Life cycle

Life cycle

Share

30/08/2020

ကိုဗစ် ကိုကာ ကွယ်ရင်းမိမိခန္ဓာကိုယ်အတွက်လိုအပ်သော အဟာရများကို Tiens zinc အဟာရအားဖြည့်ဓာတ်စာမှ ဖြည့်စွက်လိုက်ကြရအောင်နော်။

ဇင့် သည် ရှားပါးသော ဒြပ်စင်ဖြစ်သည်။ရှေးခေတ်ကတည်းကဇင့်ရဲ့အကျိုးသက်ရောက်မှုကိုသိရှိပြီးသားဖြစ်သည်။ ၎င်းသည်ဆဲလ်အားလုံး၏ဇီဝဖြစ်စဥ်အများစုကိုအကျိုးသက်ရောက်စေသည့်ရာနဲ့ချီသောအင်
ဇိုင်းများ၏လုပ်ဆောင်မှုကိုလှုံံ့ဆော်ပေးသည်။

အနာများကိုကုသခြင်း၊အရေပြားယားယံခြင်း၊ ဆံပင်၊ လက်သည်းနှင့် ဇီဝဖြစ်စဥ်များအားလုံးကိုသိသိသာသာပြောင်းလဲမှုကိုရရှိမှာဖြစ်ပါတယ်။

Zinc 1ဗူးက်ို အတောင့်၆၀ပါပြီး
၁တောင့်ကိုမှ ၃၀၀ကျပ်ပဲကျပါတယ်

အသေးစိတ်ကို Cbတွင်လာရောက်ဆွေးနွေးနိုင်ပါသည်။
မှာယူလိုပါက လိုပါက လိပ်စာနှင့်ဖုန်းနံပါတ်ကို ပေးပို့လိုက်ပါ။

မြန်မာတစ်နိုင်ငံလုံးအနှံအပြားပို့ဆောင်ပေးပါတယ်။

စုံစမ်းမေးမြန်းရန်ဖုန်းနံပါတ် 09779808743

07/08/2020

ဝက်ခြံရှိသူလေးတွေ လုပ်မိတတ်တဲ့ အသားအရေထိန်းသိမ်းမှု အလွဲလေးများ

ဝက်ခြံက လူတော်တော်များများ ခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံက အလှအပကို ထိခိုက်စေသလို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ဆိုရင် စနစ်တကျ မလုပ်ဆောင်ဘူးဆိုရင်တော့ ကောင်းလာထက်ဖို့ထက် ဆိုးသွားဖို့က ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ဒီတော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံပျောက်ချင်လို့ဆိုပြီး အခုလို အများတွေများလုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်ရအောင်လား………..

ဝက်ခြံကို ဒါတွေများလုပ်မိနေလား…………….
မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံလေးတွေ ပျောက်ချင်ဇောနဲ့ ဒါတွေလုပ်မိနေလား ဆန်းစစ်ကြည့်ရအောင်။

မျက်နှာကို ခဏခဏသစ်နေမိတယ်

မျက်နှာ ခဏခဏသစ်လို့ ဝက်ခြံမပျောက်ပါဘူး။ အသားအရေက ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အနေအထားဖြစ်စေတာ​ကြောင့် မျက်နှာမှာ ရောင်ရမ်းတာတွေတောင် ပိုဖြစ်နိုင်ပါတယ်။

မျက်နှာကို ခဏခဏ scrub လုပ်တယ်

ဝက်ခြံတွေကို သက်သာစေချင်တာရော မျက်နှာကိုနာအောင် အလှပျက်အောင်လုပ်တယ်ဆိုတဲ့ အငြိုးရော ပေါင်းပြီး scrub တွေ ခဏခဏလုပ်နေမိလို့ကတာ့ ဝက်ခြံတွေက အပြုံးမပျက်ဘဲ အထိနာမှာ လုပ်မိတဲ့ ကိုယ်တွေပါ။ ဝက်ခြံရှိတဲ့အသားအရေက scrub လုပ်ရမယ်ဆိုပေမယ့် တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ဆိုရင် လုံလောက်ပါပြီ။ သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ scrub မျိုးကိုပဲ ရွေးပါ။

ဝက်ခြံတွေကို ညှစ်တယ်

ဝက်ခြံတွေဖြစ်လာတဲ့အခါ ညှစ်တတ်ကြတဲ့သူတော်တော်လေးများပါတယ်။ ဒီလိုညှစ်လိုက်တဲ့အခါ ပိုးဝင်သွားပြီး အမာရွတ်ဖြစ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ဝက်ခြံက နီမြန်းရောင်ရမ်းနေမယ်ဆိုရင်တောင်မှာ မညှစ်ပါနဲ့။ ရေနွေးနွေးလေးကို ဂွမ်းစလေးမှာ ဆွတ်ပြီး ကပ်ပေးတာမျိုးပဲလုပ်ပါ။ ဒါက ဝက်ခြံကို မြန်မြန်ပျောက်စေမှာပါ။

Moisturizer မသုံးဘူး

ဝက်ခြံရှိတာကြောင့် ဝက်ခြံသက်သာစေဖို့ဆေးတွေ သုံးတဲ့အခါ အသားအရေက ခြောက်သွေ့နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Moisturizer သုံးဖို့လိုပါမယ်။ ဒီလို အသုံးပြုတာက ချွေးပေါက်တွေကို ပိတ်စေပြိး ဝက်ခြံပိုဆိုးစေမယ်လို့ ထင်စရာရှိပေမယ့် Moisturizer ခရင်မ် အမျိုးအစားမဟုတ်တာမျိုးကို ရွေးလို့ရပါတယ်။ Moisturizer က အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ကျန်းမာနေစေဖို့ အထောက်အကူပြုပေးပါတယ်။

နေလောင်ကာခရင်မ် မသုံးဘူး
ဝက်ခြံရှိသူတွေ လုပ်မိတတ်တဲ့ အကြီးမားဆုံး အမှားတစ်ခုပါ။ တကယ်ကတော့ အသားအရေက နေလောင်ဒဏ်ကနေ မဖြစ်မနေကာကွယ်ဖို့လိုပါမယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်မှ ဝက်ခြံကလည်း သက်သာပြီး ဝက်ခြံအမာရွတ်တွေ ကင်းမှာပါ။

ဒါပေမယ့် တော်တော်များများက နေလောင်ကာခရင်မ်လူးရင် ဝက်ခြံပိုဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် အပြင်ထွက်ခါနီးတိုင်း ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ပြောပါရစေနော်။

ခေါင်းပေါ်က ဗောက်တွေကို အမှုမဲ့အမှတ်မဲ့ထားထားတယ်

ဝက်ခြံပျောက်ချင်တယ်ဆိုရင် ဦးရေပြားကို မေ့ထားလို့မရပါဘူး။ ဦးရေပြားမှာ ဗောက်တွေရှိနေတာက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် ခေါင်းကို ပုံမှန်လျှော်ပြီး ဦးရေပြားမှာ ဗောက်ကင်းအောင် ဂရုစိုက်ပါ။

Cleansing Water ကို အသားအရေပေါ်မှာ အချိန်အကြာကြီးထားတယ်

မျက်နှာကို ရေမလို မျက်နှာသန့်စင်ဆေးရည်တွေသုံးပြီး သန့်စင်တယ်ဆိုတိုင်း မျက်နှာ ထပ်သစ်ဖို့ မလိုဘူးဆိုပြီး မထားလိုက်ပါနဲ့။ ၁ဝ မိနစ်မတိုင်ခင်မှာ မျက်နှာကို မျက်နှာသစ်ဆပ်ပြာအသုံးပြုပြီး ဆေးကြောသန့်စင်ပါ။ ဒါမှာ အသားအရေ ထိခိုက်မှုကင်းပြီး ဝက်ခြံသက်သာစေမှာပါ။

ဝက်ခြံအတွက် ဆေးတွေကို အများကြီးသုံးတာ

ဆေးလိမ်းတယ် သက်သာတယ်။ အများကြီးလူးရင် မြန်မြန်သက်သာမယ်ဆိုတဲ့ အယူအဆဆက မမှန်ပါဘူး။ ဝက်ခြံပျောက်ဆးတွေကို မှန်ကန်တဲ့ ပမာဏနဲ့ အချိန်မှန်မှန် လူးပေးရမှာပါ။ ဆေးလူးပေးသလို အသားအရေကိုလည်း ပြန်လည်ပြုပြင်မှုတွေလုပ်ဖို့ အချိန်ပေးရပါမယ်။

ကဲ…အခုပြောတာတွေထဲက ဘယ်နှချက်လောက်လုပ်မိနေလဲ…ဝက်ခြံမပျောက်တာက ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်လို့ သေချာလေးဂရုစိုက်စေချင်ပါတယ်နော်။

Want your business to be the top-listed Gym/sports Facility in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mawlamyine
��