LEO Real Estate Agent

LEO Real Estate Agent

Share

24/12/2025

#ဂရန်ဂတုံးဆိုတာဘာလဲ 🤔

ဂရန်ဂတုံး_အရပ်ခေါ်
ဂရန်အမည်ပေါက်သေဆုံးသွားခြင်း၊ ၎င်းအားဆက်သွယ်၍ ဘယ်လိုမှမရနိုင်တော့ခြင်း၊ ၎င်းဂရန်အမည်ပေါက်သူထံမှ အရပ်စာချုပ်ဖြင့်သာ ဝယ်ယူထားခြင်းစသည့် မြေဂရန်အား တစ်ဆင့်ဝယ်ယူထားသူမှရောင်းသည့် ဂရန်မြေ(ဂရန်စာအုပ်)ကို အရပ်အခေါ် ဂရန်ဂတုံးလို့ ခေါ်ကြပါတယ်။

ဂရန်ကတုံးဆိုတာဘာလဲ???

ရောင်းသူသည် ဂရန်/မြေပိုင်မြေကို ကတိစာချုပ်ဖြင့် ဝယ်ခဲ့ပြီး နည်းလမ်းတကျ မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ပြန်မရောင်းပေးနိုင်သော မြေကို ဂရန်ကတုံးဟုခေါ်ပါသည်။

ဥပမာအားဖြင့် Aအမည်ပေါက်ထံမှ Bက မှတ်ပုံတင်အရောင်းစာချုပ်မချုပ်ဘဲ အရောင်းအဝယ်ကတိစာချုပ်ဖြင့် ဝယ်ပါသည်။ B က Cအားရောင်းချရာတွင် မှတ်ပုံတင်အရောင်းစာချုပ်ချုပ်မပေးနိုင်တော့ပါ။ယင်းမြေအရောင်းကို ဂရန်ကတုံးဟု ယခုနောက်ပိုင်း ခေါ်ကြပါသည်။ အရပ်ကတိစာချုပ်ကိုအထောက် အထားပြုပြီး ရောင်းတာမို့ ကြားလူပိုင်ဆိုင်မှုကို တရားဝင်ရုံးဌာနမှာ စစ်ဖို့ခက်တဲ့အတွက် ဝယ်သူတွေက စွန့်စားမှု (Risk) ယူရပါသည်။

ဒါကြောင့်လည်း တစ်ဖက်မှာ ပေါက်စျေးထက် ၃၀ရာခိုင်နှုန်း၀န်းကျင် စျေးဆစ်ဝယ်ကြပါသည်။ ယခင်က မြေစျေးက နည်းတော့ အမည်ဖောက်ဖို့ ရုံးလုပ်ငန်းတွေကို မဆောင်ရွက်ခဲ့ကြပုံရပါသည်။ ယခုမြေစျေး ကောင်းတော့ အဝယ်မမှားကြရန် ဝယ်သူအများက တရားဝင်အမည်ပေါက်မြေကိုပဲ ဝယ်ယူလိုကြပါသည်။

ဂရန်ကတုံးကို အမည်ဖောက်ရန်အတွက် နည်းလမ်း(၂)သွယ်ဖြင့် ဆောင်ရွက်တာ တွေ့ရပါသည်။
တစ်ခုမှာ မူလအမည်ပေါက်ကို ရှာဖွေပြီး မှတ်ပုံတင်အရောင်းစာချုပ်ချုပ်ဆို ကြပါသည်။ နောက်တစ်ခုက ပဋိညာဥ်အတိုင်းဆောင်ရွက်ပေးစေလိုမှုကို တရားစွဲဆိုပြီး ဆောင်ရွက်ကြပါသည်။
ယင်းသို့စွဲဆိုရာမှာ တိုက်ရိုက်မဟုတ်ဘဲ ကြား၂ဆင့် ၃ဆင့် ရောင်းခဲ့သူများကိုပါ စွဲဆိုကြသည့်အခါ ဥပဒေအရ သုံးသပ်စရာလေးတွေ တွေ့ရပါသည်။

အမှန်တကယ် ဝယ်ယူပြီး မှတ်ပုံတင်အရောင်းစာချုပ်မချုပ်ခဲ့သောရောင်းသူတွေအတွက်တော့ ကုစားဖွယ်ရာတစ်ခုအနေဖြင့် ဆောင်ရွက်ကြပါသည်။


မွေးကတည်းကနောက်ဆုံးချိန်အထိ ကမ္ဘာမြေပေါ်အခြေချနေထိုင်သရွေ့ အိမ်ခြံမြေဆိုတာ လူတိုင်းနဲ့ မစိမ်းပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန် အိမ်ခြံမြေဝယ်ယူခြင်းကိစ္စ ကြုံရနိုင်ပါတယ်။ အဲဒီအချိန် အမှားအယွင်းမဖြစ်စေဖို့ လေ့လာထားတာမမှားပါဘူး။

ဗဟုသုတရရှိဖို့ ရည်ရွယ်ပါသည်။

27/11/2025

ငါ့ဇနီးက မြေတစ်ကွက်ဝယ်ဖို့ သွားရောက် ကြည့်ရှုစုံစမ်းလိုက်တော့ ရွာမြေဖြစ်နေတယ်လို့ ပြောတယ်။ ငါသိတာက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ လို့ပဲ သိထားတာ၊ ရွာမြေ ဆိုတော့ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။ အဲဒါ ဘယ်လိုကွာသလဲ သူငယ်ချင်း၊ ငါလည်း နားရှုပ်လာတာနဲ့ မင်းဆီ ရောက်လာတာ''

သူငယ်ချင်းတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးပါသည်။

''လွယ်လွယ်နဲ့ ခပ်ရှင်းရှင်း ပြောရရင်တော့ ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ မြေကွက်ကို ရွာမြေ လို့ လွယ်လွယ်ကူကူ ခေါ်လိုက်ကြတာပဲ ဖြစ်တယ်။ နိုင်ငံတော်က တရားဝင်ချပေးထားတဲ့ မြေအဆင့်တော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့် တစ်နေ့တော့ ဂရန်မြေ ဖြစ်လာနိုင်တာပေါ့လေ''

''ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်လို့ နိုင်ငံတော်က ပြန်လည်သိမ်းတာ၊ နှင်တာတွေ မဖြစ်နိုင်ဘူးပေါ့နော်''

''စိတ်ချရတဲ့ သဘောတော့ ရှိတာပေါ့ကွာ၊ တရားဝင် နေထိုင်ခွင့်ရနိုင်တဲ့ မြေလိ့ု ပြောရမှာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအားလုံးကတော့ နိုင်ငံတော်ပိုင် မြေဖြစ်တယ်။ လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ် သတ်မှတ်အကျုံးဝင်တဲ့ မြေတွေလည်း ရှိသေးတယ်''

''နားလည်အောင် နည်းနည်း ရှင်းပြပါအုံး''
ယခုလက်ရှိ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန် စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ ဟု သတ်မှတ်သည့် မြေများကို ဆိုလိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ်မှတ်ထားပါတယ်။
ဒါကြောင့် ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာ ပါဝင်ပြီး လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေ၊ ရွာမြေတွေကတော့ လယ်ယာမြေ အမျိုးအစားထဲမှာ မပါဝင်ဘူး သူငယ်ချင်း''

''လယ်ယာမြေကို အရောင်းအဝယ်လုပ်လို့ မရဘူးဆိုပြီး သိထားတယ်။ အဲဒါက ဘယ်လိုအခြေအနေလဲ''
''ယခင်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေတွေအရ ဆိုရင်တော့ လယ်ယာမြေတွေကို လွှဲပြောင်း ရောင်းချလို့ မရဘူး၊ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်က ပြန်လည်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေမှာတော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်း ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်၊ အဲဒီအချက်တွေကို ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်-ချုပ်ဆို ပြုလုပ်ကြရမှာ ဖြစ်တယ်။
ဒါပေမယ့် လူနေလို့တော့ မရဘူး။ လယ်ယာစိုက်ပျိုးရမှာ ဖြစ်တယ်'
'
''တချို့လည်း ဥယျာဉ် ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေကြတာပဲ မဟုတ်လား''
''မြေစာရင်းဌာနမှာ ဥယျာဉ် ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်း ရှိတယ်။ ဒါနဲ့ပတ်သက်လို့ သူငယ်ချင်း နားလည်အောင် ရှင်းပြရမယ်ဆိုရင် ဒေါ်ကြည်ကြည် (၎င်း၏ အခွင့်ရ ကိုယ်စားလှယ် ဦးမင်းဟန်)နှင့် ဦးကင်စူး (၎င်း၏ အထူးကိုယ်စား လှယ်စာရသူ ဒေါ်ဖြူဖြူဝင်း) ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁ဝ၉ အမှုမှာ အချင်းဖြစ်မြေသည် မြေစာရင်းဦးစီးဌာန၌ ဥယျာဉ်ခြံမြေဟု အမည်ပေါက်ဆဲ ဖြစ်သော်လည်း အချင်းဖြစ် မြေကွက် တည်ရှိရာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ရှိပြီး၊ လူနေရပ်ကွက်ဖြစ်ကြောင်း သက်သေခံချက်များအရ ပေါ်ပေါက်သည်။
ထို့ပြင် ဦးကင်စူး အမည်ဖြင့် စည်ပင်သာယာမှ အိမ်ခွန်စည်းကြပ်ထားသည်ကိုလည်း တွေ့ရသဖြင့် အချင်းဖြစ် မြေသည် လယ်ယာမြေတွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားတာကို တွေ့ရတယ်။
ဒါကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေတွေ ကတော့ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်''
''ပါမစ်မြေ ဆိုတာက ဘယ်လို အမျိုးအစားထဲ ပါသလဲ''
''သက်ဆိုင်ရာ အဖွဲ့အစည်းက အိမ်ရာဆောက်လုပ်နေထိုင်ခွင့် အတွက် စာရင်းဝင်အမည်ပေါက်နဲ့ သတ်မှတ်ချပေးထားတဲ့ မြေကွက်တွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အိမ်ရာဆောက်လုပ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးထားတာပဲ ဖြစ်တယ်''
''မြေဂရန် လျှောက်လို့ ရပါသလား''
''ပါမစ်မြေတွေကတော့ မြေဂရန် လျှောက်လို့ရတယ်။ သူငယ်ချင်း ဝယ်မယ်ပြောတဲ့ ဥယျာဉ် ခြံမြေတွေကတော့ လူနေရပ်ကွက်အတွင်း ရှိနေပြီး ဖြစ်လို့ စီမံချက်နဲ့ ဂရန်တွေ လျှောက်ခွင့်ပြုလာတဲ့အခါမှာတော့ မြေဂရန်တွေ ရလာမှာဖြစ်တယ်''
''သူငယ်ချင်းရှင်းပြချက်အရ ဆိုရင် အခု ဝယ်မယ့် မြေကွက်က ရွာမြေ ဖြစ်ရင်တော့ ပိုဝယ်သင့်တဲ့သဘောလို့ ပြောရမှာပေါ့''
''ယေဘုယျကြည့်ရင်တော့ ဒီ သဘောပဲလို့ တိုတိုမှတ်ထားလို့ ရတာပေါ့။ ဘာပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုမယ်။ လယ်ယာမြေ အဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ စုံစမ်းရမယ်။ မြေစာရင်းဦးစီးဌာနမှာ ဝယ်မယ့် မြေကွက်အနေနဲ့ မြို့ရွာ ရပ်ကွက်အတွင်းရှိ မြို့မြေစာရင်းထဲမှာ ပါနေပြီ ဆိုရင်တော့ ဝယ်သင့်တယ်လို့ပဲ ပြောရမှာပဲ''
''မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေထဲ ပါနေရင်တော့ မဝယ်တာ ပိုကောင်းမယ် ထင်တယ်''
''မြို့နယ် မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေစာရင်းထဲ ပါနေတယ်ဆိုပေမယ့် မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ ဝယ်မယ့်မြေကွက်ဟာ ရပ်ကွက်အတွင်း ရှိနေပြီးဟုတ်၊မဟုတ် စုံစမ်းလို့ မြို့နယ်ရပ်ကွက်အတွင်းရှိပြီး အဆောက်အအုံပါရှိမယ် ဆိုရင်တော့ ဝယ်သင့်တဲ့ မြေနဲ့ အိမ် လို့ပဲ အကြံပေးချင်တယ် သူငယ်ချင်း''ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။


ထီယု(ဥပဒေအတိုင်ပင်ခံ)
ဈေးကွက်ဂျာနယ်

23/11/2025

✅မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်း ဆိုသည်ထက် မြေ၏ ပိုင်ဆိုင်မှုကိုဝယ်ယူခြင်း ဖြစ်ပါသည်✅

#ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ
စိုက်ပျိုး ဂရံမြေ
စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်။

☘️သစ်တောဂရံမြေ☘️
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်လျှောက် တင်ရပါမည်။

☘️စိုက်ပျိုး ဂရံမြေ☘️
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

☘️စက်မှုဇုံဂရံမြေ☘️
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

☘️လူနေထိုင်အိမ်ဂရံ☘️
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊ အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ မြေ များလည်း ရှိသည်။

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။

☘️ပါမစ်မြေ☘️
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

☘️ပြေစာ(စလစ်)☘️
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော် စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်နိုင်ပါသည်။

Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
စ/ ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)

☘️G ပြေစာ(စလစ်)☘️
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေထိုင် နိုင်ပါသည်။

☘️R/G ပြေစာ(စလစ်)☘️
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်ပြီး။ G ပြေစာ(စလစ်)သို့မဟုတ် /က ၃၀ အဖြစ် ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

☘️L ပြေစာ (စလစ်)☘️
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

☘️စ/ ပြေစာ (စလစ်)☘️
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

☘️ပုံစံ(5) ပြေစာ☘️
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်းစသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာတိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

☘️ရွာ မြေ ပြေစာ (စလစ်)☘️
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

☘️R4 ပြေစာ(စလစ်)☘️
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။ အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။

☘️လယ်မြေ☘️
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။ တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

☘️ဘိုးဘပိုင်မြေ☘️
ခိုင်မာမှု့ တွင် ဂရံ မြေ ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက် အမွေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌ အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေများအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7) သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။

မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ။
ပေါင်နှံထားခြင်း ရှိမရှိအားစစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။

သစ်တောမြေ ဟုတ်/မဟုတ် ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်

စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံးပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

Orginal ✍️

M3SH -May Myo My Second Home

Want your practice to be the top-listed Law Practice in Mandalay?
Click here to claim your Sponsored Listing.

Address


No. 252
Mandalay
NONE

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00