Eastern Online Store
21/08/2024
ဒီလိုချိန်တွေမှာ အရောင်း post တင်ရတာစိတ်မကောင်းပေမဲ့ ဝမ်းရေးအတွက်မို့ပါခင်မျာ🙏
👉 တစ်ပင်စိုက်ရင် တစ်ပင်ရှင်မှဆိုတဲ့သူတွေပဲ လာဝယ်ပါ
🌱🍇 စပျစ်ပျိုးပင်လေးတွေ မှာလို့ရပါပီဗျ
စပျစ်ပင်က အိမ်မှာရောစိုက်လို့ရလို့လား❓
💁 စပျစ်ပင်လေးတွေက နွယ်ပင်အမျိုးစားထဲမှာပါပီး အိမ်ရှေ့/အိမ်နောက်/ခြံစည်းရိုးပေါ်/အမိုးဆလပ်ပြင်ပေါ် မျိုးစုံစိုက်လို့ရပါတယ်
နေရာကျယ်ကျယ်မရှိတော့ ဘယ်လိုစိုက်ရမလဲ❓
💁 ပန်းအိုး/ကျောက်ခွေ/တာယာခွက် စသဖြင့်တွေနဲ့လဲ အလှဆင်စိုက်ပျိုးလို့ရပါတယ်ဗျ
စင်တင်ပီးစိုက်မှ ရတာလား❓
💁 စပျစ်က စင်တင်စိုက်နည်းရော ပင်ပုစိုက်နည်းရောရှိတာမို့ ကိုယ့်နေရာလေးနဲ့ သင်တော်မဲ့နည်းလမ်းလေးနဲ့ စိုက်လို့ရပါတယ်ဗျ
အများစုဘယ်လိုလူတွေ မှာစိုက်ကျလဲ❓
💁 စပျစ်သီးကြိုက်ပီး အပင်စိုက်ဝါသနာပါတဲ့ အိမ်ရှင်မတွေ
💁 အရိပ်လေးလုပ်ပီး အသီးလေးတွေနဲ့ အလှပြချင်တဲ့ လုပ်ငန်းရှင်တွေ
💁 Hotel ၊ စားသောက်ဆိုင် ၊ လက္ဘက်ရည်ဆိုင်ရှေ့ ၊ ဆီပန့်ဆိုင် စသဖြင့်မှာယူကျပါတယ်
💁 ခြံကျယ်ကျယ်ထဲမှာ စိုက်ဖို့ ၊ အိမ်ဝန်းအတွင်း အရိပ်ရစင်လေးလုပ်ပီး အနားယူချင်လို့ ဆိုပီး မှာယူစိုက်ပျိုးကျပါတယ်ဗျ
စိုက်နည်းလေးကိုလဲ သေချာရှင်းပြပေးတာမို့ အတွေ့အကြုံမရှိလို့လဲ စိတ်ပူရန်မလိုပါဘူးဗျ
စပျစ်ပင်လေးတွေ စိတ်ဝင်စားလို့ မှာယူချင်တယ်ဆိုရင် 👇👇
☎️ 09*884359312
☎️ 09*976144028 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ဗျ
ဗမာမျိုး / နိုင်ငံခြားမျိုးအစုံရပါတယ်ဗျ
💸 တစ်ပင် - 12000/15000 ( မြေကြီးပျိုး နွယ်ပါပျိုးသက်ရင့် )
🚙 ကားရောက်တဲ့မြို့မှန်သမျှအကုန်ပို့ပေးပါတယ်ဗျ မန္တလေးကနေပို့မှာပါဗျ
အစစဘေးရန်ကင်းပီး အဆင်ပြေကျပါစေခင်မျာ🙏
05/03/2024
🍇 အသီးသည်မျက်စိလည်သီးလေး လာပါပီဗျ
💁 အသီးက အစေ့ပါလား
🤔 မပါဘူးဗျ
💁 ဒါဆိုအစေ့လွတ်ပေါ့
🤔 တစ်လုံးတလေမှာတော့ အစေ့ပါတယ်ဗျ
💁 အမ် ဒါဆိုချိုတာကရော
😍 ဒါတော့သေချာပြောရဲတယ်ဗျို့ အသီးထဲမှာတော့အချိုအလေးဆူံးအသီး ကလေး/လူကြီးကြိုက်အသီးလေးပါ
ဈေးသည်မျက်စိလည်အသီးလေးမှာယူချင်ရင်
1ပိဿာ -8000 ( ရှယ်သီး )
1ပိဿာ-7500 ( မရှယ်တရှယ်😁 )
3ပိဿာ တစ်ဖာကနေ စမှာလို့ရပါတယ်ဗျ
☎️ 09-884359312
☎️ 09-976144028
29/02/2024
🍇 စပျစ်နဲ့မဆိုင်ပေမဲ့ ကိုယ့်ကာကာတွေထဲက နှင်းဆီဝါသနာရှင် မမများအတွက် ရှာဖွေပီး တင်ပေးလိုက်ပါတယ်ဗျ😍
#နှင်းဆီပင်အကိုင်းဖြတ်နည်း ( Hybrid Tea Rose )
နှင်းဆီပင်များကို အပင်ဖြစ်ထွန်းမှု
ပြန်လည်စတင်လာချိန်ဖြစ်သော
ဆောင်းအကုန် နွေဦးပေါက်ရာသီတွင်
ကိုင်းဖြတ်ပေးနိုင်သည်။
နှင်းဆီပင်များအား အကိုင်းဖြတ်ပေးခြင်းဖြင့်
အပွင့်ပွင့်နှုန်းပိုများပြီး ပိုမိုဆွဲဆောင်မှုရှိလာမှာပါ။ နှင်းဆီပင်ကိုင်းဖြတ်ပေးရာတွင်
အခြေခံအချက် (၈) ချက်ရှိသည်။
(1) အပင်ရှိအရွက်များအားလုံးခြွေချခြင်း
အေးခဲမှုဖြစ်ခဲ့သောဆောင်းအကုန်တွင်
အရွက်များအားခြွေချပစ်ခြင်းဖြင့်
အပင်၏ကိုင်းပုံစံအားရှင်းလင်းစွာမြင်ရကာ
နှင်းဆီကိုင်းများကိုလည်း
ရှင်းရှင်းလင်းလင်းမြင်ရမည်။
ဤနည်းလမ်းဖြင့် စိုထိုင်းမှုကြောင့်ဖြစ်ပေါ်သော
အရွက်များရှိရောဂါများနှင့်
ခိုအောင်းနေသောပိုးမွှားများအား
ဖယ်ထုတ်ပေးနိုင်သည်။
(2) သေနေသောအကိုင်းများဖြတ်ပေးခြင်း
ညိုမဲနေသောကိုင်းများသည်
သေနေသောကိုင်းများဖြစ်ပြီး
စိမ်းသောကိုင်းများမှာ ရှင်သောကိုင်းများဖြစ်သည်။
သေနေသောကိုင်းများကို
အပင်ခြေမှဖြတ်ထုပ်ပေးရပါမည်။
(3) အပင်၏အလယ်ပိုင်းကိုရှင်းလင်းခြင်း
နှင်းဆီပင်ကိုင်းများတွင်
အပင်၏အလယ်သို့ ထိုးထွက်နေသောကိုင်းများကို
ဖြတ်တောက်ပေးရပါမည်။
ထိုကိုင်းများသည် အချင်းချင်းပွတ်တိုက်မိပါက
အပင်ဒဏ်ရာရရှိပြီးရောဂါကျနိုင်ပါသည်။
ထိုသို့ကိုင်းရှင်းခြင်းဖြင့် နှင်းဆီပင်သည်
အပြင်သို့ဝဲထွက်နေသည့်ပုံသဏ္ဏာန်ရှိကာ
လေဝင်လေထွက်ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
(4) သေးငယ်ပိန်လှီနေသောကိုင်းများဖြတ်ခြင်း
နှင်းဆီပင်တွင် ဖြစ်ထွန်းမှုနည်းနေသော၊
သေးငယ်သောကိုင်းများကို
အပင်ခြေမှဖြတ်ပေးရပါမည်။
(5) ကျန်ရှိနေသောကိုင်းများဖြတ်ပေးခြင်း
ကျန်ရှိနေသောကိုင်းများဖြတ်ရာတွင်
ဖြတ်မည့်ကိုင်း၏ လေးပုံတစ်ပုံခန့်ဖြစ်စေ၊
နှစ်ပုံတစ်ပုံခန့်ဖြစ်စေဖြတ်ပေးနိုင်ပါသည်။
ကိုင်းဖြတ်ရာတွင် အကိုင်း၏ထိပ်ဖျားနေရာရှိ
သစ်ဖူး (မျက်စိ) မှာ
အပြင်ဘက်သို့မျက်နှာမူသည့် အနေအထားရှိရပါမည်။
ကိုင်းသစ်သည်
အဖူးမျက်နှာမူသည့်အတိုင်းထွက်လာမည်ဖြစ်ပြီး
နှင်းဆီကိုင်းများသည်
အပြင်ဘက်သို့ဖြာထွက်နေသည့်
ပုံသဏ္ဏာန်ဖြစ်နေရမည်။
ကိုင်းဖြတ်ရာတွင် (45 degree)
စောင်းစောင်းဖြတ်ပေးရပါမည်။
ထိုသို့ဖြတ်ခြင်းဖြင့် ကိုင်းဖြတ်စသည်
ရေဝပ်မှုမရှိသကဲ့သို့
ပိုးမွှားများရပ်နားနိုင်ခြင်းလည်းမရှိတော့ပဲ
ရောဂါကျရောက်မှုမှကာကွယ်နိုင်မည်ဖြစ်သည်။
(6) ဖြတ်စနေရာအား ပိတ်ခြင်း
ဖြတ်စနေရာအားရိုးခြောက်ရောဂါကျရောက်ခြင်းမှ
ကာကွယ်ရန် အနာကျက်ဆေး(ကွမ်းစားထုံး)
တစ်ခုခုဖြင့်သုတ်လိမ်းပေးရပါမည်။
(7) ရှင်းလင်းခြင်း
အထက်ပါအချက်များလုပ်ဆောင်ပြီးပါက
ရောဂါပိုးမွှားများခိုအောင်နေမှုမဖြစ်ပေါ်စေရန်
အပင်အနီးတဝိုက် ရှင်းလင်းပေးရပါမည်။
(8) ကိုင်းဖြတ်ပေးပြီးနောက် အစာကျွေးခြင်း
နှင်းဆီပင်သည် မြေသြဇာအလွန်ကြိုက်နှစ်သက်ပြီး ကိုင်းဖြတ်ပေးပြီးနောက်တွင် အပင်ဖြစ်ထွန်းမှုမြန်စေသော အစာအဟာရကျွေးပေးရန်လိုအပ်ပါသည်။
အပင်ဖြစ်ထွန်းမှုအားကောင်းစေသော
နွားချေးမြေသြဇာ၊ နိုက်ထရိုဂျင်ပါဝင်မှုများသော
ဓာတုဓာတ်မြေသြဇာများကို
အပင်ပေါ်မူတည်ပြီး ထည့်ပေးရပါမည်။
မှတ်ချက်
နှင်းဆီပန်းများပွင့်ပြီးသည့်အချိန်တွင်လဲ
ပန်းပွင့်ပြီးသောကိုင်းများညှပ်ပေးခြင်းဖြင့်
အသင့်တင့်ကိုင်းဖြတ်ခြင်းကို ဖြစ်စေပါသည်။
ပန်းပွင့်ပြီးသောကိုင်းများကိုဖြတ်ရာတွင်
မိမိလိုချင်သည့်ပုံစံအပေါ်မူတည်ပြီး ဖြတ်ပေးနိုင်သည်။
ထိုသို့ကိုင်းဖြတ်ရာတွင်
ပန်းပွင့်အောက်ရှိ ရွက်မွှာ သုံးခုပါသည့်
အရွက်အထက်မှဖြတ်လျှင်
အရိုးတိုတိုဖြင့် ပန်းမြန်မြန်ပွင့်လာစေပြီး
ရွက်မွှာ ငါးခုပါသည့်အရွက်အထက်မှ ဖြတ်လျှင်
အသင့်တင့်ရှည်သော အကိုင်းတစ်ခုရရှိမည်ဖြစ်သည်။
ဖြတ်ရာတွင် အကိုင်း၏ အောက်ခြေဘက်ရောက်လေ
ပိုမိုသန်မာရှည်လျားလာလေဖြစ်သည်။
ယေဘုယျအားဖြင့်
ရွက်မွှာငါးခုပါသည့်အဖူးထက်မှညှပ်ပေးလျှင်
အကောင်းဆုံးဖြစ်ပါသည်။
နှင်ဆီချစ်သူများအတွက်
အထောက်အကူဖြစ်စေမယ့် posts လေးတွေကို
အလျှင်းသင့်သလို
ကျွန်တော် ပြန်လည်ဝေမျှပေးပါ့မယ်!
Arkar Phyo
Click here to claim your Sponsored Listing.
Telephone
Website
Address
54street, Corner Of 124 Street
Mandalay