Mayor Construction

Mayor Construction

Share

09/03/2026

အိမ်တစ်လုံးရဲ့ ပြည့်စုံမှုဆိုတာအုတ်မြစ်ခိုင်ရုံနဲ့ မပြီးပါဘူး။နေ့စဥ်ထိတွေ့နေရမယ့် နံရံတွေ၊ခြေချလိုက်တိုင်း ခံစားရမယ့် ကြွေပြားတွေက နေထိုင်မှုအဆင့်အတန်းကို ဖော်ပြနေတာပါ။

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ရဲ့စေ့စပ်သေချာတဲ့ အချောသတ်ပိုင်းကတော့
💢လှိုင်းမထဘဲ ပိုးသားလို ချောမွေ့တဲ့ နံရံဆေးသား။
💢မျက်စိ ပသာဒဖြစ်စေမယ့် တိကျတဲ့ အကွာအဝေးနဲ့ ရေဆင်းမှန်ကန်တဲ့ လက်ရာများ၊
💢 အနားသတ်သပ်ရပ်ပြီး ခိုင်ခံ့လှပတဲ့ တံခါးနဲ့ မျက်နှာကြက်ဒီဇိုင်းများဟာ

အပေါ်ယံအလှတင်မဟုတ်ဘဲ အနုစိတ်ဆုံး စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာမို့ သင့်အိမ်မက်တွေကို အသေးစိတ်ကစလို့ လက်တွေ့ပုံဖော်ဖို့ ကျွန်မတို့ဆီကို အခုပဲ ဆက်သွယ်လိုက်ပါရှင်။ 👷‍♀️🛠️

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

16/02/2026

🐎 🏮 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🏮🐎

မြင်းနှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ မိမိတို့ရည်မှန်းထားသမျှ အရာရာတိုင်း အထမြောက်အောင်မြင်ကြပါစေကြောင်း မိဘပြည်သူများအားလုံး စီးပွားဥစ္စာ ပေါကြွယ်လို့ ချမ်းသာခြင်းလာဘ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း "𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 "မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

14/02/2026

အိမ်ဆောက်ဖို့ စိတ်ကူးရှိပြီဆိုရင် လူတိုင်းအမေးများဆုံး မေးခွန်းတစ်ခုက ဘယ်ရာသီမှာ စဆောက်ရင် အကောင်းဆုံးလဲဆိုတာပါပဲ။🕒

ရာသီဥတုအလိုက် အိမ်ဆောက်ရာမှာ ရှိနိုင်တဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို 𝐌𝐚𝐲𝐨𝐫 မှ မိတ်ဆွေတို့ ဆုံးဖြတ်ချက်ချရလွယ်ကူစေဖို့ ဖော်ပြပေးလိုက်ပါရစေရှင်👇👇

☀️နွေရာသီမှာတော့ အားသာချက် အနေနဲ့ မိုးလေ နှောင့်ယှက်မှုမရှိလို့ လုပ်ငန်းအမြန်ဆုံး ပြီးစီးနိုင်ပါတယ်။
ကွန်ကရစ်လောင်းတာနဲ့ ဆေးသုတ်တာတွေအတွက် အခြောက်မြန်ပေမယ့် နေရှိန်ပြင်းလို့ ကွန်ကရစ်တွေ အက်ကွဲမှုမရှိအောင် အထူးဂရုစိုက်ရတတ်ပါတယ်။

🌦️မိုးရာသီမှာတော့ မြေကျင်းတူးရတာ လွယ်သလို ၊ကွန်ကရစ်အတွက် သဘာဝအတိုင်း အစိုဓာတ်ရလို့ ခိုင်ခံ့မှုအတွက် အားသာချက်ရှိပါတယ်။
အားနည်းချက်ကတော့ မိုးသည်းရင် လုပ်ငန်းကြန့်ကြာနိုင်ပြီး ပစ္စည်းတွေ မစိုအောင်နဲ့ သံထည်တွေ သံချေးမတက်အောင် စနစ်တကျ သိုလှောင်ဖို့ လိုအပ်ပါတယ်။

🌸ဆောင်းရာသီမှာတော့ ရာသီဥတုက အေးမြလို့ လုပ်သားတွေ အလုပ်လုပ်ရတာ အဆင်ပြေဆုံးဖြစ်ပြီးတော့ တည်ဆောက်မှုက ပုံမှန်အရှိန်နဲ့ သွားနိုင်ပါတယ်။
စိန်ခေါ်မှုအနေနဲ့ ကတော့ နေ့တာတိုလို့ အလင်းရောင်ရရှိမှု နည်းပါးတာကြောင့် ညနေပိုင်း အလုပ်ချိန် နည်းသွားနိုင်ပါတယ်။

တကယ်တော့ အိမ်ဆောက်ဖို့ အကောင်းဆုံးအချိန်ဆိုတာ မိတ်ဆွေ အဆင်သင့်ဖြစ်တဲ့အချိန်ပါပဲ။
𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 အနေနဲ့ကတော့
✅ရာသီဥတုအလိုက် တိကျတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 တွေနဲ့ စီမံပေးခြင်း၊
✅ မိုးရာသီမှာလည်း ပစ္စည်းမပျက်စီးအောင် စနစ်တကျထိန်းသိမ်းခြင်း၊
✅ နွေရာသီမှာလည်း စံချိန် စံညွှန်းမီ ကွန်ကရစ်ဖြစ်အောင် ဂရုစိုက်ခြင်းတို့ကြောင့် ရာသီမရွေး အချိန်မီပြီးစီးဖို့နဲ့ အရည်အသွေးစိတ်ချရဖို့ 𝐌𝐚𝐲𝐨𝐫 က အပြည့်အဝ တာဝန်ယူပါတယ်ရှင်

မြန်မာနိုင်ငံရဲ့ ဘယ်ရာသီဥတုမှာမဆို လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို အကောင်းဆုံးပုံဖော်ပေးဖို့ အသင့်ရှိနေတာမို့

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ဆောက်လုပ်ရေး #အိမ်ဆောက်ခြင်း #မန္တလေး

Want your business to be the top-listed Interior Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


26B Road,Between 80&81 Street
Mandalay
05015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00