December
ရည်းစားမရှိတဲ့ single ဘဝကို အကောင်းဆုံးနည်းလမ်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့
၁။ ဆိုင်တကာပတ်ပြီး မနက်စာကို တစ်နေ့တစ်မျိုးမရိုးရအောင် သွားစားပါ။
၂။ Spa ကိုသွားပြီး ခြေသည်းလက်သည်းတွေကို အလှဆုံးပြုပြင်ပါ။
၃။ နေဝင်ချိန်မှာ အပြေးလေ့ကျင့်ပြီး အားကစားဝတ်စုံလှလှလေးနဲ့ sunset selfie ဆွဲပါ။
၎။ လှပတဲ့လမ်းလေးတွေမှာ သူငယ်ချင်းတွေနဲ့အတူတူလမ်းလျှောက်ရင်း အလ္လာပသလ္လာပ စကားပြောပါ။
၅။ သင်သွားနေကျ စားသောက်ဆိုင်ကိုသွားပါ။ စားနေကျမဟုတ်ဘဲ menu အသစ်တစ်မျိုး မှာစားပါ။
၆။ ကိုယ်တိုင်ဟင်းချက်ပါ။ ပြီးရင် လူမှုကွန်ရက်တွေမှာ တင်ပါ။
၇။ သင့်အိမ်မှာ သူငယ်ချင်းတွေကိုဖိတ်ပြီး ပါတီပွဲကျင်းပပါ။
၈။ သူငယ်ချင်းမိန်းကလေးတွေချည်းစုပြီး night out ထွက်ပါ။
၉။ ဖျာတစ်ချပ်၊ စားစရာအနည်းငယ်၊ စာအုပ်ကောင်းတစ်အုပ်ယူသွားပြီး ပန်းခြံထဲက အရိပ်ကောင်းကောင်းတစ်နေရာမှာ အချိန်ကြာကြာ စာထိုင်ဖတ်ပါ။
၁ဝ။ အားကစားပွဲတွေကို သူငယ်ချင်း (သို့) မိသားစုဝင်တွေ တစ်ပြုံတစ်မကြီးနဲ့ သွားကြည့်ပါ။
၁၁။ နေ့ခင်းဘက်အားလပ်ချိန်တွေမှာ စာကြည့်တိုက်ကိုသွားပါ။ ကော်ဖီကောင်းကောင်းတစ်ခွက်သောက်ပြီး စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရှုစီးမျောလိုက်ပါ။
၁၂။ သင်နေတဲ့နေရာက ကမ်းခြေနဲ့နီးတယ်ဆိုရင် ကမ်းခြေကို သင်တစ်ယောက်တည်းသွားပါ။ သီချင်းနားထောင်လို့ရတဲ့ နားကြပ်၊ နေလောင်ခံခရင်မ်နဲ့ စားစရာအနည်းငယ်ယူသွားပေါ့။
၁၃။ ပန်းခြံကို သွားပြီး ပျော်ပျော်ပါးပါး ဒန်းစီးပါ။
၁၄။ စကိတ်ဖိနပ်တစ်ရံစီးပြီး မြို့ပတ်ပါ။
၁၅။ အပျော်သဘောပဲဖြစ်ဖြစ် မာရသွန်ပြိုင်ပွဲဝင်ပြိုင်ပါ။
၁၆။ သင်နှစ်သက်တဲ့ အားကစားအသင်းရဲ့ ဝတ်စုံဝတ်ပြီး ပြိုင်ပွဲမှာအားပေးပါ။
၁၇။ ခင်မင်ယုံကြည်ရတဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ပြီး သင်သွားချင်တဲ့နေရာတွေ၊ သင်လုပ်ချင်တဲ့အရာတွေကို လုပ်လိုက်ပါ။
၁၈။ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ပါ။
၁၉။ သင်နေထိုင်ရာမြို့အတွင်းက လှပပြီး လည်ပတ်သူများတဲ့နေရာတွေကို သွားရောက်လည်ပတ်ပါ။ ဓာတ်ပုံလှလှလေးတွေရိုက်ပြီး လုမှုကွန်ရက်တွေမှာ တင်ပါ။
၂ဝ။ သူငယ်ချင်းတွေစုပြီး KTV မှာ သီချင်းသွားဆိုပါ။
၂၁။ သင်ကြိုက်နှစ်သက်တဲ့ ဂီတရှိုးပွဲတွေကို သွားဖြစ်အောင်သွားကြည့်ပါ။ စတိတ်စင်ကို နောက်ခံထားပြီး selfie ဆွဲဖို့ မမေ့နဲ့နော်။
၂၂။ အားလပ်ရက်တွေမှာ အဝေးတစ်နေရာက သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦးစီ အလည်သွားပါ။
၂၃။ ပညာဒါနအချက်အပြုတ်သင်တန်းတွေ၊ စက်ချုပ်သင်တန်းတွေကို တက်ရောက်သင်ယူပါ။
၂၄။ တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ။ သင်တကယ်လိုအပ်နေတဲ့ အသုံးအဆောင်တွေကို ဘာမှမစဉ်းစားဘဲ ဝယ်လိုက်ပါ။
၂၅။ မိဘမဲ့ကလေးကျောင်း (သို့) ဘိုးဘွားရိပ်သာ တစ်ခုခုမှာ လုပ်အားပေးပါ။
၂၆။ သင်လုံးဝမရောက်ဖူးတဲ့ တောင်တစ်တောင်ကို တက်ပါ။
၂၇။ မနက်မိုးမလင်းခင် တောင်တက်ပါ။ နေထွက်လာတာကို တောင်ထိပ်မှာထိုင်ပြီး စောင့်ကြည့်ပါ။
၂၈။ တစ်နေ့လုံး ဖုန်းပိတ်ထားပြီး သဘာဝတရားကြီးရဲ့ လှပမှုကို ခံစားပါ။
၂၉။ သူငယ်ချင်းတွေနဲ့အတူတူ ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ကခုန်ပါ။
၃ဝ။ ဆိတ်ငြိမ်အေးချမ်းတဲ့ တောလမ်းလေးမှာ လမ်းလျှောက်ပါ။
၃၁။ ယောဂသင်တန်းတက်ပြီး ယောဂလေ့ကျင့်ပါ။
၃၂။ စွန့်စားမှုတစ်ခုခုလုပ်ပါ။ ဥပမာ- skydiving တို့၊ သရဲခြောက်တဲ့အိမ်ကို တစ်ယောက်တည်း သွားတာတို့လိုပေါ့။
၃၃။ လှပတဲ့ရှုခင်းလေးတွေကိုခံစားရင်း တစ်ကိုယ်တည်း ညစာစားပါ။
၃၄။ သင်တစ်ခါမှ မဝတ်ဖူးတဲ့ ဒီဇိုင်းမျိုးဝတ်ပြီး လျှောက်လည်ပါ။
၃၅။ တစ်ညလုံးအိမ်တွင်းအောင်းပြီး လက်မှုအနုပညာတစ်ခုခုကို ဖန်တီးပါ။
၃၆။ တိရစ္ဆာန်ရုံကို သွားရောက်လည်ပတ်ပါ။ တိရစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်ပါ။
၃၇။ တောင်တက်ပါ။ တောင်ထိပ်မှာထိုင်၊ နေဝင်တာကိုကြည့်ရင်း ခြေသည်းနီဆိုးပါ။
၃၈။ ကိုယ်တိုင်ကားမောင်းပြီး ခရီးတိုလေးတစ်ခု ထွက်ပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ်ပေါ့။
Single တစ်ယောက်ဖြစ်တဲ့ သင်ရော။ ဘယ်နံပါတ်တွေကို လုပ်ဖူးလဲ။ ဘယ်နံပါတ်တွေကို လုပ်ကြည့်ချင်လဲ။ Comment box မှာ ဖြေခဲ့ပါဦးနော်။ ဘဝတူ Single သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦး။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
58st 38×39
Mandalay
05042