TT Bike

TT Bike

Share

20/03/2023

တရားဝင်မကြေညာ ချင်ပေမယ့်လည်း cbမှာ မေးမြန်းမှုတွေ ဆက်တိုက်ရှိနေတာမို့ TT Bike ဆိုင်ကယ်အငှား ၀န်ဆောင်မှုလုပ်ငန်း ရပ်နားထားကြောင်း ချစ်ရတဲ့ မိတ်ဟောင်း customer များကို အသိပေးပါရစေ...
(မေးမြန်းမှုတွေများတဲ့အတွက် cbမှာ တစ်ယောက်ချင်းစီ မဖြေကြားပေးနိုင်တာ ခွင့်လွှတ်ပေးပါခင်ဗျာ)

TT Bike လုပ်ငန်းကို လူအများရဲ့ မဖြစ်နိုင်လောက်ပါဘူး ဆိုတဲ့ ဝေဖန်ချက်တွေကြားထဲမှာမှ 2017မှာ ကျနော်တို့ ငယ်သူငယ်ချင်း ၅ဦး တိုင်ပင်ပီး ယုံကြည်ချက်အပြည့်နဲ့စတင် အကောင်အထည်ဖော်ခဲ့ကြပါတယ်...

2018မှာ စတင်ပြီး ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်...

ဆိုင်ကယ် ၁၀စီးနဲ့ စတင်ခဲ့တဲ့ TT Bike ဟာ 2020နှစ်အစမှာ ဆိုင်ကယ်အစီး၂၀ထိ တိုးမြှင့်ပြီး ဝန်ဆောင်မှု့ပေးနိုင်ခဲ့ပါတယ်...

လုပ်ငန်း လမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးစားနေရတဲ့ ကာလအတွင်းမှာ အပြိုင်အဆိုင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် နောက်မဆုတ်ပဲ အတတ်နိုင်ဆုံး ရှေ့ဆက်နိုင်အောင် ရှေးရှုပီး လုပ်ဆောင်ခဲ့ပါတယ်...

သို့ပေမယ့် ကြိုတင်မမြင်နိုင်တဲ့ Pandemicတွေ အခြေအနေတွေ ကြုံလာရတဲ့အခါ စိတ်မကောင်းစွာနဲ့ပဲ ဝန်ဆောင်မှုတွေ မပေးနိုင်တော့တဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်...

ပြန်များ လုပ်ငန်းလည်ပတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုကြောင့် ယခုလို ပိတ်သိမ်းကြောင်း ကြေညာချက်ကို နောက်ကျမှ ထုတ်ပြန်ရတဲ့ အတွက်လဲ အနူးအညွှတ်တောင်းပန်အပ်ပါတယ်..

အခြေအနေအကျိုးအကြောင်းများ တိုက်ဆိုင်ခဲ့လို့ ဝန်ဆောင်မှု ပြန်လည်ပေးနိုင်တဲ့အခါ ကြိုတင်ကြေညာပေးပါမယ်ခင်ဗျာ...

05/11/2020

Copy လုပ်ပါ
မရှယ်ပါနှင့်

မဲဆန္ဒရှင်များ ဂရုစိုက်ပေးပါ။

နိုဝင်ဘာ_၆ရက်နေ့နောက်ဆုံးထားလို့
ကား ၊ ဆိုင်ကယ် ၊ အနှေးယာဉ် ၊ အိမ် ၊ စျေးဆိုင်များတွင် အသုံးပြုထားသော ပါတီနှင့်ပတ်သက်သည့် မဲဆွယ်ဆိုင်းဘုတ်/အလံ/စတစ်ကာ/နဖူးစီး အားလုံးတစ်ခုမကျန်
ဖြုတ်ယူသိမ်းဆည်းကြပါ။

နိုဝင်ဘာ ၆၊ ၇၊ ၈ ရက်နေ့များတွင် မဲရုံနှင့်ကိုက်၅၀၀အတွင်း
ပါတီတစ်ခုခု၏မဲဆွယ်သင်္ကေတပစ္စည်း အသုံးပြုထားသည်ကိုတွေ့ရှိပါက
#ထောင်ဒဏ်တစ်နှစ်နှင့်ငွေဒဏ်တစ်သိန်း

#မဲထည့်ရန်သွားသောနေ့တွင်
ကား/ဆိုင်ကယ်/အနှေးယာဉ်များတွင် ကပ်ထားသော စတစ်ကာများ ရှိမနေစေရန် မမေ့မလျော့ ပြန်စစ်ကြပါ။

မဲထည့်ရန် သတ်မှတ်ထားသောအချိန်
#မနက်၆နာရီ_ညနေ၄နာရီ သတိပြုပါ။

မဲထည့်မည့်ဦးရေများနေ၍ စောင့်ဆိုင်းရမည်ဆိုလျှင်လည်း စနစ်တကျစိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးပါ။

#အထူးသတိထားရန်
ကိုဗစ်19 ကပ်ရောဂါ ကူးစက်မှု
ကာကွယ်နိုင်ရေး
စည်းကမ်းသတ်မှတ်ချက်များကို
တိကျစွာလိုက်နာပေးပါ။

မဲရုံသို့အဆင်သင့်ရောက်ရှိနေရန် အလွန်အရေးကြီးပါသည်။
ညနေ_၄နာရီကျော်မှ မဲရုံသို့ရောက်ရှိပါက မဲပေးခွင့်ရမည် မဟုတ်သည်ကို အထူးသတိထားပါ။

#ညနေ၄နာရီမတိုင်မှီ
မဲရုံအတွင်းသို့ရောက်နေလျှင် သေချာပေါက်မဲပေးခွင့်ရမည်။

တောင်းယူရမည့်မဲပြားအရေအတွက်
#တိုင်းရင်းသားမဟုတ်သည့် ပြည်သူများအတွက်
#မဲ_၃_မဲပြည့်အောင်တောင်းယူပါ။

၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်

#တိုင်းရင်းသားများအတွက်က တိုင်းရင်းသား လွှတ်တော် တစ်ခုပိုပါတယ်။
#မဲ_၄_မဲပြည့်အောင်တောင်းယူပါ။
၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်
၄။ တိုင်းရင်းသားလွှတ်တော်

အကယ်၍ စာရွက်ညစ်ညမ်း ပေရေပြီး စုတ်ပြဲနေလျှင် အသစ်လဲလှယ်ယူပါ။

မဲပေးရန် တံဆိပ်တုံးထုလျှင် စိတ်အေးအေးထားပါ။

#ကိုယ်ပေးမည့်ပါတီ ဘေးက အကွက်မှာ အလယ်ကျအောင် ကြိုးစားပြီး စိတ်အေးအေးထား၍ ထုနှိပ်ပါ။

#တံဆိပ်တုံးနှစ်ထပ် လုံးဝမဖြစ်ပါစေနှင့်။ နှစ်ကြိမ်ထုမိလို့ နှစ်ထပ်ဖြစ်သွားလျှင် ပယ်မဲဖြစ်မည်။

#တံဆိပ်တုံးထုတာမှားသွားလျှင် မဲပြားပြန်လည် လဲလှယ်၍ရသည်ဆိုတာ သိထားပေးပါ။

တခြားအခက်အခဲရှိလျှင် မဲရုံကြီးကြပ်သူများအား ပြေပြေလည်လည်ပြောပြ၍ အကူအညီတောင်းပါ။

မိမိသိသမျှ မဲပေးခြင်းဗဟုသုတများကို
မိမိမိသားစု မိတ်ဆွေနှင့် နီးစပ်ရာပြည်သူအချင်းချင်း
မျှဝေပြောပြပေးကြပါ။

မဲပေးသည့်နေ့တွင်လည်း စည်းကမ်းဘောင်အတွင်းမှ အချင်းချင်းသတိပေးကူညီပေးကြဖို့
မေတ္တာရပ်ခံပါသည်။

အမှန်တကယ် အရေးအကြီးဆုံးအချိန် ဖြစ်ပါ၍ ပြည်သူအားလုံး ရိုင်းပင်းညီညွတ်ပေးကြပါ။

မဲရုံအတွင်း ဟိုပါတီမဲထည့်ပါ ဒီပါတီမဲထည့်ပါဟု မဲဆွယ်ခွင့်မရှိသည်ကိုလည်း သိထားပေးပါ။

to original writer

12/07/2020

Hello❗

ကျွန်​တော်တို့ TT Bike ဆိုင်ကယ် စင်းလုံးငှား ဝန်​ဆောင်မှုက​နေပြီး ဆိုင်ကယ်များကို ပုံမှန် အတိုင်း ပြန်လည်ငှားရမ်း​ပေး​နေပါပြီ​ခင်ဗျာ...

ကုမ္ပဏီအလုပ်ကိစ္စအတွက်ပဲ လာလာ
ကျန်းမာ​ရေး​ဆေးခန်းပြဖို့အတွက်ပဲ လာလာ
​အလည်အပတ်အတွက်ပဲ လာလာ
ခရီးသွားဟန်လွှဲ လမ်းကြုံတစ်​ထောက်နားလို့ပဲ လာလာ

ဘာအ​ကြောင်းနဲ့ပဲဖြစ်ဖြစ် မန္တ​လေးကို​ရောက်ခဲ့ရင် အရင်လို TT Bike က​နေ ဆိုင်ကယ်မငှား​သေးလို့ အဆင်မ​ပြေမှာ စိတ်မပူပါနဲ့​တော့ခင်ဗျာ...

ခရီးသွားပြည်သူများ အဆင်​ပြေ​ရေးအတွက် အမြဲဝန်​ဆောင်မှု​ပေးနေမည် TT Bike ဆိုင်ကယ် ငှားရမ်းမှု ကုမ္ပဏီ 🛵

အရောက်ပို့ ဝန်ဆောင်မှုနဲ့အတူ TT Bike ရဲ့ ငှားရမ်းခတွေက

🍀1 session (3 hr) 4000 Ks
🍀2 session (6 hr) 8000 Ks
🍀3 session (9 hr) 11000 Ks
🍀4 session (12 hr) 13000 Ks
🍀1 Day (24 hr) 15000 Ks








TTBike Motorcycle Rental Service
Address : No.H1 , 30th Street , Bet: 65th & 66th Street , Mandalay.
Contact : 09 4000 80140

06/05/2020

⚜ကဆုန်လပြည့်​ မြတ်ဗုဒ္ဓ ​နေ့နှင့် ​ညောင်​ရေသွန်းပွဲ​တော်⚜

🔵ကဆုန်လပြည့် ဗုဒ္ဓနေ့

၁။ လေးသင်္ချေကိန်း တစ်သိန်းကပ်ကြုံ
သုမေဓါလောင်း ညွံပျောင်းဗွက်ပုံ
ဒီပင်ထံပါး ဝပ်လျားမှောက်ခုံ ဆုပန်နေ
လပြည့်နွေကဆုန်။

ဘုရားအလောင်းတော် သုမေဓါ ရှင်ရှင်ရသေ့သည် လွန်လေပြီးသော လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတုန်းက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဤဘဒ္ဒကမ္ဘာ၏ လေးဆူမြောက် ဖြစ်သော ဂေါတမအမည့်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု နိယတဗျာဒိတ်ကို ကဆုန်လပြည့် နေ့တွင်ခံယူခဲ့သည်။

၂။ မဟာသက္ကရာဇ် ၆၈ကြုံ လုမ္ဗိနီတော သာမောရဂုံ
မာယာမယ်ဘုရား ပတ္တမြားနှုတ်ငုံ
ဖွားမြင်နေ လပြည့်နွေကဆုန်။

မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား သက္ကတိုင်း ကပိလဝတ်နှင့် ကောလိယတိုင်း ဒေဝဒဟကြား လုမ္ဗိနီအင်ကြင်း တောတွင် ဖွားမြင်တော်မူခဲ့သည်။

၃။ ၁၀၃ ခု သက္ကရာဇ်ကြုံ ဥရုဝေလ သာစွရဂုံ
မာရ်စွယ်ငါးစင်း နှိမ်နင်းဖုံဖုံ ဗုဒ္ဓနေ့
လပြည့် နွေကဆုန်။

မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်တွင် သိဒ္ဓတ္ထမင်းသားသည် ဥရုဝေလတော ဗောဓိပင်ရင်း အပရာဇိတပလ္လင်၌ ဘုရားအဖြစ်ပွင့်တော်မူသည်။

၄။ ၁၄၈ သက္ကရာဇ်ကြုံ မလ္လမင်းတို့ အင်ကြင်းရဂုံ
ဘဝဇာတ်သိမ်း ပြတ်ငြိမ်းရာလှုံ နိဗ္ဗာန်နေ့
လပြည့်နွေကဆုန်။

မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ သက်တော် ၈၀ ဝါတော် ၄၅ ဝါတွင် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလေသည်။

ဗျာဒိတ်တော်ခံ ဖွားပွင့်စံ မှတ်ရန်ကဆုန် လပြည့်ကြုံ။ ဤအဂီါလေးရပ်နှင့် ပြည့်စုံသော ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓသည် ဗောဓိပင်အောက်မှာ ပွင့်တော်မူသည်ကို အကြောင်းပြု၍ ကဆုန်ဟူသော ရေသွန်းလမှာ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိ ညောင်ပင်ကို ညောင်ရေသွန်းလောင်း ကုသိုလ် ကောင်းမှုများ ပြုကြပါသည်။

🔵 ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း

မြတ်ဗုဒ္ဓသည်

ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန်
စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။

ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက်အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့​ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊ သစ္စာ၄ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်” ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

🔵 ညောင်ရေသွန်း ပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ ကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည် ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

▪️ ဂန္ဓောဒကိယ ရဟန္တာမထရ်

“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူက သွန်းလောင်း ပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘဝမှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ႓ိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

▪️ဗောဓိသိဥ္စက ရဟန္တာမထေရ်

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး “ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဥ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🙏🙏🙏 မူရင်းစာ​ရေးသူ၏ တိုက်တွန်းလွှာ

အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ

ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော “ဗောဓိ၀န္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းပါသည်။ ။

credit . မူးရင်း​ရေးသားသူနှင့် တစ်ဆင့်ပြန်လည် မျှ​ဝေ​ပေးခဲ့သူများအား အထူး​ကျေးဇူးတင်ရှိပါသည်။

Want your business to be the top-listed Transport Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. H1, 30th Street, Bet: 65th & 66th Street
Mandalay
100102

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00