PDF.Witness
29/01/2022
ခင်ဦးမြို့နယ်၊ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ် အကြမ်းဖက်ပြည်သူနှစ်ဦးကျည်ထိမှန်
-People's Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်အကြမ်းေပစ်ခတ်ရာဒေသခံပြည်သူနှစ်ဦးကျည်ထိမှန်ထားပြီး ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) နံနက် ၁၀နာရီခန့်တွင် ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာသို့ အင်အား သုံးဆယ်ကျော်ပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်ရောက်လာခဲ့ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာနေပြည်သူအချို့ကိုလည်း ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးစစ်ဆေးနေပြီး ပြည်သူနှစ်ဦးပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
"နှစ်ယောက်အပစ်ခံလိုက်ရတယ်ပြောတယ်။ သေတာမသေတာကတော့မသိရသေးပါဘူး။"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။
ရွာခံများသည် နံနက်အစောကတည်းကထွက်ပြေးနေရပြီး အကြမ်းဖက်စစ်တပ်သည် ၄၀ မမ လက်နက်ကြီးဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း၊အကြမ်းဖက်စစ်တပ်နှင့်အတူ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပေါက်တောကျေးရွာ၊ သရက်ကန်ရွာများသို့ အင်အား ၈၀
ခန့်ပါသည့် စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Maymyo
S30K