Chindwin Comprehensive University - CCU

Chindwin Comprehensive University - CCU

Share

23/04/2026
10/03/2026

📣 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။
ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ သင်တန်း အစီအစဉ်တစ်ခုနဲ့ မိတ်ဆက် ပေးပါရစေ။

မိမိတို့ သင်ကြားပေးနေတဲ့ ကလေးငယ်တွေကို အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတွေအပြင် အမူအကျင့်ကောင်း၊ အလေ့အထကောင်း၊ စိတ်နေသဘောထားကောင်းတွေနဲ့ပါ ပြည့်စုံသူတွေ ဖြစ်အောင် ပြုစု ပျိုးထောင်ပေးနေကြတဲ့ ဆရာ/ဆရာမများကို လေးစား ဂုဏ်ပြုသောအားဖြင့် သင်တန်းအစီအစဉ်ရဲ့ အမည်ကိုတော့ “ပန်းပျိုးသူ ဥယျာဉ်မှူး” လို့ အမည်ပေးထားပါတယ်။

ဒီသင်တန်း အစီအစဉ်ကို ရပ်ရွာ အခြေပြုကျောင်းများရှိ ဆရာ၊ ဆရာမများ ကိုယ်တိုင်လေ့လာသင်ယူကြနိုင်ဖို့ ရည်ရွယ်သော်လည်း ပညာရေးကို စိတ်ဝင်စားသူမည်သူမဆို လေ့လာတက်ရောက်နိုင်ပါတယ်။ သင်တန်းမှာ ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး အခုဆိုရင် မော်ဂျူး အားလုံးကို Myanmar Teacher Platform ပေါ်မှာ အခမဲ့ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

✨မော်ဂျူး ၁။ “သင်ကြားရေး၏ အခြေခံအုတ်မြစ်များ” မှာတော့ ပညာရေး ဆိုင်ရာ သဘောတရားများ၊ သင်ကြား သင်ယူမှုပုံစံများနှင့်တကွ ဆရာများရဲ့ အခန်းကဏ္ဍများ၊ တာဝန်ဝတ္တရားများ၊ မိမိတို့၏ သင်ယူမှု တိုးတက်မှု အခြေအနေကို စောင့်ကြည့် စစ်ဆေးဖို့ နည်းလမ်းများကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။

✨မော်ဂျူး ၂။ “ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး” မှာတော့ စာသင်ခန်းနဲ့ ကိုက်ညီဆီလျော်တဲ့ ခေတ်မီသင်နည်းဗေဒဆိုင်ရာ သဘောတရားများ၊ သင်ကြားသင်ယူနည်းများ၊ စစ်ဆေးအကဲဖြတ်နည်းများကို ဆက်လက် လေ့လာနိုင်ပါတယ်။

မော်ဂျူး ၃။ “စာသင်ခန်း စီမံခန့်ခွဲမှု” မှာတော့ ကလေးတွေကို ဘယ်လိုနားလည်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို ပံ့ပိုးပေးရင်း အပြုသဘောဆောင်တဲ့စည်းကမ်းချက်တွေ၊ တုံ့ပြန်မှုတွေနဲ့ စာသင်ခန်းကို ပျော်ရွှင်အောင် ဘယ်လိုစီမံကိုင်တွယ်မရလဲဆိုတာတွေကို လေ့လာရမှာဖြစ်ပါတယ်။
မော်ဂျူး ၄။ “ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့်ပြောင်းလဲနိုင်ခြင်း” မှာဆိုရင် ကလေးတိုင်းကို ပညာရေးအခွင့်အလမ်းတွေပေးနိုင်ဖို့အတွက် မတူညီတဲ့ ကလေးတွေရဲ့ နောက်ခံအကြောင်းအရာအမျိုးမျိုးကိုလိုက်ပြီး သင်ကြားမှုနဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် သင်ကြားနည်းတွေကို လေ့လာကြရပါမယ်။
မော်ဂျူး ၅။ “ကျောင်းသားများ၏ ပေါက်မြောက်အောင်မြင်မှု” မှာတော့ ကျောင်သားတွေရဲ့ မတူညီတဲ့ သင်ယူမှုပုံစံတွေကို သိရှိပြီး သင်ကြားရေးမှာစိတ်ပါဝင်စားလာအောင် သင်ကြားရမဲ့နည်းလမ်းတွေနဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းတွေကိုပါ တစ်ပါတည်းလေ့လာရမှာ ဖြစ်ပါတယ်။
မော်ဂျူး ၆။ “ဆရာအလုပ်၌ ဘဝတစ်သက်တာ နှစ်မြုပ်လုပ်ဆောင်မှု” မှာဆိုရင် ဆရာ၊ ဆရာမတစ်ယောက်မှာ ရှိသင့်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ စံသတ်မှတ်ချက်တွေအပြင် ပညာရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေးအခေါ်တွေရရှိစေဖို့အတွက် စဉ်ဆက်မပြတ်ဆရာ့အတတ်ပညာအကြောင်းကိုပါ အသေးစိတ်လေ့လာသွားရမှပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ Myanmar Teacher Platform ရဲ့ အခမဲ့သင်ကြားရေးသင်တန်းဖြစ်တဲ့ အဖိုးတန် “ပန်းပျိုးသူဥယျာဉ်မှူး” ကို ပျော်ရွှင်စွာတက်ရောက်ရင်း အရည်အသွေးတွေ ဖြည့်ပြီး မေတ္တာလက်ဆောင်ကို အရယူလိုက်ကြပါစို့။

🎁 အထူးအစီအစဉ်
မော်ဂျူး (၆) ခုလုံး လေ့လာ တက်ရောက်ပြီးပါက Certificate ၆ ခုလုံးကို စုစည်းပေးပို့သူ ပထမ အယောက် (၁၀၀၀) အထိ K-Pay မေတ္တာလက်ဆောင် ထုတ်ယူနိုင်တဲ့ အစီအစဉ် ရှိတာမို့ သင်ယူရင်းနဲ့ ဆုများကို ရယူလိုက်ကြရအောင်နော်။

📥 ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ -

မော်ဂျူး (၁)- https://shorturl.at/TsCUI
မော်ဂျူး (၂)- https://shorturl.at/yFfQ7
မော်ဂျူး (၃) - https://surl.li/inyqkz
မော်ဂျူး (၄) - https://surl.li/wchzea
မော်ဂျူး (၅) - https://surl.lu/felwaa
မော်ဂျူး (၆) - https://surl.li/yscyop

လက်မှတ်ပေးပို့ရန် – [email protected]

🎬 သင်တန်းနှင့်ပတ်သက်သည့် ဗီဒီယိုလမ်းညွှန်များ –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/

YouTube: https://www.youtube.com/

သင်ယူမှုလမ်းညွှန်ချက်ကို https://shorturl.at/llTsk ဒီမှာအသေးစိတ်ဖတ်ပေးပါ။

✨ မော်ဂျူးအလိုက် အကြောင်းအရာများကို သေချာစွာ အချိန်ပေး လေ့လာရင်း အရည်အသွေး ပိုမိုပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ဖြစ်လာစေဖို့ အတူတူ ဆက်လက် သင်ယူကြရအောင်နော်။

#ပန်းပျိုးသူဥယျာဉ်မှူး

Photos from Chindwin Comprehensive University - CCU's post 01/01/2026

ပထမနှစ်(အဝေးသင်)သင်တန်းအတွက်ဝင်ခွင့်ခေါ်ယူခြင်း

Want your school to be the top-listed School/college in Monywa?
Click here to claim your Sponsored Listing.

Website

Address


Bogyoke Aung San Road
Monywa
HTTPS://MAPS.APP.GOO.GL/7HYSR9FCMVKQLMYM8