NC TECH Computer Service and Networking Group
15/10/2025
ဆယ်တန်းကိုAll Dနဲ့အောင်ပြီးမှဘုန်းကြီးဝတ်သွားတယ်
အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတုန်း သာသနာ့ဘောင်ဝင်သွားတယ်ဆိုတာတွေကြားရင် အတိတ်ကံပါရမီထူးလိုက်တာဆိုပြီးချီးမွှမ်းကြသာဓုခေါ်ကြတယ်။
တောထွက်ပြီးရသေ့ရဟန်းဝတ်တဲ့အလေ့အထဟာ ဗုဒ္ဓမတိုင်မီနှစ်ပေါင်းရာချီကတည်းက အိန္ဒိယမှာရှိခဲ့ပါတယ်။
အိုနာသေဘေးကိုရင်ဆိုင်ဖို့ ဓမ္မကိုရှာဖို့လူနေရပ်ကိုစွန့်ခွာကြတယ်။ဗုဒ္ဓလည်း အိုနာသေဘေးကိုကြောက်လို့ရှေးလူတွေလုပ်သလိုအတုယူတောထွက်ခဲ့တာပဲ။လေးသင်္ချေ နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့လို့တောထွက်ခဲ့တယ်၊မြင်းခွာလေးဘက်ကိုနတ်လေးပါးကထမ်းပေးတယ်၊ မဟာပထဝီ မြေကြီး အိုးထိန်းစက်လိုချာချာလည်ပြီးကောင်းချီးပေးတယ်ဆိုတာတွေဟာ ပုံပြင်နားထောင်တဲ့အရွယ်တုန်းကပဲ သဘောကျစရာကောင်းပါတယ်။
ဗုဒ္ဓလောင်းလျာဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကကြားသိရတဲ့အကြောင်းအရာအဖြစ်အပျက်တွေနဲ့ဓလေ့ထုံးတမ်းတွေရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့် အို၊နာ၊ သေ၊ ဘေးဟာကြောက်စရာကောင်းတယ်၊ဒီဘေးက လွတ်အောင်ကြိုးစားမယ်ဆိုပြီး တောထွက်ရဟန်းပြုခဲ့တာပါ။
နတ်ပြည်ငရဲပြည်တွေ အိုနာသေဘေးတွေ သာသနာ့ဘောင်ကမြင့်မြတ်တယ်ဆိုတာတွေ နေ့စဉ်နဲ့အမျှပြောနေတဲ့မိသားစုထဲက ကလေးတစ်ယောက်ဟာ ဘုန်းကြီးဝတ်ချင်စိတ်ဖြစ်လာတာမဆန်းပါဘူး။အဲ့သလိုကလေးက ဘွဲ့တွေရ ပိုက်ဆံတွေချမ်းသာလည်းဘာမှမထူးဘူး သေရင်ငရဲမကျဖို့ပဲအရေးကြီးတယ်ဆိုပြီးစဥ်းစားမှာပဲ။
ကလေးကိုဘေးထားပြီး လူ့ဘဝဟာ အလကားပဲ ဖြစ်ပျက်ပဲ လောဘမောဟတွေနဲ့သေရင် ငရဲအိုးထဲဇောက်ထိုးဆင်းမှာပဲဆိုပြီးပြောနေတာဟာ ကလေးရဲ့ဖွံ့ဖြိုးတိုးတက် မှုကိုဟန့်တားတာပါ။ ကျနော်၇နှစ်သားလောက်က လမ်းထဲမှာတရုတ်အဖိုးကြီးတစ်ယောက်ဆုံးသွားတယ်
အလောင်းကိုဆေးထိုးပြီးအိမ်မှာ၂ရက်ထားတယ်။
လူသေတာမမြင်ဖူးခဲ့တော့ အဲ့ဒီအဖိုးကြီးဘာကြောင့်သေတာလဲလို့မေးကြည့်တယ်။
ဖွားအေကြီးက ဟဲ့ လူတိုင်းသေမျိုးချည်းပဲ နင်တို့လည်းသေလိမ့်မယ်၊ အရမ်းမဆော့နဲ့ ခုနေသေရင်ငရဲအိုးထဲကျမယ်ဆိုပြီးပြန်ပြောတယ်။ကျနော်ဆော့တာကို မျက်စိနှောက်နေတဲ့ဖွားအေကြီးက သူ့ဂွင်ထဲဝင်လာတာနဲ့ဖြဲခြောက်တာ။မဆော့တော့ပါဘူး ခုချက်ခြင်းသင်္ကန်းခြုံပြီးကိုရင်ဝတ်ပါတော့မယ်ဆိုရင်သဘောကျသွားမှာ။
ကလေးတစ်ယောက်ရဲ့လွတ်လပ်မှု ဘဝတိုးတက်မှုတွေကိုစိတ်မဝင်စားဘူးသူ့ရှေ့မှာ မဆော့ရင်ပြီးတာပဲ။
တရုတ်အဖိုးကြီးရဲ့အလောင်းနဲ့အဆော့မက်ပြီးသေရင်ငရဲအိုးထဲဆီပူနဲ့အကြော်ခံရမယ့်ကိစ္စဟာ ကျနော့်ကလေးဘဝကိုအိပ်မရအောင်စာသင်ချိန်မှာသင်္ခန်းစာတွေခေါင်းထဲမမှတ်နိုင်အောင် ဘဝတိုးတက်မှုဆိုတာ အဓိပ္ပါယ်မရှိအောင်ခြောက်လှန့်ခဲ့တယ်။
လူဖြစ်လာရင် လောကဓံကိုရင်ဆိုင်ရပါတယ်၊ ဘုန်းကြီးလည်းဘုန်းကြီးလောကဓံ၊လူလည်းလူ့လောကဓံနဲ့ပါ။
ဘုန်းကြီးဝတ်လိုက်လို့ အေးချမ်းသွားမယ်၊လောကဓံကကင်းလွတ်သွားမယ်ဆိုရင်ကျောင်းမှုမြေမှုတွေနဲ့ တိုင်ပတ်နေတဲ့ဘုန်းကြီးတွေရှိပါအုံးမလား။
သားသမီးကို လောကဓံအခက်အခဲကိုကြံ့ကြံ့ခံရင်ဆိုင်ရဲဖို့လေ့ကျင့်ပျိုးထောင်ပေးပါ။လောကဓံကို ကြောက်လန့်အောင် မမြင်ဖူးမတွေ့ဖူးတဲ့ငရဲပြည် နတ်ပြည် အမြှောက်အခြောက်တွေ နဲ့ဂျင်းမထည့်ပါနဲ့။ဘာသာရေးကပေးတဲ့ အကြောက်တရားတွေကိုလက်ဆင့်ကမ်းနေတဲ့မိဘတွေဟာ သားသမီးကိုချစ်တာမဟုတ်ပါဘူး၊ငါကိုးကွယ် သလိုကိုးကွယ်၊ငါ့ကိုယ်ကြောက်သလိုကြောက်ဆိုတဲ့အတ္တကိုလက်ဆင့်ကမ်းတာပါ။
လူကြီးတွေဟာ လူငယ်တွေအတွက်လမ်းရှင်းပေးသူပဲဖြစ်ရမယ်။ကိုယ်ကြုံခဲ့တဲ့ဒုက္ခတွေ လူငယ်တွေမကြုံရအောင် ကိုယ်ကြောက်ခဲ့တာတွေ လူငယ်တွေမကြောက်ရအောင် မသိခဲ့တာတွေလူငယ်တွေသိအောင် ကိုယ်မအေးချမ်းခဲ့ပေမဲ့ လူငယ်တွေအေးချမ်းအောင် လမ်းရှင်းပေးရမယ်။
လူကြီးတွေရှုတ်ထားခဲ့တဲ့အမှိုက်တွေ ဂျင်းတွေကိုလူငယ်တွေက ဒုက္ခခံရှင်းနေရတဲ့နိုင်ငံမျိုးဟာ အေးချမ်းတိုးတက်ဖို့ခက်နေမှာပဲ။ငါတို့က လောကမှာအမြတ်ဆုံးတရားတွေကိုဖေ့စ်ဘုတ်မှာပြန်shareပေးနေတာ။
မသိတာမရှိတဲ့ဘုရားရဲ့တရားတွေကိုနာကြားနေလို့ ငါတို့လည်းဘာမှသိစရာမလိုတော့ဘူးဆိုပြီး ခပ်တည်တည်နဲ့မာနကြီးနေတဲ့မီယမ်မာလူကြီးတွေအများကြီးရှိတယ်။
လူ့အဖွဲ့အစည်းရဲ့ဓလေ့စရိုက်နဲ့အလွတ်ကျက်ပညာရေးကြောင့် လေ့လာစူးစမ်းဖို့အင်မတန်ပျင်းရိသူတွေ။
အဲ့သလိုလူတွေလက်ထဲကစမတ်ဖုန်းနဲ့အင်တာနက်ဟာ မျောက်လက်ထဲအုန်းသီးရသလိုပဲ။ ဗေဒင်အကြားအမြင်ဆရာနဲ့ဘုန်းကြီးတွေ ချူစားတာခံဖို့အတင်းအဖျင်းတွေ ခိုးဖတ်ရုံသက်သက်ပဲ။
Click here to claim your Sponsored Listing.
Category
Website
Address
132, 72nd St, Between 33-34 Street
Mandalay
23543