Novatek

Novatek

Share

Photos from Novatek's post 20/03/2026

ခေါက်ဆွဲဆိုင်ကျောင်းပရောဂျက်-ဂျာနူးအောင်
မြန်မာ-ထိုင်း-တရုတ်-ဗီယက်နမ်-လာအို- ဂျပန်-ကိုရီးယား ဒေသတွေက ခေါက်ဆွဲ အရသာ အမျိုးမျိုးစားကြတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာပြည်မှာ.. ခေါက်ဆွဲဆိုင်ဒီဇိုင်း ဆွဲ မယ့် အိုင်ဒီယာဆို ဘယ်သူမဆို စိတ်ဝင်စားနိုင်တာမို့ အသုံးလည်းတည့် နိုင်တာမို့ ရွေးချယ် ဒီဇိုင်းလုပ်ခဲ့ပါတယ်။

ဒီဇိုင်း စမလုပ်ခင်..ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဘက်ရှိ Sapa မြို့ရဲ့ ဗီယက်နမ်ရိုးရာ (Pho) ခေါက်ဆွဲဆိုင်များကို လေ့လာခဲ့ပါတယ်
Sapa မြို့ရှိ အိမ်များနှင့် အဆောက်အဦများက သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ချိတ်ဆက်ထားသော ရိုးရာဒီဇိုင်းစတိုင်များဖြင့် တည်ဆောက်ထားခြင်းများကို တွေ့ရတယ်။ လေ့လာရင်းနှင့် ဆိုင် တွေက
သေချာပြုလုပ်ထားသလို မထင်ရသော်လည်း site သေးသေးဖြင့် ဒေသရိုးရာ အစားအသောက်နှင့် လူနေမှုများကို ထင်ရှားစွာ ဖော်ပြနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိကြောင်း သိရှိလိုက်ရပါတယ် ။ (ပုံ-၁)
တဖက်ကလည်း ကျောင်းကပေးထားတဲ့ ကျဥ်းမြောင်းတဲ့ မြေကွက်တစ်ခုမှာ ဆိုင်ဖွင့်ဖို့ ဘယ်လိုအချက်တွေ စဥ်းစားသင့်သလဲဆိုတာ ရှင်းပြဖို့ ရှာဖွေလေ့လာခဲ့ပါတယ်။

အဲဒီ..အချက်များကို ကိုးကား၍ (15’ x 60’) ခန့်ရှိသော site အတွက် ခေါက်ဆွဲဆိုင်တစ်ခုကို ခေါက်ဆွဲ အမျိုးအမည်စုံ စားတဲ့
ရှေ့တောင်အာရှ ဒေသရိုးရာ လွှမ်းမိုးမှုများဖြင့် ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ Sapa က ဆိုင်လေးတွေကို Inspiration လည်း ယူဖို့ လုပ်ရပါတယ်။

ပထမမြင်သာတဲ့ အချက်အနေဖြင့် open layout ဖြင့် စီစဉ်ထားသော လူ ၄၀ ခန့် ဆန့်တဲ့ Seating ဝိုင်းများ၊ ခေါင်မိုးမြင့်မြင့်နှင့် သစ်သား၊ ဝါးစသည့် ဒေသထွက်ပစ္စည်းများကို အသုံးပြုထားသော စားသောက်ဆိုင်တစ်ခုအဖြစ် တွေ့မြင်နိုင်ပါတယ်။
(ပုံ-၂၊ ပုံ-၃)
သို့ရာတွင် နီးကပ်စွာကြည့်ရှုပါက ရိုးရာ pattern များကို identity အဖြစ် ပရိဘောဂများနှင့် material texture များတွင် ထည့်သွင်းအသုံးပြုထားပါတယ်။

ပြင်ဦးလွင်၊ ကလောမြို့များနှင့် ဆင်တူသော ရာသီဥတုရှိသည့် ဒေသတွင် ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး မုတ်သုံရာသီ၏ မိုးရာသီ အငွေ့အသက်ကို မသိမသာ ခံစားရစေရန် ဖန်တီးထားပါသည်။ အလင်းရောင်ဝင်နိုင်သော ပြတင်းပေါက်များနဲ့ သွတ်ပြားအကြည်ကို အလယ်ခေါင်မှာ မိုးစေပီး
အရွက်ဖားဖားရှိသော သစ်ပင်များနှင့် ခပ်ကြမ်းကြမ်း concrete နံရံများ၊ သစ်သားပေါ်သို့ ကျရောက်သော အလင်းအရိပ်များသည် cozy tropical vibe တစ်ခုကို ဖန်တီးပေးထား ပါတယ်။

အဓိက focal point အဖြစ် တဲပုံစံ အလယ်ဗဟို space တစ်ခုကို ဖန်တီးထားပြီး အပေါ်နှင့် အောက်ထိုင်ဝိုင်းများကို ချိတ်ဆက်ပေးသည့် လှေကားကို မြင့်မြင့်မားမား entrance နှင့် ပေါင်းစည်းထားပါတယ်။
Steel structure frame များကို မဖုံးကွယ်ဘဲ ထားရှိပြီး အချို့နေရာများတွင် အလင်းရောင်ကျရောက်စေခြင်းအားဖြင့် ပိုမိုပွင့်လင်းစိတ်လှုပ်ရှားစေသော spatial experience တစ်ခုရရှိစေရန် ရည်ရွယ်ပါသည်။
ပထမ စတင်စဥ်းစားတဲ့ Structure အဆင့် လည်းဖြစ်ပါတယ်။

ထိတွေ့မှုများအနေဖြင့် ဆန် ဂျုံခေါက်ဆွဲ၏ အရသာနှင့် ဆက်စပ်နိုင်ရန် ကြိမ်၊ ဝါး၊ ယင်းလိပ်စသည့် natural materials များကို အသုံးပြုထားပါသည်။ Greenery များနှင့် မြေသားရောင် concrete ကြမ်းခင်းများ၊ နွေးထွေးသော မီးအလင်းများကလည်း homemade noodle menu များကို အဆင်ပြေစွာ စားသောက်နိုင်သော နေရာတစ်ခုအဖြစ် ဖန်တီးပေးပါသည်။

Custom furniture မှစ၍ Interior နဲ့ Architecture Drawing Set များအထိ ပြင်ဆင်ရေးဆွဲကာ ပရောဂျက်တင်ထားပါတယ်။

Jar Nu Aung
13 Intake
Novatek Design School

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


65A Street, Between 34 X 35 Sts
Mandalay

Opening Hours

Monday 10:00 - 17:30
Tuesday 10:00 - 20:30
Wednesday 10:00 - 20:30
Thursday 10:00 - 20:30
Friday 10:00 - 20:30
Saturday 10:00 - 20:30
Sunday 10:00 - 20:30