Geeky PC
19/07/2021
စစ်သားတွေ ငိုသတဲ့
- - - - - - - --- - - ----
လယ်တွင်းသား စောချစ်
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင်
ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ
ညောင်ပင်ကြီးအောက်ရောက်လာသည်။
'' ဟေ့ကောင်တွေ... ရွာလယ်တိုက်ပျက်ကြီး ထဲမှာ
နေတဲ့စစ်သားတွေ...ငိုနေကြတယ်ကွ...''
သတင်းထူး၊ သတင်းဦးကို အမောတကော
ပြေးလာပြောခြင်း ဖြစ်သည်။
''ဘာဖြစ်လို့ငိုတာလဲကွ...''
တအံံ့တသြ မေးမိကြသောစကား။
'' မသိဘူးကွ...၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ...။ တချို့ကတော့ တိုက်နံရံ ကို လကျသီးနဲ့ထိုးပွီိး ငိုတာကွ...''
''လာကွာ... သွားကြည့်ရအောင်...''
လှရွှေပြောသည်မှာ စိတ်ဝင်စားစရာ
မို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် လာသည်။ အမေ့ကို မေးမည်။
'' အမေ...အမေ...''
အိမ်ထဲဝင်သွားတော့ အမေဝမ်းပန်းတနည်း ငိုနေသည်။ ဆွေထဲ၊ မျိုးထဲမှ ချစ်ခင်သူ တစ်ယောက်သေဆုံး၍ ဝမ်းပန်းတနည်း ငိုကြွေး နေသောပုံ။
'' အမေ...ဘာဖြစ်လို့ငိုတာလဲ...ဘယ်သူသေ လို့ငိုတာလဲ...''
''ဗိုလ်ချုပ်အောင်ဆန်းသေပြီ ငါ့သားရဲ့ ''
'' ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ အမေ...''
ထိုနေ့ညမှစပြီး အမေက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပုံပြင်သဖွယ် ပြောပြသည်။
အမေက မြင်းခြံမြို့ နော်မန်ကျောင်းမှာ ၉ တန်းအထိ နေဖူးသည်။ ဗိုလ်ချုပ်ကို ချစ်ခင် လေးစား၍ ဗိုလ်ချုပ်အကြောင်း ကောင်းစွာ ပြောနိုင်ပါသည်။
နောင်ကြီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များမှာ ဖတ်၍ ပိုသိရသည်။
ဗိုလ်ချုပ်ကွယ်လွန်သောအခါ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဝမ်းနည်းပူဆွေး ငိုကြွေးကြသည်ဟု ဖတ်ရသော အခါ...
'' ဟုတ်တယ်ဗျ... အညာကျေးက ကျွန်တော် တို့ရွာကလေးမှာလည်း ငိုကြတယ်ဗျ...''ဟု ထောက်ခံမိပါသည်။
ဗိုလ်ချုပ်ကို တစ်နိုင်ငံလုံး ချစ်ကြသည်။ လေးစားကြသည်။ အမြတ်တနိုးတန်ဖိုးထား ကြည်ညိုကြသည်။
ဘာကြောင့်ပါနည်း။
ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ် နိုးသည်။ သူ့ကိုယ်ကျိုးထက် တိုင်းပြည်နှင့် လူမျိုး အကျိုးကို ပိုပြီးအလေးအမြတ်ထားသည်။ ဂျပန် ခေတ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားစဉ် ဂျပန်များက နေ့စဉ်ပါးကိုရိုက်လွန်း၍ တစ်ယောက် က မခံနိုင်တော့ကြောင်း ပြောသည်။
ဗိုလ်ချုပ် က သူတို့ကို ပြန်တော်လှန်မည်ဆိုလျှင် သူတို့ထံမှ စစ်ပညာကို တတ်မြောက်ရန်လိုကြောင်း ပါး တစ်ချက်အရိုက်ခံရတိုင်း လွတ်လပ်ရေးရဖို့ တစ်ရက်ပိုနီးသွားပြီဟု မှတ်ယူရန် ပြောဆို သည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အသက်ငယ် သေးသော်လည်း စိတ်ထားကြီးပေစွ။ တိုင်းပြည် လွတ်လပ်ရေးအပေါ်ထားသော စိတ်ဓာတ် ကြီးမြတ်ပေစွ။
ဗိုလ်ချုပ်သည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သော်လည်း ဗိုလ်ချုပ်မှာ ဘာမျှမရှိ။ တစ်ညနေမှာ အစည်း အဝေးမရှိ။ ချိန်းဆိုထားတာမရှိ၍ ပလေဒီယံ ရုပ်ရှင်ရုံမှာပြနေသော အင်္ဂလိပ်ဟာသကားကို ကြည့်ချင်သည်။
သူ၏ကိုယ်ရံတော်အပါးတော်မြဲ ဗိုလ်ထွန်းလှ ကို ပိုက်ဆံမည်မျှရှိသနည်းမေးသည်။ ဗိုလ်ထွန်း လှက နှစ်ကျပ်ရှိကြောင်း ပြောသည်။ ဗိုလ်ချုပ် က နှစ်ကျပ်ရှိလျှင် တစ်ကျပ်ကို ငါးမူးတန်းမှ နှစ်ယောက်ကြည့်၍ရကြောင်းပြောပြီး ဆရာ တပည့်ရုပ်ရှင်သွားကြည့်ကြသည်။ ဆင်းရဲသား များ ကြည့်သောအတန်းဖြစ်သည်။ သူတို့ရှေ့မှာ တစ်မတ်တန်းသာရှိသည်။ သူတို့နောက်မှာ တစ်ကျပ်တန်း၊ နှစ်ကျပ်တန်း၊ အထူးတန်းများ ရှိသည်။
ငါးမူးတန်းရှေ့ဆုံးအတန်းမှာ ရုပ်ရှင်ထိုင် ကြည့်နေသော ဗိုလ်ချုပ်ကို တစ်မတ်တန်းမှ လူ များတွေ့သွားကြသည်။ ဗိုလ်ချုပ်ရှိရာ နောက်သို့ လည်ပြန်လှည့်ကြည့်ရင်း စိတ်မကောင်းဖြစ်ကြ သည်။ ရုပ်ရှင်မကြည့်နိုင်။ နောက်တန်းများမှ လူများမှာလည်း တစ်မတ်တန်းက လူများ၏ ထူးခြားမှုကြောင့် ဗိုလ်ချုပ်ကိုတွေ့သွားကြသည်။ စိတ်မကောင်းဖြစ်ကြသည်။
''သြော်...ဗိုလ်ချုပ်ရယ်...''
ခံစားကြရသောစိတ်ကြောင့် ဟာသကားမှာ လည်း မရယ်ရတော့ကြောင်း ဗိုလ်ထွန်းလှက ပြောပြသည်။
''ကြီးကျယ်ခမ်းနားလိုက်တာ ဗိုလ်ချုပ်ရယ်...
လွမ်းစရာကောင်းလိုက်တာ'' ဟု ခံစားမိရပါ၏။
လွတ်လပ်ရေးအတွက် ဘိလပ်ကို ဗိုလ်ချုပ် သွားသောအခါ ဝတ်စရာ အနွေးထည်မပါ။ လွတ်လပ်ရေးအတွက် ပြည့်စုံစွာ ပြောဆိုရန် ပြင်ဆင်သွားသော်လည်း ကိုယ့်အတွက်ဘာမျှ ပြင်ဆင်ခြင်းမရှိ။
အိန္ဒိယနိုင်ငံတွင် ခရီးတစ်ထောက်နားမှ မိတ်ဆွေကောင်း မစ္စတာနေရူးက ဘိလပ်မှာ အလွန်အေးနေကြောင်း သတိပေးပြောဆိုပြီး အနွေးထည်ချုပ်ပေးလိုက်ရသည်။
ထိုလောင်းကုတ်အင်္ကျီကြီးမှာ ဗိုလ်ချုပ်နှင့် ခန့်ညားစွာ လိုက်ဖက်လှပါ၏။ လောင်းကုတ် အင်္ကျီအိတ်ထောင်များတွင် လက်နှစ်ဖက် နှိုက်၍ ရိုက်ထားသောဓာတ်ပုံမှာ ကြည့်၍ကောင်းလေစွ။
''ဘိလပ်ကိုသွားတာ ဘာပါလဲမေးကြတယ်၊ လောင်းကုတ်အင်္ကျီတစ်ထည်ပါတယ်'' ဗိုလ်ချုပ် က ဟာသစကားကြွားကြွားဝါဝါ ပြောခြင်းဖြစ်၏။
နွေရာသီအစည်းအဝေးတစ်ခုမှာ ဗိုလ်ချုပ်က လောင်းကုတ်အင်္ကျီကြီးဝတ်ထားသည်။ လူများ က ပြုံးစိစိ။
နွေရာသီမှာပူ၍ လောင်းကုတ်အင်္ကျီကြီး ချွတ်ထားရန် အစည်းအဝေးမှ မိတ်ဆွေများက ပြောကြသည်။
''ကျုပ်နေမကောင်းလို့ဗျ...''
ရင်းနှီးသူတစ်ယောက်က ဗိုလ်ချုပ်နောက် ဘက်သို့သွားပြီး ...
''ဗိုလ်ချုပ်က နေမကောင်းဘူးသာဆိုတာ ချွေးတွေကလည်းရွှဲလို့... ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေပါဦးမယ်...''
ပြောပြောဆိုဆိုအင်္ကျီကို နောက်မှဆွဲချွတ် လိုက်သည်။ အင်္ကျီလက်ထဲပါလာသည်။ သို့သော် ချွတ်သူက ဆက်မချွတ်နိုင်။
ဗိုလ်ချုပ်ကျောမှာ အင်္ကျီကပြဲနေသည်။ ကျန်လူများလည်းလှမ်းမြင်၍ စိတ်မကောင်း ဖြစ်ကြသည်။
''ကဲဗျာ...ခုမှတော့ စိတ်မကောင်းဖြစ်မနေ ကြပါနဲ့ ဆက်ပြီးသာချွတ်လိုက်ပါ...''
ဗိုလ်ချုပ်က ဘာမျှမဖြစ်။ အစည်းအဝေး ဆက်ပြီး ဆွေးနွေးသည်။
''သြော် ဂုဏ်တင့်လိုက်တာ ဗိုလ်ချုပ်ရယ်...ကြည်ညိုစရာလေးစားစရာကောင်းလိုက်တာ...'' မရှိ၍ ရှိခြင်းဖြစ်ပါ၏။ ၁၉၆၅ ခုနှစ်တွင် ကျွန်တော် တို့တက္ကသိုလ် လူရည်ချွန်ကျောင်းသားဘဝက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားလေ့လာရ သည်။ လူမှု အသုံးအဆောင်ပစ္စည်းဆို၍ ခမ်းခမ်း နားနား ဘာမျှ မရှိပါ။ ဗိုလ်ချုပ်၏ အဝတ်ဗီရိုထဲမှာ ဝတ်စုံလေး သုံး၊ လေးစုံသာရှိပါသည်။ ပြတိုက်မှ ရှင်းပြသူက-
''ဒီရွှေတောင်ပိုးလုံချည်လေးက ဗိုလ်ချုပ် အလွန်ကြိုက်ပါတယ်။ အခမ်းအနားသွားစရာ ရှိရင်... ဒီရွှေတောင်ပိုးလုံချည်လေးကိုပဲ ဝတ် လေ့ရှိပါတယ်...'' ဟုပြောပြသည်။
''ဒီပိုးလုံချည် မဝတ်ရင်ရော... တခြားဝတ် စရာ လုံချည်ကောင်းကောင်းရှိသေးလို့လား...''
လူရည်ချွန် ကျောင်းသားတစ်ယောက်၏ မေးခွန်းဖြစ်သည်။
''မရှိပါဘူး...''
ရှင်းပြသူက ဖြေသည်။
မရှိသော ဗိုလ်ချုပ်ကို ချစ်ခင်လေးစားစွာ ဂုဏ်ယူကြရသည်။
လွန်ခဲ့သည့် ခြောက်နှစ်က ဗီယက်နမ်စာပေ အသင်းဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံသို့ ရောက်သည်။ နှစ်နိုင်ငံ စာရေးဆရာ အသင်းများချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုး ကြသည်။
ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းအကြောင်း စာအုပ်များစွာ ဖတ်ထား၍ သမ္မတကြီးဟိုချီမင်း ကို လေးစားသည်။ သမ္မတအိမ်ကို လိုက်ပြပါရန် ကျွန်တော်က တောင်းဆိုသည်။ ဗီယက်နမ် စာရေးဆရာများ လိုက်ပို့ကြပါသည်။ သမ္မတအိမ် ကို လူအများထူးခြားစွာ စိတ်ဝင်စားကြသည်။ နိုင်ငံခြားသားများစွာ လာချင်ကြသည်။
မိုးနှင်းများ တဖွဲဖွဲရွာနေစဉ်မှာ ထီးဆောင်း ထားသော လူတန်းကြီး တန်းစီနေကြသည်။
သစ်သားနှစ်ထပ်အိမ် မကြီးမသေးဖြစ်သည်။ လူတစ်ယောက် သင့်လျော်စွာ နေထိုင်နိုင်သော အိမ်ဖြစ်ပါသည်။ သမ္မတကြီး ဟိုချီမင်းမှာ လူပျို ကြီးဖြစ်သည်။
ခမ်းနားကြီးကျယ်သော လူ့အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမျှမရှိပါ။
လူအများစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ နေကြသည်မှာ သမ္မတကြီး ဟိုချီမင်း၏ ဘာမျှမရှိ ခြင်းဖြစ်သည်။
ဗီယက်နမ်စာပေအသင်း ဥက္ကဋ္ဌက ကျွန်တော့်ကို ကြွားဝါပြောဆိုနေသည်မှာလည်း သမ္မတကြီးမှာဘာမျှမရှိခြင်းအကြောင်းဖြစ်သည်။
ကျွန်တော်က ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌကို မြန်မာနိုင်ငံသို့ ပြန်လည်ဖိတ်ကြားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရောက်လျှင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို ပြန်လည်ပြသမည်ဖြစ် ကြောင်း ပြောပါသည်။
ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌက ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို သိပါကြောင်း၊ လေးစားပါကြောင်းပြန်ပြောသည်။
ကျွန်တော့်စိတ်ထဲမှာ ဝမ်းသာအားတက်နေ သည်။ ဗီယက်နမ်စာပေဥက္ကဋ္ဌနှင့်အဖွဲ့လာလျှင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်ပြပြီး ပြန်ကြွားလိုက်ချင်သည်။
ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မရှိ၍ ရှိသူဖြစ်၏။
ထိုသို့မရှိ၍ ရှိသောကြောင့်ပင် ကျွန်တော်တို့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း
မြင်းဇောင်း မကျန် ဗိုလ်ချုပ်ကို
ချစ်ကြ၊ ကြည်ညိုကြ၊ မြတ်နိုး လေးစားဂုဏ်ယူ
နေကြရခြင်းဖြစ်ပါ၏။ ။
ဇူလိုင် ၁၉အတွက်
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
ယနေ့အတွက် Window နှင့် Office license များကို အခမဲ့ (FOC) ရယူနိုင်ပါတယ်ခင်ဗျာ။
Messenger မှာ ဆက်သွယ်နိုင်ပါတယ်ဗျ။
13/07/2021
Stay home နေရလို့ ပျင်းနေကြရင် ဘယ်ဂိမ်းလေးတွေ ဆော့ချင်ကြလဲဗျ။
အကုန်လုံးတင်ပေးဖို့က Drive ကလဲ မဆန့်လို့ပါ။
တခုပီး တခုတင်ပေးဖို့တော့ စိတ်ကူးထားပါတယ်ခင်ဗျ။
Window Key၊ Office key လေးတွေလဲ ရရှိနိုင်ပါတယ်ခင်ဗျ။
တခြားလိုချင်တဲ့ game, software စတဲ့ ကွန်ပျူတာနဲ့ ပတ်သတ်သမျှကိုလဲ CB မှတဆင့် မေးမြန်းနိုင်ပါတယ်ဗျ။
အခုလို အစစအရာရာ ခက်ခဲနေတဲ့ ကာလကြီးမှာ တတ်နိုင်သမျှ ကူညီချင်ပါတယ်ခင်ဗျ
03/07/2021
Game လေးတွေလဲ မတင်ပေးဖြစ်တာ ကြာပီမို့ ဒီတခါတော့ civilization style game လေး ပြန်တင်ပေးပါ့မယ်။
ကျနော်တို့ ငယ်တုံးက အားလုံးဆော့ခဲ့ဖူးကြတဲ့ AOE လိုမျိုးပါပဲ။
AOE ကိုမှ သူက Greek တို့ Egypt တို့ Asia တို့က နတ်ဘုရားတွေပါ ပေါင်းထားတာမျိုးပါ။
Thor တို့ Loki တို့ Ra တို့ ပါပါတယ်ခင်ဗျ။
ရိုးရိုး civilization + myth ပေါ့လေ။
Mythology ကို စိတ်ဝင်စားတဲ့သူတွေဆို ပိုပီး အကြိုက်တွေ့စေမှာ သေချာပါတယ်။
ဖိုင် size ကလဲ မကြီးသလို ခက်ခက်ခဲခဲ install လုပ်စရာလဲ မလိုပါဘူး။
အပျင်းပြေဆော့ရင်း လွန်ခဲ့တဲ့ ၁၀နှစ် ၁၅နှစ်ကို ပြန်သွားကြရအောင်ဗျာ။
Age of Mythology
==============
https://drive.google.com/file/d/1_tkjOLprdK75E1iAOwm66i8rxfgE2oVz/view?usp=sharing
အခြားသော ဂိမ်းများ software များ လိုအပ်ပါကလဲ Geeky PC page အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
Official lifetime Window and Office license များကိုလဲ အချိန်မရွေး ဝယ်ယူနိုင်ပါတယ်ခင်ဗျ။
30/06/2021
Window လိုင်စင်လေးတွေ ရောင်းပီးတော့ နောက်ထပ် Microsoft Office Volume License လေးတွေနဲ့ မိတ်ဆက်ပေးပါဦးမယ်ဗျာ။
ကွန်ပျူတာ(၁)လုံးကို ရုံးသုံး/ကျောင်းသုံး စသုံးတော့မယ် ဆိုတာနဲ့ MS Office Suite ကို ထည့်သုံးကြရပါတယ်။
ကွန်ပျူတာအခြေခံ သင်တန်းတွေမှာလဲ သူကတော့ မပါမဖြစ် DTP (Desktop Publishing ) course အနေနဲ့ ကွန်ပျူတာတွေ ပေါ်ကာစကနေ လက်ရှိအချိန်အထိပါပဲ။
လူသုံးများတာ အခြေခံအနေနဲ့ကတော့ Office 2019/2016/2013/2010 တွေပါပဲ။
အဲတာကို ကျနော်တို့ဆီမှာက မလိုပဲနဲ့ Project တို့ Visio တို့ကိုပါ ထည့်ထားမိတတ်ကြပါတယ်။
ထည့်ထားမိရင် ဘာဖြစ်လဲဆိုတော့ ဘာမှ မဖြစ်ပါဘူး။
စက်တော့ ပိုလေးပါတယ်။ 😅
ကဲ၊ ခုမှ လိုင်စင်အကြောင်း စပြောပါမယ်။
သူလဲ window လိုပါပဲ။ လိုင်စင်မဝင်ဖူးဆိုရင် ကြာလာတာနဲ့အမျှ feature တွေ up-to-date မဖြစ်တော့ပါဘူး။
စာလေးရိုက်ဖို့ word လေး ဖွင့်လိုက်တာနဲ့ Activate your product ဆိုပီး ပေါ်နေပါမယ်။
ဖွင့်ပီး သုံးနေရင်းနဲ့လဲ အပေါ်မှာ အနီရောင်အတန်းလေး ပြပီး လိုင်စင်တောင်းနေပါမယ်။
Version အမြင့်တွေမှာဆိုရင် ကြာလာတာနဲ့ နောက်ဆုံး edit လုပ်ခွင့်တောင် မပေးတော့ပါဘူး။
Document တွေကို read-only နဲ့ ကြည့်ခွင့်ပဲရှိပါတော့မယ်။
ပြင်ရေးလို့ မရတော့ပါဘူး။
ဆိုတော့ သူလဲ Window လိုပဲ Activatorတွေ Reloader တွေနဲ့ လုပ်ပီး သုံးလို့မရဖူးလားဆိုတော့ ရပါတယ်။
ဒါပေမယ့် အဲတာကလဲ ခဏပါပဲ။
ခုကျနော်ထည့်ပေးမဲ့ license key တွေကျ lifetime တွေပါ။
ကွန်ပျူတာထဲက Office Application ကြီး ဖျက်မထုတ်ပစ်သရွေ့ တသက်တာအာမခံပါတယ်။
ပီးတော့ အဖိုးနည်းဝန်ပါဆိုသလို အပေါ်ကဟာတွေနဲ့ လုပ်တာထက် ၂၀၀% စိတ်ချရပါတယ်။
မည်သည့် အန်တီဗိုင်းရပ်စ် (Antivirus) နဲ့မှ ရန်မဖြစ်ပဲ ms server ကပေးတဲ့ Template အသစ်တွေ၊ Theme အသစ်တွေနဲ့ Word မှာပဲဖြစ်ဖြစ်၊ PowerPoint မှာဖြစ်ဖြစ် စမတ်ကျကျ သုံးရုံပါပဲ။
ရုံးမှာ PowerPoint နဲ့ presentation လုပ်တဲ့အခါကျ သူများထပ် ပိုလှပါတယ်။ 🤗😎
ဆိုတော့ ပြောတာလဲ ရှည်ပါပီ။
Office 2016 မြန်မာငွေ၅ထောင်ပါ။
ကျန်တဲ့ version တွေ သုံးတဲ့သူတွေကို အကြံပြုလိုတာကတော့ ဖြစ်နိုင်ရင် 16 လောက်တော့ ပြောင်းသုံးစေချင်ပါတယ်။
အရမ်းလဲ မဟောင်းသလို စျေးကလဲ သက်သာပါတယ်ဗျ။
ခု post ကို အဆုံးထိ ဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ 🙏🙏🙏
Microsoft Office 2016
=================
https://drive.google.com/file/d/1IOl0i8h43X-8MglkevhGZo5wbkhunRb-/view?usp=sharing
(Key တွေက တယောက်ချင်းဆီကို ပေးလိုက်လို့ မရတာမို့ TeamViewer လေးတော့ လိုပါမယ်)
TeamViewer download link - https://www.teamviewer.com/en/download/windows/
29/06/2021
ကျနော့်စိတ်ထင် ၂၀၁၀ ပတ်ဝန်းကျင်လောက်က တော်တော်လေး ဆော့ဖြစ်ခဲ့ကြတဲ့ ဂိမ်းလေးတခု ပြန်တင်ပေးလိုက်တယ်ဗျ
ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားမိစေတဲ့ ဂိမ်းလေးပါပဲ
Plant and Zombie 🌱 🧟
===================
https://drive.google.com/file/d/1XRl6ysSWjDtpcYMUT9ggt18FN_06tSwX/view?usp=sharing
Rar ဖြည်ပီးတာနဲ့ တန်းဆော့ရုံပဲဗျ
Geeky PC page မှာ လိုအပ်တဲ့ Window license, Microsoft office license များနဲ့ အခြားသော software များ, ကွန်ပျူတာဆိုင်ရာ အခက်အခဲများ အားလုံးကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်ခင်ဗျ
28/06/2021
Old skool game လေးတွေ ဆော့ချင်ကြသေးလားခင်ဗျ
တခြား page တွေမှာ ရောင်းနေကြပေမဲ့ ကျနော့် page မှာတော့ free ပဲ တင်ပေးသွားမှာပါဗျ
ဆယ်ကျော်သက် ရင်ခုန်သံလေးတွေကို ပြန်အသက်ပြန်သွင်းလို့ရအောင် General Zero Hour လေး စတင်ပေးလိုက်ပါတယ်ဗျ
တခြားဂိမ်းလေးတွေ ဆော့ချင်တာရှိလဲ မန့်သွားပေးလို့ရပါတယ်နော်
C&C General
https://drive.google.com/file/d/1KBWfiujCLXsVnniqH0N_9jfzcfM4Cu2a/view?usp=sharing
C&C General Zero Hour
https://drive.google.com/file/d/1i3MQt4cnqBJhBlUPZ_rqLtx8LAuGIpij/view?usp=sharing
26/06/2021
Window 11
==============
ခုရက်ပိုင်းမှာတော့ Window 11 က လူတိုင်းရဲ့ ကွန်ပျူတာစိတ်ဝင်စားသူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပါပီခင်ဗျ။ Microsoft ကနေလဲ official release သဘောမျိုး မထွက်သေးပေမဲ့ Beta version တွေကတော့ တင်ပီး စမ်းသုံးလို့ ရနေပါပီ။
UI ကတော့ တော်တော်လေး သိသိသာသာ ပြောင်းသွားပါတယ်။ အရင်ကဆို Start Menu က ဘယ်ဘက်အောက်ဒေါင့်မှာ ရှိရာကနေ ခုကတော့ Mac OS တွေလိုမျိုး အလယ်ကို ရွှေ့ထားပါတယ်ဗျ။ ညာဘက်ဒေါင့်က clock နဲ့ တခြား အသေးလေးတွေကတော့ အရင်အတိုင်းပဲ ထားရှိထားပါတယ်။ Start Menu ကလဲ အရင်ပုံမဟုတ်တော့ပဲ ဒီဇိုင်းအသစ်နဲ့ သုံးရမှာပါခင်ဗျ။
Window ရဲ့ logo ကလဲ အရင်ကနဲ့ မတူတော့ပဲ ဒေါင့်လေးတွေ လုံးထားတာကို တွေ့ရမှာပါ။ Themes တွေလဲ အရင်နဲ့မတူတော့ပဲ တော်တော်လေး ပိုလှလာပါတယ်။
နောက်တခုကတော့ ခုလို ကပ်ရောဂါကာလရဲ့ မရှိမဖြစ် App ဖြစ်တဲ့ Microsoft ရဲ့ Teams App ကို Task bar မှာ built-in ထည့်သွင်းပေးထားပီး Group call / Messaging စတာတွေ အသုံးပြုနိုင်မှာပါခင်ဗျ။
Touchscreen ပါတဲ့ surface လိုမျိုး tablet တဖြစ်လဲ PC တွေ အတွက်လဲ update တွေပါပါတယ်။ One-handed keyboard ၊ Voice typing ဒါမျိုးတွေ ထည့်သွင်းပေးလာပါတယ်ဗျ။
နောက်ထပ် အဓိက အသုံးတည့်မယ့် အချက်ကတော့ Microsoft store ကို ဆန်းသစ်ထားပီး Android app တွေကို တိုက်ရိုက် support လုပ်လာတာပါပဲခင်ဗျ။ Tiktok ကို PC နဲ့ တိုက်ရိုက်ကြည့်လို့ ရပါပီဗျ။ 😹Gaming ပိုင်းမှာဆိုလဲ Xbox console တွေရဲ့ Auto HDR မျိုး Window 11 မှာ ပါလာပါတယ်ခင်ဗျ။
ခြုံပြောရရင်တော့ Window 11 ဟာ အရင် Window 10 ထပ်တော့ တော်တော်လေး ပိုလှလာတာရော၊ အသုံးတည့်မှုပိုင်းရော ပိုကောင်းလာတယ်လို့ မြင်မိပါတယ်ဗျ။ လောလောဆယ်တော့ official release မလုပ်သေးပါဘူး။ နှစ်ကုန်ပိုင်းမှာ စဖြန့်မယ်လို့ ပြောထားပီး သတင်းကောင်းတချက်ကတော့ လက်ရှိ Window 10 သုံးနေသူတွေက Window 11 ကို အခမဲ့ရမယ်လို့တော့ ပြောထားပါတယ်ခင်ဗျ
Geeky PC မှာတော့ Window 11 iso ဖိုင်နဲ့ 11 တင်ချင်ရင်တော့ ရပါတယ်ခင်ဗျ။
ဒါပေမဲ့ လောလောဆယ်မှာတော့ beta version တွေသာ ဖြစ်သေးတာမို့ စမ်းပီးတင်သုံးချင်ရင်လဲ CB ကနေ ISO ဖိုင် တောင်းယူနိုင်ပါတယ်ခင်ဗျ။
_PC
Click here to claim your Sponsored Listing.
Category
Website
Address
Lashio Road
Maymyo