Computer King
28/09/2022
လှေကို ဆေးသုတ်ပေးဖို့
လှေပိုင်ရှင်က သူ့ကို
အလုပ်အပ်တယ်။
စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး
လှေပိုင်ရှင်
လိုချင်တဲ့အတိုင်း
အနီရောင်
တောက်တောက်လေး
သုတ်ပေးလိုက်တယ်။
ဆေးသုတ်နေရင်းနဲ့
လှေဝမ်းဗိုက်မှာ
အပေါက်လေးတစ်ပေါက်
ပေါက်နေတာကို
သတိထားမိတာနဲ့
အပေါက်လေးကိုပါ
ဖာပေးလိုက်တယ်။
လှေတစ်စီးလုံး
ဆေးသုတ်ပြီးသွားတော့
လက်ခငွေယူပြီး
သူ ပြန်လာခဲ့တာပေါ့။
နောက်နေ့ကျတော့
လှေပိုင်ရှင်က သူ့ဆီလာပြီး
ချက်လက်မှတ်
တစ်စောင်ပေးတယ်။
ချက်လက်မှတ်ထဲမှာ
ရေးထားတဲ့ငွေပမာဏက
တော်တော်များတယ်။
ဒီတော့
ဆေးသုတ်သမားလည်း
အံ့အားသင့်နေတာပေါ့။ ''
ကျွန်တော့်ကို
မနေ့က ဆေးသုတ်ခ
ပေးပြီးသွားပါပြီခင်ဗျာ''
လို့ ပြောတော့ ''
ဒါက ဆေးသုတ်ခ
ပေးတာမဟုတ်ပါဘူး။
လှေအပေါက်ကို
ဖာပေးလို့ ပေးတာပါ'' လို့
လှေပိုင်ရှင်က ပြန်ပြောသတဲ့။
အော် ရပါတယ် ဆရာ။
ကျွန်တော် လုပ်ပေးတာ
အသေးအဖွဲလေးပါ။
ဒီလောက်အများကြီး
ပေးစရာမလိုပါဘူး''
ဆိုတော့မှ လှေပိုင်ရှင်က
ဖြစ်ကြောင်းကုန်စင်
ရှင်းပြတယ်။
ဖြစ်ပျက်ခဲ့တာတွေကို
မိတ်ဆွေကြီးက
မသိသေးဘူးဆိုတော့
ကျွန်တော် ရှင်းပြပါ့မယ်။
လှေကို
ဆေးသုတ်ခိုင်းတုန်းက
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေတာကို
မပြောလိုက်မိဘူး။
ဆေးခြောက်သွားတာနဲ့
ကျွန်တော့်ကလေးတွေက
လှေကိုယူပြီး
ငါးမျှားထွက်ကြတယ်လေ။
သူတို့ကလည်း
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေမှန်း
မသိကွဘူး။
အဲဒီအချိန်မှာ
ကျွန်တော်ကလည်း
အိမ်မှာ မရှိဘူးလေ။
ကျွန်တော်
အိမ်ပြန်ရောက်တော့
ကလေးတွေ
လှေယူသွားမှန်း
သိလိုက်ရတာနဲ့
ထိတ်ခနဲ
ဖြစ်သွားတော့တာပေါ့။
လှေဝမ်းဗိုက်
ပေါက်နေတာကို
ကျွန်တော်
သတိရသွားတယ်လေ။
သူတို့တွေ
ငါးမျှားထွက်ရာကနေ
ဘေးမသီ ရန်မခဘဲ
ပြန်လာတာ
မြင်လိုက်ရတော့
ကျွန်တော်
ဘယ်လောက်တောင်
ပျော်သွားလဲဆိုတာ
မိတ်ဆွေကြီး
တွေးကြည့်လိုက်ပေါ့ဗျာ။
လှေကို
ပြေးကြည့်လိုက်တော့မှ
မိတ်ဆွေကြီးက
အပေါက်ဖာပေးထားမှန်း
သိတာ။
အခုတော့
မိတ်ဆွေကြီးလည်း
ဖြစ်ကြောင်းကုန်စင်
သိရပါပြီ။
ကျွန်တော့်ကလေးတွေ
အသက်ကို မိတ်ဆွေကြီး
ကယ်ပေးလိုက်တာပဲ။
ခင်ဗျားပြောတဲ့
စေတနာအသေးအဖွဲလေး
အတွက်
ကျွန်တော်ပေးတဲ့
ငွေပမာဏက
အများကြီးနည်းပါတယ်။
အဲဒီစေတနာကို
ထိုက်ထိုက်တန်တန်
ပြန်ပေးဆပ်ဖို့ ဆိုရင်
ကျွန်တော့်ပိုင်ဆိုင်မှု့
နဲ့တောင် မလောက်ပါဘူး
"""သင်ခန်းစာ"""
ဘယ်သူ့ကိုမဆို
ဘယ်အချိန်မှာ
ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်
ကိုယ်တတ်နိုင်တဲ့ဘက်က
ကူညီပေးလိုက်ပါ။
ကိုယ်တွေ့တဲ့
အပြစ်အနာအဆာ၊
ချွတ်ယွင်းချက်တွေကို
ပြုပြင်ဖာထေး
ပေးလိုက်တာဟာ
တခြားသူတွေအတွက်
ဘဝတစ်သက်တာ
မေ့မရနိုင်တဲ့ ကူညီမှု့
ဖြစ်သွားနိုင်ပါတယ်။
ကိုယ်စွမ်းသလောက်
အကောင်းဆုံး
လုပ်ပေးခြင်းဟာ
ကြီးမားတဲ့
အပြောင်းအလဲတွေကို
ဖြစ်စေလို့ပါပဲ။
တချိန်မှာ
ကိုယ့်ရဲ့စေတနာကလည်း
အံ့အားသင့်ဖွယ်
ရောင်ပြန်
ဟပ်လာပါလိမ့်မယ်။
လေးစားစွာဖြင့်
Credit...Original Writer✍️
23/08/2022
ကိုယ့်အပေါ်မကောင်းလို့
မကောင်းသလို ဆက်ဆံတာကသဘာဝကျပါတယ် ။
ဒါက စိတ်ထားယုတ်တာ မဟုတ်ဘူး ။
ဥာဏ်ရှိတာလို့ ပြောလို့ရတယ် ။
မကောင်းတဲ့သူကို ဆက်ပေါင်းပြီး ကောင်းပေးနေလည်း
တန်ဖိုးမရှိဘူးဆိုပြီး ဆက်အသုံးချ စော်ကားနေဦးမှာပဲလေ ။
တချို့လူတွေက
သူတို့အရောင်အတိုင်း ဆက်ဆံမှ ရှိန်သွားတတ်တာမျိုး ။
Crd
23/08/2022
လူရာဝင်တယ်ဆိုတာ
+++++++++++++
လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။
ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊
ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။
လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။
လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။
အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။
လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။
၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း
သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။
၂။ ပတ်ဝန်းကျင်ကို ဝင်ဆန့်လွယ်ခြင်း
သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ဝင်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မရှင်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာသွားတာပါ။
၃။ သူများ အပေါ် သဘောထားကြီးခြင်း
လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဉာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဉာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။
၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်။
၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း
ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။
၆။ ယဉ်ကျေးခြင်း၊
ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာတာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊
ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း၊
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။
၈။ ကျေးဇူးတင်တတ်ခြင်း၊
ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။
၉ ။ အချိန်တိကျခြင်း၊
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ်ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြုပြင်သင့်ပါတယ်။
၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊
အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။
၁၁။ သီးခံတတ်ခြင်း၊
ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။
၁၂။ ကတိတည်ခြင်း
ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။
ီ_ဘာ_ဘာ
လေးစားစွာမျှဝေပေးပါသည်
Click here to claim your Sponsored Listing.
Category
Website
Address
Mawlamyine