Transform HMS

Transform HMS

Share

01/11/2021

ပြည်တွင်းမှာလည်း ဖော်မလင်စိမ်ပါသည်။ ရှောင်မရမယ့်အတူတူ ဉာဏ်ကူပီးစားပါ

ရေ 1hr စိမ်။ 61%လျော့
ဆားရေ 1hr စိမ် 90%လျော့
ဆန်ဆေးရေ နဲ့ဆေး ပီးရင် ရေ ထပ်ဆေး 70%လျော့
Fruits တွေ ဆားရည်နွေး 10min စိမ် 98%လျော့
အထိရောက်ဆုံးနည်း က ဗီနီဂါ 1cup (236 ml) ရေ 1 literရော ပီး15 to 20 min စိမ် 98% လျော့ပါသည်
Credit : Marry Cho

အရင်က အဒေါ်က စျေးမှာကြက်သားရောင်းတယ်။ တစ်ခါတစ်လေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်လည်းတဲ့ရက်လည်းရှိတယ်။

ရောင်းလို့မကုန်တော့ အိမ်ပြန်သယ်လာပြီး ရေခဲရိုက်မနက်ပြန်ရောင်းပေါ့ ။

မနက်ကျတော့ ကြက်က ဖြူပြီးမလတ်ဆတ်တော့ဘူး ဝယ်သူကလည်းမလတ်ဆတ်တဲ့ ပုံပေါက်နေရင်မဝယ်တော့ဘူး။

အဲ့တော့ အိမ်မှာစားရင်စား မစားရင်ပစ်ချဒါပဲရှိတယ်။ တစ်ခါတစ်လေ အရင်းရှုံးတယ်။

တစ်နေ့ အဒေါ်အိမ်မှာစျေးသိမ်းချိန် ကြက်သားသွားဝယ်တဲ့အခါ အဒေါ်က ဆေးထိုးအပ်နဲ့ ကြက်ကောင်တွေထဲကို အရည်ကျည်တစ်မျိုးထိုးသွင်းနေတာတွေ့တယ်။

အဒေါ်ကြက်သားပိုလားပေါင်တစ်ခြမ်းနဲ့ ရင်ပုံတစ်ခြမ်းလောက်လိုချင်လို့ပြောတော့ အဒေါ်က ဟိုဘက်တောင်းထဲကအကောင်ယူခဲ့ ငါတုံးပေးမယ်လို့ပြောတယ်။

ဒီဟာလည်းတူတူပဲလေ ဒီဟာပဲတုံးပေးလိုက်လေအဒေါ်လို့ပြောတာ ဒီဟာက ဆေးထိုးထားတယ် မစားနဲ့တဲ့ .. ဟင် !!

ဘာဆေးတွေလည်းဒေါ်လေးလို့မေးတော့ ... ဖော်မလင်တဲ့ ..
ဖော်မလင်ကဘာဆေးလည်းထပ်မေးကြည့်တော့ ကြက်သားတွေအရောင်မဖြူ မပုတ်မြန်အောင်ထိုးတဲ့ဆေးတဲ့ အဲ့ဒါထိုးထားရင် သုံးရက်လောက် ရေခဲရိုက်ပြီး ပြန်ရောင်းလည်းဘာမှမဖြစ်ဘူးတဲ့ ...။

ဟာဒေါ်လေး အဲ့ဒါဆို စားသုံးသူတွေရောဂါရကုန်မှာပေါ့လို့ပြောတော့ တစ်စျေးလုံး ပဲပြားသည်ကအစ ငါးစိမ်းသည်အဆုံးအကုန်ထိုးနေကြတာပဲတဲ့ ... ငါ့ကိုတောင် သူတို့နည်းပေးလို့သိတာတဲ့
..ဟာ ဒေါ်လေးအဲ့လိုတော့ စီးပွားမရှာပါနဲ့ ငတ်ရင်ငတ်သွားပါစေ ကိုယ့်မိသားစု ထမင်းတစ်လုပ်အတွက်

တစ်ပါးသူတွေက ရောဂါခံစားပြီး သေကြမှာတော့ သမီးလက်မခံဘူး

ဒေါ်လေးရေပြောတော့ .. ညီးကမနေ့တနေ့ကမှ လူဖြစ်လာတာပါအေ တစ်စျေးလုံးအဲ့လိုတွေချည်းပဲ ငါးစိမ်းသည်လည်း ရောင်းမကုန်တဲ့ငါးကြီးတွေကို ဖော်မလင်ထိုးထည့်ပြီးရေခဲရိုက်ပြန်ရောင်းတယ်။

ငါးလေးတွေကျတော့ စိမ်ပြီးကြာရှည်ထားခံအောင်ဖော်မလင်ရည်တွေနဲ့ပြန်စိမ်ပြီးရောင်းတယ်။ ပဲပြားသည် ကြက်သွေး ဝက်သွေး မျှစ်ချဉ်အကုန်လုံးကဖော်မလင်နဲ့မကင်းဘူးတဲ့ အဒေါ်ပြောမှသိခဲ့တယ် ။

အဒေါ်လည်းဆုံးသွားတာ နှစ်နှစ်လောက်ရှိပါပြီ... ။သူလည်းဝဋ်ကြွေးလို့ပြောရမှာပေါ့ နှလုံးနဲ့သွေးတိုးစဖြစ်တယ်။

ဆေးရုံတင်ထားတာတောင် အစာအိမ်သွေးကြောပေါက်ပြီးဆုံးတယ်။ ဒါကြာင့်စျေးဝယ်ရင် အသီးအနှံအရွက်ဆိုရင် ဆားရေစိမ်ပြီးမှ လေးငါးထပ်လောက်ပြောင်နေအောင်ဆေးပြီးချက်တယ် ။

အသားငါးဆိုရင်လည်း ဆားရေနဲ့ပဲ သုံးထပ်လောက်ဆေးပြီးချက်တယ်။

အိမ်က ခြေလေးချောင်းသားမစား အသားလည်းသိပ်မဝယ်ချက်ကြတော့ အသီးအနှံတွေပဲစားတာများတယ်။

ဘာမှမသိရှာတဲ့ မြန်မာပြည်သူပြည်သူသားတွေကတော့ ခံကြပေဦးပေါ့ စောစောစီးစီးအသက် ၅၀ ၆၀ လောက်နဲ့သေရဖို့အရေးကို အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်ဆာရောဂါဆိုးတွေနဲ့ မသေခင်မိတ်ဆက်သွားကြရရှာပါတယ်။
==========
Credit : Moe Angle
Crd . Maythu

03/06/2021

#ပိုးသတ်ဆေးများသတိထား

🍏ပိုးသတ်ဆေးဖြန်းလိုက်ပြီဆိုတာနဲ့ တုန်းကနဲ
🍏ဖြုန်းကနဲပြုတ်ကျသေဆုံးသွားမှ ကြိုက်တဲ့
🍏တောင်သူကြီးများအဖို့ပိုးသတ်ဆေး များအန္တရယ်နဲ့ 🍏ပိုးသတ်ဆေး ဆေးယဉ်ပါးမှု
🍏ဖြစ်ပေါ်ခြင်းအကြောင်း မျှဝေလိုက်ပါတယ်။

🍎ဘယ်နေရာမှာ ဘယ်သူတွေ ဘာပဲစိုက်စိုက်
🍎ပိုးကကျမှာပဲ သူတို့မှာ ဝမ်းစာမှမရှိတာ
🍎ရှိတဲ့နေရာကိုလာပြီးဝင်ရောက် စားသောက်
🍎ဖျက်ဆီးတာက ပိုးတို့ရဲ့သဘာဝပါ။

#ပိုးသတ်ဆေးအန္တရာယ်

⛳ပိုးသတ်ဆေးဆိုတာအရှင်းဆုံးပြောရင်
⛳အဆိပ်တစ်ခုလို့ သိထားဖို့ပါပဲ။
⛳အဆိပ်ဆိုတာ လူ့၏အသက်ကိုသေစေနိုင်ပါတယ်။
⛳များများအဆိပ်မိခဲရင် ရုပ်တရပ်သေဆုံးနိုင်တဲ့
⛳ရုပ်တရပ်အဆိပ်မိခြင်းနဲ့ ဆေးကိုင်တွယ်
⛳အသုံးပြုရာကနေ မမျှော်လင့်ပဲ ရှုရှိုက်မိ၍ နာတာရှည်⛳အဆိပ်သင့်ခြင်းဆိုပြီးရှိပါတယ်။

🚦ပိုးသတ်ဆေးအဆိပ်သင့်ခြင်းကြောင့်
🚦ကမ္ဘာပေါ်မှာနှစ်စဉ် လူပေါင်း ( ၃ ) သန်းလောက်ထိ
🚦သေဆုံးနေကြရတယ်လို့ WHO၏ သုတေသနပြု
🚦မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။
🚦ပိုးသတ်ဆေးကို အမြဲတမ်းကိုင်တွယ်ခြင်း
🚦ရှူရှိုက်မိခြင်းမထင်မှတ်တ်ပဲ ချွေးပေါက်များနဲ့
🚦အခြားနေရာများက ဝင်ရောက်မိရာမှ နာတာရှည်
🚦အဆိပ်မိခြင်းတတ်ပါတယ်။


🍉ပိုးသတ်ဆေးအဆိပ်မိခြင်းကြောင့်
🍉သွေးကင်ဆာ အကျိတ်ကင်ဆာ ဆီးကျိတ်ကင်ဆာ
🍉အဆုတ်ကင်ဆာများဆီးချိုရာဂါများကဲ့သို့
🍉အခြားသောနာတာရှည်ရောဂါများဖြစ်စေနိုင်ပါတယ်။
🍉ဒါ့ကြောင့်ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုပြီးပြီ
🍉ဆိုရင် ဆေးလိပ်သောက်ခြင်း ကွမ်းစားခြင်းများ
🍉လုံးဝမပြုလုပ်ဖို့ လက်ကိုဆပ်ပြာနဲ့ပြောင်စင်အောင်
🍉ဆေးကြောသန့်စင်ပြီးမှပြုလုပ်ဖို့အထူးလိုအပ်ပါမယ်။
🍉ဒါကပိုးသတ်ဆေးများကို ကိုယ်တွယ်အသုံးပြုမိရာ
🍉ကနေ ဖြစ်ပေါ်စေတဲ့အန္တရယ်ပါ။
🍉ပိုးသတ်ဆေးဖြန်းထားတဲ့သီးနှံများကိုစားမိရာမှ
🍉ဖြစ်စေတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းအာနိသင်တွေ
🍉မပါသေးပါဘူး။

🌷ပိုးသတ်ဆေးတစ်ခုကိုဖြန်းပြီးပြီဆိုလျှင်
🌹ပိုးသတ်ဆေးမှာ PHIဆိုတဲ့သင်္ကေတကိုသတိထားဖို့
🌷လိုပါတယ်။ဒါဟာ ပိုးသတ်ဆေး ဖြန်းပြီး
🌷သီးနှံမဆွတ်ခူးမှီ စောင့်ဆိုင်းရမယ့် ကာလကို
🌷ဖေါ်ပြခြင်းဖြစ်ပါတယ်။


✍️ဥပမာ -PHI -၁၄ ဆို့ပါလျှင် ပိုးသတ်ဆေးဖြန်း
✍️ထားပြီး၎င်းသီးနှံအား ၁၄ ရက်ထိစောင့်ဆိုင်းပြီးမှ
✍️ဆွတ်ခူးရမယ်လို့ဆိုတာပါ။
✍️အဲဒီ PHI မှာရေးပါတဲ့အတိုင်း မစောင့်ဆိုင်းပဲ
✍️ဆွတ်ခူးရောင်းချမိပါက သီးနှံဆွတ်ခူး
✍️ရောင်းချနေသူဟာ လူတို့၏ခန္ဓာကိုယ်သို့
✍️ရောဂါဖြစ်ပွါးစေရန် အဆိပ်များကို့ထည့်သွင်းပေးသလိုဖြစ်နေပါလိမ့်မည်။

👉သီးနှံရောင်းချသူများအဖို့ အထူးသတိထားဖို့
👉လိုအပ်သလို စားသုံးသူ ပြည်သူများမှလည်း
👉ပိုးသတ်ဆေးဓါတ်ကြွင်း အာနိသင်များကို မဝင်မိ
👉ရအောင် ဝယ်လာသောသီးနှံများကိုစနစ်တကျ
👉ရေစိမ် ဆေးကြောသန့်စင်ခြင်းပြုလုပ်ပြီးမှသာ
👉စားသုံးဖို့လိုပါမယ်။ပိုးသတ်ဆေးသုံးစွဲသူများ
👉အနေနဲ့မြန်မာအညွှန်းပါတဲ့ တရားဝင်ပိုးသတ်ဆေး👉များကိုသာ ညွှန်းစာပါအတိုင်းစနစ်တကျ သုံးစွဲဖို့
👉လိုအပ်ပါမယ်။ ပိုးသတ်ဆေးအန္တရယ်ကိုအကျဉ်း👉အားဖြင့်ဖြေခြင်းသာဖြစ်ပါတယ်။

#ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း
Insecticide Resistance of Insect

👉ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း အန္တရယ်ဟာ
👉ယနေ့ ကျွနုပ်တို့ကမ္ဘာကြီးကို တစ်နေ့တခြား
👉ခြိမ်းခြောက်လာ လာနေတဲ့အတွက်
👉စိုက်ပျိုးရေးလုပ်ငန်းမှ လူသားများ၏
👉ကျန်းမာရေးကိုထိခိုက်လာရပါတယ်။
👉ယခင်က သီးနှံစိုက်ခင်းများ၌ ဖျက်ဆီးသောပိုးများကို
👉နှိမ်နင်းရာမှာ ဆေးရွက်ကြီးရည် ထင်းရှူးဆီဖျော်ရည်
👉ရေနံဆီ ဆပ်ပြာရည်တိုလ့ကဲသို့
👉သဘာ၀ပိုးသတ်ဆေးများ ကိုသာဖေါ်စပ်
👉အသုံးပြုခြင်းကြောင့်လူသားများ၏
👉အသက်အန္တရယ်မှကင်းဝေးကြတယ်လို့ဆိုကြပါတယ်။


📌ယခုအခါ စိုက်ခင်းသီးနှံ သိုလှောင်သီးနှံများမှ
📌ပိုးဖျက်ဆီးမှုမှလျော့ပါးသွားစေရန်ပိုးသတ်ဆေး
📌များကိုတွင်ကျယ်စွာအသုံးပြုလာကြပါတယ်။
📌သို့သော် ပိုးသတ်ဆေးတခုက အစဉ်အမြဲထိရောက်မှု📌မရှိ ပိုးသတ်ဆေးတစ်ခု၏အစွမ်းက
📌ရာသက်ပန်တည်မြဲရိုးမရှိနိုင်ပါ။
📌သက်ရှိတို့မည်သည် မိမိတို့အပေါ်ကျရောက်လာတဲ့
📌အန္တရယ်ကို အစွမ်းရှိသမျှခုခံကာကွယ်ကြတာ
📌ဓမ္မာတာပင် ဖြစ်ပါတယ်။ ခုခံမှုကြိမ်ဖန်များ
📌လာတဲ့အခါ တစ်ခုပြီးတခု ခံနိုင်ရည်ရှိလာပြီး
📌ဆေးယဉ်ပါးမှုဖြစ်လာကြပါတယ်။
📌ဆေးယဉ်ပါးမှုမြင့်တာလာတာနဲ့အမျှ
📌တစ်ခါတစ်ရံမှာ အုံကြွမှုOut Breakအဆင့်သို့
📌ရောက်ရှိသွားတတ်ပါတယ်။

🍋ဒါကြောင့်မို့လို့လည်း မျိုးသစ်နဲ့ဆေးသစ်ဟာ
🍋ဘ၀တစ်ပြန် ကျားတစ်ပြန် နဘန်းလုံးနေကြရတာပါ။
🍋ပိုးသတ်ဆေးယဉ်ပါးမှုကို အောက်ဖေါ်ပြပါ
🍋အကြောင်းပြအချက်အမျိုးမျိုးတို့ပေါင်းဆုံတဲ့အခါ
🍋ပိုးသတ်ဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေတယ်
🍋လို့ဆိုပါတယ်
🍋အဓိကအားဖြင့်-
(က) ပိုးတို့ရဲ့ဇီဝဗေဒဆိုင်ရာ အကြောင်းအရာများ
( ခ ) မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရာများ
( ဂ ) ဆေးဖက်ဆိုင်ရာအကြောင်းအရာများ
(ဃ) ဆေးပက်ဖျန်းခြင်းဆိုင်ရာအကြောင်းအရာများ
ကြောင့်ဖြစ်တတ်ပါတယ်။

🥬ပိုးတို့၏ဘဝမှာ တိုတောင်းသောကြောင့်
🥬တစ်နှစ် တစ်ရာသီအတွင်း သားဆက်ပေါင်းများစွာ
🥬ပေါက်ဖွါးနိုင်တဲ့အတွက် ပိုးသတ်ဆေးတစ်ခုခုနဲ့
🥬ရင်ဆိုင်တွေ့ရတဲ့အခြေအနေသစ်မှာ အသက်ရှင်
🥬ကျန်ရစ်နိုင်ရန် မိမိကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်စွမ်း
🥬မြန်ဆန်လွန်းကြပါတယ်။ ဇီဝဗေဒဆိုင်ရာ
🥬အကြောင်းတရားများအနေနဲ့-
- သားဆက်ကြိမ်နှုန်း Generation Frequency
- သားဆက်တစ်ကြိမ်တွင် ပေါက်ဖွ့ါးနုန်းပမာဏ
Number oF Offspring Per Generation
- အမူအကျင့်ပြောင်းလဲမှု Behaviour Changes
- ပြောင်းရွေ့ ကျက်စားမှု Migrition စသည်တို့မှာ
ပိုးများဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေပါတယ်။

🌶ပိုးများဟာဆဲလ် Cells များဖြင့်တည်ဆောက်ထားတဲ့
🌶အတွက် ဆဲလ်များအတွင်းရှိ မျိုးရိုးဗီအစွမ်းသတ္တိကို
🌶သယ်ဆောင်ထားသော ခရိုမိုဇုန်း Chromosome
🌶များကအတွဲလိုလိုက်တည်ရှိသောကြောင့်
🌶ဗီဇဆိုင်ရာအကြောင်းတရားများဖြင့် ခရိုမိုဇုန်းများ
🌶အပေါ်ဆေးယဉ်ပါးမှု မျိုးဗီဇများလွှမ်းမိုးနိုင်မှု
🌶အခြေအနေကို အံဝင်ခွင်ကျဖြစ်စေတယ် လို့ပညာရှင်🌶များဆိုထားပါတယ်။
🌶ပိုးသတ်ဆေးဆိုရာမှာမြုံဆေး ဟောမုန်းဆေး
🌶လှန့်ဆေးမြူဆွယ်ဆေးစသည်တို့ကိုဆိုလိုပါတယ်။ 🌶သို့သော်လည်း အသုံးအများဆုံးဆေးကတော့
🌶အာရုံကြောကိုအဆိပ်သင့်စေတဲ့ Nurotoxicnts
🌶ဆေးများဖြစ်ပါတယ်။

🍊ဆေးများအားလုံးမှာလည်းတစ်ခုနဲ့တစ်ခု
🍊မတူညီကြပါ။ ဆေးအုပ်စုတစ်ခုတည်းအတွင်းမှ
🍊ဆေးများဖြစ်စေကာမူ မော်လီကျူး
🍊ဖွဲ့စည်းပုံများကွဲပြားကြပါတယ်။
🍊ဒါကြောင့် ဆေးတစ်ခု၏
🍊အစွမ်းသတ္တိ Toxin Potentialများ
🍊ခန္ဓာကိုယ်အတွင်း အဆိပ်ရွေ့လျှားမှုများမှာ
🍊ခြားနားကြပါတယ်။
🍊ဆေးသက် တည်မြဲမှုကာလ ဆေးဝင်ရောက်သော
🍊 လမ်းကြောင်းများ။ ဆေးထိချက်ပုံစံ
🍊Mode ofActionတို့မှာလည်း
🍊ဆေးယဉ် ပါးမှုကိုဖြစ်စေတဲ့ အကြောင်းတရားများ 🍊ဖြစ်တယ်လို့ဆိုထားပါတယ်။


🍐ဆေးပက်ဖျန်းခြင်းဆိုင်ရာ အကြောင်းတရားများ
🍐အနေနဲ ဆေးနှုန်းထား ဆေးပက်ဖျန်းမှုနည်းစနစ်
🍐ပက်ဖျန်းချိန်ဆေးဖျန်းကိရိယာများ၏
🍐အရည်အသွေးတို့ဖြစ်ပါတယ်။
🍐အခြားရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းတရားတွေ
🍐ကလည်း ပိုးသတ်ဆေးတစ်ခုတည်းဟာ
🍐တချိန်ချိန်မှာပိုးများကိုမနိုင်တော့ပဲဖြစ်တတ်ပါတယ်။ 🍐သို့သော်ရှောင်လွှဲနိုင်တဲ့အကြောင်းအရာများကို
🍐လိုက်နာဆောင်ရွက်ပေးခြင်းဖြင့်
🍐ပိုးသတ်ဆေးတစ်ခု၏ သက်တမ်းကိုဆွဲဆန့်နိုင်ပါတယ်။


🍒ပိုးမွှားဘက်မှကြည့်သော် အချို့သောပိုးတွေဟာ
🍒အဆိပ်သင့်တာ လွယ်ကြပေမယ့်
🍒ဆေးကိုပြန်လည်တုန့်ပြန်မှုမှာ
🍒လည်းလွယ်ကြပါတယ် ဆေးသုံးစွဲမှုအမှားကြောင့်
🍒မသေပဲကျန်ခဲတဲ့ပိုးတွေက အဆိပ်ဖြေအင်ဇိုင်းများ🍒ထွက်လာကာမျိုးဆက်သစ်ပိုးများ Multion
🍒ပေါ်ထွန်းလာပါတယ်။
🍒ပိုးနှိမ်နင်ရာမှာထိရောက်မှုရှိစေရန်အတွက်
🍒ဆေးဖျန်းချိန်နဲ့ဆေးဖျန်းကိရိယာကို
🍒ထိရောက်စွာသုံးစွဲတတ်ဖို့အထူးပင်
🍒အရေးကြီးပါပါတယ်။
🍒ပိုးသတ်ဆေးကို မဖြစ်မနေသုံးစွဲရ
🍒တော့မယ်ဆိုမှသာလျှင် ပိုးသတ်ဆေးကို အသုံးပြုဖို့နဲ့
🍒ထိုသို့သုံးစွဲရာမှာလည်းတတ်ကျွမ်း
🍒သူများ၏လမ်းညွှန်ချက်များနှင့် အညွှန်းပါအတိုင်း 🍒စနစ်တကျသုံးစွဲမှသာလျှင်လူနှင့်တိရစ္ဆာန်
🍒သဘာဝပတ်ဝန်းကျင်တို့၏ထိခိုက်မှုကို
🍒ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းကို
🍒ပြန်လည်မျှဝေတင်ပြခြင်းဖြစ်ပါတယ်။

#လယ်သမားဘဝဝင်ငွေတိုးပြီးကျန်းမာပျော်ရွှင်သော
#မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ...



#ပိုးသတ်ဆေး #သတိထား #အန္တရာယ်
Photo Crd.

Photos from Voice of Myanmar's post 28/03/2021
Want your business to be the top-listed Shop in Mohnyin?
Click here to claim your Sponsored Listing.

Website

Address


Mohnyin
Mohnyin
1111