Chess Online Training
17/08/2022
အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၈.၁)
အဖွင့်ပိုင်းတိုက်ကွက်များ
တိုက်ကွက် ၁၊ ၂ ၊ ၃ - ဘုရင် အမိဖမ်းကွက်ပါ
တိုက်ကွက် ၄ - ဘုရင်မ အမိဖမ်းကွက်ပါ
တိုက်ကွက် ၅ - ဘုရင် အမိဖမ်းကွက်ပါ
တိုက်ကွက် - ၁ (ABC အကွက်)
1. e4 e5
2. Bc4 d6
3. Qh5 Nf6
4. Qxf7 #
တိုက်ကွက် - ၂
1. e4 e5
2. Bc4 d6
3. Qf3 Nc6
4. Qxf7 #
တိုက်ကွက် - ၃
1. e4 e5
2. Bc4 d6
3. Qh5 g6
4. Qf3 Nc6
5. Qxf7 #
တိုက်ကွက် - ၄ (ဖားတုခရုခုန်အကွက်)
1. e4 e5
2. Nf3 Nf6
3. Nxe5 Nxe4
4. Qe2 Nf6
5. Nc6++
တိုက်ကွက် - ၅
1. e4 e5
2. Bc4 d6
3. Qh5 Nh6
4. d4 exd4
5. BxNh6 gxh6
6. Qxf7 #
အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၇)
စစ်တုရင် ကစားကွက် ရေးသားနည်း
စစ်တုရင်ခုံတွင်
အဖြူဘက်ခြမ်းမှ နေပြီး အလျားလိုက်ကို a ကနေ h ထိ အစဉ်လိုက်
မှတ်သားပြီး ဒေါင်လိုက်ကို 1 ကနေ 8 ထိ အစဉ်လိုက် အကွက်ချထားသည်။
e4 အကွက် ဆိုရင် အလျားလိုက် e နဲ့ ဒေါင်လိုက် 4 ဆုံတဲ့အကွက်ကို
ညွှန်းဆိုခြင်းဖြစ်သည်။ အကွက် နံပါတ်များကို မှတ်သားထားပါ ။
ကစားကောင်များကို အတိုမှတ်ထားပုံက
King (ဘုရင် ) = K
Queen ( ဘုရင်မ ) = Q
Bishop ( စစ်ကဲ , ဘုန်းကြီး ) = B
Knight ( မြင်း ) = N
Rook ( ရထား , ကာဆယ် )= R
Pawns ( ပွန်း ) ကို သင်္ကေတ မသတ်မှတ်ထားပါဘူး ။
ဥပမာ - 1.e4 ဆိုရင် ပွန်းကို e4 အကွက်သို့
ရွှေ့သည်ဟုနားလည်ရမည်ဖြစ်သည် ။
ကစားပွဲတွင် အသုံးပြုသော လူပ်ရှားမူ သင်္ကေတများ
Check ( ချက် , ခွေသည် )= +
Double Check ( နှစ်ထပ်ချက် )= ++
Capture ( စားသည် ) = x
Castles Kingside ( ကင်းဘက်ခြမ်း ကာဆယ်ရိန်းသည် )= 0-0
Castles Queenside ( ကွင်းဘက်ခြမ်း ကာဆယ်ရိန်းသည် )= 0-0-0
Good move ( ရွှေ့ကွက်ကောင်း )= !
Bad move ( ရွှေ့ကွက် ညံ့ )= ?
Checkmate ( မိတ်ကွက် , ပွဲပြီးကွက် )= #
ကစားကောင်ကို အကြီးဖြင့်ရေးပြီး ကစားကွက်ကို အငယ်ဖြင့်ရေးသည်။
ဥပမာ ကစားပွဲ တခု ကို လေ့လာကြည့်ပါ ။
1. e4,e5 ( အဖြူပွန်း e4 အကွက် သို့ ရွှေ့ပြီး အနက်ပွန်း e5 အကွက်သို့
ရွှေ့သည်။)
2. f4,Bc5 ( အဖြူပွန်း f4 အကွက်သို့ ရွှေ့ပြီး အနက် ဘီးရှော့ c5
အကွက်သို့ရွှေ့သည်။)
3. fxe5, Qh4+ ( f အကွက် မှ e5 တွင်ရှိသော အကောင်ကို စားသည် , ကွင်းကို h4 သို့ရွှေ့ပြီး ချက် လုပ်လိုက်သည် ,
4.Ke2,Qxe4 # ( ဘုရင် e2သို့
ရွှေ့သည် , ကွင်း e4အကွက်သို့ စားပြီး ချက်ရာတွင် checkmate
ဖြစ်သွားသည် ၊ )
အောက်က ကစားပွဲများကို ရွှေ့ကြည့်ရင်း လေ့လာပါ ။
ကစားပွဲ ၁
1. e4 c6 2. d4 d5 3. Nc3 dxe4 4. Nxe4 Nf6 5. Qd3 e5 6. dxe5 Qa5+
7. Bd2 Qxe5 8. O-O-O Nxe4 9. Qd8+ Kxd8 10. Bg5+ Kc7 11. Bd8 #
ကစားပွဲ ၂
1. f4 e5 2. fe5 d6 3. ed6 Bd6 4. g3 Qg5 5. Nf3 Qg3+ 6. hg3 Bg3 #
တခါတရံ တခြားရူပ်ထွေးနိုင်သော အကွက်မပါလျှင် အစားသင်္ကေတ
ကိုဖျောက်ပြီး ရေးသားကြသည်။ ed6 = e ကအကောင်မှ d6 က အကောင်ကိုစားသည် ။
ကစားပွဲ ၃
1. e4 c6 2. d4 d5 3. Nc3 de4 4. Ne4 Nd7 5. Qe2 Ngf6 6. Nd6 #
မူရင်းရေးသားသူအား Credit ပေးပါတယ်
အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့
🥇🥈🥉
🏆🏆🏆
06/08/2022
အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၄ - က)
စစ်တုရင်အရုပ်များ ရွှေ့နည်း/စားနည်း
1. Pawn (နယ်ရုပ်)
ပွန်းများသည် မိမိ၏ နယ်မြေများဖြစ်သည်။
အလွယ်တကူအဆုံးရှုံးမခံသင့်ပါ။
ပွန်းများကိုလွတ်လွတ်ကျွတ်မတက်ရ။
ပွန်းများအချင်းချင်းချိတ်ဆက်ထားရမည်။
ပွန်းများသည် မခြားကစားရုပ်များကိုလည်း ကာကွယ်ပေး
ခြင်း ထောက်ပေးခြင်းများ ပြုလုပ်ပေးပါသည်။
ယခုသင်ခန်းစာတွင် ပွန်းတက်နည်း ၊ စားနည်း ၊ ဖြတ်စား
စသည့် သင်ခန်းစာသုံးမျိုးဖြင့် ဖော်ပြထားပါသည်။
အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့...
🥇🥈🥉
🏆🏆🏆
Click here to claim your Sponsored Listing.
Telephone
Website
Address
Kyaukka Road
Monywa
Opening Hours
| Monday | 08:00 - 16:00 |
| Tuesday | 08:00 - 16:00 |
| Wednesday | 08:00 - 16:00 |
| Thursday | 08:00 - 16:00 |
| Friday | 08:00 - 16:00 |