MULSA

MULSA

Share

Photos from MULSA's post 28/01/2021

အားလုံးပဲမင်္ဂလာပါ 😸

ကျနော်တို့ရဲ့"One Shot Legal Maxim"
အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝️⚖️☝️...............................

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့
legal maxim လေးကတော့………
"Injuria Sine Damno" ပဲဖြစ်ပါတယ် 👏👏

တစ်ခုချင်းစီ အင်္ဂလိပ်လို အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ "Injuria" ဟာ "Injury" ၊ "sine" ဟာ "without"၊ "damno" ဟာ "any physical loss" ဖြစ်ပါတယ်။ ဆိုတော့ "Injuria Sine Damno" ဟာ "injury suffered without actual loss" လို့အဓိပ္ပါယ်ရပါတယ်။
မိမိအား ဥပဒေကပေးအပ်ထားတဲ့အခွင့်အရေးကို တစ်စုံတစ်‌ယောက်က ချိုးဖောက်ဖောက်ပါက ထိုချိုးဖောက်မှုကြောင့် မိမိမှာ အမှန်တကယ် ဆုံးရှုံးနစ်နာမှုမရှိသော်လည်း ချိုးဖောက်သူအား ဥပဒေအရ အရေးယူနိုင်ပါတယ်။ "Injuria Sine Damno" ဟာ ထိုအခွင့်အရေးကိုဖော်ပြတဲ့ legal maxim တစ်ခုပဲဖြစ်ပါတယ်။ ⚖️

အောက်ကပုံလေးတွေမှာ "Injuria Sine Damno" " ရဲ့ အဓိပ္ပာယ်ကို ဥပမာလေးနဲ့တကွလေ့လာကြည့် နိုင်ပါတယ်ခင်ဗျ။
အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ရင်း💜……

24/01/2021

အားလုံးပဲမင်္ဂလာပါ ✨💜✨

MULSA RADIO 📻 အစီအစဉ်က‌လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ပတ် Legal Story Telling [Episode 3] မှာတော့
Jury တရားစီရင်စနစ်အကြောင်း၊ ၄င်းရဲ့သမိုင်းအကြောင်း နှင့် သိမှတ်ဖွယ်ရာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Juryစနစ် စတင်ပေါ်ပေါက်လာပုံတွေ နောက်ပြီး ကျနော်တို့မြန်မာနိုင်ငံမှာရော Jury စနစ် ကျင့်သုံမှုနှင့် ပတ်သက်ပြီး ဘယ်လိုတွေရှိခဲ့သလဲ၊ Juryစနစ်ကိုရောမြန်မာနိုင်ငံမှာ ကျင့်သုံးသင့်သလားဆိုတဲ့ မေးခွန်းတွေကို ဒီvideoလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။

အဲ့တော့ကျနော်တို့ရဲ့ MULSA Radio လေးကိုနားထောင်ပြီး Juryစနစ်အကြောင်းကိုလေ့လာလိုက်ကြရအောင်။ 😉❣️

Photos from MULSA's post 20/01/2021

အားလုံးပဲမင်္ဂလာပါ 😸

ကျနော်တို့ရဲ့"One Shot Legal Maxim"
အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝️⚖️☝️...............................

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့
legal maxim လေးကတော့……… "Ex n**o acto actio no oritur" ပဲဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ပဋိညာဉ်တစ်စောင်တွင် အဖိုးစားနား [consideration] မပါရှိပါက ထိုပဋိညာဉ်သည် တရားမ၀င် ပျက်ပြယ်သည် ဟူ၍အဓိပ္ပါယ်ရပါတယ်။✨

ကျနော်တို့ ဥပဒေ‌ကျောင်းသားတွေ ဒုတိယနှစ်မှာ contract law ကို လေ့လာကြရတယ်....ဟုတ်? တရား၀င် ပဋိညာဉ်(စာချုပ်) ချုပ်ဆိုရန် လိုအပ်တဲ့ အခြေခံအချက်တွေကို ပဋိညာဉ်အက်ဥပဒေ (၁၈၇၂) မှာ ပြဌာန်းထားပြီး....
🔶 ကမ်းလှမ်းချက် [Proposal]
🔶 လက်ခံချက် [Acceptance]
🔶 ကတိနှင့် ညီညွတ်သည့် အဖိုးစားနား [Consideration]
🔶 သဘောတူညီချက် [agreement\ mutual consent] အစရှိတဲ့အချက်တို့ ပါရှိရမယ်ဆိုတာ အားလုံးသိထားကြပြီးဖြစ်ပါလိမ့်မယ်။

ဒီကနေ့မှာတော့ အဖိုးစားနား အကြောင်း ဖော်ညွှန်းတဲ့ legal maxim လေးကိုအများသိရှိ‌ဖို့ MULSA မှ "Ex n**o acto actio no oritur" ရဲ့အဓိပ္ပာယ်ကို ဥပမာလေးနဲ့ တကွလေ့လာကြည့် နိုင်ရန် မျှဝေ‌ ပေးလိုက်ပါတယ်။

အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ရင်း💜

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay