Mathematic Family
18/06/2021
𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗢𝘂𝗿 𝗟𝗲𝗮𝗱𝗲𝗿
𝗠𝗼𝘁𝗵𝗲𝗿 𝗗𝗮𝘄 𝗔𝘂𝗻𝗴 𝗦𝗮𝗻 𝗦𝘂𝘂 𝗞𝘆𝗶 ♥🇲🇲
June 19, 2021ရက်နေ့မှာ ကျရောက်မဲ့ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အသက်ရှည်ပါစေလို့ ကျွန်တော်/ကျွန်မတို့ Mathematic Family Pageကနေဆုတောင်းပြုပေးပါတယ် အမေ ♡︎
#𝙵𝚛𝚎𝚎𝙾𝚞𝚛𝙻𝚎𝚊𝚍𝚎𝚛𝚜
#𝚁𝚎𝚓𝚎𝚌𝚝𝙼𝚒𝚕𝚒𝚝𝚊𝚛𝚢𝙲𝚘𝚞𝚙𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚂𝚊𝚟𝚎𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚆𝚑𝚊𝚝𝙷𝚊𝚙𝚙𝚎𝚗𝙸𝚗𝙼𝚢𝚊𝚗𝚖𝚊𝚛
Adam Aung
Photos Credit.
18/06/2021
...ကျွန်တော် တို့ နိုင်ကိုနိုင်မှာ...
ဒီစကား ကို ရဲရဲကြီး ပြောနိုင်ခြင်းက ကျွန်တော်တို့ မှာ ပြည်သူတွေရှိလို့ပဲ..
ပြည်သူတွေဟာ လက်ရှိအချိန်ထိ စစ်ကောင်စီ ရဲ့ အုပ်ချုပ်မှု ကို လုံးဝ လက်သင့်မခံပဲ ရရာနည်းနဲ့တော်လှန် ၊ တွန်းလှန် ပြီး စစ်ကောင်စီကို သွေးပျက်နေစေလို့ပါပဲ...
CDM လှုပ်ရှားမှု ၊ လမ်းမပေါ်က သပိတ်တိုက်ပွဲတွေ ဟာဆိုရင်လဲ အခုအချိန်ထိ အားကောင်းကောင်းနဲ့ ဆက်လက်ရှင်သန်နေဆဲပါပဲ။
တစ်ဖက် မှာလဲ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတဲ့ MOD ရဲ့ PDF တွေ၊ မြို့ပြ ၊ ကျေးရွာတွေက ပြောက်ကျားတိုက်ပွဲ တွေဟာလဲ တဖြည်းဖြည်းနဲ့အရှိန်အဟုန်တက်လာပြီပဲ ဖြစ်တယ်။
ွမြို့ပြရဲ့ လမ်းမတွေပေါ်၊ ကျေးလက်ဒေသတွေရဲ့ တော၊တောင် တွေဟာ ကျွန်တော်တို့ရဲ့ တိုက်ပွဲနေရာတွေဖြစ်တယ်။
စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ တိုက်ပွဲပေါင်းစုံဟာ အချိန်တိုင်း ၊နေရာတိုင်း၊ မြို့ပြတိုင်း ၊ တောရွ
ာတိုင်း မှာ အဆက်မပြတ်ပေါ်ထွန်းနေမှာ ဖြစ်တယ်။
သပိတ်စုံသူပုန်ထ ဆိုတဲ့ အတိုင်း ကျွန်တော်တို့ ပြည်သူတွေဟာ ရရာနည်း၊ ရရာ လက်နက်နဲ့ အကြမ်းဖက်စစ်ကောင်စီ ကို တွန်းလှန်ကြရမှာ ဖြစ်တယ်။
-စစ်အာဏာရှင်စနစ်အလုံစုံ ပျက်သုဥ်းရေး
-ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ထွန်းပေါ်ပေါက်ရေး
ဆိုတဲ့ တူညီ တဲ့မူဝါဒ ကိုလက်ကိုင်ထားပြီး ၊ ကျွန်တော်တို့ ဒီနောက်ဆုံးတိုက်ပွဲကို တိုက်ကြရမှာ ဖြစ်တယ်။
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
11/06/2021
(GZ များတို့ ဂုဏ်ပြုရေးသားပါသည်)...သေနတ်ကိုင်ပြီး ပြန်လာမယ် အမေ
__________________________________________
ရည်းစားထားဖို့ပဲသိတယ်ဆိုတဲ့ ကောင်ပါ အမေ။
တိရစ္ဆာန်လေးလို့ အမေ ချစ်စနိုးခေါ်တတ်တဲ့
တိရစ္ဆာန်လေးပါ အမေ။
ဖက်ရွက်ပေါ် ကျောခင်းပြီး
ငှက်ပျောအူကို စုပ်ရင်း ဒီစာကို ရေးလိုက်တာပါ။
ညဆို မိုးပေါ်က ကြယ်တွေကို ရေတွက်ရင်း
အမေ့ကို လွမ်းရ
နေ့ဆို အာဏာရှင်ကိုတိုက်ဖို့ သေနတ်ပစ်လေ့ကျင့်ရင်း
အားသစ်တွေ မွေးရပေါ့။
လေဟာ ဘာနဲ့မှ ပိတ်လို့မရသလို
တော်လှန်ရေး စိတ်ဟာ ဘာနဲ့မှ တားလို့မရဘူးအမေ။
အမေ့ကိုမှ ကျောမခိုင်းရက်ရင်
သေသွားတဲ့ လိပ်ပြာတွေကို
ကျနော် ဘယ်လို မျက်နှာပြရမလဲ အမေ။
အသက်တချောင်းပဲ ပါတယ်
အဲဒီအသက်တချောင်းဟာ တော်လှန်ရေးအတွက်ပဲ
ဆေးလိပ်တွေ ခိုးမသောက်နဲ့လို့
အမေ ကျနော့်ကို ဆုံးမသလိုမျိုး
အာဏာကို ခိုးမယူနဲ့ လို့
သူတို့ကို ဆုံးမလို့ မရဘူးအေမ။
လမ်းမပေါ်ရဲနေတဲ့ သွေးတွေဟာ
လူ့သွေး စစ်စစ်တွေပါ။
ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို
သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ။
အိပ်မပျော်လည်း မဖြစ်နဲ့၊
စားမဝင်လည်း မဖြစ်နဲ့၊
မြေခွေးစစ်စစ်တွေအတွက်
သီချင်းစစ်စစ်တွေ မလိုလို့
သေနတ်စစ်စစ် ကိုင်ပြီး ကျနော်ပြန်လာမယ် အမေ။
GZ များသို့ ဂုဏ်ပြုရေးသားပါသည်
Click here to claim your Sponsored Listing.
Category
Website
Address
Monywa