WAI LINN - Information Technology
29/11/2019
3️⃣0️⃣ * 1️⃣1️⃣ * 2️⃣0️⃣1️⃣9️⃣
နိုဝင်ဘာ ၃၀ရက်နေ့ဟာ နိုင်ငံတကာ ကွန်ပျူတာလုံခြုံရေးနေ့ ဖြစ်ပါတယ်...
ဒါကြောင့် အောက်ပါ Cyber-Hygiene အကြံပြုချက် ၈ချက်ကို လိုက်နာခြင်းအားဖြင့် သင့်ကွန်ပျူတာ/မိုဘိုင်းဖုန်းတွေကို ဘေးကင်းလုံခြုံစွာထားပါ။
Cyber-hygiene အကြံပြုချက် ၈ ချက်
1. Phished အလုပ်မခံရစေနဲ့!
Email သို့မဟုတ် social media များပေါ်မှ link တစ်ခုကို မနှိပ်မီ နှစ်ခါပြန်စဉ်းစားဖို့ - ပုံမှန် မြင်နေတွေ့နေကြ link တစ်ခုဟုတ်ရဲ့လား? ယုံကြည်သင့်ရဲ့လား?
2. သင့်passwordက ဘယ်လောက်ခိုင်မာမှုရှိသလဲ?
ပုံမှန်အားဖြင့် သိပ်မရှိကြပါဘူး။ Password များကို ရှည်သော၊ ရှုပ်ထွေးသော ပုံစံမျိုး (အနည်းဆုံး ၁၂လုံးခန့်) ပေးသင့်ပါတယ်။ ဖြစ်နိုင်ပါက - password manager ပရိုဂရမ်များသုံးသင့်ပါတယ်!
3. သင့်ရဲ့ Microsoft Windows, antivirus နှင့် browser များကို အဆင့်မြှင့်တင်ပါ။
သင့်ရဲ့ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းပေါ်မှာရှိနေတဲ့ မည်သည့် ဆော့ဝဲလ်မျိုးမဆို အင်တာနက် အမြဲမချိတ်ထားလျှင်ပင် up-to-date ဖြစ်နေအောင် ကြိုးစားရပါမည်။
4. antivirus ထည့်သွင်းထားပါ၊ မလိုအပ်သော software များဖျက်ပစ်ပါ။
Antivirus ကို up-to-date ဖြစ်နေအောင်ထားပါ။ Antivirus ကိုမျိုးစုံအောင် မသုံးပါနဲ့၊ တကယ်အသုံးတည့်မည့် တစ်ခုသာ ရွေးသုံးပါ။
5. မသိတဲ့ ပြင်ပ USB devices တွေကို မယုံကြည်ပါနဲ့၊ အလွယ်ယူမသုံးပါနဲ့
Virus တွေပါလာဖို့ အခွင့်အလမ်းများပါတယ်။ မဖြစ်မနေသုံးရမယ် ဆိုလျှင် antivirus တစ်ခုခုဖြင့် scan အရင်ဖတ်ပါ။ သံသရဖြစ်စရာတွေ့ပါက လုံးဝမသုံးပါနဲ့။
6. backups လုပ်ပါ
မမျှော်လင့်ထားသော ကိစ္စတစ်စုံတစ်ရာဖြစ်ခဲ့ပါက (ဖြစ်လည်းဖြစ်တတ်ပါသည်) backup များသည် တန်ဖိုးရှိလှစွာသော သင်၏ အချိန်များစွာကို သက်သာစေနိုင်ပါသည်။ ထို့ကြောင် backup ပုံမှန်လုပ်ပြီး ယင်း backup များကိုလည်း လုံခြုံစွာသိမ်းဆည်းပါ။
7. ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထားပါ
သင်၏ accounts များ၊ software များနှင့် အချက်အလက်များကို လုံခြုံအောင် ကာကွယ်သကဲ့သို့ပင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကိုလည်း အလေးထားသင့်ပါသည်။ ဂရုပြုရန် - သင်၏ laptop သို့မဟုတ် ဖုန်းကို အများနှင့်သက်ဆိုင်သော နေရာများတွင် မေ့ကျန်ရစ်ခဲ့ခြင်းမျိုး မဖြစ်စေရန်၊ ယင်းတို့ကို password များထားရှိရန်၊ အလုပ်နေရာမှ ထွက်ခွာသည်နှင့် ပိတ်ထားခဲ့ရန်
8. public wifi/free wifi တွေကိုသုံးတဲ့အခါ ပိုသတိထား
Free wifi တွေကနေတစ်ဆင့် internet အခမဲ့သုံးနိုင်သလို virus များလဲ အခမဲ့ရလာနိုင်ပါတယ်။ သင့်ရဲ့ account တွေ သို့မဟုတ် လုပ်ငန်းပိုင်ဆိုင်ရာတွေကို အသုံးပြုတော့မယ်ဆိုလျှင် ဖုန်းမှ 3G hotspot ဖွင့်ပြီးသာ လုံခြုံစိတ်ချစွာသုံးပါ။
Credit:
13/11/2019
Half Duplex Vs Full Duplex
+++++++++++++++++++++
Networking ကို အခုမှစတင်လေ့လာနေသူတွေ သိထားသင့်တဲ့ Legacy Technology အဟောင်းလေးပါ...
ကွန်ပျူတာနှစ်လုံး (သို့မဟုတ်) Host တွေအချင်းချင်း ချိတ်ဆက်ကြရင် ဘယ် Host ကနေ ဘယ် Host ကိုတော့ ဘယ်လောက် အမြန်နှုံးနဲ့သွားနေတယ်... ဒေတာတွေ ဘယ်လိုအပြန်အလှန် ဖလှယ်နေကြတယ်ဆိုတာတွေကို အခြေခံကြကြသိထားဖို့လိုတာပေါ့..
👇👇👇
👉 Half Duplex 👈
Host တစ်ခုနဲ့တစ်ခု ဒေတာတွေဖလှယ်ကြတဲ့အခါ တစ်ဖက်ကဒေတာပို့နေရင် အခြားတဖက် စောင့်နေရတယ်ပေါ့။ တစ်ကြိမ်မှ တစ်ဖက်ပဲ ဒေတာပေးပို့နိုင်တယ်ဗျ.. ဥပမာပြောရရင်တော့ Walkie Talkie သဘောမျိုးပဲ။ တစ်ဖက် စကားပြောခလုပ်ကိုနှိပ်ပြောနေရင် အခြားတစ်ဖက်က ပြန်ပြောလို့မရဘူး။
တစ်ချိန်တည်း နှစ်ဖက်စလုံးက ပြောနေကြပြန်ရင်လည်း နှစ်ဖက်စလုံးက ဘာမှသိလိုက်မှာမဟုတ်ဘူး...
တစ်လမ်းမောင်းကားလမ်းနဲ့ဆင်တူတယ်.. သူ့အတွက် (CSMA/CD) လို့ခေါ်တဲ့ မောတော်ပီကယ် ဆရာကြီးလိုတယ်ဗျ.. ဘယ်ကားခဏနေအုံး.. ဘယ်ကားတော့ သွားလို့ရပြီဆိုတာကို စီမံခန့်ခွဲဖို့အတွက်ပေါ့...
👉 Full Duplex 👈
တစ်ချိန်တည်းမှာ Host တွေအချင်းချင်း စောင့်ဆိုင်းနေစရာမလိုပဲ ဒေတာတွေ အပြန်အလှန်ပေးပို့နိုင်ကြတယ်။ ဥပမာပြောရရင်တော့ Telephone သဘောမျိုးပါပဲ.. တစ်ဖက်ကပြောနေချိန်ကို စောင့်နေစရာမလိုပဲ ချက်ချင်းပြောနိုင်တဲ့သေဘောပါ။
အသွားတစ်လမ်း၊ အပြန်တစ်လမ်းရှိတဲ့ နှစ်လမ်းသွား ကားလမ်းတွေလိုပေါ့။ သူ့အတွက် (CSMA/CD) လို့ခေါ်တဲ့ မော်တော်ပီကယ် မလိုဘူးဗျ...
ယနေ့ခေတ်မှာတော့ Half Duplex Device တွေမတွေ့ရသလောက်ပါပဲ...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
11501