Sar Pay Guide
17/09/2022
ကြမ်းတမ်းသောနေ့ရက်များ
လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။
ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။
သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။
ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။
စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။
ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။
လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။
ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/Yawnathan-Vlogs-107378002088146/
https://www.facebook.com/ငါ့အတွက်-ငါရှိတယ်-111593214885272/
👇❤👇👇❤✍
https://www.facebook.com/profile.php?id=100084030380666
10/09/2022
"ကျွန်တော်ကြိုးစားရဦးမယ်"
ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။
လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။
31/08/2022
ဒီည အတွက် စကားလက်ဆောင်
●●●●●●●●●●●●
အရမ်းကောင်းလို့.(ဖတ်စေချင်)
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။
Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။
Be Active !!!
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။
Believe Yourself.!!!
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။
Forget !!!
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop !!!
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။
Have Resistance !!!
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept !!!
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။
Reject !!!
ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။
Prepare !!!
ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။
Don't feel so much !!!
တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။
Credit မူရင်း
===================================
👉''မင်းထက်တော်တဲ့သူ မရှိဘူး''👈
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။
📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။
📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။
📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။
📖မင်း တစ်ယောက်တည်း
က်ရွုံးဖူးတာ မဟုတ္ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။
📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။
👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့
📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။
📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။
📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။
📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။
📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။
👉''မိတ်ဆွေ''👈
👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်မျှဝေပါသည်
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
27/08/2022
မုန့်ဟင်းခါးရောင်းမလား ပလွေမှုတ်မလား
ကိုယ့်လူတို့...
တစ်ခါတုန်းက ကောင်လေးတစ်ယောက်
မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်
သူက မုန့်ဟင်းခါးကို ကျကျနနချက်တတ်တော့
သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်...
စားကောင်းလွန်းအားကြီးတော့
သူ့ မုန့်ဟင်းခါးက အစောကြီးကုန်ကုန်သွားတယ်
သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်
သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...
ဒီလိုနဲ့ တစ်နေ့ ခါတိ်ုင်းထက် စောပြီးတော့ကို
မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်
ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့
သူ့မှာပါလာတဲ့ ပလွေကို ထိုင်မှုတ်တယ်...
ကောင်လေးက ပလွေမှုတ်တာ ဝါသနာပါတယ်
ဒါပေမဲ့ ပညာရှင်တစ်ယောက်လို
မှုတ်တတ်တာတော့ မဟုတ်ဘူး
သို့သော် နားထောင်လို့ ကောင်းရုံတော့
အသင့်အတင့် မှုတ်တတ်တယ်...
အဲ့တော့ သူပလွေမှုတ်နေတုန်းမှာ
ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ်
ဟိုသီချင်းလေးမှုတ်ပြပါ ဒီသီချင်းလေးမှုတ်ပြပါပေါ့...
သူကလည်း ကြိုးကြိုးစားစားနဲ့ မှုတ်ပြတယ်
လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်
မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး
ပလွေကို ဘယ်သီချင်းတွေ မှုတ်ပြရမလဲပဲ
စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...
မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်
ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့ ပလွေမှုတ်တာကိုပဲ
သာယာပြီး ပျော်မွေ့နေတယ်...
အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်
အရင်လို မရောင်းရတော့ဘူး
ပလွေကလည်း ပညာရှင်မဟုတ်ဘူး
ဒီအတိုင်း ဝါသနာရှင်အဆင့် မှုတ်တတ်ရုံဆိုတော့
အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး
နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...
ပုံပြင်ရဲ့ ဆိုလိုရင်းကိုတော့
ကိုယ့်ကိုယ်ကိုယ်ပဲ သာဓကပြပါ့မယ်
ကျွန်တော်က အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်
အင်ဂျင်နီယာအလုပ်နဲ့ ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက လစာရတယ်
ဒါကျွန်တော်ချက်ရတဲ့ မုန့်ဟင်းခါးပဲ...
နောက် Facebook ပေါ်မှာ စာရေးတယ်
တချို့တွေ ချီးကျူးကြတယ်
ကျွန်တော် ဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက ကျွန်တော့်အတွက်
ပလွေမှုတ်တဲ့အလုပ်ပဲ...
Facebook ပေါ်မှာ စာရေးတဲ့ ပလွေမှုတ်တာကို
သာယာပြီး တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့ မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့ ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင် ဘယ်ဘဝရောက်သွားမယ်ထင်လဲ...
ကိုယ့်ဘာသာကိုယ် စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က ဘာလဲ
ငါ့ရဲ့ပလွေမှုတ်တဲ့အလုပ်က ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါပလွေမှုတ်နေတာလားပေါ့...
တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ပလွေလည်း အမှုတ်တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...
တချို့ကျတော့လည်း အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ပလွေပြောင်းမှုတ်တယ်
ပလွေကို သေချာလေ့လာသင်ယူပြီး မှုတ်တော့
ပညာရှင်အဆင့်ဖြစ်သွားတယ်
အဲ့ဒါနဲ့ အသက်မွေးသွားတယ် ဒါမျိုးလည်း ရှိနိုင်တယ်...
ဆိုလိုတာက မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း သေချာချက်
မဟုတ်ရင်လည်း ပလွေကို သေချာမှုတ်
အရေးကြီးတာက ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့ မသာယာမိစေနဲ့ပေ့ါ...
ဒီလိုမှမဟုတ်ဘဲ မုန့်ဟင်းခါးလည်း အာရုံမစိုက်
ပလွေကိုလည်း သေချာမမှုတ်တတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...
အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက ပုံပြင်လေးကို
ကိုးကားရေးသားထားတာဖြစ်ပါတယ်
ကိုယ့်ဘဝရဲ့အဓိကနဲ့ သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ (ကျွန်တော်အပါအဝင်ပေါ့).
Credit - Original Uploader
Photo From Google
Click here to claim your Sponsored Listing.
Category
Website
Address
Monywa