Car Doctor Auto services

Car Doctor Auto services

Share

11/04/2025

🙏 ဆိုင်ပိတ်ရက်ကြေငြာခြင်း

🌻 မြန်မာအတာသင်္ကြန်ပိတ်ရက်အဖြစ် (၁၂.၄.၂၅) မှ (၁၇.၄.၂၅) ထိ ပိတ်မည်ဖြစ်ကြောင်း ကားဒေါက်တာရဲ့ မိတ်ဟောင်းမိတ်သစ်များကို အသိပေးအပ်ပါတယ်ဗျ


#ကားဒေါက်တာ Auto Services
စိန်ပန်းဝါလမ်း(စ-သုံးလုံးလမ်း)နှင့်လမ်းသွယ်(၆)​ထောင့်(ဗိုလ်ချုပ်လမ်းအ​​​ရှေ့ဘက်ကျ)၊ ခရိုင်​မြေစာရင်းရုံး​ရှေ့၊ မြို့သစ်ရပ်၊ မုံရွာမြို့။
☎️ 09889298899
☎️ 09753301375

Photos from Car Doctor Auto services's post 31/03/2025

🙏 စစ်ကိုင်းကို သွားရောက်ကူညီမယ့် အဖွဲ့အတွက် ကားဒေါက်တာက တတ်နိုင်သလောက်လေး ကူညီပေးဖြစ်ပါတယ်ဗျ

လိုအပ်ပါက တခြားအဖွဲ့များအတွက်လဲ ကားဒေါက်တာက ကူညီဖို့အသင့်ပါ ☺️


#ကားဒေါက်တာ Auto Services
စိန်ပန်းဝါလမ်း(စ-သုံးလုံးလမ်း)နှင့်လမ်းသွယ်(၆)​ထောင့်(ဗိုလ်ချုပ်လမ်းအ​​​ရှေ့ဘက်ကျ)၊ ခရိုင်​မြေစာရင်းရုံး​ရှေ့၊ မြို့သစ်ရပ်၊ မုံရွာမြို့။
☎️ 09889298899
☎️ 09753301375

16/12/2024

😍 သင့်ကားကိုချစ်ရင် အင်ဂျင်ဝိုင် ပုံမှန်လဲပါ

🚗💨 သင့်ကားရဲ့ အင်ဂျင်လေးဟာ မောင်းနှင်တဲ့အခါတိုင်း လိုရာခရီးရောက်အောင် ကြိုးစားပန်းစား ရုန်းပေးနေရရှာပါတယ်

🛢️ သန့်စင်တဲ့အင်ဂျင်ဝိုင်ဟာ သင့်ကားအင်ဂျင် ချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ရေစင်တခွက်ပါပဲ

🤔 ဘာကြောင့်ပုံမှန်လဲသင့်သလဲဆိုတော့

1. အင်ဂျင်ကို ကာကွယ်ပေးတယ်
လှုပ်ရှားနေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကြားမှာ ပွတ်တိုက်မှုတွေ လျော့ချပေးပြီး ချောမွေ့စေကာ ပွန်းစားမှုတွေကို ကာကွယ်ပေးပါတယ်၊ ညစ်ပတ်နေတဲ့ အင်ဂျင်ဝိုင်ကတော့ အညစ်အကြေးတွေနဲ့ ပိတ်ဆို့စေပြီး အင်ဂျင်ရဲ့အဓိကအစိတ်အပိုင်းတွေကို ပျက်ဆီးစေပါတယ်
2. အင်ဂျင်အညစ်အကြေးတွေနဲ့ ညစ်ပတ်စေးပျစ်နေတဲ့ အင်ဂျင်ဝိုင်အဟောင်းဟာ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်တွေကို နှေးကွေးစေပါတယ်၊ အင်ဂျင်ဝိုင်အသစ်ကတော့ အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးမှာ ရှိနေစေပါတယ်
3. အကုန်အကျသက်သာစေပါတယ်
အင်ဂျင်ဝိုင်မလဲပဲ ရေရှည်အသုံးပြုခြင်းက အင်ဂျင်ပျက်ဆီးသည်အထိ ဖြစ်နိုင်လို့ ကုန်ကျစရိတ်တွေ များသွားနိုင်ပါတယ်
4. ဆီစားသက်သာပြီး ပတ်ဝန်းကျင်အတွက်ကောင်းတယ်
အင်ဂျင်ကို ချောမွေ့စွာ လည်ပတ်စေလို့ လောင်စာဆီကို အကျိုးရှိစွာ လောင်ကျွမ်းစေပြီး ဆီစားသက်သာကာ မီးခိုးထုတ်လွှတ်မှုနည်းလို့ ပတ်ဝန်းကျင်ရဲ့ ငြိုငြင်တာ မခံရတော့ဘူးပေါ့😁

👨🏻‍🔬 ပညာရှင်တွေကတော့ ကီလို၅၀၀၀ပြည့်တိုင်း အင်ဂျင်ဝိုင်ကို စစ်ဆေးပြီး လိုအပ်ပါက လဲလှယ်ဖို့ အကြံပြုထားကြပါတယ်

👨‍🔧 အင်ဂျင်ဝိုင်လဲမယ်ဆိုရင်တော့ ကားကြံခိုင်ရေးကိုပါ အခမဲ့စစ်ဆေးပေးနေတဲ့ ကားဒေါက်တာ ရှိပါတယ်ဗျ


#ကားဒေါက်တာ Auto Services
စိန်ပန်းဝါလမ်း(စ-သုံးလုံးလမ်း)နှင့်လမ်းသွယ်(၆)​ထောင့်(ဗိုလ်ချုပ်လမ်းအ​​​ရှေ့ဘက်ကျ)၊ ခရိုင်​မြေစာရင်းရုံး​ရှေ့၊ မြို့သစ်ရပ်၊ မုံရွာမြို့။
☎️ 09889298899
☎️ 09753301375

26/11/2024

😒 သင့်ကားအင်ဂျင်မှာ အင်ဂျင်ဝိုင်ယိုစိမ့်နေတာတွေ တွေ့နေပြီလား

😅 သတိမထားပဲ ဆက်သုံးနေမယ်ဆိုရင်တော့ ကားအင်ဂျင်ကို ပိုမိုထိခိုက်စေပြီး ကြာလာတာနဲ့အမျှ ပြဿနာတွေကို ပိုမိုဆိုးရွားစေပါလိမ့်မယ်

👇 ဖြစ်လာနိုင်တဲ့ အဓိကအချက်တွေကတော့

1. ယိုစိမ့်မှုကြောင့် တချို့အင်ဂျင်အစိတ်အပိုင်းတွေကို အင်ဂျင်ဝိုင်အပြည့်အဝ မရောက်ရှိနိုင်တော့ပဲ ပွန်းစားပျက်ဆီးလာပါမယ်
2. ဆီလျော့လာတာနဲ့ ပွတ်တိုက်မှုတွေကြောင့် အင်ဂျင်အပူကို ထိန်းညှိမှုလျော့ကျသွားပြီး ဟိနက်နိုင်ပါတယ်
3. ဆီယိုပြီး ပမာဏနည်းသွားမှုကြောင့် အင်ဂျင်ရဲ့စွမ်းဆောင်ရည်ထိခိုက်နိုင်တဲ့အပြင် တခြားအင်ဂျင်ဝိုင်လိုအပ်တဲ့ အစိတ်အပိုင်းတွေဆီ ဆီမရောက်တာကြောင့် ပျက်ဆီးနိုင်ပါတယ် (ဥပမာ-တာဘို)
4. ခဏခဏ ဆီပြန်ဖြည့်ရတာနဲ့ လဲလှယ်ရတာတွေကြောင့် သင့်ရဲ့တန်ဖို့ရှိလှတဲ့ အချိန်နဲ့ ပိုက်ဆံကို ထိခိုက်စေပါလိမ့်
5. ယိုစိမ့်မှုကြောင့် သင့်အိမ်ကြမ်းပြင်ကို ညစ်ပတ်စေပါလိမ့်မယ်
6. အဆိုးရွားဆုံးအနေနဲ့ကတော့ မီးဘေးပြဿနာအထိပါ ဖြစ်နိုင်ပါတယ်

👨‍🔧 ဒါကြောင့်မို့ ဆီယိုစိမ့်တာတွေ တွေ့နေရပြီဆိုရင် ကျွမ်းကျင်ဝပ်ရှော့မှာ သွားရောက်စစ်ဆေးပြုပြင်ဖို့ ကားဒေါက်တာက တိုက်တွန်းလိုက်ရပါတယ်ဗျ


#ကားဒေါက်တာ Auto Services
စိန်ပန်းဝါလမ်း(စ-သုံးလုံးလမ်း)နှင့်လမ်းသွယ်(၆)​ထောင့်(ဗိုလ်ချုပ်လမ်းအ​​​ရှေ့ဘက်ကျ)၊ ခရိုင်​မြေစာရင်းရုံး​ရှေ့၊ မြို့သစ်ရပ်၊ မုံရွာမြို့။
☎️ 09889298899
☎️ 09753301375

01/11/2024

👨‍🔧 ကားဒေါက်တာမှာ တာဝန်ထမ်းဆောင်ဖို့ ဝပ်ရှော့ပညာသင်(၂)ဦး အလိုရှိပါသည်

၁. အသက် (၂၂)အောက်
၂. ဝပ်ရှော့ပညာကို ကြိုးစားသင်ယူလိုသူ
၃. အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ
၄. ပညာအရည်အချင်း မကန့်သက်ပါ

👇 ခံစားခွင့်များ
နေစားငြိမ်း၊ လစာညှိနှိုင်း


#ကားဒေါက်တာ Auto Services
စိန်ပန်းဝါလမ်း(စ-သုံးလုံးလမ်း)နှင့်လမ်းသွယ်(၆)​ထောင့်(ဗိုလ်ချုပ်လမ်းအ​​​ရှေ့ဘက်ကျ)၊ ခရိုင်​မြေစာရင်းရုံး​ရှေ့၊ မြို့သစ်ရပ်၊ မုံရွာမြို့။
☎️ 09889298899
☎️ 09753301375

Want your business to be the top-listed Autos & Automotive Service in Monywa?
Click here to claim your Sponsored Listing.

Telephone

Website

Address


စိန်ပန်းဝါလမ်း
Monywa
02301

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00