7Stars News

7Stars News

Share

Photos from 7Stars News's post 24/05/2026

ကသာ နှင့် နဘားကြား တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ (၁၃) ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ လက်လွတ်ဆုံးရှုံး။

၂၄ မေ ၂၀၂၆။ 7Stars News

စစ်ကိုင်းတိုင်း ကသာ နှင့် နဘားကြားရှိ ပင်းမလွတ်ကျေးရွာ အနီး၌ စစ်ကော်မရှင်တပ်ဖွဲ့ နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ (၁၃) ဦးထက်မနည်း အသက်သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်ဖွဲ့မှ ထိုးစစ်ဆင်ရန် စစ်ကား (၃) စီးဖြင့်ထွက်ခွာလာစဉ် လမ်းခုလပ်၌ KIA နှင့် PDF တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရရာမှ နှစ်ဘက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars News ကို ပြောသည်။

"စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်ကားကြီး (၃) စီးပေါ် အင်အား အပြည့်တင်ဆောင်ပြီး ကသာကနေ နဘားဘက်ကို ထိုးစစ်ဆင်ဖို့ ထွက်ခွာလာကြတာပါ။ ပင်းမလွတ်ရွာ အလွန်မှာ KIA နဲ့ PDF တွေက အသင့်စောင့်ပြီး တိုက်ခိုက်ကြတယ်။

ပဒေသာမိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ပြီးနောက် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်။ စကမ တပ်ဘက်ကလည်း အပြင်းအထန်ခုခံခဲ့ပေမဲ့ စစ်ကြောင်းပျက်တဲ့ထိ ဖြစ်သွားတယ်။ စကမ ဘက်က (၁၃) ဦးထက်မနည်း ကျဆုံးတယ်။ ဒီနေ့ (မေလ ၂၄ ရက်နေ့) လည်းပဲ ကသာ နဲ့ နဘားကြားမှာ တိုက်ပွဲအရမ်းကို ပြင်းထန်နေတယ်။” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ပွဲ၌ PDF ရဲဘော် (၁) ဦးအသက်ဆုံး
ရှုံးခဲ့ရကြောင်းကိုလည်း အထက်ပါ သတင်းရင်း
မြစ်ထံမှ ဆက်လက်ကြားသိရသည်။

KIA နှင့် PDF တပ်ဖွဲ့များ၏ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင် တပ်ဖွဲ့များ ကစဉ့်ကလျား ဖြစ်ခဲ့ရပြီး လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို စွန့်ပစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဒရုန်း၊ ဂျမ်မာ နှင့် လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို KIA နှင့် PDF တပ်ဖွဲ့တို့ သိမ်းဆည်းနိုင်ခဲ့ကြသည်။

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း စပ်ကြားဒေသ၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်စပ်ကြားဒေသတို့တွင် မေလဆန်းမှစ၍ တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည့်အပြင် ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး နှင့် ဖားကန့်ဒေသ စစ်မျက်နှာများ၌လည်း KIA နှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက် ရှိနေသည်။

#ကသာ_နဘားကြားတိုက်ပွဲပြင်းထန်
#စကမတပ်ဖွဲ့_၁၃ဦးသေဆုံး
ှင့်PDFတို့_လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

22/05/2026

ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသ တိုက်ပွဲပြင်းထန်လျက်ရှိ၊ စကမ တပ်စခန်း (၆) ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်။

၂၂ မေ ၂၀၂၆။ - 7Stars News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နှင့်
မန္တလေးတိုင်း ထိစပ်ရာ ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသ မဘိန်း၊ မြသောင်း၊ ထီးချိုင့် နှင့် ငအိုး - မန်နားလေးကြား တို့၌ မေလ ၂၀ ရက်နေ့မှ စပြီးတိုက်ပွဲပြင်းထန်လျက်ရှိရာ ယမန်နေ့ (မေလ ၂၁ ရက်နေ့) တွင် ယင်းဒေသများရှိ စစ်ကော်မရှင် တပ်စခန်း (၆) ခုကို KIA နှင့် PDF တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ရာထူး ရယူပြီးနောက် ကချင်ပြည်နယ်သို့ဦးတည်ကာ စစ်အင်အားအလုံးအရင်း ဖြည့်တင်းလာနေမှုကြောင့် တိုက်ပွဲဖြစ်ပွားလာရခြင်းဖြစ်ကြောင်း နှင့် ထီးချိုင့်၊ မဘိန်း နှင့် ငအူးဒေသများ၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars News ကို ပြောသည်။

"ရဲဝင်းဦး တပ်ချုပ်ရာထူး ရယူပြီးနောက်ပိုင်း ကချင်ပြည်နယ်ဘက်ကို စစ်အင်အား အဆမတန်
ဖြည့်တင်းလာနေတာမို့ မဖြစ်မနေ တိုက်ပွဲဖြစ်ပွားလာရတာပါ။ ရှမ်းမြောက် ရွှေလီ မြစ်ဝှမ်းဒေသက အတော်အတန်ငြိမ်းချမ်း နေရာကနေ တိုက်ပွဲတွေပြန်ပြီးပြင်းထန်လာနေ ပါတယ်။ ငအိုး နဲ့ မန်နားလေးကြား နဲ့ ရွှေကူ စစ်မျက်နှာဘက် ထီးချိုင့်၊ မြသောင်း နဲ့ မဘိန်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်။ မနေ့က (မေလ ၂၁ ရက်နေ့) ငအိုး နဲ့ မန်နားလေး ကြားမှာရှိတဲ့ စကမ တပ်စခန်း (၃) ခု နဲ့ ရွှေကူစစ်မျက်နှာဘက်
မြသောင်းမှာရှိတဲ့ စကမ တပ်စခန်း (၃) ခု စုစုပေါင်း တပ်စခန်း (၆) ခုကို KIA နဲ့ PDF တွေကနေပြီး တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြတယ်။” ဟု ပြောဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စကမ တပ်ဖွဲ့များ အကျအဆုံးများပြားခဲ့ရကာ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ များက သိမ်းဆည်းရရှိခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်း (၆) ခုကို KIA နှင့် PDF တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်း နှင့် ယနေ့ နံနက်ပိုင်းအချိန်တို့တွင် ယင်းတပ်စခန်းများပေါ်သို့ စကမ လေတပ်မှ ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆက်လက်ကြားသိရသည်။

ရွှေလီမြစ်ဝှမ်းဒေသသည် KIO/KIA တပ်မဟာ (၁၁) ထိန်းချုပ်ရာ ဒေသဖြစ်သည်။

စစ်ကော်မရှင် စစ်တပ်သည် အာဏာလု မင်းအောင်လှိုင်အစိုးရ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း ကချင်ပြည်နယ် ဧရာဝတီမြစ် အရှေ့ခြမ်းရှိ ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ရန် ရည်ရွယ်၍ ကချင်ပြည်နယ်သို့ နေ့စဉ်နှင့်အမျှ စစ်အင်အားအလုံးအရင်း ဖြည့်တင်းလျက်ရှိနေသည်။

#ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတိုက်ပွဲပြင်းထန်
်မဟာ_၁၁_ထိန်းချုပ်ရာ
်စခန်း_၆_ခုကိုKIA_PDFတို့သိမ်းပိုက်

15/05/2026

ခရီးသွားပြည်သူများ အဆင်ပြေစေဖို့ရန်
လိုင်ဇာ - မိုင်ဂျာယာန် နှင့် လိုင်ဇာ - ဂါးရာယာန် - မြို့သစ် လိုင်းကား စတင်ပြေးဆွဲမည်။

၁၅ မေ ၂၀၂၆။ - 7Stars News

ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှတဆင့် မိုင်ဂျာယာန်၊ ဂါးရာယာန် နှင့် မြို့သစ် စသည့်မြို့များသို့ ခရီးသွားပြည်သူများ သက်တောင့်သက်သာဖြင့်ခရီးသွားလာနိုင်ဖို့ရန်ရည်ရွယ်၍ မနက်ဖန် ( မေလ ၁၆ ရက်နေ့) တွင် ဘတ်(စ်)ကားလိုင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၌ စစ်တပ် နှင့် KIA ကြား တကြော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း လိုင်ဇာမြို့ အဝင်အထွက် လမ်းများအားလုံးကို စစ်တပ်မှ ပိတ်ဆို့ခဲ့ခြင်းကြောင့် လိုင်ဇာမြို့မှ တဆင့် အခြားသော မြို့များသို့ ခရီးသွားလာရန် ခက်ခဲခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ KIO အစိုးရမှ ခရီးသွား ဘတ်(စ်)ကားလိုင်းများ ပြေးဆွဲရန် စီစဉ်ပေးမှုသည် ဒေသတွင်းခရီးသွားလာသော ပြည်သူများအဖို့ များစွာ အကျိုးဖြစ်ထွန်းကြောင်း ဒေသခံပြည်သူတစ်ဦးက 7stars News ကို ပြောသည်။

"စစ်တပ် နဲ့ KIA ကြား တကြော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး လိုင်ဇာမြို့ အဝင်အထွက် လမ်းများအားလုံးကို စစ်တပ်ဘက်က ပိတ်ဆို့ထားခဲ့တယ်။ ဒါကြောင့်မို့ လိုင်ဇာကနေ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စတဲ့ မြို့တွေဆီ ခရီးသွားလာနိုင်ဖို့ ပြည်သူများအတွက် အများကြီးကို ခက်ခဲခဲ့ပါတယ်။

အခုလို ဒေသတွင်း ခရီးသွား ဘတ်(စ်)ကားလိုင်းတွေ ပြေးဆွဲနိုင်ဖို့ KIO အစိုးရကနေပြီး လမ်းတံတားတွေ ဆောက်လုပ်ပေးပြီး အများပြည်သူ ခရီးသွားလာရာမှာ သက်တောင့်သက်သာ လုံလုံခြုံခြုံ နဲ့ သွားလာနိုင်ဖို့ စီစဉ်ပေးတဲ့အတွက်
အရမ်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေး ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက်လည်း အကျိုးကြီးလှပါတယ်။” ဟု ပြောဆိုသည်။

လိုင်ဇာမြို့ မှ မိုင်ဂျာယာန်မြို့သို့ ဘတ်(စ်)ကားဖြင့် ခရီးသွားမည်ဆိုလျှင် တစ်ဦးလျှင် တရုတ်ယွမ်ငွေ (၂၀၀ ¥) ပေးချေရမည်ဖြစ်ပြီး လိုင်ဇာမြို့မှ ဂါးရာယာန် နှင့် လိုင်ဇာမြို့မှ မြို့သစ်သို့ ဘတ်(စ်)ကားဖြင့် ခရီးသွားမည်ဆိုလျှင် တစ်ဦးလျှင် ကျပ်ငွေ
(၁၀,၀၀၀ ကျပ်) ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ကြားသိရသည်။

လွန်ခဲ့သော နှစ်များအတွင်း လိုင်ဇာမြို့မှ အခြားသောမြို့များသို့ ဆက်သွယ်ထားသောလမ်း တံတားများ ပျက်စီးနေခြင်းကြောင့်သာမက ခရီးသည်တင် ဘတ်(စ်)ကားများ ပြေးဆွဲခြင်း မရှိခြင်းတို့ကြောင့် အများပြည်သူများအဖို့ ခရီးသွားလာဖို့ရန် အခက် အခဲများစွာ ရှိခဲ့သည်။

#လိုင်ဇာ_မိုင်ဂျာယာန်_ဂါးရာယာန်_မြို့သစ်
ားလိုင်းပြေးဆွဲ

ဓာတ်ပုံ။ ။ လိုင်ဇာ - မိုင်ဂျာယာန်ပြေးဆွဲမည့် ဘတ်(စ်) ကား

12/05/2026

မန္တလေးမှထွက်ခွာလာသော စစ်တပ်ယာဉ်တန်း မြစ်ကြီးနားမြို့ မပခ သို့ ရောက်ရှိ။

၁၂ မေ ၂၀၂၆။ - 7Stars News

ကချင်ပြည်နယ်သို့ စစ်အင်အား ဖြည့်တင်းရန်
မန္တလေးမှ ထွက်ခွာလာသော စစ်ယာဉ်တန်းသည် ယနေ့ (မေလ ၁၂ ရက်နေ့) ညနေပိုင်း (၄:၀၀) နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အတားအဆီး မရှိ ရှောရှောရှူရှူ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ယာဉ်တန်း၏ ရှေ့ဆုံးကားဦးခေါင်း၌ "ကချင်ပြည်နယ် ဒေသခံပြည်သူများအတွက် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ခြင်း” ဟူသော ခေါင်းစီးစာတန်းပါ ဗီနိုင်းကြီး ချိတ်ဆွဲထားခြင်းကြောင့် မန္တလေး မှ မြစ်ကြီးနားသို့သွားရာ လမ်းခရီးတစ်လျှောက်ရှိ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် တားဆီး ပစ်ခတ်ရန် ခက်ခဲခဲ့သဖြင့် စစ်ယာဉ်တန်းအားလုံး မပခ သို့ ရှောရှောရှူရှူ ဆိုက်ရောက်နိုင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က 7stars News ကို ပြောသည်။

"စစ်ယာဉ်တန်းမှာ စစ်ကားကြီးအားလုံး (၃၀၃) စီး
ပါတယ်။ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေရော စစ်သားအင်အားရောဘယ်လောက် ပါတယ်ဆိုတာ မသိရဘူး။

ယာဉ်တန်းထိပ်ဆုံးက ကားဦးခေါင်းမှာ ဗီနိုင်းကြီးကပ်ထားပြီး အဲ့ဒီဗီနိုင်းမှာ 'မန္တလေး - ထီးချိုင့် - ကသာ - မိုးညှင်း - မြစ်ကြီးနားလမ်း။ နိုင်ငံတော်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၊ ကချင်ပြည်နယ် ဒေသခံပြည်သူများအတွက် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ခြင်း' ဆိုတဲ့ ခေါင်းစီးစာတန်း ရေးထားကြတယ်။ စစ်ယာဉ်တန်းက မြစ်ကြီးနားဘက်ကို စစ်အင်အား ဖြည့်တင်းမှန်း သိသိကြီးနဲ့ လမ်းခုလပ်မှာ ဖြတ်တိုက်ဖို့ ခက်ခဲသွားတယ်။ တစ်ကယ်တန်း ဖြတ်တိုက်မိရင် ပြည်သူတွေအတွက် စားသောက်ကုန် တင်ဆောင်တဲ့ ယာဉ်တန်းကို KIA နဲ့ PDF တွေ အကြမ်းဖက် တိုက်ခိုက်တယ်ဆိုပြီး မီဒီယာက တဆင့် ကမ္ဘာသိအောင် အော်ကြမှာလေ။ ဆုပ်လည်းဆူး စားလည်းရူး ရမယ့် အနေအထား ဖြစ်ခဲ့တယ်။ ဒီနေ့ ညနေပိုင်းမှာပဲ စစ်ယာဉ်တန်း တစ်ခုလုံး မြစ်ကြီးနားမြို့ မပခ ထဲ ရှောရှောရှူရှူ ဝင်သွားကြပြီ။” ဟု ပြောဆိုသည်။

ယခုနှစ် မိုးမကျခင် မေလကုန်ပိုင်း၌ ကချင်ပြည် နယ် ဝိုင်းမော် နှင့် ကန်ပိုင်တီ လမ်းတစ်လျှောက်ကို စစ်တပ်မှ စိုးမိုးထိန်းချုပ်နိုင်ဖို့ရန် စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တစ်နံတစ်လျား၌ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဖားကန့်ဒေသစစ်မျက်နှာ၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ကာ စစ်ကော်မရှင်တပ်ဖွဲ့များ တစ်နေ့ထက်တစ်နေ့ ထိခိုက်ကျဆုံးမှုတိုးပွားလျက်ရှိသည်။

#စစ်ယာဉ်တန်း
#မြစ်ကြီးနားမြို့
#မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်

Want your business to be the top-listed Media Company in Mu-se?
Click here to claim your Sponsored Listing.

Telephone

Address


Pyi Daung Hsu Road, Homon Quater
Mu-Se
06403