STAR Beauty Mart

STAR Beauty Mart

Share

20/02/2021
06/01/2021

ပေါင်းစပ် အသားအရေ (Combination Skin)

အသားအရေတိုင်းလိုလို အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးလောက် ဖက်စပ်မှု ရှိကြပါတယ်။ မျက်နှာပြည့်ပြီး အရောင် အဆင်း ညီညာပြေပြစ်ပေမယ့် နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေအဆီ နည်းနည်း ပြန်ပါတယ်။ T-zone လို့ ခေါ်တာပေါ့။တချို့ကျတော့ ချွေးပေါက်တွေ ကျယ်ပြီး နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေမှာ အဆီပြန်တာ များပါတယ်။ ဒါပေမယ့် ပါးပြင်နဲ့မျက်ဝန်းအောက် ဘက်နေရာတွေမှာတော့သာမန်(သို့) ခြောက်သွေ့တဲ့ အသားအရေမျိုး ရှိတတ်ပါတယ်။

ဒီတော့ ဒီလို နှစ်မျိုးဖက်စပ်မှုရှိနေတဲ့ အသားအရေအမျိုးအစားကို လိမ်းခြယ်တဲ့နေရာမှာ နှစ်မျိုးခွဲပြီး လိမ်းရပါမယ်။ သာမန်(သို့) ခြောက်သွေ့တဲ့နေရာကို အစိုဓာတ်ထိန်းဆေး လိမ်းပေးပြီး အဆီပြန်တဲ့နေရာမှာအဆီကို စုပ်ယူစေတဲ့ အမျိုးအစား လိမ်းဆေးကိုလိမ်းပေးရပါမယ်။

ရှောင်ရန်

• T-zone နေရာတွေမှာ ပြင်းထန်တဲ့လိမ်းဆေးများ မလိမ်းသင့်ပါ။

• အရေပြား လွှာထုတ်သည့် scrubs များ။

• မိတ်ကပ် မဖျက်ဘဲ အိပ်ရာဝင်ခြင်း

• အရက်ပြန် ခပ်ပြင်းပြင်းနဲ့ ဖော်စပ်ထားတဲ့ တိုနာ (strong-alcohol-based toners)

ဆောင်ရန်

• အားဖြည့်ဆေးရည်ပါ မျက်နှာဖုံးစွပ်(Mask)များ

• ညလိမ်း ခရင်(မ်)

• နေရောင်ကာ လိမ်းဆေးပါ အစိုဓာတ်ထိန်း ဆေးများ။

နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်

05/01/2021

အဆီပြန်သော အသားအရေ(Oily Skin)

နဂို အဆီပြန်တဲ့ အသားအရေရှိသူအနေနဲ့ သဘာဝအစိုဓာတ်များ ပြည့်ဝနေတဲ့အတွက် ရာသီဥတု အပူ၊အအေး ဒဏ်ကိုခံနိုင်ရည် ရှိပြီး အရွယ်တင် နုပျိုစေနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့်သာမန် အဆီပြန်တာမျိုး မဟုတ်ဘဲ အဆီပြန်လွန်းနေရင်တော့ ချွေးပေါက် ကျယ်သွားတတ်တာကို သတိပြုရပါမယ်။

အဆီပြန်တယ်ဆိုပြီး မကြာခဏ မျက်နှာသစ်တာမျိုး၊
နှိပ်နယ် တာမျိုးကို လုပ်လွန်းရင်လည်း အဆီကျိတ် လေးတွေပိုမို တိုးပွားလာ စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပါတယ်။

❌ရှောင်ရန်❌

• မိတ်ကပ်အောက်ခံ ပြောင်လက်နေတာမျိုး။

• အရက်ပြန်ပါတဲ့ တိုနာ (alcohol - based toners)

• ဆပ်ပြာနှင့် ရေ။

• အဆီဓာတ်ပါ အစိုဓာတ်ထိန်းဆေး (oil - based moisturizers) များ

• မျက်နှာကို မကြာခဏ ကိုင်တွယ်ထိတ်ဖဲ့နေခြင်း။

✔️ဆောင်ရန်✔️

• အဆီဓာတ်မပါတဲ့ မိတ်ကပ်အောက်ခံနှင့် အစိုဓာတ် ထိန်းဆေးများ

• အလှကုန်ပစ္စည်းတွေမှာ non - comedogenic နှင့် non -acnegenic ပါသည်များ

• Tea tree grape fruit တို့နှင့် ပြုလုပ်ထားတဲ့ ရနံ့အဆီ

• ထူပျစ်ပြည့်ဝတဲ့ခရင်(မ်)နှင့်အရည်များအစား သန့်စင်အဆီများ cleansing oils ကို သုံးပါ။

နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်👍👍

03/01/2021

ခြောက်သွေ့သော အသားအရေ (Dry Skin)

အသားအရေ ခြောက်သူတွေ သတိထားသင့်တဲ့ အထဲမှာ မိမိအသားအရေဟာ ခြောက်လို့ဆိုပြီး အဆီဓာတ်ပါတဲ့ ခရင်မ်ကိုလိမ်းဖို့ လိုအပ်တာလား။ ဒါမှမဟုတ် အရေပြားမှာ ရေဓာတ်လိုတာလား ဆိုတာ အရင် ခွဲခြားဖို့ပါပဲ။ တချို့က ရေဓာတ် လိုနေတာကိုမသိဘဲ အဆီဓာတ်ကိုပဲလိမ်းနေတာဟာ နည်းလမ်းအမှန်တော့ မဟုတ်ဘူးလေ။ တကယ်တမ်း ခြောက်သွေ့တဲ့အသားအရေ
ရှိသူဟာ တစ်ရက်ကို ရေ ရှစ်ဖန်ခွက်လောက်တော့ သောက်ဖို့သင့်တယ်။ ပြီးတော့ရေဓာတ်ပါတဲ့ခရင်(မ်)ကိုလည်း လိမ်းပေးဖို့ လိုပါတယ်။

နေပူထဲသွားရင် အသားအရေ ခြောက်သလိုပဲ လေအေး
ပေးစက်အခန်းတွင်းမှာ နေတာ၊ လေတိုက်တဲ့ နေရာမှာ နေတာတွေကလည်း အသားအရေကို ခြောက်သွေ့စေတာ ပါပဲ။ဒါကြောင့် နေပူလေပူထဲ သွားတဲ့သူဖြစ်စေ၊ လေအေးပေးစက်အခန်းထဲမှာနေသူ ဖြစ်စေ အစိုဓာတ်ထိန်း ဆေးခရင်မ်(သို့)အရည်Moisturizer ကို တစ်နေ့ နှစ်ကြိမ်လောက် အနည်းဆုံး လိမ်းပေးသင့် ပါတယ်။ ညအိပ်ရာဝင်ချိန်မှာလည်း ညလိမ်းခရင်(မ်) Night Cream ကို လိမ်းရပါမယ်။

ခြောက်သွေ့တဲ့ အရေပြား Dry Skin ဟာအဆီဓာတ်
ထုတ်လုပ်မှု နည်းပါးသလို အစိုဓာတ် ထိန်းသိမ်းမှုလည်း မရှိသလောက်ပါပဲ။ အရေပြားမှာ ရေဓာတ်ခန်းခြောက်နေတဲ့ Dehydrated Skin အမျိုးအစားကျတော့ ရေဓာတ် လုံးဝခန်းခြောက်နေသလိုမျိုးဖြစ်ပြီး ပါးပြင်တွေပေါ်မှာပါ အတွန့်အရေးအကြောင်းများကို ရှုပ်ယှက် ခတ်နေအောင် ထင်ထင်ရှားရှား မြင်တွေ့ နေရတတ်ပါတယ်။

ရှောင်ရန်

• အခြေအနေ ပိုမို ဆိုးရွားစေနိုင်တဲ့အတွက် နေပူထဲ အမိုးအကာ မပါဘဲ မသွားသင့်ပါ။

• မွှေးရနံ့နဲ့ အရက်ပြန်ပါတဲ့ အလှကုန်ပစ္စည်းမျိုးကို မလိမ်းမိပါစေနဲ့။

• အဆီဓာတ် လိုတာထက် ပိုမလိမ်းမိအောင်သတိထားပါ။

ဆောင်ရန်

•အစိုဓာတ် အလွယ်တကူ ထွက်မသွားအောင် ဆီလီကွန် Silcone ဖြစ်စေ၊ ကော်လာဂျင် Collagen ဖြစ်စေ ပါတဲ့အလှကုန်ပစ္စည်းများကို ရွေးချယ် အသုံးပြုပါ။

• နေ့ဘက်ကို နေရောင်ကာပါတဲ့ အစိုဓာတ် ထိန်းဆေး ၊
Moisturizer လိမ်းပါ။

• အားဖြည့်ဆေးရည်နဲ့ ရေဓာတ် ပေးနိုင်စွမ်းတဲ့ မျက်နှာဖုံးစွပ်(Mask)ကို သုံးပါ။

• ဗီတာမင် အီး၊ ထောပတ်ဆီ၊ hyaluronic acid နှင့်
ceramides ပါတဲ့ အလှကုန်များကို ရွေးလိမ်းပါ။

နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်

07/09/2020

🤩အထူးလျှော့စျေးနဲ့ ရောင်းချပေးသွားမည့် Live Sale အစီအစဉ်လေး လာပါပြီရှင်🤩

Loreal, Revlon, Catrice, Amuse, Camella, Bella နဲ့ အခြားအလှကုန်ပေါင်းများစွာကို Special Discount ဖြင့်ရောင်းချပေးသွားမည့်အပြင် ကံစမ်းမဲလေးတွေလဲဖောက်ပေးဦးမှာပါရှင့်

Live Sale အချိန်ကတော့(9.9.2020)ဗုဒ္ဓဟူးနေ့ ညနေ6:00 အချိန်မှာ တိုက်ရိုက်Live လွှင့်ရောင်းချပေးသွားမှာမို့ Live အစီအစဉ်လေးကို စောင့်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးနော်

Want your business to be the top-listed Beauty Salon in Mandale?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandale

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 20:00