FLY Photography

FLY Photography

Share

Photos from Fly Photography's post 09/03/2026

Simply Radiant 🌸✨

27/02/2026

Mandalay Wedding Dinner 💍🥂
Presented By : Fly Photography

#

Photos from Fly Photography's post 18/01/2026

Signing Day 💍🖊️🌿
Presented by Fly Photography

MUA Nan Wine Zarchi Naing

17/01/2026

💍 မင်္ဂလာဆောင်နေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများ ⚠️

မင်္ဂလာဆောင်နေ့ဆိုတာ
ဘဝတစ်လျှောက် မမေ့နိုင်တဲ့ အရေးကြီးဆုံးနေ့တစ်နေ့ပါ။
ဒါပေမယ့် စီစဉ်မှုနည်းနည်းလွဲသွားရင်
မလိုလားအပ်တဲ့ အမှားတွေ ဖြစ်လေ့ရှိပါတယ်။

အောက်မှာတော့ မင်္ဂလာဆောင်နေ့မှာ မကြာခဏတွေ့ရတဲ့ အမှားများ ကို စုစည်းပေးထားပါတယ်👇

⸝

❌ 1️⃣ မင်္ဂလာအချိန်ကို မလိုက်နာနိုင်ခြင်း
• စုလျားရစ်ပတ်၊ လက်စွပ်လဲလှယ် ပန်းကုံးစွတ်ချိန်နောက်ကျ၍ အစီစဉ်ထဲပါသော လူကြီးမိဘများစောင့်နေရတတ်
သတ်မှတ်ထားတဲ့ မင်္ဂလာအချိန်မမီခြင်း

👉 အကြံပြုချက် – Timeline ကို ကြိုတင်ရေးဆွဲပြီး MC နဲ့ သေချာညှိပါ

⸝

❌ 2️⃣ သတို့သား၊ သတို့သမီး အရမ်းပင်ပန်းသွားခြင်း
• မနက်အစောကြီးထ၊ မိတ်ကပ်လိမ်းချိန်ကြာ / ညကအစောမအိပ်ထားပဲ မနက်အစောထရခြင်း
• ဧည့်သည်တွေကို မရပ်မနား တွေ့ဆုံရခြင်း

👉 အပြုံးမပါဘဲ ပင်ပန်းနေတဲ့ ပုံရိပ်တွေ ထွက်တတ်ပါတယ်

👉 အကြံပြုချက် – Rest time (အနားယူချိန်) ကို Timeline ထဲ ထည့်ထားပါ

⸝

❌ 3️⃣ ဝတ်စားဆင်ယင်မှု မသင့်တော်ခြင်း
• Heavy dress အရမ်းကြီးလွန်းခြင်း
• Venue နဲ့ မလိုက်ဖက်တဲ့ outfit ရွေးထားခြင်း
• လမ်းလျှောက်ရ မလွယ်ကူခြင်း

👉 အကြံပြုချက် – Test fitting ကို ကြိုလုပ်ပါ

⸝

❌ 4️⃣ ဧည့်သည်စီမံခန့်ခွဲမှု မကောင်းခြင်း
• Seating plan မရှင်းလင်း
• လူကြီးများနေရာ မပြင်ဆင်ထားခြင်း
• Reception area ရှုပ်ထွေးခြင်း

👉 အကြံပြုချက် – ဧည့်ကြို ထားထားပါ

⸝

❌ 5️⃣ Photographer / Videographer နဲ့ မညှိထားခြင်း
• အရေးကြီး moment တွေ မဖမ်းမိခြင်း
• စုလျားရစ်ပတ်၊ လက်စွပ်လဲလှယ် ခြင်း သေချာ မရိုက်လိုက်ရခြင်း

👉 အကြံပြုချက် – Ceremony flow ကို ကြိုရှင်းပြထားပါ

⸝

❌ 6️⃣ မိုး၊ ရာသီဥတုအတွက် Plan B မရှိခြင်း
• Outdoor wedding မှာ မိုးရွာရင် အခက်အခဲဖြစ်တတ်

👉 အကြံပြုချက် – Backup plan အမြဲထားပါ

⸝

❌ 7️⃣ လူကြီးများအတွက် အချိန်နဲ့ အဆင်ပြေမှု မထည့်စဉ်းစားခြင်း
• အချိန်ကြာစောင့်ရခြင်း
• ထိုင်ခုံ မလုံလောက်ခြင်း

👉 မြန်မာမင်္ဂလာဆောင်မှာ
လူကြီးများကို အလွန်အရေးထားရပါတယ်

⸝

👉 အကြံပြုချက် – Planner အပ်နိုင်ရင်ပိုကောင်းပါတယ်

⸝

✨ အမှားတွေကို ကြိုသိထားရင်
မင်္ဂလာဆောင်နေ့ကို ပိုပြီး ပျော်ရွှင်၊ အမှတ်တရဖြစ်အောင်
ဖန်တီးနိုင်ပါတယ် ✨

Want your business to be the top-listed Photography Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


38st, 71-72
Mandalay