝန်းဖေးမပါရမီဖြည့်ပေးခဲ့ကြပါသော ဖြည့်လက်စလည်းဖြစ်ကြပါသော အကယ်ဒမီ၏မိသားစုဝင်များအားလုံးကို အကယ်ဒမီကြီး၏ ရေသောက်မြစ်သဖွယ် မှတ်ယူအားကိုးတန်ဖိုးထားလျက်ဖြစ်ကာ ပထမအကြိမ်ဘွဲ့နှင်းသဘင်မှသည် ယခု ဒဿမအကြိမ်ဘွဲ့နှင်းတိုင်အောင် အစဉ်တစိုက်အားကြိုးမာန်တက်ကူညီပေးခဲ့ကြသည့် မိသားစုဝင်များအားလုံးကို သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည့်ပမာယူ၍ ဆက်လက်ကြိုးစားသွားမည့်အကြောင်းပြောကြားရင်း ဤကျေးဇူးတင်မှတ်တမ်းလွှာဖြင့် ဖော်ပြပါပုဂ္ဂိုလ်များအားလုံးကို မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
Future Light Academy
10/06/2026
ကလေးစိတ်ပညာဒီပလိုမာဘွဲ့ အပတ်စဥ် ( ၁၂ )
Diploma in Child Psychology Batch - 12
🌿 ကလေး ကလေးအထင်မသေးနဲ့ ကလေးကလူကြီးဖြစ်မှာဆိုတဲ့ စကားလေးကိုကျနော်တို့အားလုံးကြားဖူးကြပါတယ်။
အရေးကြီးတာကတော့ ဒီကလေးက ဘယ်လိုလူကြီးမျိုးဖြစ်လာမှာလဲ ဖြစ်လာစေချင်လဲဆိုတာပါ။
🌿 အသက်၆နှစ်ကစလို့ ကလေးတွေအချိန်အများဆုံးရှိကြတဲ့နေရာက ကျောင်းပါ။ ကျောင်းတွေမှာ ကလေးတွေကိုစာသင်နည်းအမျိုးမျိူးအသုံးပြုပြီးသင်ပေမယ့်လို့ ကလေးတွေရဲ့စိတ်ကိုနားမလည်ရင် သင်ယူမှုလုပ်ငန်းစဥ်မပြီးမြောက်တာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဆရာမများအနေနဲ့ ကလေးတွေရဲ့စိတ်ကိုနားလည်အသုံးချကာ သင်ကြားမှုနဲ့သင်ယူမှုလုပ်ငန်းစဥ်ချောချောမွေ့မွေ့နဲ့ အောင်မြင်စေရန် အကယ်ဒမီကဖွင့်လှစ်တဲ့ ကလေးစိတ်ပညာ အတန်းကို တက်ရောက်ဖို့ ပညာရေးနယ်ပယ်က ဆရာဆရာမများကိုဖိတ်ခေါ်လိုက်ရပါတယ်။
📌 ဘယ်သူတွေတက်လို့ရလဲ။
- တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများမှစ၍ ကလေးစိတ်ပညာကိုလေ့လာလိုသူမည်သူမဆို တက်ရောက်နိုင်သည်။
📌 ဘယ်သူတွေသင်မှာလဲ ။
👩🏫 Dr. Shwe Yee Win
PhD(Education),MEd,BEd
👩🏫 Dr. Grace
PhD(Education),MEd,BEd,
👨🏫 Dr. Sora
PhD(International Studies, Japan)
MEd,BEd
👨🏫 Daw Yadana Zin Htun
MEd(Educational Psychology),
BEd
📌 ဘယ်လိုသင်မှာလဲ။
- Zoom မှ တစ်ရက်နှစ်နာရီကြာသင်ယူရမည်။"အရေးပေါ်ရှောင်တခင်ခွင့်ပျက်ကွက်ခဲ့ပါကလည်း ပျက်ကွက်ရက်အတွက် record videoပြန်ကြည့်ကာ သင်ယူနိုင်ပါမည်။"
📌 သင်တန်းကာလ - ၃ လ
အပတ်စဥ် ဗုဒ္ဓဟူး ၊ သောကြာ ၊စနေ ၊ တနင်္ဂနွေ
( တစ်ပတ် ၄ ရက် )
⏰ သင်တန်းချိန် - ည ၇နာရီ မှ ၉ နာရီထိ
💷 သင်တန်းကြေး - တစ်လလျှင် တစ်သိန်းကျပ်
( - ၅ ယောက်တစ်ဖွဲ့ ၁၀ယောက်တစ်ဖွဲ့ အပ်နှံသူများအတွက်လည်း သင်တန်းကြေး Discount ရှိပါသည် )
🚨 သင်တန်းစမည့်ရက် - ( 1.July.2026 - Wed )
🚨 သင်တန်းလက်ခံဖောင်ပိတ်ရက် - ( 30.June.2026 )
ယခုအချိန်မှစ၍ သင်တန်းအပ်နှံနိုင်ပါပြီ။
သင်တန်းအပ်ရန် Page Messenger တွင်သင်တန်းကြေးတစ်လစာသွင်း၍ ဖောင်ဖြည့်ကာ အပ်နှံပါ။
လူပြည့်ကာ မမှီလိုက်မဖြစ်ရလေအောင် အမြန်တစောအပ်နှံခြင်းက ပို၍ သေချာပါသည်။
☎️ အသေးစိတ်မေးမြန်းရန် -
09942927676
09755598911
09/06/2026
ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရယူလိုက်ပါ 📚📖
လူကြီးမင်းတို့ရဲ့ ပညာရေးခရီးလမ်းမှာ အရေးကြီးတဲ့ သတင်းစကားတွေနဲ့ သင်တန်းအချက်အလက်တွေကို အလွယ်တကူ သိရှိနိုင်ဖို့ Future Light Academy ရဲ့ Official Telegram Channel ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
သင်တန်းအပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ အကယ်ဒမီရဲ့ နောက်ဆုံးရ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ရန်အတွက် အောက်ပါအတိုင်း Subscribe ပြုလုပ်ထားနိုင်ပါတယ်။
🔹 Channel Name: Future Light Academy
🔹 Username:
သင်ယူမှုတွေ စဉ်ဆက်မပြတ်ဖို့နဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့
ပုံပါ QR Code ကိုဖြစ်စေ၊
Telegram Link ကိုဖြစ်စေ
https://t.me/flaygn
အသုံးပြုပြီး ယနေ့ပဲ Subscribe ပြုလုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါသည်။
Quality education for a brighter future! 💡
26/04/2026
Happy Birthday , Tr Yadana
🎂 မွေးနေ့ဆုတောင်း 🎂
ချစ်သောသူများနှင့်အတူ၊ ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း စိတ်နှလုံး ချမ်းမြေ့ခြင်းနှင့် ပြည့်စုံပြီး ...
ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ...
ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ...
ချစ်သောမိသားစု၊ ချစ်ရတဲ့မိသားစုနှင့်အတူ ပျော်ရွှင်နိုင်ပါစေ...လို့ အကယ်ဒမီမိသားစုဝင်များမှ ယနေ့မွေးနေ့ရှင် Teacher Daw Yadana Zin Htun အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Myitkyina