CTC Computer Training Centre

CTC Computer Training Centre

Share

18/03/2024

Quote of the Day!

ပတ်ဝန်းကျင်ဆိုတာ လူကြိုက်များတဲ့
စံနှုန်းတွေ သတ်မှတ်သွတ်သွင်းထားတဲ့...
သေတ္တာကြီးတစ်လုံးလိုပါပဲ။
ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝဖြစ်တည်မှုနဲ့...
ယုံကြည်ချက်ဟာ...ကိုယ့်ကိုကိုယ်ရော...သူများကိုပါ
မထိခိုက်ဘူးဆိုရင်... ကိုယ်လုပ်စရာရှိတဲ့
အလုပ်ကို ဆက်လုပ်ဖို့… ကိုယ့်လမ်းကို ဆက်လျှောက်ဖို့ပါပဲ။

15/03/2024

“Laptop Internal Keyboard Disable ပြုလုပ်နည်း”

မင်္ဂလာပါရှင်။

ဒီနေ့မှာတော့ laptop internal keyboard disable ပြုလုပ်နည်းလေးကို knowledge sharing အနေနဲ့ မျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်။

အကယ်၍ မိမိရဲ့ laptop keyboard မှာတချို့ key တွေ အလုပ်မလုပ်တော့တာ၊ ကိုယ်ဘာမှမနှိပ်ပဲ key တွေက auto ပြေးနေတာမျိုးတွေဖြစ်နေပြီဆိုရင် internal keyboard ကို disable ပြုလုပ်ထားပြီး အခြား external keyboard တွေနဲ့ join ပြီး အလုပ်လုပ်ရမှာြဖစ်ပါတယ်။

ဒါဆိုရင် internal keyboard disable လုပ်တဲ့နည်းလမ်းလေးကို တဆင့်ချင်းလေ့လာကြည့်ရအောင်။

✅Logo+R

✅devmgmt.msc (device manager)

✅ကျလာတဲ့ box ထဲမှ keyboards ဆိုတဲ့ option ကိုရွေးပါ။

✅Standard PS/2 keyboard ပေါ် Right click နှိပ် > update driver software မှာ click နှိပ်။

✅Browse my computer for driver software မှာ click > Let me pick from a list of available drivers on my computer ကို‌ရွေးပါ။

✅Show compatible hardware မှာအမှန်ခြစ်ဖြုတ်ပါ။

✅ပြီးရင် manufacturer, model မှာ ကိုယ့်စက်နဲ့မတူတဲ့ စက်အမျိုးအစားအမည်တခုကိုရွေးပါ။ > Next > Yes မှာ click နှိပ်။

✅System settings change > Yes မှာ click နှိပ်ပါ။

ဒါဆိုရင်တော့ ကိုယ့် Laptop ရဲ့ internal keyboard က Disable ဖြစ်သွားမှာပဲဖြစ်ပါတယ်ရှင်။
ပြီးရင်တော့ အခြား external keyboard တွေနဲ့ join ပြီးအသုံးပြုလို့ရသွားပါပြီ။

အားလုံးပဲအဆင်ပြေပါစေရှင်။





#ကွန်ပျူတာသင်တန်း
#ပြင်ဦးလွင်

Want your business to be the top-listed Computer & Electronics Service in Maymyo?
Click here to claim your Sponsored Listing.

Website

Address


Y. K. K-3, Mandalay-Lashio Road
Maymyo
05081