OBD Master
15/10/2020
အားလုံးပဲမဂ်လာပါခင်မျာ
ဒီတခေါက်မှာတော့ efiကားတစ်စီးမှာ အရမ်းအရေးကြီးတဲ
Sensors (6)မျိုးထဲက oxygen sensor
ေအကြောင်းလေးကို လေ့လာနေဆဲ ညီအကိုတွေကို
တခုခုရသွားစေချင်လို့ရှင်းပြပေးပါစေခင်မျာ👍👍👍
Efiကားတစ်စီးမှာ IAT. MAP. KNOCK. TPS.ECT and OXYGEN SENSORSဆိုပြီး
အရေးကြီးဆုံးsensors (6)မျိုးပါပါတယ်
Efi ကားတစီးမှာ o2 sensorဟာ အရေးပါတဲ့sensorတခုပါ
engineတလုံးအလုပ်လုပ်ဖို့ oxygenက အဓိကလိုအပ်ပါတယ် ဒါပေမဲ့engine ဟာoxygenတွေကို100%
ရှူသွင်းတာမဟုတ်ပါဘူး သူနဲ့အတူ nitrogen နဲ့အခြား
ဓာတ်ငွေ့တွဲရောပါပါတယ်
combustion chamberထဲမှာ မီးမလောင်ပဲကျန်နေတဲ့ NOX တွေ CO2တွေနဲ့ရောပြီးကျန်နေတဲ့ O2ပမာဏကို O2sensorကအာရုံခံပေးပါတယ် NOXနဲCO2
ဟာလေထုညစ်ညမ်းမှုဖြစ်စေလို့ သူတို့ကို့အနဲဆုံးဖြစ်အောင်
O2 sensorရဲ့ ပေးပို့တဲ့signalကိုကြည်ပြီး
ECUက ideal mixture 14.7:1ရအောင်
injectorတွေရဲ့ ဆီဖျန်းနှုန်းကိုထိန်းချုပ်ပါတယ်
👍👍👍O2sensorsတွေကို exhaust catalytic converter (ကျောက်ဇကာ)ရဲ့ရှေနဲ့နောက်မှာတပ်ဆင်ထားပါတယ်
ရှေ့ကsensor က wide range O2 ဖြစ်ပြီး
နောက် narrow range O2ပါ
wide rangeO2က 0 to4.5V အတွင်း signalပေးပို့ပြီး narrow range O2ကတော့ 0 to1Vအတွင်း ECUဆီ signalပေးပို့ပါတယ်
ရှေ့ကsensorဟာ ဆီလေ အချိုးကိုအာရုံခံပေးလို့
air/fuel mixture sensorလို့လဲခေါ်ပါတယ်
နောက်ကsensor ကတော့catalytic converter
efficiencyကိုအာရုံခံပါတယ်
ECUဟာ ရှေ့နဲ့နောက်sensorsတွေ့ရဲ့ dataတွေကိုကြည့်ပြီး အကယ်၍ကျောက်ဇကာမကောင်းရင်
check lampလင်းပေးပါတယ်
Sensors
ကောင်းမကောင်းသိချင်ရင်
1.data streamဖတ်ခြင်း
2.resistanceတိုင်းခြင်း
3.signal voltageတိုင်းတာခြင်းတို့လုပ်ရမှာဖြစ်ပါတယ်
Toyotaမှာဆို
3 to13 ohm
Nissanမှာဆို
4 to7 ohm
Suzukiမှာ
6to12 ohmရှိပါမယ်
ကားmodelအလိုက်ohmတန်ဖိုးကွာခြားမှာပါ
oxygen sensor DTC codes
P0171=system too lean
P0172=system too rich
possible causes
O2 sensorပျက်/MAP ပျက် /fuel pressure
ECU /vaccum leak/ ignition
စတာတွေကိုစစ်ဆေးရမှာပါ
P0135= heater circuit malfunction
possible causes =
Sensor/ECM/ sensor wire /connector/
fuse/ check lampလင်း/ဆီစား
စာတွေဖြစ်တတ်ပါတယ်
အားလံးပဲကျန်းမာကြပါစေခင်မျာ🙏🙏🙏
10/09/2020
မဂ်လာပါ
ဆီဂိတ်မပြလို့ စစ်ပေးလိုက်တဲ့ကားလေး
ဆီတိုင်ကီမချခင်wiringစစ်တော့ အပေါင်း
တချောင်းမလာလို စစ်ရင်းနဲ့
ဖြေရှင်းပေးလိုက်တဲ့errorလေးပါ
wiring diagramလေးပြထားတယ်နော်
Combination meterကနေ ဆီဂိတ်ကို
အပေါင်းသွားမယ် (green)
နောက်တချောင်းကဂိတ်ကိုဖြတ်ပြီး combination meterကိုပြန်မယ် (grey ကြိုး)
Fuel ammountအနဲအများအလိုက်
resistanceပြောင်းပါမယ်
So ပြောင်းလဲသွားတဲ့voltageအရ
ဆီဂိတ်ကို meterမှာပြပါမယ်
ဒီကားလေးမှာတော့ ဆီဂိတ်ကိုလာတဲ့12Vကြိုး(green)
လေးပြတ်နေလို့ ပြန်လည်ပြုပြင်ပေးလိုက်ပါတယ်
အားလုံးပဲ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ
အသိသတိရှိကြပါစေခင်မျာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
1234