Unique Discovery

Unique Discovery

Share

09/10/2022

"အခမဲ့ လေယာဉ်လက်မှတ် စောင်ရေ ၅ သိန်း (၅၀၀,၀၀၀)"

ကိုဗစ် ဆိုင်ရာ ကန့်သတ်ချက်တွေ လုံးဝ ဖယ်ရှားပြီးတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြန်လည် မြှင့်တင်နိုင်ဖို့ လေယာဉ် လက်မှတ် အစောင်ရေ ၅ သိန်း (၅၀၀,၀၀၀) တိတိကို အခမဲ့ ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်က စလို့ ဟိုတယ်မှာ ကန့်သတ် နေထိုင်ရတာနဲ့ ခရီးစဉ် မစတင်မီ ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ရတာတွေကို ဖြေလျှော့ပြီး ဖြစ်သော်လည်း ကျန်းမာရေး ဆိုင်ရာ စောင့်ကြည့်မှု အစီအစဉ်တွေကို စားသောက်ဆိုင်၊ ဖျော်ဖြေရေး ပျော်ပွဲ ရွင်ပွဲတွေနဲ့ အခမ်းအနားတွေမှာ ဆက်လက် ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။ ဆိုက်ရောက်ပြီးနောက်ပိုင်း ကိုဗစ် ကူးစက်မှု ခံရတယ်လို့ ယူဆနိုင်တဲ့ လက္ခဏာတွေ ခံစားရရင်လည်း ၂ ရက်၊ ၄ ရက် နဲ့ ၆ ရက်မြောက် နေ့တွေမှာ ပီစီအာ (PCR) စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။

“လာရောက်ကြမယ့် ခရီးသည်တွေ အတွက် ကိုဗစ် ကန့်သတ်ချက်တွေကို အစိုးရဖက်က အကုန် ဖယ်ရှားလိုက်ပြီ ဆိုတာနဲ့ လေယာဉ် ခရီးစဉ် လက်မှတ်တွေ အခမဲ့ ပေးတဲ့ အစီအစဉ်ကို စတင်မှာပါ” လို့ ဟောင်ကောင် ခရီးသွားလုပ်ငန်း အဖွဲ့ (Hong Kong Tourism Board) အမှုဆောင် ဒါရိုက်တာ ဒိန်းချမ်း က ပြောပါတယ်။

ကိုဗစ်ဆိုင်ရာ ဘဏ္ဍာရေး အထောက်အပံ့ အစီအစဉ်အနေနဲ့ ဟောင်ကောင် လေဆိပ် အာဏာပိုင် အဖွဲ့က ဒီလက်မှတ်တွေကို ၂၀၂၀ ခုနှစ်က ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင် ကို ပျံသန်းနေကြတဲ့ Hong Kong Airlines, Hong Kong Express လေကြောင်းနဲ့ Cathay Pacific လေကြောင်းလိုင်းတွေကို ကိုဗစ် ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတဲ့ ကာလမှာ အထောက်အကူ ဖြစ်စေဖို့ ဝယ်ယူပေးခဲ့တာ ဖြစ်ပြီး ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့ အချိန်မှာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြန်လည် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အနေအထားတွေ အရ ဒီအစီစဉ်ကို လာမဲ့ ၂၀၂၃ နှစ်ဦးပိုင်းမှာ စတင်နိုင်မယ်လို့ မျှော်လင့် ထားကြောင်း ဘီဘီစီ သတင်းမှာ တွေ့ရပါတယ်။

ကိုးကား
Photo Credit

သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/10/hong-kong-gifts-500000-tickets/

26/09/2022

"ပြည်တွင်း လေယာဉ်ခရီးစဉ် ဈေးနှုန်းများ လျှော့ချမည်"

၂၀၂၂ ၊ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လအတွင်း ပြည်တွင်း ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းတွေကို လျှော့ချပေးမှာဖြစ်ကြောင်း လေကြောင်းလိုင်း ၆ ခုက ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၁၀ ရက် ည သန်းကောင် အချိန် မတိုင်မီ မှာယူသော ခရီးစဉ်များအတွက် အထူး လက်မှတ် ဈေးနှုန်း အစီအစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ ခရီးစဉ်တွေကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် (၂ လ) အတွင်း အသုံးပြုရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ (Tourism Authority of Thailand - TAT) က ဦးဆောင် စီစဉ်တဲ့ ယခု အစီအစဉ်မှာ လေကြောင်းလိုင်း ၆ ခုက ပူးပေါင်း ပါဝင်ကြတာဖြစ်ပြီး ထိုင်ခုံ နေရာ ၅ သိန်း သတ်မှတ်ထားကြောင်းနဲ့ ခရီးစဉ်တိုင်းအတွက် ထိုင်း ဘတ် ၃၀၀ လျှော့ချ ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ယခု အစီအစဉ်မှာ Bangkok Airways, Thai AirAsia, Thai Smile, Nok Air, Thai Lion Air နဲ့ Thai VietJet လေကြောင်းလိုင်းများ ပါဝင်ကြပြီး လျှော့ ဈေးနှုန်းကို ရယူဖို့အတွက် လက်မှတ် မှာယူချိန်မှာ AMZTH300 ကုဒ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အတိုင်းအတာ တစ်ခုအထိ ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပေမဲ့ ခရီးသွားနဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် ကပ်ရောဂါ ကာလ မတိုင်မီ ၂၀၁၉ ခုနှစ်က အခြေအနေမျိုးကို ပြန်လည် ရရှိဖို့ ရုန်းကန်နေကြရဆဲပါ။ နိုင်ငံတကာ ခရီးသည်တွေ စတင် ဝင်ရောက်နေပြီ ဖြစ်သော်လည်း ပြည်တွင်း ခရီးသွားများအတွက် အဓိက ဦးတည်တဲ့ အခု အစီအစဉ်ဟာ လေကြောင်းလိုင်းများအတွက် အများအကြီး အထောက်အကူ ဖြစ်မယ်လို့ TAT ရဲ့ တာဝန် ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီအစီအစဉ်ကို ပူးပေါင်း ပါဝင်ပေးကြတဲ့ လေကြောင်းကုမ္ပဏီ များအနေနဲ့ ကိုဗစ် မတိုင်မီ ၂၀၁၉ ခုနှစ် လက်မှတ် ရောင်းအားကို လာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ပြန်လည် ရောက်ရှိမယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံ လေကြောင်းလိုင်းများ အသင်း (Thailand Airline Association – TAA) ဥက္ကဌ က ဆိုပါတယ်။ ကိုဗစ် ဖြစ်ပွားလာတဲ့ နောက်ပိုင်း နိုင်ငံတကာ လေကြောင်းလိုင်းများနဲ့ ပူးပေါင်း ပျံသန်းတဲ့ (codeshare agreements) အစီအစဉ်တွေကို ရပ်တန့် ထားခဲ့တာကြောင့် နိုင်ငံတကာ ခရီးစဉ်တွေ ရောင်းချနိုင်မှုဟာလည်း လျော့နည်း နေခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများက လေကြောင်း လိုင်းများအတွက် တရုတ်နိုင်ငံသားတွေ ပြည်ပလည်ပတ်မှု မစတင်နိုင်သေးတာဟာလည်း အရေးပါတဲ့ ထိုးနှက်မှု တစ်ခုပါ။ ၂၀၂၃ နှစ်ကူးကာလမှ ပြန်လည် စတင်နိုင်မယ်လို့ ခန့်မှန်းနေကြပေမဲ့ ယခုအချိန်အထိ ထူးခြားမှုကို မမြင်တွေ့ရသေးပါဘူး။ ဒီလို အနေအထားမှာ နိုင်ငံတကာ လေကြောင်းလိုင်းများနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြန်လည် စတင်နိုင်မယ် ဆိုရင်တောင် ကိုဗစ် မတိုင်မီက အနေအထားကို ပြန်ရောက်ဖို့ဆိုတာ ၂၀၂၄ နောက်ပိုင်းအထိ ကြာရှည်သွားနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။

ကိုးကား

သတင်း အပြည့်အစုံ https://www.ttrweekly.com/site/2022/09/airlines-cut-domestic-fares/

Photo Credit

Want your business to be the top-listed Transport Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Corner Of 70th & 28th Streets
Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00
15:00 - 16:00