Aung Muse Mobile
22/12/2016
Huawei GR5 2017ဝယ်ယူပါက
Huawei အကောင်းစားကျောပိုးအိတ်နှင့်32GB SDကတ်တစ်ကတ် တို့ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်ရှင်။
22/12/2016
မူဆယ်သူ မူဆယ်သားများ မင်္ဂလာပါ
========================
ကျွန်မတို့ အောင်မူဆယ်မိုဘိုင်းမှ ဆင်းကတ်မှတ်ပုံတင်ဖို့
အခက်အခဲဖြစ်နေသူများအတွက် Telenor.Ooredoo.MPT Sim Cardများကို
လူကြီးမင်းတို့၏ အချိန်ကိုလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း အလုပ်အကိုင်ပျက်နေသည်များကို ကိုယ်ချင်းစာ၍ လူကြီးမင်းတို့အသုံးပြုနေငည့်ဖုန်းဆင်းကတ်များကိုအခမဲ့ မှတ်ပုံတင်ပေးနေပါပြီ။
ဆက်သွယ်ရန်လိပ်စာ။ ဈေးမီးပွိုင့်လမ်းထောင့်အရှေ့ဘက် လားရှိုးရှမ်းထမင်းဆိုင်ဘေး
ဈေးရပ်ကွက် ဈ/၁၈
ဖုန်း။၀၉၇၈၀၁၀၀၀၇၈.၀၉၉၇၄၁၄၉၉၆၆
“Vivo V5”
Selfie ရိုက်ကူးခြင်းကို နိုင်ငံနှင့်အ၀န်းကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှုတိုးပွား နေချိန်တွင် အရည်အသွေးမြင့် ကမ္ဘာကျော် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo က ကမ္ဘာ့ပထမဆုံးသော ရှေ့ကင်မရာ 20MP ပါဝင်သည့် V5 စမတ် ဖုန်းကိုစတင်မိတ်ဆက် လိုက်ပါသည်။ လူငယ် Selfie ၀ါသနာအိုးများ အတွက် ဒီဇိုင်းထွင်ထားသော ဤစမတ်ဖုန်းသည် နည်းပညာ၊ ဒီဇိုင်းနှင့် အလုံးစုံ ဆောင်ရွက်ချက်များကို ထူးခြားစွာပေါင်းစပ်ထားပါသည်။ မျက်နှာပြင် ရှေ့တွင် 20MP ပါဝင်သော ကင်မရာအပြင် အလင်းရောင်အနေအထား အမျိုးမျိုး တွင် Selfie ပုံကောင်းစွာရိုက်ကူးနိုင်သော "Selfie Softlight" Feature ကိုလည်းထည့်သွင်းပေးထားပါသည်။
"Selfie Softlight" Feature အသစ်အားလုံးက မည်သည့်အလင်းရောင် အခြေအနေတွင်မဆို မျက်လုံးနေရာ၌ ချို့ယွင်းချက်တစ်စုံတစ်ရာ မဖြစ်စေဘဲ မျက်နှာပေါ်သို့ သဘာဝအလင်းရောင်ကျရောက်နေသကဲ့သို့သော ပုံထွက် ရရှိအောင် ဖန်တီးပေးထားပါသည်။ ရိုက်သောပုံတိုင်းတွင် အစက်အပြောက် ထခြင်း၊ မှုန်ဝါးခြင်း၊ Flash မီးလွန်ကဲခြင်းကြောင့် ဖွေးသွားခြင်းများ၊ ကင်းရှင်း ကာ ပြီးပြည့်စုံသော ပုံကောင်းများကိုသာ ရရှိစေမည်ဖြစ်သည်။
အထူးဆွဲဆောင်မှုကောင်းသည့် မျက်နှာပြင်အကွေး Crown Gold နှင့် Rose Gold ဟူ၍ အရောင်နှစ်မျိုးဖြင့် နှစ်သက်ရာ ရွေးချယ်နိုင်ခြင်းတို့က V5 ဖုန်းကို လျှပ်တစ်ပြက်မြင်လိုက်ရုံဖြင့်ပင်စွဲမက်သွားစေနိုင်ပါသည်။ Vivo အမှတ် တံဆိပ် Logo ကို အနောက်ဘက်တွင် သတ္ထုဖောင်းကြွအဖြစ် ရိုက်နှိပ် ထားခြင်းက အရည်အသွေးမြင့်မားခြင်းဟူသော ခံစားမှုကိုရရှိစေပါသည်။ စွဲမက်ဖွယ် ပြင်ပအပြင်အဆင်ကြောင့် လှည့်စားဆွဲဆောင်သည်ဟု ထင်ရ သော်ငြားလည်း V5 စမတ်ဖုန်းသည် အမှန်တကယ် ကောင်းမွန်ပြီး ခေတ်မီပါ သည်။ V5 သည် Android 6.0 Marshmallow ကို အခြေခံသည့် Funtouch OS 2.6 နှင့် run ပြီး 4GB RAM, 32GB ROM တို့နှင့် တွဲဖက်တည်ဆောက် ထားပြီး 128GB အထိထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။ Octa-Core 64-bit Processor က ဖုန်းအသုံးပြုသူများအား ဂိမ်းဆော့ကစားစဉ်နှင့် တစ်ပြိုင်နက် Apps များသုံးရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချောမွေ့စွာ ဆောင်ရွက်နိုင် အောင် စီစဉ်ထားပါသည်။ V5 တွင် မျက်စိအလင်းစူးခြင်းနှင့် အမြင်အာရုံကို ကာကွယ် ပေးပြီး အပြာရောင်အလင်းတွေကို လျှော့ချပေးနိုင်သော "Eye Protection Mode" "မျက်လုံးကာကွယ်ရေးစနစ်” ကိုလည်း ထည့်သွင်း ပေးထားသည်။
အသံအရည်အသွေးအထူးကောင်းမွန်စေသည့် AK4376 Hi-Fi audio Chip ကို အထူးပြုလုပ်စီမံထားသောကြောင့် တေးဂီတ မြတ်နိုးသူများအနေဖြင့်လည်း V5 ဖုန်းမှ ထွက်ပေါ်လာသည့် စည်းချက်မှန်သမျှကို နှစ်သက်ခံစားနိုင်မည်ဖြစ် ပါသည်။ ဆူညံမှုအသံအချိုးအဆ 115dB အထိ လျှော့ချပေးနိုင်သော အဆင့်မြင့် စနစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်။ ထိပ်တန်း နည်းပညာ များအသုံးပြုထားသော V5 စမတ်ဖုန်းကြောင့် Vivo မှ သုံးစွဲသူများ အား အသံအရုပ်အရည်သွေး အထူး ကောင်းမွန်သော တေးဂီတခံစားမှု အတွေ့အကြုံကိုရရှိစေမည်။
၅.၅ လက်မအကျယ် မျက်နှာပြင်၊ 1280×720 pixels ရှိ Resolution နှင့် 2.5D Gorilla Glass မှန်ခုံးတို့ပါဝင်သော V5 သည် မြန်မာဈေးကွက်တွင် စတင်မိတ်ဆက်လိုက်သော အရည်အသွေးအမြင့်ဆုံး Vivo ဖုန်း ဖြစ်ပါသည်။ သုံးရလွယ်ကူသော Interface ကလူငယ်များနှင့် နည်းပညာ ကျွမ်းကျင် သုံးစွဲသူများ အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ဥပမာပြရသော် သုံးစွဲသူတစ်ဦးအနေဖြင့် ဗီဒီယိုကြည့်နေစဉ် Message တစ်ခုဝင်လာတိုင်း ကြည့်နေသည့် ဗီဒီယိုကိုရပ်၍ နောက်ပြန်သွားနေစရာ မလိုဘဲ တစ်ပြိုင်နက် တည်း အလုပ်များစွာလုပ်နိုင်အောင် "Smart Screen- Split" Feature အလို အလျောက်မျက်နှာပြင်ပိုင်းခြား စနစ်ကဆောင်ရွက်ပေးပါလိမ့်မည်။ Chatting လုပ်ရင် ဗီဒီယိုကိုလည်း တစ်ပြိုင်တည်း ကြည့်နိုင်ပါသည်။
20MP အရှေ့ကင်မရာက သာမန်ထက်ပိုတဲ့ အလွန်မြင့်မားတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်ပြီး Selfie ရိုက်ကူးရာတွင်လည်း ကြည်လင်သော ပုံရိပ်ပြတ်သားမှု၊ သဘာဝအရောင်အသွေးအတိုင်း လှပမှုတွေကို ပေးစွမ်းလို့ ဘယ်အချိန်မဆို အလှပဆုံးပုံလေး တွေကို ရရှိစေမှာပါ။
V5 မှာ ပါဝင်တဲ့ Selfie Softlight စနစ်က အဆင်မြင့် ဓာတ်ပုံရိုက်ကူးရေးခန်းမ ထဲမှာ ရိုက်ကူးနေရသလို အလင်းရောင် ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ သင့်ကို တကယ့်မော်ဒယ်တစ်ယောက်လို လှသွေးကြွယ်စေပြီး လင်းလက်တဲ့ Selfie ပုံရိပ်လေးတွေကို ရရှိစေမှာပါ။
Click here to claim your Sponsored Listing.
Telephone
Website
Address
Muse Township
Mu-Se