ST Entertainment

ST Entertainment

Share

24/08/2019

မိတ်ဆွေ...မန္တလေးတိုင်းရဲ့လက်လီလက္ကား ရောင်းဝယ် ဖောက်ကားမှုစီးပွားရေးဟာ ၂၀၂၀ အလွန်မှာတစ်ရှိန်ထိုး ကောင်းတော့မယ်ဆိုတာကိုသိပါသလား?
* မြန်မာ့ ပြည်တွင်းမှာ ပြောင်းလဲလာနေတဲ့ လူနေမှုဘဝ ပုံစံနဲ့ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ဝယ်ယူသူတွေရဲ့ဝယ်ယူမှုပုံစံ သစ်တွေနဲ့ တစ်ဟုန်ထိုးပြောင်းလဲနေပြီဖြစ်တဲ့ ဒီဂျစ်တယ် အွန်လိုင်း စီးပွားရေးကို မိတ်ဆွေ သတိထားမိပါသလား?

*အထက်ပါအကြောင်းအရာတွေကမိတ်ဆွေရဲ့လက်ရှိ နှေးကွေးနေပြီဖြစ်တဲ့လက်လီလက္ကားအရောင်းတွေကို ဘယ်လိုလုံးလုံးလျားလျားနေရာယူသွားကြတော့မယ်ဆိုတာကိုဒီဟောပြောပွဲမှာ သော့ခလောက်ဖွင့်ချလိုက်သလို ဟောဟြေပေးသွားမှာဖြစ်ပြီး တက်ရောက်နားဆင်ရုံနဲ့ မန္တလေးရဲ့လုပ်ငန်းနယ်ပယ်အသီးသီးအတွက်တကယ့်ကိုအကျိုးရှိစေမယ့်နောက်ဆုံးပေါ်ဒီဂျစ်တယ် စီးပွားရေး ဗဟုသုတနဲ့ပြောင်းလဲလာတော့မယ့် "၂၀၂၀ အလွန်မြန်မာ့ ဒီဂျစ်တယ်စီးပွားရေးနှင့် မန္တလေးအနာဂါတ်"ပွဲကိုတက်​ရောက်ရင်း နဲ့ မိမိလုပ်ငန်းများကိုကြိုတင်ပြင်ဆင်မှူတွေ လုပ်နိုင်ဖို့အတွက်အသေးစိတ်ဟောပြောပို့ချပေးမှာမို့မတက်လိုက်ရမဖြစ်ရလေအောင်ကြိုတင်စာရင်းပေးထားဖို့လိုပါလိမ့်မယ်။

*အခမဲ့ဟောပြောပွဲဖြစ်တာရယ် မန္တလေးမြို့အိုရီရန်တယ်​ဟောက်စ်​ခန်းမရဲ့ထိုင်ခုံနေရာ၊လူဦးရေအကန့်အသတ်ရှိနေတာမို့ အောက်ပါဖုန်းနံပါတ်များသို့ မိမိရဲ့နံမည် အလုပ်အကိုင်နဲ့ ဖုန်းနံပါတ်ကို အမြန်ဆုံးကြိုတင် စာရင်းပေးပါမှ စိတ်ချရပါမယ်။
09 977 966220, 09 977 966 223, 09 977 966 225, 09 977 966 226, 09 977 966 227, 09 977 966 228, 09 977 966 229

နေ့ရက် ။ ။ ၅.၁၀.၂၀၁၉ ( စနေနေ့ )
အချိန် ။ ။ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ
နေရာ ။ ။ Oriental House ခန်းမ၊မန္တလေးမြို့ ။

ဟောပြောပို့ချမယ့်သူကတော့ ဦးကျော်ကျော်ထွန်းဖြစ်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့ မှာ သူရဲ့ ကိုယ်ပိုင်
KK Private Company အား၂၀၁၁ခုနစ်မှစတင်ဖွင့်လှစ် ခဲ့ပြီးအမေရိကန်နိုင်ငံ မှ မြန်မာနိုင်ငံသို့ကုန် သွယ်မှုပြု လုပ်နေရင်း မြန်မာနိုင်ငံမှာ နှစ်ရှည် နိုင်ငံခြားရင်းနှီးမြုပ် နှံမှုလုပ်ငန်းများကိုလည်းဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါ တယ်

* သူ့ရဲ့ ကိုယ်ရေးအကျဉ်းကတော့..

အမည် : ​ကျော်ကျော်ထွန်း
မွေးနေ့ : ၂၀.၄.၁၉၇၀
မွေးရပ် : ရန်ကုန်၊ မြန်မာ။
ပညာအရည်အချင်း : ဘီအက်​စ်​စီ(ဘူမိ​ဗေဒ) (၁၉၈၆-၁၉၉၃)
ပြည်တွင်း - Panasonic ၏ ရုံးတွင်းကိုယ်ပိုင် မားကတ်တင်းတွင် လေ့လာသင်ယူခဲ့သည်။
ပြည်ပ - စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ် နှင့် အိုဆာကာ ဂျပန် တို့တွင် ၁၉၉၆ မှ ၂၀၀၆ အထိ လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့သည်။
စင်္ကာပူနိုင်ငံ တွင် ခေတ်သစ် စီးပွားရေး စီမံခန့်ခွဲမှု ပုဂ္ဂလိကသင်တန်း ကို ၂၀၀၄ မှ ၂၀၀၅ အထိတက်ရောက်ခဲ့သည်။
ဒစ်ဂျစ်တယ် မားကတ်တင်း အတွေ့အကြုံ - USA (၂၀၁၀ မှ ယနေ့ အထိ)
လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ၊ အိုင်တီ ထုတ်ကုန်များ၊ FMCG ဖြန့်ဖြူးရေး၊ ရောင်းချခြင်း၊ ဈေးကွက်ဆိုင်ရာ နှင့် ဝယ်ယူသူများအား ဝန်ဆောင်မှု​ပေးခြင်း စသည့် မားကတ်တင်း နှင့်သက်ဆိုင်သော အတွေ့အကြုံများကို ၃၃နှစ်ကြာ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

(၁) ဦးလှအောင် အီလက်ထရောနစ်၊ စိန့်ဂျွန်းဈေး တွင် ဝန်ထမ်း ဘဝဖြင့် (၁၉၈၆ မှ ၁၉၈၇ အထိ)
(၂) ဦးလှအောင် အီလက်ထရောနစ်၊ မင်္ဂလာဈေး တွင် ရောင်းချရေး ခေါင်းဆောင် အနေဖြင့် (၁၉၈၉ မှ ၁၉၉၂ အထိ)
(၃) ပြည့်ပြည့် အီလက်ထရောနစ်၊ ဘားလမ်း တွင် မန်နေဂျာ အနေဖြင့် ( ၁၉၉၂ မှ ၁၉၉၃ အထိ)
(၄) မွန်းလိုက် အီလက်ထရောနစ်၊ ဘားလမ်းတွင် ပူးတွဲပိုင်ရှင် အနေဖြင့် ( ၁၉၉၃ မှ ၁၉၉၄ အထိ)
(၅) ITIS Myanmar Trading Co., Ltd တွင် မားကတ်တင်း အထွေထွေမန်နေဂျာအဖြစ် ( ၁၉၉၄ မှ ၁၉၉၆ အထိ)
(၆) Matsush*ta Electric Industrial Myanmar Representative Office တွင် မားကတ်တင်း မန်နေဂျာ အဖြစ် (၁၉၉၆ မှ ၁၉၉၉ အထိ)
(၇) Matsush*ta Electric Industrial Co., Ltd (ဂျပန်) တွင် မြန်မာကိုယ်စားပြု ခေါင်းဆောင် ကိုယ်စားလှယ် အနေဖြင့် (၁၉၉၉ မှ ၂၀၀၆ အထိ )
(၈) D Corner Electronics၊ ရန်ကုန် နှင့် မန္တလေးတွင် ပိုင်ရှင် နှင့် တာဝန်ခံ အနေဖြင့် (၂၀၀၆ မှ ၂၀၀၉ အထိ)
(၉) My V.I.P Fashion ၏ ပိုင်ရှင် နှင့် တာဝန်ခံ အနေဖြင့် ( ၂၀၀၉ မှ ယနေ့ အထိ)
(၁၀) Building Material Import from USA in Jupiter & Venus Int'l Co., Ltd၊ ရန်ကုန်၊ မြန်မာ တွင် မားကတ်တင်း ဒါရိုက်တာ အနေဖြင့် (၂၀၁၂ မှ ၂၀၁၄ အထိ)
(၁၁) AMUSE Myanmar Cosmetics (Amazing Beauty Cosmetics Co., Ltd) ၏ ပိုင်ရှင် နှင့် တာဝန်ခံ အနေဖြင့် ( ၂၀၁၅ မှ ယနေ့ အထိ)
(၁၂) Savitar Exploration Ltd (စင်္ကာပူ) တွင် သတ္တုတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေဖြင့် ( ၂၀၁၅ မှ ယနေ့ အထိ)
(၁၃) Delco Ltd ဖက်စပ်လုပ်ငန်း ပရောဂျက် စီမံကိန်းတိုးတက်​ဖြစ်​​မြောက်​​ရေးညှိနှိုင်း​ရေးမှုးအဖြစ် (၂၀၁၅ မှ ယနေ့အထိ)
(၁၄) KK Private Company၊ ဆန်ဖရန်စစ်စကို၊ ယူအက်စ်အေ တွင် ပိုင်ရှင် အဖြစ် (၂၀၁၁ မှ ယနေ့အထိ)

01/04/2018

ဒီညအမြု့စ်ရဲ့Live Showကိုအားပေးရင်းမိမိကိုယ်တိုင်ကံထူးရှင်အဖြစ်ခံယူလိုက်ပါ!

အမြု့စ်ရဲ့ကံထူးရှင်၁၀၀ဦးထဲပါဖို့ဧပြီလ၁ရက်နေ့ည၉နာရီမှာAmuse Myanmar page မှတိုက်ရိုက်လွှင့်မယ့် Live Show ကိုကြည့်ရူ့ အားပေးဖို့မမေ့နဲ့နော် 😁😁😁!

သင်္ကြန်အထူးအစီအစဉ်အနေနဲ့လစဉ်ကံထူးရှင်၅၀ဦးရွေးချယ်ပေးခြင်းအစားဒီလမှာ၁၀၀ဦးအထိတိုမြှင့်ထားတာမို့အမြု့စ်နဲ့ကံမထူးသေးသူများရောကံထူးပြီးခဲ့သူများရောလက်လွှတ်မခံဖို့လက်တို့ပြီးသတင်းကောင်းလေးပေးပါရစေနော်!

Photos from Amuse Myanmar Cosmetics's post 01/04/2018
Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Address


Corner Of 64th Street & 27th Street
Mandalay
N/A