StudyFlow Education 1
10/06/2026
📚 Singapore Mathematics Online Class for
Primary 1 (Age 5 – 6) & Primary 3 (Age 9 – 10) 📢
Singapore Mathematics သည် ကလေးများ၏ ✅ Logical Thinking ✅ Problem Solving Skills ✅ Critical Thinking Ability များကို တိုးတက်စေပြီး သင်္ချာကို နားလည်လွယ်အောင် Critical Thinking ဖြစ်အောင် သင်ကြားပေးသော နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးတစ်ခု ဖြစ်ပါသည်။
👦👧 Primary 1 တွင်
📍Number Sense
📍Addition & Subtraction
📍Shapes & Patterns တို့ကို
Fun & Interactive Learning ဖြစ်အောင် သင်ယူခွင့်ရရှိမှာ ဖြစ်ပြီး
👦👧 Primary 3 တွင်
📍Multiplication & Division
📍Fractions
📍Problem Solving Strategies
📍Higher Order Thinking Skills တို့ကို သင်ယူရမှာ ဖြစ်ပါတယ်
Zoom ဖြင့် face to face သင်ကြားပြီး 📝 Regular Practice & Guidance လည်းရှိမှာ ဖြစ်ပါတယ်
Homework ပြရန် Telegram အသုံးပြုပေးရပါမယ်
လူဦးရေအများကြီး လက်မခံတဲ့ Small Class Size မို့
လူမပြည့်ခင် အမြန်အပ်နှံစေချင်ပါတယ်နော်
တစ်လသင်တန်းကြေး - 40000 ks
သင်တန်းချိန် ⏬
⏩ Primary 1 - 9:00 - 10:00 a.m (Sat, Sun)
⏩ Primary 3 - 7:30 - 8:30 a.m (Sat, Sun)
စတင်သင်ကြားမည့်ရက် ⏩ 27.6.2026 (Saturday)
သင်္ချာကို အလွတ်ကျက်မဟုတ်ဘဲ "နားလည်စွာ တွေးခေါ်ဖြေရှင်းတတ်သော" ကလေးများ ဖြစ်လာစေရန် Singapore Mathematics ကို ယနေ့ပဲ စတင်လေ့လာလိုက်ပါ။
📩 အသေးစိတ်သိရှိလိုပါက
Page Messenger /
09798220296 (Viber ) သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
IS ( မြန်မာအခေါ် အင်္ဂလိပ်ကျောင်း) မတက်ဘဲ နိုင်ငံခြားတက္ကသိုလ်ထိ လှမ်းနိုင်တဲ့ လမ်းကြောင်းများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
📍အခြေခံလူတန်းစား နဲ့ လူလတ်တန်းစား မိဘများအတွက် အထူး ရည်ရွယ်ပါတယ်။
မြန်မာနိုင်ငံမှာ မိဘအများစု ယုံကြည်နေကြတာက “International School (IS) မတက်ရင် ကိုယ့်သားသမီး နိုင်ငံခြားတက္ကသိုလ်တွေ မရောက်နိုင်ဘူးလို့ ထင်နေကြတာပါ။ ဒါဟာ အမှန်တရား မဟုတ်ပါဘူး။
နိုင်ငံခြားတက္ကသိုလ်ကို သွားဖို့အတွက် IS သည် တစ်ခုတည်းသော လမ်း မဟုတ်ပါဘူး။
IS က ငွေကြေးအရ အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တယ်။
မိသားစုအများစုအတွက် မရောက်နိုင်တဲ့ စနစ်တစ်ခု ဖြစ်နေတယ်
ဒါပေမယ့် တက္ကသိုလ်တွေက ကြည့်တာ “ကျောင်းအမည်” မဟုတ်ပါ။ အရည်အချင်း (qualification) ကိုပဲ ကြည့်ပါတယ်။
🟥 လက်ရှိ မြန်မာ့အခြေအနေမှာ မိဘတွေက “အသက် (၁၈) မပြည့်ခင် ကိုယ့်ကလေးကို နိုင်ငံခြားကို လွှတ်ချင်ကြပါတယ်။
ဒါကြောင့် IS ကို မဖြစ်မနေ ရွေးကြတာပါ။
ဒါပေမယ့် IS မတက်ဘဲလည်း အသက် (၁၈) မပြည့်ခင် နိုင်ငံခြားတက္ကသိုလ်လမ်းကြောင်းကို ဖွင့်နိုင်ပါတယ်။
ဘယ်လမ်းကြောင်းကနေ သွားနိုင်မလဲဆိုရင် Homeschooling ကနေ International University ကို တကယ်ရှိတဲ့ ပေါင်းကူးလမ်းပါ။
Homeschooling ဆိုတာ ကျောင်းမတက်ဘူးလို့ အဓိပ္ပါယ်မဟုတ်ပါ။ ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့ ပညာရေးလမ်းကြောင်းကို ကိုယ်တိုင် စီမံပေးတာ ပါ။
Homeschooling ကနေ နိုင်ငံတကာ တက္ကသိုလ်ထိ ပေါင်းကူးပေးနိုင်တဲ့ စာမေးပွဲတွေ ရှိပါတယ်။
🔷 အထက်တန်းနဲ့ ညီမျှတဲ့
✓ GED
✓ IGCSE / A Level
🔷 တက္ကသိုလ်ဝင်စာမေးပွဲ
SAT / ACT
🔷 ဘာသာစကား
Duolingo / IELTS / TOEFL (အင်္ဂလိပ်)
JLPT (N5–N1) (ဂျပန်) နဲ့ အခြားဘာသာစကားများ
ဒီစာမေးပွဲတွေက ကျောင်းတက်ခဲ့လား မတက်ခဲ့လား မမေးပါဘူး။
ကျွမ်းကျင်မူ့ ရှိ မရှိ နဲ့ ဖြေနိုင်လား မဖြေနိုင်လားပဲ ကြည့်ပါတယ်။
🟩 ဒီလမ်းကြောင်းနဲ့ လျှောက်လို့ရတဲ့ နိုင်ငံများ
✓ အမေရိကန်( ယခု ပိတ်ထား)
✓ ယူကေ
✓ ကနေဒါ
✓ ဂျပန်
✓ ဩစတြေးလျား
✓ ဥရောပ တချို့နိုင်ငံများ
✓ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ
✓ မလေးရှားနိုင်ငံ
တချို့တက္ကသိုလ်တွေမှာဆို Foundation မလိုဘဲ တိုက်ရိုက် လျှောက်လို့ရပါတယ်။
🟨 ငွေကြေးအမြင်ကနေ ပြန်စဉ်းစားကြည့်ရအောင်
IS တစ်နှစ်စာ ကုန်ကျစရိတ်သည်
homeschooling နဲ့ စာတတ်မြောက်အောင် သင်ကြားမူအတွက် ကုန်ကျစရိတ် အပြင်
✓ နိုင်ငံတကာ စာမေးပွဲကြေး
✓ ဘာသာစကား skill
✓ Academic skill
✓ Portfolio / skill-based preparation တွေ အားလုံးကို ပြီးမြောက်ဖို့ ကုန်ကျစရိတ်နဲ့ ညီမျှနိုင်ပါတယ်။
🟥 ကျောင်းတက်ပြီး စာမတတ်နိုင်တဲ့ ပညာရေး စနစ်အတွက် ငွေကုန်၊ အချိန်ကုန် ခံနေမလား???
အနာဂတ်မှာ အသုံးချနိုင်တဲ့ လုပ်လို့ရမယ့် skill တွေအတွက် အချိန် နဲ့ ငွေကို ရင်းနှီးမလား???
မိဘတွေ ပြန်ရွေးရမယ့် အချိန်ပါ။
🟧 English ၊ သင်္ချာ၊ သိပ္ပံကို primary မှာကတည်းက
အခြေခံပါအောင် ကျွမ်းကျင်မှုရှိအောင် လုပ်ထားပါ
အလယ်တန်းရောက်ရင် ကိုယ်တိုင် self study လုပ်တတ်အောင်
လေ့ကျင့်ပေးပါ။ self study လုပ်တတ်တဲ့ကလေးတစ်ယောက်အတွက်က IS မတက်လည်း နိုင်ငံခြားတက္ကသိုလ်တွေကို တက်လို့ရတဲ့ အခွင့်အလမ်းတွေအများကြီး ရှိပါတယ်။
🟦 Homeschooling ဆိုတာ
အခြေခံလူတန်းစား၊ လူလတ်တန်းစား မိဘတွေအတွက် အခွင့်အလမ်းကို မပိတ်ထားပဲ အခွင့်အလမ်းကို ဖွင့်ပေးတာပါ။
မသိလို့ ကြောက်နေတာပါ။ သိလာရင် ကြောက်စရာ မရှိတော့ပါဘူး။
အသက်အရွယ်အလိုက် homeschooling ပုံစံကို အသေးစိတ် ထပ်ပြီး ဖော်ပြသွားပေးပါမယ်။
မူရင်း post ပိုင်ရှင်ကို လေးစားစွာဖြင့် credit ပေးပါတယ် 🥰
12/01/2026
Job Interview Questions & Answers
အော် 🫡
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Block 5
Maymyo
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |