MCC-Monyo
16/12/2020
Laptop တစ်လုံးဝယ်ပြီဆိုရင် လူတော်တော်များများသိချင်တဲ့အချက်က Battery ဘယ်လောက်အသုံးခံလဲဆိုတာဖြစ်ပြီး အမေးအများဆုံးကလည်း အဲ့အကြောင်းအရာပဲဖြစ်ပါတယ်..
သာမန် Laptop အများစုက Power Plug မတပ်ဘဲ ပုံမှန်အနေအထားနဲ့သုံးမယ်ဆိုရင် ၃ နာရီ နဲ့ ၄ နာရီကြားလောက်ခံပြီး ၊ Battery usage များတဲ့ software တွေသုံးမယ်ဆိုရင်တော့ ၂ နာရီဝန်းကျင်လောက်ခံပါတယ်...
Battery 10 နာရီအသုံးခံပါတယ်ဆိုပြီး ကြော်ငြာတဲ့ High end Laptop တွေမှာတောင် သာမန်အနေအထားနဲ့ သုံးမှသူပြောသလောက်အသုံးခံတာဖြစ်ပါတယ်..
နောက်ပြီး အချိန်ကြာကြာသုံးရတဲ့ Gaming Laptop တွေမှာလည်း အများဆုံးခံ ၃ နာရီ ၊ ၄ နာရီ ပါပဲ..
အချိန်တန်ရင် Power Plug တပ်ပြီး သုံးရတာပါ..
ဒီတော့ ပြောရရင် Laptop Battery ဘယ်လောက်အသုံးခံလဲဆိုတာက အရေးမကြီးပါဘူး..
အရေးကြီးတာက ကိုယ့် Laptop Battery ရဲ့သက်တမ်းကို ကြာကြာအသုံးခံအောင်လို့ ဘယ်အချက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာပဲဖြစ်ပါတယ်..
ရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုအောက်မှာဖော်ပြပေးထားပါတယ်..
ဆက်လက်ဖတ်ရှုပေးပါဦး..
1. Laptop ကို အပူချိန်လွန်ကဲတဲ့နေရာမျိုးမှာမထားပါနဲ့..
0 degrees Celsius ထက်နည်းပြီး 35 degrees ထက်များတဲ့နေရာမျိုးမှာမထားသင့်ပါဘူး
2. Laptop ကို နူးညံ့တဲ့မျက်နှာပြင်ရှိတဲ့နေရာမျိုးမှာထားမသုံးပါနဲ့..
ကော်ဇော ၊ စောင် ၊ ခေါင်းအုံး အစရှိတဲ့နေရာတွေမှာမသုံးသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ Laptop cooling system ရဲ့ လေဝင်လေထွက်ကို ပိတ်ထားသလိုဖြစ်ပြီး Laptop ကိုပူလာစေနိုင်လို့ပါ
3. Laptop ကိုအချိန်အကြာကြီးမသုံးဘဲမထားပါနဲ့..
မသုံးဖြစ်ဘူးဆိုရင်တောင် တစ်နေ့ကိုတစ်ခါလောက် အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်
4. မလိုတဲ့ ပစ္စည်းတွေတပ်ထားခြင်းမှ ရှောင်ကြဉ်ပါ
မလိုတဲ့ပစ္စည်းတွေဆိုတာ USB port မှာတပ်သုံးတဲ့ ပစ္စည်းတွေကိုပြောတာပါ..USB stick တွေ ၊ External HDD တွေ နဲ့ mouse တို့ဖြစ်ပါတယ်..ဒီပစ္စည်းတွေတပ်ထားပြီဆိုရင် motherboard ကနေ power ပေးရပါပြီ။ ဒါဆိုရင် battery power လည်းသုံးရပါပြီ။ ဒီနေရာမှာအကြံပေးချင်တာက mouse ထက်စာရင် laptop မှာပါတဲ့ trackpad ကိုသုံးဖို့ပါ..
5. အချိန်ပြည့်အားသွင်းထားတာမျိုးမလုပ်ပါနဲ့..
ဒီအချက်ကလည်းအရေးကြီးပါတယ်..Battery အားပြည့်တာနဲ့ အားသွင်းကြိုးကိုဖြုတ်ပါ..
Battery percent 40% လောက်ကျန်မှ ပြန်သွင်းပါ..ဒီလိုလုပ်ပေးခြင်းဖြင့် သင့် Laptop battery ကိုကြာရှည်ခံစေပါလိမ့်မယ်..
ဒီလောက်ဆိုရင် ကိုယ့် Laptop ရဲ့ battery ကို ဘယ်လိုကြာရှည်ခံအောင် သုံးရမလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်...
Credit to original
(Monyo)
14/05/2019
10:00AM - 12:00PM Class.
Click here to claim your Sponsored Listing.
Telephone
Website
Address
ပြည်တော်အေးလမ်း နှင့် ရွှေဝါလေးလမ်းထောင့်, မိုးညိုမြို့။
Monyo
0007
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |