ANM Collections

ANM Collections

Share

28/02/2025

"အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကိုအရောက်သွားလို့ကွယ် "

မတွေ့ရတာကြာပြီဟုတ် ANM ဒီရက်ပိုင်းနေမကောင်းတာနဲ့ပဲ ဘာမှမတင်ဖြစ်ဘူးပေါ့နော် ANMကနေမကောင်းအကြာကြီးဖြစ်တိုင်း ရွှေစာရံဘုရားမှာ ပွဲသွားပေးလေ့ရှိတဲ့သူပါ ဒီတခါတော့တိုက်တိုက်ဆိုင်ဆိုင်ဘုရားပွဲနဲ့ကြုံခဲ့တယ်ပေါ့နော် ရွှေစာရံဘုရားပွဲဆိုတာ မန္တလေးနဲ့အနီးတဝိုက်ကသူတွေနဲ့တော့မစိမ်းဘူးပေါ့ ဘုရားပွဲစတာ 2 ရက်ပဲရှိသေးတော့ လူတွေလည်းအရမ်းမများသေးတာနဲ့ ပွဲဈေးလေးလဲလျှောက်ခဲ့ပါတယ် ပွဲဈေးဆိုတဲ့အတိုင်းလိုချင်စရာလေးတွေ စားစရာမုန့်အချိုလေးတွေ နောက်ပြီးမပါမဖြစ်ထန်းရွက်ပုတီးရောင်စုံလေးတွေအပြည့်ပါပဲ နေမကောင်းနေတဲ့ကိုယ်တောင် တဝက်လောက်သက်သာသွားသလိုပါပဲ ပွဲကာလကလဲ တလလုံးကျင်းပမှာ ဖြစ်တဲ့အတွက် မရောက်ဖူးသေးရင် တခါလောက်တော့ ရွှေစာရံဘုရားကို အလည်သွားကြည့်ကြပါဦးနော်
နောက်ထပ် vlog တွေ့မှာပြန်တွေ့ပါမယ်ရှင် 🫶🏻

16/01/2025

Indo ခရီးစဉ် Part 2

Hello 👋 ANMရဲ့Indoခရီးစဉ်part2အကြောင်းreview ရေးပေးလိုက်ပါတယ်နော် အခုတင်ထားတဲ့ videoလေးအကြောင်းပြောပြပေးချင်လို့ပါအပျော်တမ်းvideoလေးတွေရိုက်တာမို့အမှားပါရင်နားလည်ပေးစေလိုပါတယ်ရှင်🙏🏻

ဒီတခေါက်တော့ ANMတို့အဖွဲ့ ပင်လယ်ဘက်က ကျွန်းတွေဆီကိုသွားရောက်လည်ပတ်ခဲ့ပါတယ် 🏝️ANMတို့အဖွဲ့ကသီးသန့်သွားချင်တာမို့ boat ကိုprivate ငှားခဲ့ပါတယ်ရှင် ငှားခကတော့ဒေါ်လာ1100ကျပါတယ် Indo ငွေနဲ့ ထိုင်းငွေဆို ဒီထက်ပိုကျတာမို့ ဒေါ်လာနဲ့ပဲရှင်းခဲ့ပါတယ်💸💸💸
ကဲခရီးစဉ်စကြစို့ ANMတို့တည်းတဲ့ Villa ကို ကားဆရာကမနက်ခင်း ၇နာရီအရောက်လာခေါ်ပါတယ်ရှင် တည်းတဲ့‌Villa ကနေ ပင်လယ်ကမ်းစပ်ကိုနာရီဝက်ကားမောင်းရပါတယ် ရောက်ပြီဆိုတာနဲ့ လှေသမားကအသင့်စောင့်နေတာပေါ့နော်
လှေအသေးကိုအရင်စီးပြီးမှBoatရှ်ိတဲ့နေရာကို
သွားရပါတယ်ရှင် boatပေါ်ရောက်လာနဲ့ boatမှာပါတဲ့ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေ မိတ်ဆက်ကြပါတယ်
Indoကလူတော်တော်များများ သဘောကောင်းပြီးဖော်ရွေကြတယ်
အဲ့တာကြောင့်လဲ နိုင်ငံခြားသားတော်တော်များများလာရောက်လည်ပတ်ကြတာတွေ့ရတယ် ကလေးကအစလူကြီး အဘိုးအဘွားကအဆုံး တော်တော်များများလာကြတယ်
ကဲစထွက်ပါပြီ 🛥️ကျွန်းတွေဘက်ကိုနာရီဝက်ကြာအောင်သွားရပါတယ် ကျွန်းမရောက်ခင် ရေကူးလို့ရတဲ့နေရာလေးမှာ ခဏရပ်ပေးတယ်ပေါ့နော်
အဲ့မှာရေကူးတာအပြင် ရေလည်းငုပ်လို့ရပါသေးတယ် အသက်ကယ်အင်္ကျီပစ္စည်းအပြည့်စုံပါတော့ safeဖြစ်ပါတယ်✅
သူတို့အကုန်ဆင်းပြီးမှ ANMတို့၅ယောက် တစ်ယောက်ချင်းစီ ဆင်းရပါတယ် ညီမကရေကြောက်တတ်သူမို့အသက်ကယ်အင်္ကျီ ဝတ်ထားတာတောင် ဘောကွင်း ယူထားရပါသေးတယ်🛟🛟🛟😪😪😪ANMရေကြောက်တတ်မှန်း သိတော့ သူတိူ့အနားမှာပဲနေပေးရှာပါတယ် ✔️ရေငုပ်ပြီးကြည့်ရင် ငါးအစုံကိုမြင်တွေ့ရတယ်လို့ပြောပါတယ်ရှင် ကြည့်ခဲ့တဲ့သူတွေကတော့ အရမ်းလှပါတယ်တဲ့ ANM ကတော့မကြည့်ရဲလို့မကြည့်ခဲ့ပါဘူးရှင် နဂိုထဲကရေကြောက်တက်သူမို့ခဏပဲဆင်းပြီး ပြန်တက်ခဲ့ပါတယ်အဓိကအချက် boatရပ်တဲ့အချိန်လှိုင်းကြောင့် ခေါင်းအရမ်းမူးပါတယ် ခေါင်းကိုမထောင်နိုင်တဲ့အထိပါ လှေမူးတတ်တဲ့သူဆ်ို ဆေးဆောင်သွားသင့်ပါတယ် ✅
ရေကူး‌ရေငုပ်တာ
အကုန်လုပ်ပြီးတာနဲ့boatနဲ့၅မိနစ်လောက်မောင်းပြီး ကျွန်းကိုရောက်ပါတယ် ကျွန်းရောက်ပြီဆိုတာနဲ့ကားနဲ့ အသင့်လာကြိုတဲ့သူရှိပြီးသားပါ 🚙🚙ကားနဲ့စားသောက်ဆိုင်ကိုပို့ပေးပါတယ်နေ့လည်စာသွားစားပါတယ် နေ့လည်စာက ဒေါ်လာ1100ထဲပါပြီးသားပါ နေ့လည်စာစားပြီးတာနဲ့ မူးတတ်တဲ့သူကိုဆေးတိုက်ပါတယ်ANMထိပ်ဆုံးကသောက်ခဲ့ရတာပေါ့ကွယ် နေ့လည်စာစားသောက်အကုန်ပြီးတာနဲ့Baliမှာနာမည်ကြီး ကျွန်းတွေက်ိုစပြီးလိုက်ပို့ပါတော့တယ် လမ်းတွေကကျဉ်းပြီး ကားရှောင်ရင် သိပ်မလွတ်ချင်ပါဘူးVideoထဲမှာပါတဲ့ ပထမကျွန်းနေရာလေးဆို ကားနဲ့မိနစ်၃၀မောင်းရပြီးလမ်းလဲမိနစ်၂၀လျှောက်ရပါတယ် နေလဲအရမ်းပူသလိုသွားရတာလဲပင်ပန်းပါတယ် ဒါပေမယ့်နေရာလှလှလေးရောက်တော့လဲအမောပြေသွားပါတယ်ရှင်❤️❤️❤️ဒုတိယနေရာလေးရောက်ဖို့ကြ ကားနဲ့၁၅မိနစ်ထပ်သွားရပါတယ် အဲ့ဒီကျွန်းက Baliမှာလူတော်တော်များများသွားကြတဲ့နေရာလေးလဲဖြစ်တယ်ပေါ့နော် လမ်းလဲကားထားတဲ့နေရာနဲ့မ‌ဝေးတော့
သိပ်မလျှောက်ရပါဘူး
နောက်ပြီးအဲ့နေရာမှာမျောက်တွေလဲရှိလို့မျောက်စာလဲကျွေးလို့ပါတယ်ရှင်🐒🐒ကားနဲ့က videoထဲမှာပါတဲ့နေရာနှစ်ခုကိုလိုက်ပို့ပေးပြီးboatဆီကိုပြန်လိုက်ပို့ပါတယ်ရှင် အပြန်boatစီးတော့လေအေးအေးလေးနဲ့နေလို့အရမ်းကောင်းပါတယ် အသွားရောအပြန်ဆိုမနက်၇နာရီကနေညနေ၄နာရီထိကြာပါတယ် ပင်လယ်ဘက်က ကျွန်းတွေကိုတော့ ၁ရက်အချိန်ပေးပြီးလည်ရပါတယ်ရှင် ANMတခု အကြံပြုချင်တာကတော့ အဲ့လိုသွားရောက်လည်ပတ်မယ်ဆိုဒေါ်လာကိုအဓိကထားအသုံးပြုစေချင်ပါတယ် ဘာလို့လဲဆိုရင်Indoငွေနဲ့ ထိုင်းငွေဆ်ို ဒေါ်လာထပ်နှစ်ဆများလို့ပါရှင်✅✅ရေးတာအမှားပါရင်လည်းနားလည်ပေးစေလိုပါတယ်ရှင်❤️❤️❤️

# Indo trip

Photos from ANM Collections's post 13/01/2025

Hello ANMရဲ့ ပထမဆုံးIndo သွားတဲ့ခရီးစဉ်အကြောင်း
Review ရေးပေးလိုက်ပါတယ်😘😘
ခရီးစဉ်Part-1❤️

ANM တို့ Indoကို ၃ညအိပ်၄ရက်သွားခဲ့ပါတယ်
Indoရဲ့မြို့တော်ကို မသွားဘဲBaliကို အဓိကသွားခဲ့ပါတယ်
Baliရဲ့ရာသီဥတုကတော့မိုးအရမ်းကိုရွာပါတယ်
သွားခဲ့တဲ့ ၄ရက်လုံးလုံး မိုးရွာပါတယ်
ပထမဆုံးအနေနဲ့ ပုံမှာတင်ထားတဲ့ နေရာ ၅နေရာအကြောင်း
ကိုပြောပြချင်လို့ပါ

ဒီခရီးကို တော့ANMရဲ့ယောင်းမကဘဲအကုန်စီစဉ်ပေးတာပါ
ဒီနေရာ၅ခု အတွက် package ဝယ်ပြီးသွားခဲ့ပါတယ်
ANMတို့က ၅ယောက်အဖွဲ့ဖြစ်တဲ့အတွက်
Package ကတစ်ယောက်ကိုထိုင်းbaht 4950ကုန်ကျပါတယ်
နေ့လည်ထမင်းစရိတ်ပါ ပါပြီးသားပါ။
Indoက လူတော်တော်များများသဘောကောင်းကြတယ်
စိတ်ရှည်တယ် engစကားပြောတာလဲကောင်းကြတယ်

1နေရာ-ပုံမှာတင်ထားတဲ့ ပထမပုံထဲကနေရာကတော့Tirta Ganggaခေါ်ပါတယ် ANMတို့တည်းတဲ့နေရာနဲ့ဆို ၂နာရီကျော်ကားစီးရပါတယ် သွားရတဲ့လမ်းတွေက တောင်ပေါ်ဖြစ်တဲ့အတွက် ကလောသွားရတဲ့feel လေးတော့ရပါတယ်အကယ်၍ အဲနေရာကိုသွားလည်မယ့်ဆ်ို မိန်းကလေးများအနေနဲ့ဂါဝန်အကားအရှည်လေးဝတ်သွားသင့်ပါတယ် 👗👗ဂါဝန်အရှည်နဲ့ထိုင်ပြီးရိုက်ရင် ပိုလှလို့ပါ ငါးလေးတွေလဲအစားကျွေးလို့လဲရပါတယ် ANMကတော့
ပုံလဲရိုက် ငါးစာလေးလဲကျွေးခဲ့ပါတယ်။

2နေရာ-Baliရဲ့အထင်ကရနေရာလို့ပြောလို့ရတဲ့။ Lempuyang Temple နေရာပါပါ အဲနေရာကိုသွားမယ်ဆိုတောင်ခြေမှာ ကားရပ်ခဲ့ရပါတယ် ကားရပ်ပြီးတောင်ပေါ်တက်မယ့်ကားကိုတစ်ဆင့်ပြန်စီးရပါတယ် အိမ်စီးကားတွေကိုတော့ပေးမတက်ပါဘူးရှင်။ တောင်ပေါ်ရောက်ပြီးပုံထဲကနေရာကိုသွားမယ်ဆို ဂါဝန်ဘယ်လောက်ရှည်ရှည် သူတို့ရိုးရာထဘီကိုဝတ်ပြီး သွားရပါတယ် ANMစိတ်ထင် သူတို့က နတ်တအားကိုးကွယ်တာမို့ အဲနေရာတွေက နတ်ကြီးတယ်ထင်ပါတယ် သူတို့ရိုးရာထဘီမဝတ်ဘဲသွားခွင့်မရှိပါဘူး ရင်ဘက်အပြတ်တွေဝတ်ထားရင်လဲ အပေါ်ကနေသဘက်
ဖြစ်ဖြစ် အကျီင်္ အပါးလက်ရှည်ဝတ်ရပါတယ်
ပုံထဲက မုဒ်ဦးနေရာရောက်ဖို့၁၀မိနစ်ထပ်လမ်းလျှောက်ရပါတယ် တောင်ပေါ်ကိုထပ်လမ်းလျှောက်ရတာဖြစ်တဲ့အတွက်မောပါတယ် လမ်းကလဲမတ်ပါတယ်
ပုံထဲကအတိုင်း အပြင်မှာတအားလှမနေပါဘူး ရေလဲရှိမနေဘူး
ပုံထဲကအတိုင်း ပုံရိပ်ရအောင် မှန်ထောင်ရိုက်တာပါ 🙄🙄တကယ်ကအပြင်မှာ မုဒ်ဦးကသေးသေးလေးပါ မကြီးပါဘူးရှင်✅✅

၃နေရာကတော့ Ristorante Lereng Agung ခေါ်တဲ့ဒန်းစီးတဲ့နေရာလေးပါ တကယ်က စားသောက်ဆိုင်ပါ တောင်ပေါ်ဖြစ်တဲ့အတွက် ဒန်းကိုလုပ်ပေးထားတာပါ ဂါဝန်နောက်ရှည်ကြီးတွေနဲ့ဒန်းပေါ်ပုံရိုက်ချင်ရင် အာ့မှာဝတ်စုံဌားပေးပါတယ် ဌားခစျေးကြီးတဲ့အတွက် ကိုယ့်ဝတ်စုံနဲ့ကိုယ်ဝတ်ပြီးရိုက်ခဲ့ပါတယ် ဒန်းစီးတဲ့နေရာမှာလဲ ၃ခုရွေးချယ်လို့ရပါတယ်
တကယ်က ဒန်းကိုလွှဲပေးတဲ့နှုန်းပါ lowရယ်medium ရယ်
Highရယ်ဆိုပြီး၃ခုရှိပါတယ် medium လောက်စီးတာ အသင့်တော်ဆုံးပါ highကိုတော့တကယ်သတ္တိကောင်းတဲ့သူတွေဘဲစီးသင့်ပါတယ် နှလုံးရောဂါရှိသူများလုံးဝမစီးသင့်ပါ ❌❌
ANMတို့အကုန်ပုံရိုက်ပြီးပြန်လာမှသိရတာရှိပါတယ် အဲဒါက
ဒန်းစီးရင်းလူသေထားတယ်ဆိုတာပါဘဲရှင် ။

4နေရာကတော့ ကော်ဖီလုပ်တဲ့နေရာပါ ANMကcoffee လုံးဝမကြိုက်သူဖို့ ဒီနေရာကိုတော့စိတ်မဝင်စားပါဘူး ANMတို့အဖွဲ့ထဲက အမတစ်ယောက်ပcoffeeကြိုက်သူမို့ ဝင်တော့ကြည့်ခဲ့ပါတယ် အာ့မှာက ကြောင်ရဲ့ချီးနဲ့လုပ်တဲ့coffeeလဲရောင်းပါတယ် စျေးတော့ကြီးပါတယ် အရသာက အလွန်ကိုခါးတယ်ပြောပါတယ် ကြောင်ရဲ့ချီးနဲ့လုပ်တဲ့coffeeကိုတော့
ပိုက်ဆံယူပါတယ် တခြားcoffeeမျိုးစုံကိုတော့freeအနေနဲ့
တိုက်ပါတယ် coffeeသမားမဟုတ်လို့အရသာတွေဘယ်လိုရှိတယ်ဆိုတာ မပြောပြနိုင်တာ နားလည်ပေးပါ ANMကကော်ဖီသောက်ရင်ရင်တုန်ပြီး အိပ်ယာထဲက မထနိုင်တဲ့အထိနေမကောင်းဖြစ်တက်လို့coffeeဆ်ိုလုံးဝကိုရှောင်ထားတာပါ😘😘

5နေရာလေးကတော့ Tegalalang Rice Terrace လို့နေရာလေးပါ အာ့မှာ ဒန်း zip line super man zip line bicycle zip line
အကုန်စီးလို့ရပါတယ် တစ်ယောက်ကို စီးခ တစ်ခုစီ Indoငွေနဲ့ 350000ကျပါတယ် bicycle zip line က နှစ်ယောက်စီးမို့
450000ကျပါတယ် super man zip lineလဲ 350000ပါ
ANMကတော့ zip lineရိုးရိုးကိုမှ အရှည်ဆုံးစီးခဲ့ပါတယ် ဒါပင်မယ့် စီးတဲ့နေရာမှာsaveသိပ်မဖြစ်ဘူးလို့ခံစားရတယ် 😷😷မြန်မာနိုင်ငံမှာဆို အလေးချိန် အကုန်တိုင်း အကုန်လုပ်ပြီး
Saveဖြစ်ပြီဆိုမှ စီးခိုင်းတာပါ ✔️✔️ဒီကတော့အဲလိုမဟုတ်ဘူး
ဝတ်ပေးလိုက်တယ် လုပ်ပေးတယ်ဒီလောက်ပါဘဲ စိတ်ထဲ
Saveမဖြစ်ဖူးလို့တော့ခံစားမိတာအမှန်ပါ ✔️✔️တစ်ရက်လုံးဒီ၅နေရာကိုရောက်ခဲ့တာပါ အမှန်က ၆နေရာသွားဖို့ပါ
နောက်ဆုံးနေရာက ရေတံခွန်ဖြစ်တာမို့ မိုးရွာလို့ မသွားခဲ့ရတာပါ ဒီနေတော့ဒီလောက်ပါဘဲနော်

နောက်ရက်တွေကြ
Part2 ဘယ်နေရာလေးသွားတယ်ဆိုတာရေးပေးမယ်နော်😘😘

အဲနေရာတွေသွားဖို့ ဘယ်လို package ဝယ်တယ် ဘယ်လိုလုပ်ရလဲသိချင်ရင် pageမှာလာမေးလို့ရပါတယ်နော်❤️
ANMတို့သွားခဲ့တယ့် ဦးလေးကြီးနဲ့လဲချိတ်ပေးလို့ရပါတယ်
အရမ်းသဘောကောင်းစိတ်ရှည်လို့ပါ✔️
ပထမဆုံးရေးတာမို့ အမှားပါရင်နားလည်ပေးကြပါရှင်❤️❤️

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay
37473