NK Myanmar Construction & RMC - Pyin Oo Lwin

NK Myanmar Construction & RMC - Pyin Oo Lwin

Share

27/02/2024

AGကားနဲ့ ကွန်ကရစ်လောင်းမယ်ဆိုရင်
ဘာတွေသိထားရမလဲ.......

Ready Mix Concrete လောင်းရာတွင်
သတိပြုစရာများ
**********************************
၁။ မိမိ order မှာထားသည့် Ready mix concrete
သယ်ယာဉ် AG truck လုပ်ငန်းခွင်ရောက်လာသည့် အခါ မှာယူထားသည့် အတိုင်း ကွန်ကရစ်၏ Strength,slump,maximum size of aggregate, temperature, quantity , cement type စသည်များကို ဦးစွာ စစ်ဆေးပါ။

၂။ အသုံးပြုမည့် ကွန်ကရစ်သည် Batching Plant မှ လုပ်ငန်းခွင်သို့ ၁နာရီမှ ၁နာရီခွဲအတွင်း ရောက်သင့်သည်။

၃။ Site ထဲသို့ ရောက်လာသော R.M concrete ကို ၁၅မိနစ်အတွင်း လောင်းသင့်ပြီး ဘိလပ်မြေအိပ်ချိန်မကျော်လွန်မီ အဆုံးသတ်ပြီးစီးရမည်။

၄။ ကွန်ကရစ်လောင်းရာတွင်နှင့် သယ်ပို့ရာတွင်
အသုံးပြုသည့် စက်ကိရိယာတန်ဆာပလာများကို
နေ့တနေ့၏ လုပ်ငန်းချိန် ပြီးဆုံးပြီး နာရီ၀က်အတွင်း
ဆေးကြော သန့်ရှင်းရမည် ဖြစ်သည်။

၅။ Ready mix concrete သယ်ပို့ရာတွင် ဖြစ်ပေါ်တတ်သော segregation ပြသာနာဖြစ်ပေါ်ပြီး batching plant သို့ ပြန်ပို့ရန် အခက်အခဲရှိပါက
သန့်ရှင်းသော ပလက်ဖောင်းပေါ်တွင် ရေထပ်မ
ထည့်တော့ပဲ mix ပြန်လုပ်ရမည်ဖြစ်သည်။

၆။ Ready mix concrete ကို စတင်မလောင်းမီ
Slump cone ဖြင့် ဦးစွာစစ်ဆေးမှု ပြုလုပ်ရသည်။

၇။ Ready Mix Concrete လောင်းရာတွင် segregate မဖြစ်စေရန် သတိထားရပါမည်။ wall နှင့် column စသည့် အမြင့်နေရာများ လောင်းရာ
တွင် free fall concrete အမြင့် 1.5 metre ထက်
မြင့်နေပါက ကွန်ကရစ်စီးဆင်းမှု မကောင်းမှုများ
ကြောင့် honeycomb,separation စသည့် ဆိုးကျိူး
များ ရရှိနိုင်သည်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09683906944,09685217000,
09965124842
Address: Plant(2) Thae Phyu Chaung Village,Moe Gyo Quarter,Pyin Oo Lwin-Mogok Highway Between,Pyin Oo Lwin Township.

20/02/2024

ဆောင်းရာသီရဲ့ အေးမြမှုတွေကြားမှာ လူကြီးမင်းတို့ Concrete Work တွေ အမြန်ပြီးမြောက်လွယ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုက Ready Mix Concrete လား❓ (ဒါမှမဟုတ်) Hand Mix Concrete လား❓

မင်မင်ကတော့ လုပ်ငန်းပြီးစီးမှုလျင်မြန်လွယ်ကူပြီး Quality ပိုင်းနဲ့ပတ်သက်လို့ စိတ်ချယုံကြည်ရတဲ့ Ready Mix Concrete ကို ရွေးချယ်ဖို့ Recommend ပေးချင်ပါတယ်။✅✅

ဘာကြောင့်လဲဆိုရင်တော့ ခေတ်မီစက်ကြီးများနဲ့ ဖျော်စပ်ထုတ်လုပ်ပေးပြီး AG Truck ကားများဖြင့် လူကြီးမင်းတို့ Site အရောက် အချိန်မီပို့ဆောင်ပေးလို့ လုပ်ငန်းလုပ်ကိုင်ရတဲ့နေရာမှာလွယ်ကူလျင်မြန်ပြီး မျှော်မှန်းထားတဲ့အချိန်ထက် အမြန်ပြီးမြောက်လွယ်ပါတယ်။👍🏻👍🏻

ဒါ့အပြင် Estimated m³ တွက်ချက်ပေးခြင်း၊Concrete မလောင်းခင် Site အခြေအနေများအားကြိုတင်လာရောက်ကြည့်ရှုပေးခြင်း စတဲ့ Service တွေလဲရှိတာကြောင့် မင်မင်တို့ရဲ့ Ready Mix Concrete ကိုသာအသုံးပြုမယ်ဆိုရင် လူကြီးမင်းတို့ လုပ်ငန်းများအတွက် နောက်လှည့်ကြည့်စရာမလိုဘဲ ဆောင်းရာသီမှာ အေးအေးဆေးဆေး စိတ်ချလို့ရပါပြီနော်။🤩🤩

Concrete ဈေနှုန်းများ သိရှိလိုပါက 09683906944သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်မျာ။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-683906944
09-685217000
09-965124842
Address: Thae Phyu Chaung Village,Moe Gyo Quarter, Pyin Oo Lwin-Mogok Highway Between, Pyin Oo Lwin Township.

15/02/2024

အားလုံးပဲ မင်္ဂလာပါ။🙏
NK Myanmar Construction & RMC - Pyin Oo Lwin Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ကွန်ကရစ်လောင်းပြီးတဲ့အခါ Honeycomb ဖြစ်စေတဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။

Credit:Myan Box

Site တွေထဲ ကွန်ကရစ်လောင်းပြီးလို့ Formwork တွေ ခွာလိုက်တဲ့ အခါမှာ တိုင်တွေ၊ ထုတ်တွေ၊ ကြမ်းခင်းတွေမှာဆိုရင် ကျောက်တွေပေါ်ပြီးတော့ မြေပဲယိုပုံစံတွေ ပေါ်နေတတ်ပါတယ်။ အင်ဂျင်နီယာအခေါ်အဝေါ်အရတော့ Honeycomb ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီ Honeycomb တွေက အပြင်ဘက်မှာပေါ်နေရင် ကြည့်ရတာဆိုးပေမဲ့ ပြန်ပြုပြင်လို့ ရပါတယ်။ အတွင်းပိုင်းမှာ လေခိုပြီး ဖြစ်နေရင်တော့ အဆောက်အဦ ခိုင်ခံ့မှု အနည်းငယ်လျော့နည်းနိုင်ပါတယ်။ အတွင်းပိုင်း Honeycomb တွေကတော့ အဆင့်မြင့်ကိရိယာတွေနဲ့သာ စမ်းသပ်လို့ ရပါတယ်။

ကွန်ကရစ်လောင်းချိန်မှာ ကွန်ကရစ်သားက နေရာစုံကို သေသေချာချာ ပျံနှံ့မှု မရှိဘဲ Consolidation (စုစည်းမှု) အားနည်းပြီး လေခိုကာ Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီ Honeycomb ဖြစ်စေတဲ့ အကြောင်းတွေကတော့-

🔆 ကွန်ကရစ်လောင်းနေချိန်မှာ Vi****or အသုံးပြုတာ မှန်ကန်မှု မရှိရင်လည်း Honeycomb တွေ ဖြစ်ပေါ်စေပါတယ်။

🔆 သံချောင်းတွေနဲ့ Formwork ကြားက Cover Block တုံးလေးတွေ နည်းနေရင်လည်း ကွန်ကရစ်ပျံနှံ့မှု နည်းပြီး လေခိုကာ Honeycomb ဖြစ်နိုင်ပါတယ်။

🔆 Concrete ဖျော်တဲ့အချိန်မှာ Water Cement Ratio မမှန်ရင်လည်း Honeycomb ဖြစ်ပေါ်စေပါတယ်။ ဥပမာ - ရေများသွားခဲ့ရင်လည်း ရေတွေက အပြင်ဘက်ထွက်သွားတဲ့အခါ ရေနဲ့အတူ ဘိလပ်မြေတွေ ပါသွားခဲ့ရင် အထဲမှာ ကျောက်တွေပဲကျန်နေတတ်ပါတယ်။ ရေနည်းသွားခဲ့ရင်လည်း လိုအပ်တဲ့ အနှစ်မရနိုင်တော့ပါဘူး။

🔆 တိုင်နဲ့ထုတ်တန်း ဆုံတဲ့နေရာမှာ သံချောင်းတွေ ရှုပ်ပွအောင် ဆင်ထားခဲ့ပြီး Vi****or သေသေချာချာမထိုးခဲ့ရင်လည်း Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။

🔆 ကျောက်အရွယ်အစားကြီးနေရင်လဲ သံချောင်းတွေကြား ပိတ်ဆို့မိပြီး ကွန်ကရစ်သား ဝင်ရောက်မှုကို ပိတ်ထားသလို ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမှာလည်း Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။

NK Myanmar Construction &RMC -Pyin Oo Lwin Page မှ Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09683906944,09685217000,
09965124842
Address: Plant(2) Thae Phyu Chaung Village,Moe Gyo Quarter,Pyin Oo Lwin-Mogok Highway Between,Pyin Oo Lwin Township.

Photos from NK Myanmar Construction & RMC - Pyin Oo Lwin's post 12/02/2024

အားလုံးပဲမင်္ဂလာပါခင်မျာ။ 🙏
ကျွန်တော်တို့ NK Myanmar Construction & RMC - Pyin Oo Lwin page မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်ခင်မျာ။🤝

ကျွန်တော်တို့ရဲ့ NK Myanmar Co.,Ltd.ကို
၂၀၁၈-ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၀-ခုနှစ်မှာတော့
Concrete Batching Plantလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်မျာ။

ပထမခြေလှမ်းအနေနဲ့...........
NK Myanmar Concrete Batching Plant(1)ကို
မိတ္ထီလာမြို့မှာ စတင်တည်ထောင်ခဲ့ပြီး
ဒုတိယခြေလှမ်းအနေနဲ့ကတော့...
NK Myanmar Concrete Batching Plant (2)ကို
ပြင်ဦးလွင်မြို့မှာ (၁၁-၂-၂၀၂၄)ရက်နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်ခင်မျာ။👍

ယခုဆိုရင် ပြင်ဦးလွင်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် NK Myanmar Ready-Mix Concreteများကို စတင်ရောင်းချပေးနေပီ
ဖြစ်ကြောင်းနှင့် NK Myanmar Co.,Ltd.မှ Customers များ၏ Project Site အမျိုးမျိုးအတွက် Concrete လုပ်ငန်းများ အဆင်ပြေချော့မွေ့စေရန် ခေတ်မှီစက်ကိရိယာမျိုးစုံဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါပီခင်မျာ။

ဒါကြောင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျာ။

🏤 Address:
Head Office: No(93),Thura Steet,(9)Quarter,
South Okkalapa Township,Yangon.
📲 Phone: 0943030467
09443443576
095133837
Plant(1) 5-Mile Road,North Industrial Zone, Kyaung Ywar,Thapyawa Junction, Meikhtila Township.
📲 Phone: 09261616463
09401657832
09402004356
09965124842
Plant(2) Thae Phyu Chaung Village,Moe Gyo Quarter,Pyin Oo Lwin - Mogok Highway Between, Pyin Oo Lwin Township.
📲 Phone: 09683906944
09685217000
09965124842

Photos from NK Myanmar Construction & RMC - Pyin Oo Lwin's post 09/01/2024

အားလုံးပဲမင်္ဂလာပါခင်မျာ။ 🙏
ကျွန်တော်တို့ NK Myanmar Construction & RMC - Pyin Oo Lwin page မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်ခင်မျာ။🤝

မကြာမီအချိန်တွင်းမှာ ​NK Myanmar Batching Plant(2)အား ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်တော့မှာဖြစ်ကြောင်းနှင့်အရည်အသွေးပြည့်မီသော
Ready-Mixed Concreteများကို​ရောင်းချပေးတော့မှာဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်ခင်မျာ။

ချစ်ရတဲ့မိတ်ဆွေတို့ရဲ့ Construction လုပ်ငန်းတွေကွန်ကရစ်လောင်းဖို့ရာအတွက် ဈေးနှုန်းချိုသာပြီးအရည်အသွေးပြည့်မီတဲ့ Batching Plant ကိုရွေးနေတယ်ဆိုရင် NK Myanmar ရဲ့ Ready-Mixed concrete ကိုသတိရဖို့ပြောချင်ပါတယ်။🙋🏻‍♀️🙋🏻‍♂️

NK Myanmar ရဲ့ Ready-Mixed Concrete ဟာဆိုရင် ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ Quality ကကျော်လွန်လို့ လူကြီးမင်းတို့ Construction လုပ်ငန်းတွေအတွက် 100% စိတ်ချရပါတယ်နော်။💯✅

ပြီးတော့ Site လိုက်အဖွဲ့တွေရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့လုပ်ငန်းကျွမ်းကျင်မှုကလည်းအဆင်ပြေစေရမယ်လို့ အာမခံပေးနိုင်ပါတယ်ခင်မျာ။ 😍

နောက်ပြီး After Sale Service အနေနဲ့လည်းပြည့်စုံပြီးစိတ်ချမ်းသာစရာတွေပဲအမြဲပေးတတ်လို့ NK Myanmar နဲ့သာ Concrete လောင်းမယ်ဆိုရင်အမြဲစိတ်ချမ်းသာစေရမှာအမှန်ပါပဲခင်မျာ။💁🏻💁🏻‍♀️

ဒါကြောင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျာ။

🏤 Address:
Head Office: No(93),Thura Steet,(9)Quarter,
South Okkalapa Township,Yangon.
📲 Phone: 0943030467
09443443576
095133837
Plant(1) 5-Mile Road,North Industrial Zone, Kyaung Ywar,Thapyawa Junction, Meikhtila Township.
📲 Phone: 09261616463
09401657832
09402004356
09965124842
Plant(2) Thae Phyu Chaung Village,Moe Gyo Pyit Quarter,Pyin Oo Lwin - Mogok Highway Between, Pyin Oo Lwin Township.
📲 Phone: 09683906944
09685217000
09965124842

Want your business to be the top-listed Contractor in Maymyo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Maymyo