May. Thu. Zaw

May. Thu. Zaw

Share

09/06/2023

Tonerလိမ်းနည်း မှားနေတဲ့
မင်မင့်လို လူမျိုးတွေအတွက်
တိုနာ (Toner)သုံးနည်း.

အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့မှ အသားအရေ ထိန်းသိမ်းမှုအပိုင်းမှာ toner က အခြေခံအကျဆုံးထဲက တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်

တိုနာလိမ်းနည်း

အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..

အဖြေ။......

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။

Credit - ဒေါက်တာ အေးမင်းထူး

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Website

Address


Myeik