Daniel Thein
09/06/2022
* 3000Rs *
စာသင်ခန်းမှာ ကျွန်တော် တို့ ပရောဖက်ဆာ က 3000Rs ကို သင်ပုန်းမှာ ရေးပြီး ကျောင်းသားတွေကို မေးတယ်...
3000Rs ရဲ့ တန်ဖိုးက အရမ်းများတယ်လို့ ထင်လား?အရမ်းကို တန်ဖိုးနည်း တယ်လို့ ထင်လား...?
ကျွန်တော်တို့ကျောင်းသားတွေ လည်းပြောကြတာပေါ့ .. 3000Rs ဟာ ဆင်းရဲ့တဲ့သူတွေ အတွက်တော့ အရမ်းကို တန်ဖိုးရှိပါတယ်... ချမ်းသာတဲ့ သူတွေအတွက်ကြတော့ တန်ဖိုးနည်းလွန်းလှတယ်ပေါ့...
တစ်ချို့ ပစ္စည်း တွေ အတွက်တော့ အရမ်းကိုဈေးကြီးထယ်လို့ ထင်ရပေမဲ့ တစ်ချို့ အရာတွေ အတွက်တော့ ဈေးနည်းနေပြန်ရော...
အဲဒီချိန်....
ပရောဖက်ဆာ က ဒီလိုဘဲ ကျောင်းသားတို့ 3000Rs ဆိုတဲ့ တန်ဖိုးဟာ သူ့တန်ဖိုးနဲ့ သူပါဘဲ ... တစ်ချို့တွေ အတွက် တန်ဖိုးမဖြစ်နိုင်အောင်ရှိပေမဲ့ တစ်ချို့ တွေ အတွက်တော့ ဘာမှ မဟုတ်ဘူးလို့ မြင်ကြတယ်....
မင်းတို့လေးတွေကို လည်း... တစ်ချို့သူတွေရဲ့ ဘဝ အတွက် မင်းတို့လေးတွေ က အရမ်းတန်ဖိုးရှိတယ်လို့ ခံယူကြပေမဲ့ ...တစ်ချို့သူတွေအတွက်တော့ မင်းက ဘာမှ အသုံးမဝင်တဲ့ သူ တစ်ယောက်လို့ သတ်မှတ်ကြတယ်....
မင်းကို ဘာမှ တန်ဖိုးမရှိတဲ့ လူတွေ က သတ်မှတ် ပေမဲ့ မင်းစိတ်မပျက်ပါနဲ့... မင်းဟာ မင်းတန်ဖိုးနဲ့ မင်းပါ...
မင်းကို သူတို့ဘဝ အတွက် မရှိမဖြစ်လို အပ်နေတဲ့ သူတွေ ... မင်းဟာ သူတို့ ဘဝ အတွက် အရမ်းကို တန်ဖိုးရှိတဲ့ သူ အဖြစ်မြင်နေကြတဲ့ သူ တွေ အများကြီးရှိပါသေးတယ်... မင်းက သူတို့ အတွက် ဟီးရိုးတစ်ယောက်ပါဘာ... ဇီးရိုးမဟုတ်ဘူး...
ဒါကြောင့် မင်းကို ဘဝ မှာ အရမ်းကို လို အပ်တဲ့ သူတွေ အတွက် မင်းတန်ဖိုးရှိရှိနဲ့ ဆက်ပြီး အကောင်းဆုံးကြိုးစားသွားပါ.....
Danielthein.....
19/01/2019
ကမ္ဘာဦးကျမ်း ၂၄:၃၃
သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
လာဗန် က စားစရာ များပြင်ဆင် ပြီး စားသောက်ရန် အာဗြံ ဟံ ကျွန်အားပြောစဉ် မိမိလာရသည့် အကြောင်ရင်းနှင့် အဓိက အမှု ကို မပြောမှီ မစားလို ဟု ပြန်၍ ပြော ခဲ့သည်.... သူဆောင်ရွက်ရမည့်အမှုမှာ
က္ကဇာတ် အဖို့ မိန်းမ ပေးစားရန် အာဗြံဟံ စေခိုင်းခဲ့ သည့် အမှု ဖြစ်သည်...
သခင်စေခိုင်း သည့် အမှု ကိစ္စ မပြီး မချင်း သူ ဘာမှမစား လိုပါ ...ဘာစည်းစိမ် မှ မခံစား လိုပါ ... သခင့် စေခိုင်းသော အမှု သည် သူအတွက် အရေးကြီး ဆုံးဖြစ်သည်.....
ထို နည်း တူ
#ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးသောအရာသည်အဘယ်အရာနည်....?
ကျွန်ုပ်တို့ ယုံကြည်သူ များ သည် လည်း အဓိက နှင့် သာမည ခွဲခြား တတ်ရန် လို အပ်ပေသည်...
ရှင်မာကုခရစ်ဝင် ၁၆:၁၅
သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။
ထိုအရာ သည် ကျွန်ုပ် တို့ သခင် ၏ မဟာ စေခိုင်းချက်ဖြစ်သည်...
ထို မဟာစေခိုင်း ချက် သည် ကျွန်ုပ် တို့ အတွက် အဓိက တာဝန်ဖြစ်သည်.....
သို့သော်..... ကျွန်ုပ် တို့ သည် အဓိ က တာဝန်ဖြစ်သော ထိုစေခိုင်းချက်အားမေ့လျော့ကာ စည်းစိမ်ရရှိရေး သက်တောင့်သက်တာ နေရရေး ကို သာ အရေး ပေး လုပ်ဆောင်နေကြသည်.....
ထို့ ကြောင့် ပြောင်းလဲချိန် တန်ပြီ ဆိုသော စကား နှင့်အညီ ကျွန်ုပ် တို့ အသက်တာ ပြောင်းလဲရန် လို အပ်လေပြီ....
သခင့် စေခိုင်းသော အမှု သည် ကျွန်ုပ် ၏ အဓိက အမှု ....အရေးကြီး ဆုံး...ဖြစ်သည် ဟု စိတ်စွဲလန်း ကာ ပျောက်ဆုံးဝိညာဉ် ဖမ်းခြင်း အမှု ၌ စိတ်အားထက်သန်လျက် သာ၍ အစေခံကြဖို့ လိုအပ်ပေသည်...
God bless you....
danielthein29
13/01/2019
သင်နဲ့ကျွန်ုပ်......
# ယေရှု မြင်ခဲ့ သလို မြင်တတ်ဖို့ လိုတယ်...
# ယေရှုခံစား ခဲ့ သလို ခံစားတတ်ဖို့ လိုတယ်...
# ယေရှု လုပ်ဆောင်ခဲ့ သလို လုပ်ဆောင် တတ် ဖို့လိုတယ်...
#ယေရှုဘာတွေမြင်ခဲ့သလဲ....? ( မသဲ ၉း၃၆-၃၇ )
👉 လူတွေ အလွန်ပင်ပန်းဆင်းရဲ နေတာ ကို မြင်တယ်...( မသဲ ၉း၃၆ )
👉 လူတွ ဟာ ထိန်းသူမရှိဘဲ ပစ်ထားတဲ့ သိုးတွေ လို့ ယေရှု မြင်တယ်...( မသဲ ၉း၃၆ )
👉 စပါးရိတ်စရာ များစွာ ရှိကြောင်း မြင်ခဲ့တယ် ...( မသဲ ၉း၃၇ )
👉 စပါးရိတ်သူ အလွန် နည်းနေကြောင်း ယေရှု မြင်ခဲ့ တယ်... ( မသဲ ၉း၃၇ )
#ယေရှုဘယ်လိုခံစားခဲ့လဲ...? (မသဲ ၉း၃၅-၃၆ )
👉 သနားခြင်း စိတ်ရှိတော်မူ၏..
👉 ထိန်းသူမရှိဘဲ ပစ်ထားတဲ့ သိုးတွေ လို ဘဲ..
လူတွေ အနာဂတ် အရေးနဲ့ ပတ်သက်ပြီး ပူပင်တယ်..
#ယေရှုဘာလုပ်ခဲ့သလဲ..? ( မသဲ ၉း၃၅-၃၈ )
👉 လုပ်ဆောင်သော သူတွေ စေလွှတ် ဖို့ စပါးရှင် ( ဘုရားသခင် ) ထံ ဆုတောင်း .. ( မသဲ ၉း၃၇)
👉 ဧဝံဂေလိတရားဟော..(မသဲ ၉း၃၇ )
👉 လူများ ခံစားရသော အနာရောဂါရှိသမျှ ကို ငြိမ်းစေခဲ့တယ်...( မသဲ ၉း၃၇ )
ကျွန်တော် တို့ ကော ပျောက်ဆုံးဝိညာဉ် တွေ ပေါ် ဘယ်လို စိတ်သဘောတွေ ထား နေလည်း... သူ့ တို့ အပေါ် ဘယ်လို မြင် လဲ... ဘာတွေ လုပ်ပေးခဲ့ ပြီလဲ....
သင်နဲ့ကျွန်ုပ် ဘေးမှာရှိတဲ့ လူတွေ သိန်းပေါင်း များစွာ လောကထဲက ထွက် ခွာပြီးနေ့စဉ် အပ္ပါယ်ငရဲ ကို သွားနေကြပြီ....သင်နဲ့ ကျွန်ုပ် ကတော့ ထိုင်ကောင်းကောင်းနဲ့ ထိုင်နေကြ တုန်းဘဲ...
သူတို့ အတွက် ယေရှုမြင်သလို... ယေရှုခံစားသလို... ယေရှု လုပ်ဆောင်ခဲ့သလို...ဆုတောင်းရင်းနဲ့ ပေးဆပ်ကြရအောင်နော်...သူငယ်ချင်း...
GOD BLESS YOU....
danielthein29
12/01/2019
ဘုရားသခင် ဘာကြောင့် တိတ်ဆိတ်နေတာလဲ...?
ဘုရား သခင် တိတ်ဆိတ်နေ ခြင်း နဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများ ဘုရားသခင် အား သံသယဝင်ကာ မေးခွန်းထုတ်တတ်ကြပါတယ်....
သဘာဝဘေး အန္တာရာယ် ဒဏ် များ နှင့် စစ်ဘေး တွေ ဒဏ်တွေ ကြောင့် လူတွေ ဒုက္ခရောက်နေချိန် ဘုရားသခင်၏ တိတ်ဆိတ် နေခြင်းကို ကြည့်ကာ...
👉 လူတစ်ချို့က ဘုရားသခင် က ဂရုဏာ ရှင်ဆို ဘာကြောင့် လူတွေ ဒုက္ခ ရောက်နေရတာလဲ...
👉 တစ်ချို့က... ကြည့်ပါလား... ဘုရား ဆိုတာလောက မှာ မရှိပါဘူး...
👉 တစ်ချို့က လည်း... ဘုရားသခင်ဟာ ကမ္ဘာကြီးကို ဖန်းဆင်းပြီးကြောခိုင်း သွားပြီလေ... ဘယ်တော့မှ လူသားတွေ ကို ကြည့်ရှု့  တော့မှာ မဟုတ်ဘူး...
ကျွန်တော့ အသက်တာ မှာလည်း..
အခက်အခဲ ပြသနာ တွေ နဲ့ အဆင်မပြေမှု တွေ ကြုံရတဲ့ အချိန် မေးခွန်းတွေ ထုတ်နေမိတယ်....
👉 ဘုရားသခင် ဘာလို့ တိတ်ဆိတ်နေတာလဲ..?
👉 ဘုရားသခင် ဘာလို့ ဒီအမှု ကြီးကိုပေးတွေ့ရတာလဲ ..?
👉 ဘုရားသခင် ဘာလို့ မကာကွယ်ပေးတာလဲ..?
👉 ဘုရားသခင် ကိုယ်တော်က ဂရုဏာရှင်ဆို...?
#ဘုရားသခင်တိတ်ဆိတ်နေတယ်ဆိုတာ...
👉 ဘုရားသခင် လူသားတွေအပေါ် မဆာနာလို့လား...? NO!🙅
~ လူသားတွေကို အပ္ပါယ်ငရဲ မသွားစေချင်လို့တောင်ကယ်တင်ခဲ့သေးတာဘဲ..
👉 ဘုရားသခင် သတိမထားမိလို့လား...? NO!🙅
~ ဘုရားသခင်ဟာ အရာအားလုံးကို သိမြင်တဲ့ ဘုရားသခင် ဖြစ်တယ်လေ...
👉 ဘုရားသခင်ဟာ လူသားတွေကို မချစ်လို့လား..? No! 🙅
~ အရမ်းချစ်တဲ့ မိဘတွေ တောင် သားသမီး တွေ ကို ဆုံးမသေးတာဘဲ...
👉 ဘုရားသခင် လူသားတွေ ကို ကယ်တင်ဖို့ စိတ်မဝင်စားလို့လား ..? No!🙅
~ ကမ္ဘာဦးအစကနေ ကယ်တင်ခြင်း အစီအစဉ် တွေတောင် ရေးဆွဲနေခဲ့ တာဘဲ...
#ဒီလိုဆိုဘာလို့များတိတ်ဆိတ်နေရတာလဲ...?
👉 တစ်ချို့သော အခက်အခဲ ပြသာနာများနဲ့ ဒုက္ခဆင်းရဲခြင်းတွေ ဟာ ကျွန်ုပ်တို့ အပြစ်ကြောင့်ဖြစ်တယ်..😢 ( ဂလာ ၆း၇ )
👉 တစ်ချို့ အရာတွေက ဘုရားသခင် ကျွန်တော် တို့ အပေါ် ထားသော အကြံအစည် တွေ ကို နားမလည် နိုင်....😁 ( ဟေရှာ ၅၅း၈-၉ )
👉 ဘုရားသခင်ဟာ သဝန်တိုသော ဘုရားသခင်ဖြစ်တယ်...အခြားသော လောကအရာတွေ ကို စွန့်ပစ်ပြီး သူ့ထံပြန်လာစေချင်လို့ ဖြစ်တယ်...😍 ( ထွက် ၂၀း၅ )
👉 ဘုရားသခင်က ကာလအချိန် ရောက်လုနီးပြီ ဖြစ်သောကြောင့် ..🌋🌍( ဗျာ ၂၂း ၁၀ - ၁၂ )
👉 ဘုရားသခင်က ကျွန်တော်တို့ကို စိတ်ရှည် သီးခံခြင်းတွေ ကို သင်ပေးချင်သောကြောင့် ...😩 ( ယော ၁၃း၇ )
👉 ဘုရားသခင်က ကျွန်ုပ်တို့ ယုံကြည်ခြင်းကို စစ်ဆေး ချင်သောကြောင့်... 😇 ( ၁ပေ ၁း၇ )
👉 ကျွန်ုပ်တို့ အသက်တာ အားဖြင့် ဘုရားသခင် ဘုန်းတော် ထင်းရှားဖို့ ...☺ ( ယော ၉း၃ )
ဒီအကြောင်းတွေ ကြောင့် ဘုရားသခင် တိတ်ဆိတ်နေရတာဘာ....
>> တိတ်ဆိတ်နေတဲ့ အချိန်ကာလတွေ က ကျွန်ုပ်တို့ ဘုရားသခင်ကို ပိုမို အားကိုးတတ်ဖို့ နဲ့ သူ့ကို ပိုပို သိကျွမ်း ဖို့ အခွင့်အရေးတွေရပေါ့...
ဒါကြောင့် ကျွန်တော်တို့ လည်း တိတ်တိတ်လေး နေပြီး ဘုရားသခင် အချိန်ကိုစောင့်ကြရအောင်နော်...🙊🙊
ဆာလံကျမ်း ၄၆:၁၀
ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
GOD BLESS YOU....
danielthein 29
14/10/2018
One of my main goals in life, is to never stop learning.... I will take every learning opportunity head on and see it as growth... I hope to learn until the day I die whether it is through life lessons,family, work, or schooling.....📝📝
Click here to claim your Sponsored Listing.
Contact the place of worship
Telephone
Address
Muse
Mu-Se