Summit English Language and Preschool

Summit English Language and Preschool

Share

20/06/2026

Summit ရဲ့ YLE တန်းခွဲတွေမှာ ကလေးတို့ရဲ့ နားထောင်ခြင်း (Listening)၊ ပြောဆိုခြင်း (Speaking)၊ ဖတ်ရှုခြင်း (Reading) နဲ့ ရေးသားခြင်း (Writing) စတဲ့ 4-Skills စလုံးကို အခြေခံကစလို့ အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေပါတယ်။

16/06/2026

✅ မန္တလေးမြို့က အင်္ဂလိပ်စာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် လေ့လာချင်သူတွေအတွက် Summit English Language School ရဲ့ အခြေခံအင်္ဂလိပ်စာတန်းခွဲသစ် (Campus Class) ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

✅ အထက်တန်းအောင်ပြီးသူများနှင့်အထက် မည်သူမဆို တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာရဲ့ အဓိက 4 Skills စလုံးကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ အခြေခံကစပြီး ယုံကြည်မှုရှိရှိ တိုးတက်လာစေရပါမယ်။

✅ General English ဆိုတဲ့ အထွေထွေသုံးအင်္ဂလိပ်စာကို သင်ကြားပေးမှာဖြစ်တာမို့ ရုံးမှာ၊ကျောင်းမှာ၊စျေးဝယ်ရာမှာ၊ဆေးဝယ်တဲ့အချိန်စသဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ အတန်းတွင်းလေ့ကျင့်မှုများ၊ assignments များကို အတန်းဖော်များနဲ့အတူ လေ့လာရမှာမို့ မိတ်ဆွေလည်းတိုး၊ဘာသာစကားစွမ်းရည်ပါ တိုးတက်စေမယ့် အတန်းလို့ ပြောပါရစေ။

✅ သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်ရှိတဲ့ ဆရာ/မနဲ့ စနစ်တကျလေ့ကျင့်ရမှာမို့ သင်တန်းသူ/များဖက်က အတန်းသာမှန်ပါစေနော့။

✅သင်တန်းအသေးစိတ်အချက်အလက်များ
📆 စတင်မည့်ရက် - ၆.၇.၂၆
⏰ သင်တန်းအချိန် - မနက် ၇ နာရီ မှ ၈ နာရီအထိ
🗓️ သင်တန်းရက် - တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ (Mon to Thursday)
⏳ သင်တန်းကာလ - ၄ လပြတ်သင်တန်း

📍 ကျောင်းလိပ်စာ
၃၇လမ်း၊၇၃ လမ်းနှင့်၇၄ လမ်းကြား၊မန္တလေးမြို့။

"Everything in the garden is lovely." ဆိုတဲ့အတိုင်း သာယာပျော်ရွှင်စရာကောင်းတဲ့ စာသင်ခန်းဝန်းကျင်မှာ ကျောင်းလာတက်ရင်း သင်ယူဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
📞 အသေးစိတ်စုံစမ်းရန်နှင့် အပ်နှံရန်
ဖုန်းနံပါတ်များ
09 983559158
09 9251926614
(အသေးစိတ်အချက်အလက်များကို ပူးတွဲပါပုံတွင်လည်း ကြည့်ရှုနိုင်ပါသည်။)

14/06/2026

🧩✨ Summit Preschoolers လေးတွေက သစ်သားတုံးလေးများကို ကြိုးသီကစားခြင်း၊ တည်ဆောက်ကစားခြင်းတို့ကို ဆရာမများ၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ကစားခဲ့ကြပါတယ်။

ဒီလို ကစားနည်းများက လက်ချောင်းသန်စွမ်းမှု၊ အာရုံစူးစိုက်မှုနှင့် ဖန်တီးနိုင်စွမ်းများကို တိုးတက်စေပြီး ကလေးများ၏ သင်ယူမှုကို ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။ 🌈💛

07/06/2026

🌟 Summit Preschoolers လေးတွေဟာ ဘောလုံးလေးတွေကို ကောက်ယူပြီး ခြင်းတောင်းထဲ ထည့်ရတဲ့ ပျော်စရာကစားနည်းတစ်ခုကို သူငယ်ချင်းတွေနဲ့အတူ စိတ်လှုပ်ရှားပျော်ရွှင်စွာ ပါဝင်ဆော့ကစားခဲ့ကြပါတယ်။ 🏀✨

ကြမ်းပြင်ပေါ်မှာ စီထားတဲ့ ဘောလုံးလေးတွေကို အမြန်ဆုံးနှင့် တိကျစွာ ကောက်ယူပြီး ခြင်းတောင်းထဲ ထည့်နိုင်ဖို့ ကြိုးစားရင်း ကလေးလေးတွေရဲ့ ရယ်မောသံများ၊ အားပေးသံများနဲ့ စာသင်ခန်းလေးဟာ ပိုမိုအသက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ 🎉

✨ ဒီကစားနည်းမှ ရရှိသော အကျိုးကျေးဇူးများ ✨

🔸 လက်နှင့် မျက်စိ ပူးပေါင်းဆောင်ရွက်နိုင်မှု (Hand-Eye Coordination) ကို တိုးတက်စေသည်။
🔸 ကိုယ်ခန္ဓာ လှုပ်ရှားမှုနှင့် Gross Motor Skills များ ဖွံ့ဖြိုးစေသည်။
🔸 အာရုံစူးစိုက်မှု၊ တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးသည်။
🔸 အသင်းအဖွဲ့စိတ်ဓာတ်နှင့် သူငယ်ချင်းများအပေါ် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးသည်။
🔸 စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သည့် ယုံကြည်မှုနှင့် သတ္တိကို တိုးပွားစေသည်။

💖 Summit Preschool တွင် ကလေးများအတွက် “Learning Through Play” ကို အလေးထားပြီး ကစားရင်း သင်ယူနိုင်မည့် အတွေ့အကြုံကောင်းများကို နေ့စဉ်ဖန်တီးပေးလျက်ရှိပါသည်။

06/06/2026

✅၆.၆.၂၆ / Oxford phonics တန်းတွေ ဒီနေ့စပါပြီ။ level တစ်ခုကို ၄လ၊ ဒီတစ်သုတ်မမီရင်အောက်တိုဘာမှ လူသစ်ထပ်လက်ခံပါမယ်နော်။ ✅

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 13, 37th Street, Between 73rd & 74th Streets
Mandalay
05032

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00