Vo-Tech

Vo-Tech

Share

01/07/2023

Structure Draft Engineer M/F – 1 Post
Requirements
- BE (Civil)
- Auto CAD 2D 3D, Revit, Microsoft Office
- Minimum 1 or 2 years relevant experience in drafting
Job Description
- To prepare Drawing according to Design Engineer’s Draft Design and Detail Design
- To report Detail Drawing to check from Design Engineer
- To take preparation to final drawing if there is an instruction to repair from Design Engineer
- After discussing with MD, preparing construction structural design by using ETABS software
- To help the necessary things of Design Engineer
- Management and the ability to meet deadlines
လျှောက်ထားလိုပါက လူကိုယ်တိုင်ဖြစ်စေ Email မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
Email – [email protected]
Phone Number - ၀၂-၄၀၆၀၆၅၅ , ၀၂-၄၀၂၁၁၈၅

17/06/2023

Vo-Tech Our Service

🏢Architectural Design
🏢Structural Design
🏢M&E Design
🏢Costing
🏢Planning & Procurement
🏢Project Management

Contact Us :
🏬 No (A-3) 78th Street, Between 32nd & 33rd Street,
Chanayetharsan Township, Mandalay, Myanmar.
✉️ [email protected]
🌐 http://www.pahggroup.com/vo-tech/
☎️ +95 9 402 640 297, +95 9 790 999 282, +95 9 798 544685

01/05/2023

Happy
International Workers' Day
May 1, 2023

08/04/2023

💦 သင်္ကြန်အကြောင်း သိကောင်းစရာ 💦

၁။ သင်္ကြန် ဟူသော မြန်မာစကား၏အဓိပ္ပါယ်
နှစ်ဟောင်းမှ ရက်တွေ၊
လတွေ ကုန်လာ၍
နှစ်သစ်သို့ ပြောင်းရွှေ့ရာ
အချိန်ကာလဖြစ်သည့်
သင်္ကြန်အကြိုနေ့၊
သင်္ကြန်အကျနေ့၊
သင်္ကြန်အကြတ်နေ့၊
သင်္ကြန်အတက်နေ့ တို့ကို မြန်မာဝေါဟာရအားဖြင့်
သင်္ကြန် ဟုဆိုရပါသည်။
ပါဠိဝေါဟာရအားဖြင့်
သင်္ကန္တ= ပြောင်းရွှေ့ခြင်း ဟု ဆိုရပါသည်။

ဆောင်ပုဒ်။ ။
နှစ်ဟောင်းကုန်လာ၊
နှစ်သစ်ခါ ပြောင်းတာ
သင်္ကြန်မည်။

၂။ သင်္ကြန် အခါ၌ ပုဂ္ဂိုလ်၂-မျိုး ကွဲပြားပုံ
ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် မြန်မာလူမျိုးတို့သည်
သင်္ကြန်ရက်များသို့ ရောက်လာတော့မည့်အခါမှာ
မိမိတို့၏ ဓာတ်ခံအားလျော်စွာ ပြုလုပ်ကြပုံ ၂-မျိုး
ကွဲပြားသွားကြပေသည်။

လောကီရေးရာ၌
ပျော်မွေ့ကြသည့် ပုဂ္ဂိုလ်တို့က
ရေကစားရန်၊ ရေပက်ဖျန်းဖို့ စီစဉ်ကြသည်။
ရေပက်မဏ္ဍပ်များ၊ ရေပက်ကိရိယာများ
ပြင်ဆင်ကြသည်။

ကုသိုလ်ဓမ္မရေးရာ၌
ပျော်မွေ့ကြသည့်ပုဂ္ဂိုလ်တို့က
ကျောင်း၊ ဘုရား၊ စေတီ၊
ရိပ်သာကျောင်းများသို့
သွားရောက်ပြီး အလှူဒါနပြုဖို့ရန်၊
ဥပုသ်သီလ ဆောက်တည်ဖို့ရန်၊
သမထ ဝိပဿနာ ဘာဝနာတရား
အားထုတ်ကြဖို့ရန် စီစဉ်ကြပေသည်။

ဤကဲ့သို့ ပြုလုပ်ကြပုံ
၂- မျိုး ကွဲပြားသွားကြပေသည်။

သင်္ကြန်ရက်များသို့
ရောက်လာသည့်အခါ အသက်အရွယ်
ကြီးသူများနှင့် ကုသိုလ်ကောင်းမှု၌
မွေ့လျော်တတ်သူများက
ကျောင်း၊ ဘုရား၊ စေတီများနှင့်
ရိပ်သာကျောင်းများသို့
သွားရောက်ကာ အလှူဒါနပြုကြ၊
ဥပုသ်သီလ ဆောက်တည်ကြ၊
သမထ ဝိပဿနာ ဘာဝနာတရားများကို
ပွားများအားထုတ်ကြပေသည်။
ဤကဲ့သို့ ဒါန၊ သီလ၊
ဘာဝနာ ကုသိုလ် ပြုကြရာမှာလည်း
မိမိတို့၏ အတိတ်ဘဝါဘဝများက
ပါလာခဲ့ကြသည့်
ဓာတ်ခံအားလျော်စွာ ပြုကြပေသည်။
အတိတ်ဘဝများက
မလိုချင်မတပ်မက်သည့် “အလောဘ
ဓာတ်ခံ” ပါကြသောပုဂ္ဂိုလ်များက
ယခုလို သင်္ကြန်ရက် နှစ်သစ်ကူးအခါမှာ
ဒါန ကုသိုလ်များကို အထူးပြုကြ
လှူဒါန်းကြပေသည်။
သီလ လုံခြုံအောင်
ဆောက်တည်ရတာထက်၊
သမထ ဝိပဿနာ ဘာဝနာတရားများကို
ပွားများရတာထက် ပို၍
နှစ်ခြိုက်ကြပေသည်။
ပို၍ ပျော်မွေ့ကြပေသည်။
အလောဘော ဒါနဟောတု =
အလောဘသည် ဒါနကုသိုလ်
ပြုလုပ်နိုင်ခြင်း၏ အကြောင်းဖြစ်သည်”ဟု
အဋ္ဌကထာဆရာများ ဖွင့်ပြသည့်အတိုင်း
ဒါန၌ ပို၍ မွေ့လျော်ကြပေသည်။
(အဋ္ဌသာလိနီ-ဋ္ဌ-၁၇၁)

ဆောင်ပုဒ်။ ။ အလောဘပါလာ၊ ဒါနမှာ၊
မှန်စွာမွေ့လျော်သည်။

အတိတ်ဘဝများက
အမျက်ဒေါသမထွက် မပြစ်မှား တတ်သော အဒေါသဓာတ်ခံ”ပါလာကြသည့်ပုဂ္ဂိုလ်မျာက
ယခုလို သင်္ကြန်ရက် နှစ်သစ်ကူးအခါမှာ
သီလကို အထူးလုံခြုံအောင်
စောင့်ထိန်းကြပေသည်။
ဒါန ပြုရတာထက်၊
သမထ ဝိပဿနာ ဘာဝနာ
တရားများကို ပွားများရတာထက်
ပို၍ နှစ်ခြိုက်ကြပေသည်။
ပို၍ ပျော်မွေ့ကြပေသည်။
အဒေါသော သီလဟောတု =
အဒေါသသည် သီလကုသိုလ်နှင့်
ပြည့်စုံခြင်း၏ အကြောင်းဖြစ်သည် ဟု
အဋ္ဌကထာဆရာများ ဖွင့်ပြသည့်အတိုင်း
သီလ၌ ပို၍ မွေ့လျော်ကြပေသည်။

ဆောင်ပုဒ်။ ။ အဒေါသပါလား သီလမှာ၊
မှန်စွာမွေ့လျော်သည်။

အတိတ်ဘဝများက
မတွေမဝေ အမှန်ကို
သိတတ်သော အမောဟ ဓာတ်ခံ
ပါလာသည့်ပုဂ္ဂိုလ်များက ယခုလို
သင်္ကြန်ရက် နှစ်သစ်ကူးအခါမှာ
သမထ ဝိပဿနာ ဘာဝနာတရားများကို
အထူးပွားများ အားထုတ်ကြပေသည်။
ဒါနပြုရတာထက်၊ သီလကို
လုံခြုံအောင် စောင့်ထိန်းရတာထက်
ပို၍ နှစ်ခြိုက်ကြပေသည်။
ပို၍ ပျော်မွေ့ကြပေသည်။
အမောဟော ဘာဝနာဟောတု =
အမောဟသည် ဘာဝနာကုသိုလ်နှင့်
ပြည့်စုံခြင်း၏ အကြောင်းဖြစ်သည် ဟု
အဋ္ဌကထာဆရာများ ဖွင့်ပြသည့်အတိုင်း
ဘာဝနာ၌ ပို၍ မွေ့လျော်ကြပေသည်။
ဆောင်ပုဒ်။ ။ အမောဟပါလာ၊ ဘာဝနာ၊
မှန်စွာမွေ့လျော်သည်။

၃။ ရေပက်သူ၏
နှလုံးသွင်းရည်ရွယ်ချက် ၂- မျိုး

ရေ၌ ဂုဏ်သတ္တိ ၂-ပါးရှိသည့်အတိုင်း
ရေပက်ကြရပေသည်။

(၁)။ ရေ၌ အေးမြခြင်းဂုဏ်သတ္တိ၊
(၂)။ ရေ၌ စင်ကြယ်စေခြင်း
ဂုဏ်သတ္တိဟူ၍ ၂-မျိုးရှိပေသည်။

(၁)။ မိမိက ရေဖြင့်ပက်ဖြန်းလိုက်၍
ရေပက်ခံရသောသူသည်
နှစ်သစ်ဦးအခါမှစ၍ တစ်နှစ်ပတ်လုံး
ဘေးရန်အန္တရာယ်များ ကင်း၍
ရေကဲ့သို့ ကိုယ်စိတ် နှစ်ဖြာ
အေးမြချမ်းသာပါစေဟူ၍
နှလုံးသွင်းကာ ပက်ဖြန်းရပေသည်။

ဆောင်ပုဒ်။ ။ အေးချမ်းစေရာ၊ ရေဖြင့်သာ၊
မှန်စွာပက်ဖျန်းသည်။

(၂)။ မိမိက ရေဖြင့်ပက်ဖျန်းလိုက်၍
ရေပက်ခံ ရသောသူသည်
နှစ်သစ်ဦးအခါမှစ၍ တစ်နှစ်ပတ်လုံး
ရေသည် စင်ကြယ်စေသကဲ့သို့
လောဘ ဒေါသ၊မောဟ စသော
အကုသိုလ် အညစ်အကြေးတို့
စင်ကြယ်စေ၍ ကုသိုလ်တရားများ
တစ်နေ့တခြား တိုးပွားနိုင်ပါစေဟု
နှလုံးသွင်းကာ ပက်ဖြန်းရပေသည်။

ဆောင်ပုဒ်။ ။ စင်ကြယ်စေရာ၊ ရေဖြင့်သာ၊
မှန်စွာပက်ဖြန်းသည်။

၄။ ရေပက်ခံရသူကလည်း
ဆုမွန်ကောင်းတောင်း ပေးရခြင်

(၁)။ရေဖြင့်ပက်ဖျန်းသူသည်
ရေပက်ခံရသူ မိမိအား
နှစ်သစ်ဦးအခါမှ စ၍ တစ်နှစ်ပတ်လုံး
ဘေးအန္တရာယ်များ ကင်း၍
ကိုယ်စိတ်နှစ်ဖြာ ရေကဲ့သို့
အေးချမ်းပါစေ ဟူသော
ရည်ရွယ်ချက်အတိုင်း
ရေဖြင့်ပက်ဖျန်းခံရသူ
လောင်းခံရသူ မိမိကလည်း မိမိကို
ရေလောင်းသူသည် နှစ်ဦးအခါမှစ၍
တစ်နှစ်ပတ်လုံး ဘေးရန်အန္တရာယ်များ
ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ရေကဲ့သို့
အေးမြချမ်းသာပါစေ ဟု ဆုမွန်ကောင်း
တောင်းပေးလိုက်ရပါသည်။
(၂)။ရေဖြင့်ပက်ဖျန်းသူသည်၊
ရေပက်ခံရသူ မိမိအား
နှစ်သစ်ဦးအခါမှ စ၍ တစ်နှစ်ပတ်လုံး
ရေသည်စင်ကြယ်စေသကဲ့သို့
လောဘ၊ ဒေါသ၊ မောဟစသော
အကုသိုလ်အညစ်အကြေးတို့ကို
စင်ကြယ်စေ၍ ကုသိုလ်တရားများ
တစ်နေ့တခြား တိုးပွားနိုင်ပါစေ
ဟူသော ရည်ရွယ်ချက်အတိုင်း
ရေဖြင့်ပက်ဖျန်းခံရသူ၊
ရေလောင်းခံရသူ မိမိကလည်း
မိမိကို ရေလောင်းသူသည်
နှစ်ဦးအခါမှစ၍ တစ်နှစ်ပတ်လုံး
လောဘ၊ ဒေါသ၊ မောဟစသော
အကုသိုလ်အညစ်အကြေးတို့ကို
စင်ကြယ်စေ၍ ကုသိုလ်တရားများ
တစ်နေ့တခြား တိုးပွားနိုင်ပါစေဟု
စိတ်ရည်သန်လျက် ဆုမွန်ကောင်း
တောင်းပေးလိုက်ရပါသည်။ ။

ဆောင်ပုဒ်။ ။ ရေလောင်းသူအား၊
ဆုမွန်ကောင်းများ၊ တစ်ဖန်အား၊
တောင်းငြားပေးရသည်။ ။

စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】

#သင်္ကြန်

Photos from Vo-Tech's post 31/03/2023

#ချစ်သောပန်းနုလေး
မိန်းကလေးတော်တော်များနှစ်သက်ကြတဲ့ အရောင်ဆိုရင် ပန်းရောင်လေးက မပါမပြီးပေါ့
သမီးမိန်းကလေးရှိတဲ့ အိမ်ရှင်တွေကလည်း သမီးအကြိုက် ပန်းရောင်လေးသုံးပြီး အခန်းတွင်းအလှဆင်ခြင်းကို လုပ်ပေးလေ့ရှိကြပါတယ်
သမီးပျိုလေးများအတွက် အရမ်းကိုလိုက်ဖက်တဲ့ Pink Color ID Design လေးကိုတင်ပေးလိုက်ပါတယ်နော်
#ကြိုက်နှစ်သက်တယ်ဆိုရင်CommentမှာILovePink လို့ရေးပေးခဲ့ကြပါဦးနော်
💟Meaning Of Pink:
The color of frivolity lives between red and white. Pink takes all the passion and energy of red and tempers it with the purity of white, leaving us with the color of tenderness and affection.

🌸Color meaning of Pink - sweetness, femininity, romantic, innocence, and playfulness.

🌷 Symbolism And Meaning Of Pink
Pink symbolizes youth, good health, and playfulness. It’s the flush of first love and stands for nurturing femininity. It’s used as the symbolic color of the movement to support breast cancer research, and we think of pink as an innocent, cheerful color.

Interior Design သီးသန့်အပ်ချင်တယ်ဆိုပါကလည်း မင်မင်တို့ရဲ့ Vo-Tech လေးကို Hi လို့သာလုပ်လိုက်ပါ

Contact Us :
🏬 No (A-3) 78th Street, Between 32nd & 33rd Street,
Chanayetharsan Township, Mandalay, Myanmar.
✉️ [email protected]
🌐 http://www.pahggroup.com/vo-tech/
☎️ +95 9 402 640 297, +95 9 790 999 282, +95 9 798 544685

Want your business to be the top-listed Engineering Company in Mandale?
Click here to claim your Sponsored Listing.

Telephone

Address


No. B 1-2, Corner Of 78th & 32nd Street, Chan Aye Thar Zan Township
Mandale
05021212

Opening Hours

Tuesday 09:00 - 17:00
Wednesday 08:30 - 17:00
Thursday 09:00 - 17:00
Friday 08:30 - 17:00
Saturday 09:00 - 17:00