Biology Channel
20/05/2022
ဒီနှစ် ပညာသင်နှစ်အတွက် ဆယ်တန်း bio စနစ်ဟောင်းအတန်းလေး စဖွင့်ပါပြီ
စနစ်ဟောင်းကရှိမယ် မရှိဘူး မသေချာပေမဲ့ တက်ထားချင်တဲ့ ကလေးတွေရှိလို့ ဒီအတန်းလေးကို စီစဥ်ပေးလိုက်တာပါ...
မနှစ်က တစ်နှစ်လုံး bio နဲ့ eng ကို online ကနေသင်လာတာ ကျောင်းသားတွေဆီက ကောင်းတဲ့ feedback တွေဘဲရခဲ့တာ ဖြစ်ပါတယ်။
ခုလဲ နိုင်သလောက်လေးဘဲ လက်ခံမှာမို့ မြန်မြန်စာရင်းပေးဖို့ လိုမယ်နော်....
🍀သင်မဲ့ပုံစံက powepoint တွေနဲ့ ပုံတွေကို မျက်လုံးထဲတစ်ခါထဲမြင်အောင်သေချာရှင်းပြပေးမှာပါ
🍀နေ့တိုင်းလဲ 1 မှတ်တန်တွေကို homework ပေးပြီး သေချာစစ်ပေးပါတယ် အမှားတွေကိုလည်းနားမလည်မချင်းရှင်းပြပေးမှာပါ
🍀Short questions, Long questions သင်ခန်းစာတစ်ခုအတွက်တစ်ခါစုပြီးစာသင်ပြီးတာနဲ့တစ်ခါထဲ
ရှင်းပြတာပါ
🍀စာမေးပွဲမေးခွန်းပုံဝင်အောင်တစ်ခါထဲသင်ပေးမှာပါ
🍀အသစ်ထပ်တိုးတဲ့ multiple choice questions တွေအတွက်လည်း sample questions အပြည့်အစုံနဲ့ သင်ပေးမှာပါ
🍀Chapter တစ်ခုပြီးတိုင်း CET တစ်ခါစစ်ပေးပါတယ်
🍀စာသေချာလိုက်ကျက်လိုက်လုပ်နိုင်ရင် ကျောင်းဖွင့်တဲ့အခါ bio အတွက်ဝန်တစ်ခုလျော့ချပေးနိုင်မှာသေချာပါတယ်နော်
🍀သင်မဲ့ရက်က တစ်ပတ် ၃ ရက်၊ တစ်ချိန် ၁ နာရီ
သင်တန်းကြေးက တစ်လ တစ်သောင်းခွဲကျပ်ပါ။
🍀ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်သင်မှာဖြစ်ပါတယ်
📢chat box ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီနော်
#ဇီဝဗေဒ
26/03/2022
online ကဆိုတော့ နားလည်ပါ့မလား❓
စာသင်တာတွေက ရှင်းရော ရှင်းပါ့မလာစိတ်ပူနေရင်.....
ဒီညီမလေးကအမဆီ ၂၀၂၁ အောက်တိုဘာလထဲကတက်ခဲ့တဲ့ညီမလေးပါ
မနေ့ကသူတို့ကိုနောက်ဆုံး ၆ နှစ်စာတစ်မှတ်တန်မေးခွန်းတွေကို ဆေးကျောင်းတွေမှာ practical ဖြေသလို timing နဲ့ သေချာ power point လေးပြင်ပြီးဖြေခိုင်းရင်းနဲ အခုလိုလေးစာမေးပွဲစစ်တာအဆင်ပြေလားမေးရာကနေ ပြောလာခဲ့တဲ့ feedback လေးပါ
ပုံတွေနဲ့ ဘယ်လိုတောင်သေချာသင်လဲဆိုရင် ပုံမပါရင်ကိုမကျက်တတ်တော့ဘူးတဲ့ 🤣
စာကိုဖတ်ပြပြီး ဘာသာပြန်ပြတာမျိုးမဟုတ်ဘဲ စာမသင်ခင်သူတို့ကို အရင်ဘယ်လိုထင်လဲဆိုတဲ့အမြင်လေးတွေ အရင်မေးတယ် ပြီးရင်ပုံလေးတွေနဲ့ သေချာမျက်လုံးထဲမြင်လာအောင်ရှင်းတယ် bio က ကျက်စာဟဲ့ဆိုပြီး ကုန်းကျက်တာမျိုးမဖြစ်ရအောင်ကို သေချာနားလည်အောင်ရှင်းပြတယ်
ဥပမာ Chapter 5 Digestive System မှာဆိုရင် stomach မှာ cardiac end နဲ့ pyloric end ဆိုတာရှိတယ် cardiac ဆိုတာ cardio(နှလုံး) ကလာတာ stomach က လူမှာဆိုရင် J-shaped မို့ အပေါ်ဖက်စွန်းက နှလုံးနဲ့နီးလို့ cardiac end လို့ခေါ်ပြီး အစာလုံးလေးအောက်ဆင်းတော့မယ်ဆိုမှ ဖွင့်ပေးတဲ့ pyloric muscle လေးနဲ့နီးတဲ့ အောက်ဖက်စွန်းကို pyloric end လို့ခေါ်တယ်ဆိုတာမျိုးကို စာအုပ်ထဲပါတဲ့ပုံတင်မဟုတ်ဘဲ အပြင်က နီးစပ်ရာပုံတွေ ယုန်သာမဟုတ်ဘဲ လူမှာရှိတဲ့ပုံစံတွေနဲ့ပါသေချာရှင်းပြတာမျိုးပါ (ဆေးကျောင်းသူမို့ anatomy မရှင်းရရင်ကိုမနေနိုင်တာ ဝါသနာမို့ပါ🤣🤣)
အမ page ကို like and follow ထားတဲ့ မောင်လေးညီမလေးတွေလဲ bio ကျက်ရင် ပုံလေးတွေနဲ့ တွဲကျက်ကြည့်ကြပါလို့....
သင်တန်းအသစ်များ စုံစမ်းရန်.....
https://www.facebook.com/111524520710197/posts/472548387941140/
19/11/2021
ဒီပိုစ့်က online calss အကြောင်းလေးတစ်ဖြတ်ပါ 🎉🎉🎉
ခုနောက်ပိုင်းအမဆီ လာစုံစမ်းတဲ့ကလေးတွေက weekdays တွေမှာမအားကြတော့ အချိန်တိုက်လို့မတက်ရဘူးဖြစ်တာပေါ့နော်
အဲ့အတွက် အမက weekends class လေး စီစဥ်ထားပါတယ်😉
ဘယ် Chapter ကစ,မှာလဲ❓
✔solid မှတ်ရမှာဖြစ်တဲ့ အရေးကြီးတဲ့ chapter 5,7,10,12 ကနေစ,ပါမယ်
✔အဲ့တာပြီးမှ 8,6,1,2,3,4
ဒီ flow နဲ့သင်မှာပါ
ဘာတွေသင်မှာလဲ ❓
✔Text
✔Old questions(long/short)
✔TRUE/FALSE
✔Blanks
✔Choice
မေးခွန်းပုံစံအတိုင်းကိုမှ
Chapter တွေပြီးတိုင်း CET သဘောမျိုးစစ်ပေးတာမို့ exam experience နဲ့လဲရင်းနှီးစေမှာပါ
အချိန်တွေကရော❓
✔Saturday, Sunday 9 to 10:30 am ဖြစ်ပါတယ်
✔တစ်ပတ် ၂ ရက် ၊ တစ်ချိန် ၁ နာရီခွဲပါ
Fees ကရော❓
တစ်လကိုမှ ၁သောင်း ပါဘဲနော် 😳
ဒီ class လေးက Nov လကုန် Dec လဆန်းလောက် စ,မှာမို့ ခုထိဘယ်မှာတက်ရမလဲတွေးနေတဲ့သူတွေ၊ စာကိုခုမှစ, လုပ်မဲ့သူတွေ၊ ခုမှ onlineclass စ,စုံစမ်းတဲ့ကလေးတွေရော အကုန်လုံးအဆင်ပြေမှာပါ
One by one သင်ချင်သူတွေနဲ့
အမရဲ့ခုလက်ရှိဝိုင်းကိုမှီသလောက်ကနေ လာ join ချင်တဲ့ကလေးတွေလဲလာပြောလို့ရပါတယ်🙆
#စနစ်ဟောင်း
16/11/2021
အမလို စာရရဲ့သားနဲ့မေးခွန်းဖတ်မှ ဇဝေဇဝါဖြစ်သွားတတ်တဲ့သူတွေရှိကြလား?
ဒီတစ်ခေါက်ကတော့ မေးခွန်းဖတ်ရင် သိထားသင့်တဲ့ မေးခွန်းပုံစံအနှစ်ချုပ် Part 1 ကိုဖော်ပြလိုက်ပါတယ်
မေးခွန်းတစ်ခုကိုမြင်လိုက်ရင်
❓စာရေးရမှာလား
❓စာရော equation ရောလား
❓စာရောပုံရောလား
❓ဒါမှမဟုတ် ဇယားဆွဲခိုင်းတာလား
ဒါမျိုးမသဲမကွဲဖြစ်တတ်တဲ့ အမနဲ့ဘဝတူမောင်လေး၊ ညီမလေးတွေရှိရင် အောက်ကပုံလေးတွေကို ဝင်ဖတ်ကြည့်သွားကြပါ
အမတို့မေးခွန်းဖတ်ရင်သိထားသင့်တဲ့စာလုံးတွေရှိပါတယ်
ဥပမာ Enumerate (နံပါတ်စဥ်တပ်၍ဖြေပါ)
ဒီစာလုံးကိုသာအမတို့မသိဘူးဆိုရင် ဒီမေးခွန်းဟာ 1,2,3... နံပါတ်စဥ်တပ်ဖြေခိုင်းတာမသိနိုင်ပါဘူး
ကိုယ်ကနားမလည်လို့ နံပါတ်စဥ်တပ်မဖြေခဲ့ရင် စာရရဲ့သားနဲ့အမှတ်လျော့နိုင်ပါတယ်
ဟုတ်ပြီအဲ့တော့ ဘယ်စာလုံးလေးတွေကဘာကိုဖြေစေချင်တာလဲဆိုတာကို ဒီနေ့မှာ အနည်းအကျဥ်းဖော်ပြလိုက်ပါတယ်
နောက်ရက်တွေမှာလဲ Part 2 ဆက်လက်ဖော်ပြဖို့ရှိလို့ page ကို like and follow လုပ်ထားကြပါဦးနော်
အချင်းချင်းလည်း share ပြီးမျှဝေပေးကြပါဦး
၁၀ တန်းစနစ်ဟောင်း bio နဲ့ eng အတွက်လဲ online class လေးတွေဖွင့်ထားတာမို့ class စုံစမ်းချင်သူများ cb မှာအသေးစိတ်လာရောက်မေးနိုင်ပါတယ်
Feedback များကို comment တွင်ကြည့်နိုင်သည်✔
🚨
#စနစ်ဟောင်း
09/11/2021
ဒီတစ်ခေါက်မှာတော့ အမဆီ online class တက်ကြတဲ့ကလေးတွေကို စာမေးပွဲစစ်တဲ့အခါမှာ 10 ယောက်မှာ 7 ယောက်လောက် မှားကြတဲ့မေးခွန်းလေးကိုအမက ကလေးတွေ အားလုံးသတိထားလို့ရအောင်ရေးပေးလိုက်ပါတယ်
✨State the nature of four-chambered heart as found in rabbit ✨
ဒီမှာဆိုတော်တော်များများကလေးတွေက general characters က
Heart is four-chambered .......
ဆိုတဲ့ ပထမဆုံး စာမျက်နှာကဟာကိုလာဖြေကြပါတယ်။ မေးခွန်းကိုသေချာဖတ်ကြည့်ရင် အမတို့ of rabbit လို့မေးထားတာကိုတွေ့ရမှာပါ ဒီမှာ general character အကြောင်းကိုနည်းနည်းပြောဖို့လိုလာပြီ General characters မှာပါတဲ့ 10 ချက်က mammals အားလုံးရဲ့ လက္ခဏာတွေကိုခြုံပြောတာဖြစ်တဲ့အတွက် general characters ကိုမေးတဲ့မေးခွန်းမှာဆိုရင် အမတို့ကို of mammals (State the nature of four-chambered heart as found in mammals )ဆိုပြီးထည့်ကိုထည့်ပေးရပါမယ် မဟုတ်ဘဲ ခုမေးခွန်းလို mammals တစ်လုံးမှမပါတာကို general characters က အချက်ကိုလာရေးလို့မရပါဘူး ဒါဆို ဒီအဖြေက Circulatory System က
The heart of the rabbit is..... ဆိုတဲ့အပိုဒ်ကိုလာဖြေရမှာပါ
ကဲ ဖြေကြည့်လို့မှန်တဲ့သူတွေရှိရင် အမကို cmt လေးရေးပေးသွားကြပါဦး 😉
အမရဲ့ ပိုစ့်ကြောင့် မောင်လေးတို့ ညီမလေးတို့အတွက်သတိထားစရာလေးတစ်ခုရသွားတယ်ဆိုရင် like and share လုပ်ပြီး တခြားသူငယ်ချင်းတွေသိအောင် share ပေးကြပါဦးနော်💙
အမဆီ မှာ စနစ်ဟောင်း bio နဲ့ eng အတွက် online class လေးတွေစုံစမ်းချင်ရင် chat box ကနေတစ်ဆင့် အသေးစိတ်လာမေးလို့ရပါတယ်
#စနစ်ဟောင်း
Click here to claim your Sponsored Listing.
Category
Website
Address
Myingyan