The LAMP
#မန္တလေးမြို့
Diploma and BNSC ပြီး သူနာပြု ပါ
Experience _ over 10 years ပါရှင့်
✓✓Injection (ဆေးထိုးခြင်း) IV/IM
✓✓Cannulation (ဆေးထိုးပိုက်တပ်ခြင်း)
✓✓Ryle Tube Insertion (နှာခေါင်းပိုက်ထည့်ခြင်း)
✓✓Catheterization (ဆီးပိုက်ထည့်ခြင်း)
✓✓Dressing (အနာဆေးထည့်ခြင်း)
စသည်တို့အတွက် အကြောင်းကြောင်းကြောင့် #ဆေးရုံဆေးခန်းသွားဖို့တက်ရောက်ဖို့အဆင်မပြေသူများ
#အိမ်မှာပဲနေပြီးဆေးထိုး_ဆေးထည့်ချင်သူများ
#နှာခေါင်းပိုက်_ဆီးပိုက် တပ်/လဲ ဖို့အတွက်လိုအပ်သူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးဖို့ လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်။
Vb/Tg_09797551784
20/01/2026
Cannula Care ကလည်း လူနာတစ်ယောက်ရဲ့ ကျန်းမာခြင်းအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုကနေပါဝင်နေတယ်။ ရောဂါသက်သာပျောက်ကင်းဖို့အပြင် သူ့ကြောင့်ရောဂါပိုးမဝင်အောင်ပါ ဂရုစိုက်ရတာမို့အအထူးသတိပြုရမယ့် အချက်ပါပဲ။
အခြေခံလိုက်နာရမယ့် အချက်တွေကို မျှဝေပေးပါရစေ
၁။ သန့်ရှင်းမှုရှိပါစေ
* Cannula ထည့်ထားတဲ့နေရာကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးရပါမယ်
* ပိုက်ပတ်တီးကို အမြဲတမ်း ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။
၂။ ရေမစိုပါစေနဲ့
* ရေချိုးတဲ့အခါ Cannula နေရာကို ရေမဝင်အောင် ပလတ်စတစ် (သို့) ရေလုံအိတ်တစ်ခုခုနဲ့ သေချာပတ်ပြီးမှ ချိုးပါ။
၃။ ထိခိုက်မှုမရှိအောင် နေပါ
* Cannula ထည့်ထားတဲ့ လက်ဘက်ကို အလေးအပင် မပါနဲ့။
* ပိုက်ကို မဆွဲမိ၊ မခါမိအောင် ဂရုစိုက်ပါ။ အဝတ်အစားလဲတဲ့အခါ ပိုက်နဲ့မငြိအောင် ဖြည်းဖြည်းချင်းလဲပါ။ ဆေးပိုက်ရှိတဲ့ဘက်ရဲ့ လက်ကို အရင်လျှိုဝတ်ပါ။
🖲️ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်/သူနာပြုကို အကြောင်းကြားရမလဲ?
အောက်ပါ လက္ခဏာတွေရှိလာရင် အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်ပါတယ် -
‼️ နာကျင်ခြင်း: ဆေးသွင်းတဲ့အခါ ဒါမှမဟုတ် ဒီအတိုင်းနေရင်းနဲ့ ပိုက်ထည့်ထားတဲ့နေရာက အရမ်းနာလာရင်။
‼️ ရောင်ရမ်းခြင်း: ပိုက်ပတ်လည်မှာ ဖောင်းပြီး ရောင်လာရင်။
‼️ နီမြန်းခြင်း: သွေးကြောတစ်လျှောက် နီလာရင် (သွေးကြောရောင်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်)။
‼️ သွေးထွက်ခြင်း (သို့) ဆေးရည်စိမ့်ခြင်း: ပိုက်ထည့်ထားတဲ့နေရာက သွေးထွက်လာရင် (သို့) ဆေးရည်တွေ ပြန်ထွက်နေရင်။
‼️ ဖျားခြင်း: အကြောင်းရင်းမရှိဘဲ ချမ်းတုန်ပြီး ဖျားလာရင်။
မှတ်ချက်: ပုံမှန်အားဖြင့် Cannula တစ်ခုကို ၇၂ နာရီ #၃ရက်ထက်ပိုပြီး မထားသင့်ပါဘူး။ ၃ ရက်ပြည့်ရင် (သို့) အထက်ပါ ပြဿနာတစ်ခုခုရှိရင် နေရာအသစ် ပြောင်းထည့်ဖို့ လိုအပ်ပါတယ်။
Cannula နဲ့ပတ်သက်ပြီး တခြားသိချင်တာ (ဥပမာ- ဆေးသွင်းနေရင်း ရပ်သွားတာမျိုး) ရှိသေးရင် မေးမြန်းနိုင်ပါတယ်။
ဒီနေ့တော့ ထိုးရင်း N/A ညီမလေးကို အကြောင်းလေပစ်ခဲ့ 💁🌪️
#မန္တလေးမြို့တွင်းအိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်သူတိုင်း အားမနာတမ်းဆက်သွယ်နိုင်ကြောင်းပါနော်
Vb/Tg_09797551784
Vb_09258966374
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
67C*39 Street
Monywa
05031
Opening Hours
| Monday | 07:00 - 23:00 |
| Tuesday | 07:00 - 23:00 |
| Wednesday | 07:00 - 23:00 |
| Thursday | 07:00 - 23:00 |
| Friday | 07:00 - 23:00 |
| Saturday | 07:00 - 23:00 |
| Sunday | 07:00 - 23:00 |