POEM

POEM

Share

25/09/2020

အရိန္ဒမာသိပါသည်......
____ _________

မြင်ကတဲ(တည်း)က
ရင်ထဲကစွဲခဲ့တယ် မဏိစန္ဒာ။

ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အသျှင့်အာဏာစော်ကားမိသူမို့
ဪ....ဓါးထိကာ အသေသတ်လျှင်လည်(လဲ)
ကျေနပ်မှာပါ။

မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာက..နှစ်ဆင့်ပိုကဲ။

မသင့်လျော်တာ ချစ်လာခဲ့သူမို့
အသျှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့
ဘုရင့် အာဏာမဖီဆန်ရဲတာကြောင့်
လက်လွဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အသျင်တဲပါလို့
ရင်ထဲကိုလှံမထိခင်က
ချစ်မိသူ အသဲကြွေပြုန်းကာ
(မဏိစန္ဒာရယ်)
ကိုယ်ကတော့.....အမြဲသေဆုံးခဲ့ပြီပဲ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Photos from POEM's post 01/04/2020

''စစ်ကိုင်း အက်ပီဂရမ် ''
------------------------------------

စစ်ကိုင်း--- တဲ့
ဘုရားသခင်ရဲ့
အလှပဆုံးလက်ရာတစ်ခုပေါ့။

စစ်ကိုင်း--- တဲ့။
ဧရာဝတီရဲ့နှလုံးသား
သိမ်းထားတဲ့နေရာလေ။

မြန်မာပြည်တစ်နံတစ်လျား
မြောက်ဖျားကနေ တောင်ဖျား
စီးသွားတဲ့ ဧရာဝတီ
ဒီနေရာမှာ တော်လှန်
မင်းဝံထံ ဦးခိုက်ဝပ်တွား
အရှေ့ကအနောက်ကိုစီးသွားရဲ့။

မြစ်ညာသားတို့၊ကြည့်လှည့်ကြ။
မြစ်ခြေသားတို့၊ကြည့်လှည့်ကြ။

စစ်ကိုင်းမှာ---
ဧရာဝတီထဲက နေထွက်တယ်။
ဧရာဝတီထဲမှာ နေဝင်တယ်။

ဧရာဝတီဝတ္တုရှည်ကြီးမှာ
အလှပဆုံး ကလိုင်းမ(ခ်)(စ်)ဟာ
ဒီနေရာမှာပေါ့ --- ။

မြောက်ဖျားဒေသမှာ
အမြှီးနှစ်ခွချန်ထားခဲ့တဲ့
ဧရာဝတီဆိုတဲ့ နဂါးဟာ
မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား
ကပ္ပလီပင်လယ်ထဲ ငုပ်ရှိုးသွား
အသည်းနှလုံးကိုတော့ စစ်ကိုင်းမှာ
ထားခဲ့သတဲ့။

အဲဒီနဂါးပေါ်ကကင်းခြေများ
စစ်ကိုင်းတံတားတဲ့လေ--- ။
စစ်ကိုင်း--- တဲ့။
မယဉ်မရိုင်း
မြို့စစ်ကိုင်း --- တဲ့။

သူစိမ်းတွေက
ပြောကြတာလေ။

ဟုတ်ကဲ့---
ရိုးရိုးလေးနဲ့
ခမ်းနားလှပတဲ့ မြို့တစ်မြို့ပါပဲ။

ပုည တောင်ဆီ၊ ရီလျက်မလင်း
မဝင်းအုံ့မှိုင်း စစ်ကိုင်းတစ်ဖက် --- တဲ့

ရှင်ထွေးနာသိမ်ရဲ့ လက်ဖျား
ဘုရားသခင်ရဲ့ စကားလုံးများ
စီးဝင်လှုပ်ရှားရင်ခုန်သွား --- ။

ဒီမြေကိုရောက်
ဒီရေကိုသောက်မိရင်
အနုပညာသမားတို့ရဲ့ ဘဝင်
ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်
မပြန်ခင် စာဖွဲ့ကြ
အပြန်တွင် တေးဖွဲ့ကြ
ရေးခဲ့ကြတဲ့ စစ်ကိုင်းအလှ --- ။

ဇေယျာရွှေမြေ ---
မြစ်ရေခွေဝန်း---
ပုညရှင် --- စေတီအပါး
စစ်ကိုင်းတောင်--- စစ်ကိုင်းတောင်
အထက်နားဆီက---

ကမ်းခြေဇေယျာဦးဝယ် ---
မှန်းချွေမေအလှမှူးရယ် --
လွမ်းနေ--- နေပါဘူးကွယ်

စစ်ကိုင်းတံတားဘက်ဆီကို
သူလာမလားလို့
မျှော်ကြည့်မိသည်---

သြော်
မြန်မာပြည်မှာ မြို့ဘွဲ့တေး
အရေးခံရဆုံး မြို့တစ်မြို့ပေပလေ။

စစ်ကိုင်း--- တဲ့။
သမိုင်းမရိုင်းခဲ့တဲ့ မြို့တစ်မြို့ပါပဲ။

သမိုင်းမြင်းငါစိုင်း
စစ်ကိုင်းရောက်တော့
စစ်ကိုင်းဆိုရင်
ပုဂံပြည့်သခင်
ပရိမ္မက ထီးလှိုင်ရှင်
ကျန်စစ်သားရဲ့ ဇာတိခွင်။

အပယ်ခံအသင်္ခယာစောယွန်း
ဘုန်းထွန်းလို့ ဓါးထက်
အင်းဝအရင်က နန်းတစ်ဆက် --- ။

ခုနစ်စင်ကြယ်ပြောင်
အမြှီးထောင်လို့
သန်းခေါင်ကျော်လို့ သန်းလွဲ
ကြယ်မှုန်ဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က လှေငယ်တစ်စင်း
အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲငူ ကျောက်ဆောင်ဆိပ်မှာ
ရိပ်ခနဲ ခုန်ပျံလွှား
ဗိုလ်တက်ပြားဆိုတဲ့ ပစ္စည်းမဲ့ရွှေတိုက်စိုး
မိုးလင်းမှ စစ်ကိုင်းကိုပြန်
သူ့နည်း သူ့ဟန်နဲ့ တော်လှန်ရေးလုပ်
ဟုတ်ကဲ့ ---
ကျွနု်ပ် ဦးညွတ်လိုက်ပါတယ်။

စစ်ကိုင်း--- တဲ့။
သူတော်စင်တွေနဲ့အတူ
သတ္တိခဲတွေနေတဲ့မြို့ပေါ့။

တရားလည်းဖက်
ဓါးလည်းထက်တဲ့ စစ်ကိုင်း
သူ့သမိုင်းသူဖြတ်ကျော်
သူရဲကောင်းတို့ တိုက်ပွဲပျော်
အတိတ်ခေါ်သံကြားမိရဲ့။

စစ်ကိုင်းတံတားထိပ်
တိတ်တဆိတ်ရပ်မိ
တလှပ်လှပ်ရင်ခုန်သံ
ရဲဘော်သိန်းတန်ကို သတိရ
မှူးသမိန်ကို တမ်းတ
ဗိုလ်ကျင်မောင်ကို အမှတ်ရ
ရဲဘော်ဋ္ဌေးကို လွမ်းရ
နောင်ရိုးတင်ဝင်းကို လွမ်းတ --- ။

စစ်ကိုင်း--- တဲ့။
ကဗျာကရိုဏ်း
စာကသိုဏ်းနဲ့
ဆရာမှိုင်းတဖွဖွ
ချစ်ခဲ့ရတဲ့ မြို့ပေပ။

စစ်ကိုင်းမှာခေါင်းချ
ရှင်မဟာသီလဝံသရဲ့ အုတ်ဂူဘေး
ငါရပ်ရင်း ငေးမိ ---

ကဗျာဆရာဝိညာဉ်
မင်းဝံတွင်ခို
ရွှေကိုင်းသားကို လှုပ်နိုး
ဦးဘိုးသင်းရဲ့ ရုပ်ပုံလွှာ
မဟာဆွေရဲ့ အပြုံးမျက်နှာ
ညောင်ပင်သာ ဦးပုည
ဆုံးမစကားသံသဲ့သဲ့လေး
သြော် --- ကိုအေးလွင်ရယ်
လွမ်းလိုက်တာ --- ။

စစ်ကိုင်း--- တဲ့။
ကာလများရိုင်းတဲ့အခါ
အရူးမီးဝိုင်းလည်း ခံခဲ့ရဖူးရဲ့။

ရေကြီးခဲ့---
ငလျင်လှုပ်ခဲ့ ---
မီးလောင်ခဲ့ ---
ပြီးတော့ ---

ခတ္တာငုံဖူး ဝါခေါင်ဦး တစ်ညနေမှာ
ဖက်ဆစ်တွေ ဘီလူးစီး
ကျီးတွေပြို ခွေးတွေအူ ---

တစ်မြို့လုံးလည်း ကျွတ်ကျွတ်ဆူ
ထူပါရုံငို ---
ရွှေသာလျောင်းငို ---
စစ်ကိုင်းကောင်းကင်ပြိုကျခဲ့ --- ။

နောက်ကြည့်ကျွန်းဆိုတဲ့အမည်ဟောင်း
အလောင်းကြည့်ကျွန်းလို့ ပြောင်းခဲ့ရ
ကာလမကောင်း ခေတ်ခယောင်းကို
လှည့်စောင်းကြည့်မိ
သတိရရင်း
စစ်ကိုင်းဟာ မျက်ရည်ကျတယ်။

စစ်ကိုင်း--- တဲ့။
လောကဓံရဲ့ မိတ်ဆွေရင်းကြီးပေါ့။

ဘဝကိုမကျေနပ်
လောကကြီးကို မကျေနပ်
သည်းအူပြတ်မျှ ခံစားရတဲ့အခါ
ထုံးရယ်၊ ဗမာဆေးရယ်၊ ဒေါသရယ်
သောကနဲ့အတူ ကွမ်းယာထဲ ထည့်ဝါး
စစ်ကိုင်းသားတွေ ကွမ်းစွဲသွားပေါ့။

သဘာဝဘေးဒဏ်
အသဘာဝဘေးဒဏ်
စစ်ဘေးနဲ့ စစ်ဒဏ်
စစ်ကိုင်းသားတို့ အံကြိတ်ခံ
စစ်ကိုင်းဝိညာဉ် အမြဲရှင်သန်

စစ်ကိုင်း---တဲ့။
အမြဲတမ်း ပြုံးနေတဲ့ မြို့ပါပဲ။
လောကဓံတရားနဲ့
ခပ်ခါးခါးလေးကြုံရရင်
မတုန်မလှုပ် ကွမ်းလေးမြုံ့
ငုံ့နေတဲ့ခေါင်း ပြန်မော့
ကြော့ကြော့လေးပြုံးနေတဲ့ စစ်ကိုင်း
သမိုင်းဆရာတွေမျက်ရည်ဝိုင်းလောက်တယ်။

စစ်ကိုင်း--- တဲ့။
ပျော်ပျော်နေသေခဲတဲ့ သူရဲကောင်း
တိုက်ပွဲပေါင်းက သိန်းရာထောင်

ဒီလိုနဲ့ ---
အသက်တစ်ထောင် ပြည့်တော့မယ်။

မင်းသစ်
(၉- ၉ - ၁၉၈၈ စစ်ကိုင်းအရေးတော်ပုံ ၂၅ နှစ်မြောက်အမှတ်ရ -)

အက်ပီဂရမ် (epigram) = မော်ကွန်းကဗျာငယ်
ကလိုင်းမစ်(ခ်)(စ်) ( climax) = ဇာတ်လမ်းအထွတ်အထိပ်

#မဟေသီမဂ္ဂဇင်း - ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ စာမျက်နှာ (၁၂၆)

Photos from POEM's post 01/04/2020

ငါးရိုးနင်တဲ့ ငွေလမင်း
______________________
မောင်အောင်ပွင့်

ဆာကလည်း ဆာလောင်
မြို ့လယ်ခေါင်
လရောင်တောင် မရှိ ။

ကောင်းကင် မော်ကြည့် မှ
ဟောဟို ့ တိုက်အမိုးပေါ ် မှာ
ထိုးထိုးထောင်ထောင် အပြိုင်အဆိုင်
တီဗီတိုင်တွေ ရှုပ်ရှက် ခတ်
လ မျက်နှာ အရိုးနင်ပုံ
မြင်ရုံ နဲ ့မော
တော ပဲ ပြန် ချင် ပါတော့ တယ် ။

၂၈ ၄ ၁၉၈၉
ကောင်းကင်တော်တမ်းခြင်း

01/04/2020

★ သူ သ ာ ရှိ လျှ င် ★

☆ သူသာရှိလျှင်
သူ၏နိုင်ငံ ကြမ္မာကံကို
စီမံလိမ့်မည် ဖန်တီးမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်ဖွား ဆင်းရဲသားတို့
ဝတ်စားနေမှု ကျန်းမာမှုနှင့်
သိမှုတတ်မှု ယဉ်ကျေးမှုကို
ဂရုစိုက်မည် စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ဥာဏ်စွမ်း ကိုယ့်အစွမ်းသည်
သူ့ဝမ်းသူ့ခါး သူ့မယားနှင့်
သူ့သားတွက်ပေ မဟုတ်လေဘဲ
သူနေထိုင်သည် သူ့တိုင်းပြည်တွက်
သူ့ပြည်နေရာ သူ့ကမ္ဘာတွက်
မေတ္တာဓါတ်ခံ အပင်သန်လျက်
အားမာန်ထုတ်မည် ဦးဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်အား ကျူးစော်ကားက
အသားအသွေး သက်စတေးလျက်
ပြည်ရေးဆောင်မည် ကာကွယ်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်တွင်း တစ်တွေးချင်းသို့
စစ်ခင်းသည့်ပွဲ ပြီးပြတ်စဲဖို့
လက်တွဲလက်ချိတ် ညီနောင်စိတ်ဖြင့်
ပွဲတိတ်စေမည် ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ အရုဏ်တတ်တွင် တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး တစ်ပြည်လုံးက
ယူကျုံးမရ ဖြစ်ခဲ့ရလည်း
သူကရှေ့ဆောင် မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ လင်းတုန်းရှိ၍
သူ၏ကိုယ်စား သူ့စိတ်ထားက
ညွှန်ကြားလိမ့်မည် ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။ ။

တင်မိုး
၁၁-၁၂-၁၉၆၅

01/04/2020

မြန်မာ့သင်္ကြန်ပွဲ

ပိတောက်ပန်းပန်၊ ဤသင်္ကြန်၌
နိုင်ငံအေးမြ၊ ပြည်လုံးလှသည်
မြန်မာ့အခါတော်ပေကိုး။

စေတီဘုရား၊ ကျောင်းကန်သွားလျက်
တရားချမ်းသာ၊ အေးရိပ်ရှာ၍
နံ့သာလက်စွဲ၊ ပူဇော်မြဲတည့်
ရောင့်ရဲသီလ၊ စိတ်ကြည်မြသည်
မြန်မာ့အခါတော်ပေကိုး။

တို့ပြည်သူများ၊ ငွေဖလားနှင့်
ကစားရေပက်၊ သင်္ကြန်ရက်တွင်
အမျက်မရှိ၊ ပကတိပင်
မငြိမြူမြှေး၊ ချစ်ကြည်တေးတည့်
ညစ်ကြေးခွာချ၊၊ စိတ်နေလှသည်
မြန်မာ့အခါတော်ပေကိုး။

တင်မိုး
၁၉၇၈

Want your business to be the top-listed Shop in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Address


Monywa
001010