Epsilon Language School
09/03/2024
မင်္ဂလာပါ။
ကိုယ့်ဘဝရှေ့ရေးအတွက် ဘာသာစကားတခုခုလည်းသင်ချင်တယ်၊ အဲဒါကလည်း ဥရောပဘာသာစကားဖြစ်ရမယ်လို့ တွေးနေပြီဆိုရင် ပြင်သစ်ဘာသာစကားကို သင်ယူလေ့လာကြဖို့ အကြံပေးလိုပါတယ်။
ပြင်သစ်ဘာသာစကားဟာ ပြင်သစ်နိုင်ငံနဲ့ ဥရောပနိုင်ငံများမှာသာမက ကမ္ဘာ့နေရာအတော်များများမှာပါ မိခင်ဘာသာစကား သို့မဟုတ် ဒုတိယဘာသာစကားအဖြစ် ပြောဆိုသုံးစွဲနေတဲ့ဘာသာစကားတခုဖြစ်ပါတယ်။
တကယ်လို့ ဥရောပ သို့မဟုတ် ကနေဒါမှာ ပညာသင်ယးဖို့ရည်ရွယ်နေပြီဆိုရင် ပြင်သစ်စာသင်ယူထားတာဟာ အကျိုးရှိစေမှာပါ။
ပြင်သစ်ဘာသာစကားကို လေ့လာလိုသူတွေအတွက် Epsilon Language School ကနေ ပြင်သစ်ဘာသာစကား အခြေခံသင်တန်း တန်းခွဲသစ်ကို Blended Class အနေနဲ့ ဖွင့်လှစ်ပါတော့မယ်။
Blended Class ဆိုတာ…
သင်ခန်းစာတွေကို မှတ်တမ်းဗီဒီယို (Recorded Video) နဲ့ ပေးပို့သင်ကြားပြီး၊ ထိရောက်မှုရှိ မရှိ၊ နားလည်မှု ရှိ မရှိ သိရှိစေဖို့ လေ့ကျင့်ခန်း (Activity) တွေပြုလုပ်ရမယ့် ပေါင်းစပ်သင်ကြားသင်ယူနည်းကို အသုံးပြုမယ့် သင်ကြားနည်းစနစ်ပဲဖြစ်ပါတယ်။
သင်တန်းကာလ ၃ လ (၁ လ ၁၂ ချိန်နှုန်းနဲ့ ၃၆ ချိန်) သတ်မှတ်ထားပြီး ၁ ပတ်ကို ၃ ရက်သင်ကြားမှာဖြစ်ပါတယ်။ သင်ကြားမယ့်ပုံစံကတော့ သင်တန်းရှိတဲ့ ၃ ရက်မှာ ၁ နာရီခွဲစာ ဗီဒီယိုသင်ခန်းစာကို သင်တန်းသားရဲ့ Private Telegram သို့ Viber ကနေ တဆင့် ပေးပို့ထားမှာဖြစ်ပါတယ်။ အားတဲ့အချိန်မှာ ဗီဒီယိုကိုကြည့်ရှုလေ့လာပြီး ကျန်ရက်များမှာ အခါအားလျော်စွာ ပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ကာ သင်ကြားပေးတဲ့ ဆရာ့ဆီပြန်လည်ပေးပို့ပေးရမှာပါ။
ဆရာက လေ့ကျင့်ခန်းတွေကို စစ်ဆေးပေးတာအပြင် နားမလည်တဲ့အပိုင်းတွေကိုလည်း ပြန်လည်ရှင်းပြပေးမှာပါ။
သင်ကြားရေးအတွေ့အကြုံရှိ ပြင်သစ်ဧည့်လမ်းညွှန်ဆရာမှ သေချာကျနစွာ သင်ကြားပေးမှာဖြစ်လို့ တတ်မြောက်ဖို့ရာ တာဝန်ယူပါတယ်။
အသေးစိတ်သိလိုပါက
09-975311455 သို့ ဆက်သွယ်နိုင်ပါသည်။
ပြင်သစ်ဘာသာစကား ၃ လ သင်တန်း
(Blended Class)
သင်ကြားမည့်ဆရာ
Aung Ko Ko
BA(Hons), MA (English)
Dip in French (Institut Français)
Dip in Oriental Studies
Dip in Sutadhamma (University of Wisdom Land)
Epsilon Language School
Mandalay
🇫🇷🇫🇷🇫🇷
14/01/2024
Bonsoir les amis!
မင်္ဂလာပါမိတ်ဆွေတို့ရေ…
Epsilon Language School ကနေ
ပြင်သစ်ဘာသာစကားနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို အပတ်စဉ်တင်ဆက်ပေးပါတော့မယ်။
ဒီအစီစဉ်ကို Week-end Spécial လို့ နာမည်ပေးထားပါတယ်။
အပတ်စဉ် စနေ (သို့မဟုတ်) တနင်္ဂနွေ တရက်ရက်မှာ တင်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ်။
ဒီတပတ် Week-end Spécial ရဲ့ ပထမဆုံးအကြောင်းအရာကတော့ Article တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဥရောပဘာသာစကားတွေကိုလေ့လာတော့မယ်ဆိုရင် Article တွေကလည်း မပါမဖြစ်ပါ။
Article ဆိုတာကတော့ အရေအတွက် (တခုလား၊ အများလားဆိုတာ) ကို ခွဲခြားပေးတဲ့၊ ပြင်သစ်အပါအဝင် တချို့ဥရောပဘာသာစကားတွေမှာ ပုလ္လိင်၊ ဣတ္ထိလိင် တနည်း အထီး၊ အမ ခွဲခြားပေးတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။
ပြင်သစ်ဘာသာမှာ Article တွေဟာ အရေအတွက်ကိုရော အထီး၊ အမအမျိုးအစားကိုရော ခွဲခြားပြပါတယ်။ ဆိုလိုတာက ပြင်သစ်ဘာသာစကားဟာ သက်ရှိတွေကို ကျား၊ မ ခွဲခြားရုံသာမက သက်မဲ့တွေကိုလည်း အထီး၊ အမ ခွဲထားပါတယ်။
အဲဒီလို ခွဲထားတာကို Article တွေနဲ့ သိနိုင်ပါတယ်။
ဒါပေမယ့် သက်မဲ့ပစ္စည်းတွေမှာ ဘာကြောင့် ပုလ္လိင် (အထီး) ဖြစ်တယ်၊ ဘာကြောင့် ဣတ္ထိလိင် (အမ) ဖြစ်တယ်လို့သတ်မှတ်ချက်မရှိတာကြောင့် ဒီစာလုံးဟာ အထီးဆို အထီးတိုင်း၊ အမဆို အမတိုင်း ပုံသေရိုက်သွင်းရတာပါ။ အဲဒါကိုမှတ်မိစေနိုင်ဖို့ Article တွေက ထောက်ကူကပးပါတယ်။
ပြင်သစ်ဘာသာစကားဟာလည်း လက်တင်အက္ခရာတွေကိုပဲ ယူသုံးတာဖြစ်လို့ A ကနေ Z ၂၆ လုံးပါပဲ။ ဗျည်းတွေ၊ သရတွေအကြောင်းကတော့ သိချင်ရင် သင်ကြည့်ကြပါ😁
Article တွေကို ပြင်သစ်လိုကလည်း Article လို့ပဲခေါ်ပါတယ်။ Indefinite article နဲ့ Definite article နှစ်မျိုးရှိတဲ့အတွက် ပြင်သစ်လိုပြောရင် Article indéfini နဲ့ Article défini လို့ ပြောပါတယ်။
Les Articles Indéfinis
ဘယ်သူဘယ်ဝါပိုင်တဲ့ပစ္စည်းမှန်း၊ ဘာတံဆိပ်၊ ဘာကုန်ကြမ်းနဲ့လုပ်ထားတဲ့ပစ္စည်းမှန်း သေချာမသိရတဲ့ သက်မဲ့ပစ္စည်းတခု သို့မဟုတ် ပစ္စည်းများ
ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သက်ရှိတဦး သို့မဟုတ် တကောင် သို့မဟုတ် သက်ရှိများ
စတာတွေကို ရည်ညွှန်းရင် articles définis ကို သုံးပါတယ်။
အင်္ဂလိပ်နဲ့မတူတာက ပြင်သစ်ရဲ့ articles indéfinis တွေမှာ တခုကိန်း (Singulier) အတွက်သာမက အများကိန်း (Pluriel) အတွက်ပါရှိပါတယ်။
Singulier အတွက်ကိုပဲ အထီး (masculin) အမ (féminin) ခွဲပါတယ်။ Pluriel မှာ အထီး အမ မခွဲဘဲ တူတူသုံးတဲ့အတွက်
အထီးနာမ်တခုကိန်း (Masculin singulier) အတွက် un
အမနာမ်တခုကိန်း (Féminin singulier) အတွက် une
အများကိန်း (Pluriel) အတွက် des
ဆိုပြီး သုံးမျိုးရှိပါမယ်။
ဥပမာ -
စက်ဘီးတစီးလို့ပြောချင်တယ် (ဘယ်သူ့စက်ဘီးမှန်း၊ ဘာအမျိုးစားမှန်းမသိရရင်) စက်ဘီးဟာ အထီးနာမ်ဖြစ်လို့ un vélo လို့ ပြောပါတယ်။
ဆိုင်ကယ်တစီးလို့ပြောချင်ရင် ဆိုင်ကယ်ဟာ အမနာမ်ဖြစ်လို့ une moto လို့ပြောပါတယ်။
စက်ဘီးတွေ၊ ဆိုင်ကယ်တွေလို့ပြေချင်ရင်ကျ des vélos, des motos လို့ပြောပါတယ်။
Les Articles Définis
ပိုင်ရှင်သိရတဲ့ပစ္စည်း၊ အမျိုးအစားသိရတဲ့ပစ္စည်းတခု သို့မဟုတ် ပစ္စည်းများ
ဘယ်သူဘယ်ဝါ၊ ဘာအမျိုးအစားမှန်းသိရတဲ့ သက်ရှိတဦး တကောင် သို့မဟုတ် သက်ရှိများအတွက် articles définis ကိုသုံးပါတယ်။
Masculin singulier အတွက်ဆို Le
Féminin singulier အတွက်ဆို La
Masculin singulier သို့မဟုတ် Féminin singulier မှာမှ သရ (a, e, i, o, u) ငါးလုံးထဲကတလုံးလုံး သို့မဟုတ် တဝက်သရဖြစ်တဲ့ (h) နဲ့စတဲ့စာလုံးတွေမှာတော့ L’ (ဘာလို့ L’ ဖြစ်ရလဲဆိုတော့ ပြင်သစ်မှာက ရှေ့စာလုံးရဲ့ နောက်ဆုံးစာလုံးက သရဖြစ်ပြီး နောက်စာလုံးရဲ့ ပထမစာလုံးကလည်း သရဖြစ်နေရင် သရချင်းတိုက်တဲ့အတွက် ရှေ့စာလုံးရဲ့ အဆုံးသတ် သရကိုဖြုတ်ရပါတယ်၊ အဲဒီအခါ ရှေ့က article Le နဲ့ La ဟာ က သရဖြစ်တဲ့ e နဲ့ a နဲ့ဆုံးနေသလို သူတို့နောက်ကလာမယ့် စာလုံးကလည်း သရနဲ့စနေတာမလို့ Le နဲ့ La မှာပါတဲ့ e နဲ့ a ကို ဖြုတ်ကာ ´ ပြောင်းလိုက်တာမို့ L’ လို့ဖြစ်သွားပါတယ်)
Pluriel အတွက် Les ဆိုပြီးလေးမျိုးရှိပါမယ်။
ဥပမာ-
ကိုကို့ရဲ့စက်ဘီးဆိုရင်
Le vélo de Ko Ko
ကိုကို့ရဲ့ ဆိုင်ကယ်ဆိုရင်
La moto de Ko Ko
ကိုကို့ရဲ့ကွန်ပျူတာဆိုရင်
L’ordinateur de Ko Ko
ကိုကို့ရဲ့လိပ်စာဆိုရင်
L’adresse de Ko Ko
ကိုကို့ရဲ့စက်ဘီးတွေဆိုရင်
Les vélos de Ko Ko
ဆိုင်ကယ်တွေဆိုရင်
Les motos de Ko Ko
ကွန်ပျူတာတွေ၊ လိပ်စာတွေဆိုရင်
Les ordinateurs de Ko Ko
Les adresses de Ko Ko စသည်ဖြင့်သုံးပါတယ်။
ပုံလေးတွေကြည့်လိုက်ရင် ပိုရှင်းသွားမယ်ထင်ပါတယ်။
သက်ရှိတွေအတွက် articles တွေသုံးပုံကိုတော့ နောက်တပတ်မှဆက်ပါမယ်…
ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ပြင်သစ်ဘာသာစကားကို လေ့လာသင်ယူချင်တယ်ဆိုရင်
Epsilon Language School ရှိပါတယ်။
စနေ၊ တနင်္ဂနွေ ရုံးချိန်၊ ကျောင်းချိန်လွတ်အတန်းတွေကို လာမည့်အပတ်ထဲမှာ ဖွင့်လှစ်တော့မှာဖြစ်လို့ တက်ရောက်လိုသူများဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးရင်း နောက်တပတ် Week-end Spécial မှာ ပြန်ဆုံကြပါမယ်။
အသိပညာတိုးပွါးကြပါစေ။
Aung Ko Ko
BA (Hons), MA (English)
Dip in French (DELF) (Institut Français de Birmanie)
Dip in Oriental Studies
Dip in Sutadhamma (University of Wisdom Land)
Instructor
Epsilon Language School
📱 09-975311455
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay