FITC
06/12/2025
‼️‼️၂၀၂၅ခုနှစ် 12လပိုင်း 7ရက်နေ့ HSKစာမေးပွဲအတွက် မဖြစ်မနေလိုက်နာရမည့် အရေးကြီးစည်းကမ်းချက်များ ကြေညာခြင်း‼️‼️
စာမေးပွဲဖြေဆိုသူများထံသို့:
‼️‼️စာမေးပွဲနေ့တွင် စာမေးပွဲဖြေဆိုသူများသည် အောက်ပါတို့ကို မဖြစ်မနေ ယူဆောင်လာရပါမည်။
(၁)စာမေးပွဲဖြေဆိုခွင့်ကတ်
(၂)ဓာတ်ပုံပါသော စစ်မှန်သည့် ခွင့်ပြုချက်ရထားသော ကိုယ်ပိုင်အထောက်အထားမူရင်း (ဥပမာ-မှတ်ပုံတင်၊ ဆိုင်ကယ်လိုင်စင်၊ ကျောင်းသားကတ်)မိတ္တူများ လက်မခံပါ။
(၃)2B ခဲတံ နှင့် ခဲဖျက်ယူဆောင်ရပါမည်။(ဘောပင်သုံး၍ဖြေဆိုလို့မရပါ။ ခဲတံကိုသာအသုံးပြု၍ဖြေဆိုရမည်။)
(၄)စာမေးပွဲဖြေဆိုချိန်ထက်တစ်နာရီ/တစ်နာရီခွဲFITCသို့စောရောက်ပေးရန်။
‼️‼️စာမေးပွဲဖြေဆိုသူများသည် စာမေးပွဲစတင်ချိန်မတိုင်မီ မဖြစ်မနေ ၁နာရီခန့်စောပြီး စာမေးပွဲခန်းသို့ ရောက်ရှိရပါမည်။
❗❗❗အထက်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိပါက စာမေးပွဲဖြေဆိုခွင့်ပေးမည်မဟုတ်ပါ။
25/11/2025
‼️‼️HSKစာမေးပွဲအတွက်ဖြေဆိုခွင့်ကဒ် ထုတ်ယူနိုင်ပါပြီ‼️‼️
2025ခုနှစ် 12လပိုင်း 7ရက်နေ့ HSKစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားပြီးသူများ စာမေးပွဲဖြေဆိုခွင့်ကဒ်များကို အောက်ဖော်ပြပါ သတ်မှတ်ထားသောအချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။✅
နေ့ရက် ။ ။ 26.11.2025(ဗုဒ္ဓဟူးနေ့)မှစ၍
အချိန် ။ ။ မနက် 9:00 မှ 10:30အတွင်း
ညနေ 3:30 မှ 5:00အတွင်း
(တနင်္လာ မှ သောကြာ)
နေရာ ။ ။ FITC ကျောင်းသားလက်ခံဌာန
လမ်း 30/82*83ကြား
HSK စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသောကျောင်းသား/သူများသတိပြုရမည့်အချက်များ-
✅စာမေးပွဲဖြေဆိုသည့်နေတွင် စာမေးပွဲခန်းသို့စာမေးပွဲဖြေဆိုခွင့်ကဒ်ထဲတွင်ပါသောအချိန်ထက် တစ်နာရီကြိုရောက်ရပါမည်။
✅စာမေးပွဲဖြေဆိုခွင့်ကဒ်၊ မှတ်ပုံတင်(သို့)ကျောင်းသားကဒ်၊ 2B ခဲတံ၊ ခဲဖျက် ၊ခဲချွန်စက်များတစ်ပါတည်းယူဆောင်လာရမည်။
‼️HSKစာမေးပွဲမဖြေဆိုခင် နားလည်ထားသင့်သည့် အရေးကြီးအချက်အလက်များကို ထည့်သွင်းဖော်ပြပေးထားပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |