Phoe La Pyae - Wine Shop

Phoe La Pyae - Wine Shop

Share

25/12/2024

Merry Christmas 🎄❤️

မြန်မာပြည်သူ၊ ပြည်သားအားလုံး ချစ်မေတ္တာ လွမ်းခြုံပြီး ပျော်ရွှင်စရာ ခရစ္စမတ်ပွဲ‌တော်ကို မိသားစု စုံလင်စွာဖြင့် စိတ်ချမ်းမြေ့စွာ ဆင်နွဲနိုင်ပါစေကြောင်း ဖိုးလပြည့်ဝိုင်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

11/12/2024

ဖိုးလပြည့်ဝိုင်မိသားစုကထုတ်တဲ့ အဖိုးတန်ရတနာ🥂

ချစ်ရတဲ့ customerတွေ အားလုံးစောင့်မျှော်နေတဲ့
ကျနော်တို့ ဖိုးလပြည့်ဝိုင်မိသားစုရဲ့ အဖိုးတန် High-class wine listတွေထဲ တစ်မျိုးဖြစ်တဲ့ အနံ့အရသာနဲ့ပြည့်စုံပြီး လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ ချဉ်စော်ကားသီးဝိုင်လေးဟာဆိုရင် ချစ်ရတဲ့ customer တွေရှေ့ကို မပြောင်းလဲတဲ့ ကောင်းမွန်လှတဲ့ အရသာတွေနဲ့အတူ မကြာမီကာလတွေအတွင်းမှာပဲ ထပ်မံပြီးရောက်ရှိလာတော့မှာဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်ခင်ဗျ။

မှာယူလိုပါက
အိမ်လိပ်စာ - အိမ်အမှတ်(၁၇၉)၊ (၁၁)လမ်း၊ (၈)ကွက်၊ ပြင်ဦးလွင်မြို့။
ဖုန်းနံပါတ် - (၀၉၂၀၄၆၃၃၄) ကို ခေါ်ဆိုပြီး မှာယူနိုင်ပါပြီခင်ဗျာ။

Photos from Phoe La Pyae - Wine Shop's post 01/12/2024

ဒီဇင်ဘာလမှာ ဒီဝိုင်တွေသောက်ပါ!🎄

ပုံလေးတွေကို ဖိဖတ်ပေးပါနော်🤍🍷

30/11/2024

Happy 1st Anniversary

ဒီနေ့ဟာဆိုရင် ကျနော်တို့ ဖိုးလပြည့်ဝိုင်ရဲ့ Social Media Platform ဖြစ်တဲ့ page လေးကို တည်ထောင်ခဲ့တာ တစ်နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ page တစ်နှစ်ပြည့်မှသည် ရွှေရတု၊ စိန်ရတုတွေအထိ ကျနော်တို့ ဖိုးလပြည့်ဝိုင်မိသားစုကနေလည်း ချစ်ရတဲ့ customer တွေဆီကို အကောင်းဆုံးဆိုတဲ့ customer service တွေနဲ့ အနံ့အရသာပြည့်စုံလှတဲ့ ဝိုင်မျိုးစုံကို ပေးစွမ်းနိုင်ဖို့ ကြိုးစားနေပါတယ်🍷

29/11/2024

ခပ်အေးအေးနဲ့ ခပ်chill chillဖို့
ဖိုးလပြည့်ဝိုင်က ပေးမယ့် အနွေးဓာတ်

အရိုးထိအောင် စိမ့်ပြီးချမ်းတဲ့ ဆောင်းရာသီမှာ မေမြို့ကိုအလည်လာတုန်း မေမြို့‌ဆောင်းရဲ့အငွေအသက်ကိုပါ တစ်ခါတည်း ခံစားချင်တယ်ဆိုရင် ဖိုးလပြည့်ဝိုင်ကထုတ်တဲ့ အနံ့အရသာပြည်စုံလွန်းတဲ့ ဝိုင်တစ်ခွက်က
ပေးမယ့် အနွေးဓာတ်လေးက ဆောင်းအ‌ငွေ့အသက်ကို ခံစားနိုင်ဖို့ ကူညီပေးမှာ အသေအချာပဲပေါ့🍷…

Phoe La Pyae - Wine Shop
09 - 402510752
အိမ်အမှတ် (၁၇၉)၊ (၈)ကွက်၊ (၁၁)လမ်း၊
ပြင်ဦးလွင်မြို့။

24/08/2024

ပြတင်းပေါက်မှန်ပေါ်က မိုးရေ‌စက်တွေကို ငေးကြည့်နေရင်း မိုးအေးအေး‌နေ့လေးမှာ အလွမ်းတွေကို အဖော်ပြုပေးဖို့ အနွေးဓာတ်လေးကိုအလိုရှိနေပြီလား?
အလွမ်းအဆွေးတွေကို အနွေးဓာတ်လေးနဲ့ ထွေးပွေ့ဖို့ရာ ချစ်သူအဖော်မရှိဘူးဆိုရင်တောင်မှ ဖိုးလပြည့်ဝိုင်ကရှိနေမှာပါ။

မိုးရာသီလို ခပ်အေးအေးရာသီဥတုမှာ အနွေးဓာတ်လေးနဲ့ ထွေးပွေ့ဖို့ရာ ကျနော်တို့ ဖိုးလပြည့်ဝိုင်ကထုတ်လုပ်တဲ့ ဘယ်ဝိုင်တွေက အလိုက်ဖက်ဆုံးလဲဆိုတာကို ဖော်ပြသွားမှာဖြစ်လို့ အဆုံးထိ ဖတ်ပေးပါဦးနော်…

ℹ️ မက်မန်းဝိုင်

ကျနော်တို့ PLP wine shopရဲ့ signature ဖြစ်တဲ့ မက်မန်းဝိုင်ဟာဆိုရင် ရာသီမရွေး လိုက်ဖက်တဲ့ ဝိုင်တစ်ခွက်ဆိုရင် မမှားပါဘူး။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ မက်မန်းဝိုင်ဟာဆိုရင် တစ်ခါသောက်လိုက်ရုံနဲ့ နှလုံးသားထဲက အလွမ်းတွေ၊ အဆွေးတွေ၊ အမှတ်တရတွေကို သူနဲ့ပထမဆုံးတွေ့ခဲ့တုန်းက ရခဲ့တဲ့ နွေး‌ထွေးမှုမျိုးနဲ့အတူ မိုးအေးအေးနေ့‌တွေတိုင်းအတွက် အမြဲတမ်းအဖော်ပြုပေးနေမှာ အမှန်ပါပဲ။

ℹ️ ပိုးဇာသီဝိုင်

ဖိုးလပြည့်ဝိုင်ကထုတ်တဲ့ ပိုးဇာသီဝိုင်ဟာ ဝယ်ယူသူရဲ့ ငယ်ရွယ်မှု‌တွေကြားက ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေအထိပြန်လည်ပြီးသတိရအောင် အနံ့နဲ့တင် customer တွေရဲ့ အသဲနှလုံးကို ကိုင်လှုပ်ထားနိုင်တဲ့ luxury class ဝိုင်တစ်ခွက်ပါပဲ။ အသီးအရသာကြွယ်ဝပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပိုးဇာသီဝိုင်လေး တစ်ခွက်ကို မိုးအေးအေးနေ့လေးမှာ သောက်လိုက်မယ်ဆိုရင် ငယ်စဉ်က နှလုံးသားလေးကို ရိုးတိုးရွတွဖြစ်‌စေခဲ့တဲ့ ငယ်ချစ်ဦးကိုပါ ပြန်လည်သတိရလောက်တဲ့အထိ နွေးထွေးမှုတွေ ပေးနိုင်မှာ အသေအချာပါပဲ။

ℹ️ ဂျင်းပျားရည်ဝိုင်

ရွှေရောင်လို ချိုမြိန်ပြီး ကျန်းမာရေးအတွက် အကျိုး‌ကျေးဇူးတွေ အများကြီးရှိတဲ့ ပျားရည်နဲ့
ခါးသက်သက်အရသာလေးကိုမှ ပူနွေးနွေးဓာတ်လေးရှိတဲ့ဂျင်းနဲ့ ပေါင်းစပ်ပြီး စိမ်ထားတဲ့ ဂျင်းပျားရည်ဝိုင်လေးဟာဆိုရင် ခပ်အေးအေးမိုးရာသီနေ့တွေ အတွက် နှလုံးသားထဲကတောင်းတတဲ့ အရသာလေးပါပဲ။
ဂျင်းပျားရည်ဝိုင်တစ်ခွက်ကို မိုးအေးအေးနေ့လေးမှာ သောက်လိုက်မယ်ဆိုရင် ငယ်စဉ်က ပျားရည်လို ချိုမြိန်ခဲ့တဲ့ ရွှေရောင်စမ်းနေ့ရက်တွေကြားက အတူတူပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေကို ပြန်လည်ပြီး အမှတ်ရနေအောင်အထိ အဖော်ပြုပေးနိုင်မဲ့ မိုးရာသီရဲ့ အနွေးဓာတ်အိုအေစစ်လေးပါပဲ။

အပေါ်က သုံးခုကတော့ မိုးရာသီမှာ အကောင်းဆုံးအဖော်ပြုပေးနိုင်မဲ့ ကျနော်တို့ ဖိုးလပြည့်ဝိုင်က ထုတ်လုပ်ထားတဲ့ အနွေးဓာတ်အိုအေစစ်လို့ ခေါ်နိုင်တဲ့အထိ အနွေးဓာတ်တွေ ထွေးပွေ့နိုင်မဲ့ ဝိုင်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖိုးလပြည့်ဝိုင် ကထုတ်တဲ့ ဝိုင်တွေမဟုတ်ဘူးဆိုရင်တော့ ဒီလိုအနွေးဓာတ်တွေရပါ့မလားဆိုတာတော့ တပ်အပ်မပြောနိုင်ပါဘူးဗျာ😉…

04/06/2024

ဝိုင်ဈေးလေးတက်ခွင့်ပြုပါဗျာ…

အခုဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေတွေကြောင့်
ကျနော်တို့ဘက်ကနေ ဝိုင်စိမ်ဖို့ ကုန်ကြမ်းတွေ၊ အသီးတွေဝယ်ယူရတာက အခက်အခဲရှိလာသလို ကုန်ကြမ်းတွေနဲ့အတူ ပုလင်း‌ဈေးကလည်း လိုက်တက်လာပြီးတော့
ကုန်သည်လက်ကျန်ရှိနေတဲ့အသီးဈေးတွေကလည်း မူရင်းဈေးရဲ့ (၂)ဆ၊ (၃)ဆလောက်အထိမြင့်တက်လာတဲ့အတွက်…

750ml special - 9000ks
750ml normal - 8000ks လို့ဈေးနှုန်းလေး အနည်းငယ်ပြောင်းလဲသတ်မှတ်လိုက်ရပါတယ်ခင်ဗျာ။
750mlပဲ‌ ဈေးတက်တာဖြစ်ပြီးတော့
750ml premium, 500ml နဲ့ 275mlကို‌တော့
အရင် မူရင်းဈေးနှုန်းအတိုင်းပဲဆက်လက်‌ရောင်းချ
ပေးသွားမှာဖြစ်ပါတယ်။ ဈေးတွေကျပြီးမှ
ပြန်လည်ပြောင်းလဲသတ်မှတ်လိုက်ရတာဖြစ်တဲ့အတွက်
မိတ်ဟောင်း၊ မိတ်သစ် customer များအားလုံးနားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ။

ဝယ်ယူမှုအတွက်အထူးကျေးဇူးတင်ရှိပါသည်။

14/04/2024

သင်္ကြန်တွင်းမှာ ဝိုင်သောက်တဲ့အခါ သတိထားရမဲ့ အချက်များ
-----------------------------------------------------------

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား‌တွေရဲ့ မွန်မြတ်လှတဲ့
သင်္ကြန်အခါသမယမှာ ဘော်ဒါတွေနဲ့ပဲဖြစ်စေ၊ မိသားစုနဲ့ပဲဖြစ်စေ ပွဲတော်မှာ ဆင်နွဲကြတဲ့အခါ ဝိုင်တွေကို အပျော်အနေနဲ့ သောက်သုံးလာတာတွေ
တွေ့ရပါတယ်။

ဒါပေမဲ့ ဝိုင်ဟာ ဒီလိုပွဲတော်မျိုးတွေမှာ သောက်သုံးလို့မရတာမျိုးတော့မဟုတ်ပါဘူး။ ဝိုင်ကို လက်လွှတ်စပယ် သောက်သုံးမိတာတွေကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် အပျော်ကနေ အပျက်ဖြစ်သွားနိုင်တာကြောင့် ကျနော်တို့ ဖိုးလပြည့်ဝိုင်က သင်္ကြန်တွင်းမှာ ဝိုင်သောက်တဲ့အခါ သတိထားရမဲ့ အချက်တွေကို မေတ္တာ၊ စေတနာ၊ ဂရုဏာအပြည့်နဲ့ ရေးသားပေးလိုက်ရပါတယ်…

ပထမအချက်အနေနဲ့ …
“ဝိုင်ကို အချိုရည်လို သောက်တာ”

ဒီလိုမျိုး သောက်တာကတော့ တော်တော်မဖြစ်သင့်တဲ့ကိစ္စပါ။ သင်္ကြန်အတွင်းမှာ များသောအားဖြင့် ဘီယာ၊ အချိုရည် တွေကို သောက်သုံးကြပင်မဲ့ ဝိုင်ကို အချိုရည်လိုမျိုးမသောက်သုံးသင့်တာက အကြောင်းအရင်းရှိပါတယ်။ ဝိုင်ကို ဖျော်ရည်လို သောက်သုံးလိုက်တဲ့အခါ သွေးတွင်း alcohol ဓာတ်မြင့်တက်လာနိုင်တဲ့အပြင် မူးဝေ၊ အော့အန်တာတွေ ဖြစ်လာနိုင်တာကြောင့် ဒီအချက်ကို အဓိကထားပြီး ရှောင်ကြဉ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့
“ဝိုင်ကို အပူထဲမှာ ထားတာ"

ဒီအချက်က‌တော့ အတော်ကိုအရေးကြီးတဲ့အချက်ပါ။ အပူဟာ ဝိုင် th-at‌ ဆေးဖြစ်ပါတယ်။ နေပူထဲမှာ ပစ်ထားမိတဲ့ ဝိုင်ဟာ အပူဒဏ်ကြောင့် ချဉ်ပြုံးပြုံး အရသာကြီးဖြစ်သွားပြီးတော့ သောက်သုံးမိပြီးရင် ပြန်ပြီး အော့အန်တာတွေဖြစ်လာနိုင်တဲ့အတွက် ဒီအချက်ကိုလည်း အဓိကထားပြီး ရှောင်ကြဉ်ရမှာပါ။

နောက်ဆုံးတစ်ချက်ကတော့
“ဝိုင်ပုလင်းတွေကို အမှိုက်ပုံထဲ သေချာစွန့်ပစ်ပါ”

ဒါကတော့ ကျနော်တို့တွေ အတော်လေးပေါ့ဆကြတဲ့အချက်တွေပါ။ ဝိုင်တွေကို သောက်ကြတယ်၊ ကုန်သွားတဲ့အခါ ဝိုင်ပုလင်းအခွံတွေကို တွေ့ကရာနေရာမှာ ထားခဲ့လိုက်တာပါ။ ထားခဲ့တဲ့နေရာကနေ အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျပြီး ကျကွဲတဲ့အခါ ပုလင်းကွဲတွေကြောင့် လမ်းသွားလမ်းလာတွေ အန္တာရယ်ရှိလာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံကြီးသားပီသစွာနဲ့ ဝိုင်ပုလင်းအခွံကို အမှိုက်ပုံးထဲ စွန့်ပစ်ကြဖို့ ကျနော်တို့က တိုက်တွန်းပါရစေ။

အားလုံးပဲ ဒီအချက်တွေကို လိုက်နာပြီး သေချာလေး ဂရုစိုက်ကြမယ်ဆိုရင် ပျော်စရာကောင်းတဲ့ အချိန်တွေကို အတူတူဆင်နွဲခွင့်ရမှာပါ။ အားလုံးပဲ
ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်အခါသမယလေးဖြစ်ကြပါစေဖို့ ကျနော်တို့ ဖိုးလပြည့်ဝိုင် - မိသားစုက ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်။

11/04/2024

ကျနော်တို့ ဖိုးလပြည့်ဝိုင်အနေနဲ့ သင်္ကြန်ရက်အတွင်းမှာ ဆိုင်မပိတ်ပါဘူးခင်ဗျ။ ​ချစ်ရတဲ့ customer တွေနဲ့ အတူ နှစ်သစ်ကိုကြိုဆိုနိုင်ဖို့ ဖိုးလပြည့်ဝိုင်ကအမြဲရှိနေမှာပါ။

01/04/2024

ကဲ ဖိုးလပြည့်ဝိုင်ရဲ့ အသစ်စိမ်တဲ့ ဝိုင်ကတော့
“နံနံပင်ဝိုင်”ပါတဲ့‌နော်!

21/03/2024

ဝိုင်သောက်သုံးခြင်းမှရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
-----------------------------------------------------------

ကျနော်တို့တွေဟာ ဝိုင်ကို လက်ဆောင်ရလို့ပဲဖြစ်စေ ကိုယ်တိုင်ဝယ်ပြီးတော့ပဲဖြစ်စေ သောက်ကြတဲ့အခါ ဒါမှမဟုတ် ဘော်ဒါတွေနဲ့အပျော်အနေနဲ့ပဲဖြစ်‌စေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆုံစားပွဲမှာဘဲဖြစ်‌စေ လွယ်လင့်တကူ သောက်သုံးကြတာများပါတယ်။

ဒါပေမဲ့ ဝိုင်သောက်သုံးခြင်းက ကျနော်တို့လူနေမှုဘဝ ကျန်းမာရေးကို များစွာ အထောက်အကူပြုနေပြန်ပါတယ်။ ဝိုင်သောက်သုံးခြင်းကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို မသိရှိရသေးဘူးဆိုရင် ဒီpostမှာဘဲ ဖော်ပြပေးသွားမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်ဖို့ မမေ့ပါနဲ့နော်…

ဝိုင်သောက်သုံးခြင်းမှရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

၁။ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ဆေးစစ်ချက်တွေအရ ဝိုင်ကိုအသင့်အတင့် သောက်သုံးခြင်းက အစာမျိုပြွန်နဲ့ အစာအိမ်ကင်ဆာဖြစ်နိုင် ချေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့တာအပြင် ကျောက်ကပ်ကင်ဆာ နဲ့ သိုင်းရွိုက် lymphoma တွေကို လျော့ကျစေနိုင်တယ်လို့ ဆေးစစ်ချက်အရ တွေ့ရှိခဲ့ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ ဆိုရိုးအတိုင်း ဝိုင်ကိုအလွန်အကျွံသောက်သုံးခြင်းက မုန့်ချိုအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ကြောင်း ဆရာဝန်တွေကသတိ‌ပေးထားပါတယ်။

၂။ လေဖြတ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဝိုင်အသင့်အတင့်‌ သောက်သုံးပေးရင် heme-oxygenase ပမာဏ တိုးမြင့်လာနိုင်တဲ့အတွက်ကြောင့် သွေးခဲခြင်းကို တားဆီးပေးတဲ့အတွက် လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ နှလုံးသွေးကြော ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

Merlot လို့ခေါ်ကျတဲ့ red wineမှာဆိုရင်
စပျစ်သီးအခွံတွေ၊ ဘယ်ရီသီး တွေကနေရရှိတဲ့ resveratrol နဲ့ စပျစ်သီမှာပါဝင်တဲ့ procyanidin မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ကျဉ်းတာတွေ ကျယ်တာတွေမဖြစ်နိုင်တော့တာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေလည်း နည်းပါးသွားနိုင်ပါတယ်။

ဖော်ပြခဲ့တာတွေကတော့ ဝိုင်သောက်သုံးခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအပြင် ဝိုင်ကနေရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနေပါသေးတယ်။
သို့ပေသီ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ဝိုင်ကို တစ်နေ့တစ်ခွက်ထက်ပိုမသောက်ဖို့နဲ့ ဖျော်ရည်လို တစ်ငုံတည်း မသောက်ကြဖို့ ကျနော်တို့က အကြံပေးချင်ပါတယ်။

ဖော်ပြခဲ့တဲ့ အချက်အလက်တွေအတိုင်း ရောဂါဖြစ်နိုင်ချေတွေကို လျှော့ချနိုင်ဖို့ ဝိုင်ကောင်းကောင်း
တစ်ခွက်လိုနေတယ်ဆိုရင် ကျနော်တို့ ဖိုးလပြည့်ဝိုင်ကို အမြဲသတိရပေးပါနော်…

Phoe La Pyae - Wine Shop
09 - 402510752
အိမ်အမှတ် (၁၇၉)၊ (၈)ကွက်၊ (၁၁)လမ်း၊ ပြင်ဦးလွင်မြို့။

02/03/2024

ယနေ့ မတ်လ ( ၂ )ရက်နေ့ တွင်ကျရောက်သော "တောင်သူလယ်သမားနေ့" ကို Phoe La Pyae Wine မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Want your business to be the top-listed Food & Beverage Service in Maymyo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Block 8, No. 179, 11 Road, Pyin Oo Lwin
Maymyo

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00