Your Health
31/10/2020
ယနေ့တွင် ကျွန်တော်တို့မြန်မာနိုင်ငံ၌ သီတင်းကျွတ် မီးထွန်းပွဲဆင်နွုဲကြသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ဆီမီးမျှောပွဲကိုဆင်နွဲကြပါသည်။ ထိုင်းနိုင်ငံ၏ ဆီမီးမျောသောပွဲကို လွိုင်ကထုံ (Loi Krathong) ပွဲဟု လူသိများကြပါသည်။ လွိုင်ဆိုတာဒီနေရာမှာမျှောတာလို့ဆိုလိုပြီး ကထုံဆိုတာကတော့ ရေပေါ်မှာပေါ်နိုင်တဲ့ ကြာပွင့်ပုံအလှဆင်ထားတဲ့ အရာကိုပြောတာဖြစ်ပါတယ်။ အရင်ကတော့ ဖော့ကိုအသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချစေရန် အရွက်များ၊ ငှက်ပျောတုံးများ၊ အစရှိသော ငါးများ၊ လိပ်များ စားနိုင်မည့် သဘာဝပစ္စည်းများနှင့် ပြောင်းလဲပြုလုပ်လာကြပါသည်။
လွိုင်ကထုံပွဲဆင်နွုဲရခြင်း အကြောင်းအမျိုးမျိုးရှိပါတယ်။ မိုးရာသီကုန်ဆုံးလို့ စိုက်ပျိုးရေးရာသီကုန်တာလည်းဖြစ်တာကြောင့် မိုးနတ်သမီး ကိုကျေးဇူးတင်တဲ့သဘောအရကျင်းပခြင်းလည်းဖြစ်ပါတယ်။ ထို့အပြင် မြတ်စွာဘုရားက မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နတ်ပြည်တက်ပြီး တရားဟောရာမှ လူပြည့်သို့ပြန်လာသည်ကို ဆီမီးထွန်းညှိပူဇော်ကာ ကြိုဆိုကြခြင်းလည်းဖြစ်ပါသည်။
ယနေ့တွင် ထိုင်းနိုင်ငံသားများသည် လွိုင်ကထုံများကို ထိုင်းနိုင်ငံ၏ မြစ်များ၊ ချောင်းများ၊ အင်းအိုင်ရေကန်များ အစရှိသည့် မိမိနှင့် နီးစပ်ရာနေရာများတွင် သွားရောက်ကာမျောကြပါသည်။ တစ်ချို့ကလည်း မိမိ၏ ဒေါသများ၊ ရန်ညှိုးများ၊ မိမိ၏ စိတ်ဆိုး စိတ်ညစ်များကို "ကထုံ" နှင့် အတူမျောလိုက်သည်ဟု အယုံအကြည်ရှိကြပါသည်။ " ကထုံ " အပေါ်တွင်ထွန်းညှိထားသော ဖယောင်းတိုင်မီးသည် မိမိမျက်စိတစ်ဆုံးမျောသွားသည်အထိ မီးမငြိမ်းပါက ကံကောင်းသည့်နှစ်ဖြစ်သည် ဟုလည်း ယုံကြည်ကြပါသည်။
ကျွန်တော်တို့ Your Health မိသားစုမှလည်း လူကြီးမင်းများအားလုံးကို ရောဂါဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးကြပြီး ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
03/08/2020
ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ - ၁၂ ။
" ဝါဆိုလပြည့်အခါသမယတွင် ကောင်းမှုကုသိုလ်များပွားများပြီး ကိုယ်၊စိတ်၊နှလုံး အေးချမ်းသာယာ နိုင်ကြပါစေကြောင်း Your Heatlh မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ " 🙏🙏🙏
12/05/2020
WHO Guide Line Formula နဲ့ဖျော်စပ်ထားတဲ့ ရေမလိုလက်သန့်ဆေးရည်ရပြီ
Covid-19 ကူးစက်မြန်ကပ်ရောဂါအခြေအနေတွင်နေ့စဉ်လူတိုင်းထိတွေ့ကိုင်တွယ်နေရသောအရာဝတ္ထုများ၊ လူသုံးပစ္စည်းများနှင့် စားပွဲ၊ထိုင်ခုံ၊ တံခါးလက်ကိုင် အစရှိသောနေရာများတွင်
ပိုးသတ်ရန်ပက်ဖြန်းနိုင်သော စေးကပ်ခြင်းမရှိသည့် ဆေးရည်အမျိုးအစားဖြစ်ပြီး
WHO guildline နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ထားသည့် အယ်ကိုဟော(အရက်ပြန်) 75%အထက်ပါဝင်သော ရေမလိုလက်သန့်ဆေးရည်ဖြစ်သောကြောင့် Virusပိုးများသေရန် အာမခံချက်အပြည့်အဝပေးပါတယ်
အရည်၏ဖြန့်ကျက်မှု့နှုန်းအရာဝတ္ထုအပေါ် သက်ရောက်မှု့နှုန်းကောင်းစေရန် Quality အရည်အသွေးမြင့် ဖြန်းခေါင်းပါဝင်သောဘူးဖြင့် ထည့်သွင်းပေးထားပါတယ်ခင်ဗျာ
ဈေးကွက်အတွင်း လူအများ သုံးစွဲနိုင်သော သက်သာသည့် ဈေးနှုန်းများ
၅၅၀မီလီ ၃၅၀၀ကျပ် (နေရာစုံသုံး အိမ်သုံးဘူးကြီး)
၁၀၀မီလီ ၁၅၀၀ကျပ် (အိမ်ပြင်သွား အိတ်ဆောင်ဘူးသေး )
ရန်ကုန်မြို့တွင်း ပုဇွန်တောင် ၊ ဗိုလ်တတောင် ၊ ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဒေါပုံ ။ သာကေတ ၊ မင်္ဂလာတောင်ညွန့် မြို့နယ်များသို့
ပို့ဆောင်ခ ၁၅၀၀ကျပ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
🔆လက်ကားဖြန့်ချိလိုသူများနှင့် ပရဟိတအဖွဲ့အစည်းများအ တွက်သင့်တော်သောဈေးနှုန်းဖြင့်ဆောင်ရွက်ပေးပါမည်။🔆📌
လက်လီ/လက်က္ကားဆက်သွယ်ရန်
📱09 2587 92585
📱09 772233 123
📱09-444008592
📱09-798811044
MDY ရှိမိတ်ဆွေများ Your Health တွင်လာရောက်လေ့လာဝယ်ယူနိုင်ပါသည်
Click here to claim your Sponsored Listing.
Category
Address
Mandale
05031
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |