Mr. Clean Auto Detailing

Mr. Clean Auto Detailing

Share

Photos from Mr. Clean Auto Detailing's post 19/09/2024

ရေတိုင်ကီအဖုံး၏ အကျိုးအပြစ်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရေတိုင်ကီအဖုံးဆိုတာ အင်ဂျင်အအေးခံစနစ်မှာ ပါတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အအေးပေးစနစ်က သတ်မှတ် ဖိအားအောက်တွင်သာ ရှိနေစေရန် ထိမ်းသိမ်းဖို့ အသုံးပြုပါတယ်။

အကောင်းဆုံး အအေးပေးစနစ်ဖိအားက 13မှ 16 PSI ဝန်းကျင်ရှိသင့်ပါတယ်။

ရေတိုင်ကီအဖုံးကို ဒီဖိအားမှာ အမြဲရှိနေ‌စေဖို့ ပုံစံထုတ်ထားပါတယ်။

Coolant ဖိအား အတက်အကျကြောင့် Coolant အရည် ယိုစိမ့်ခြင်း၊ အဖြူရောင်အစင်းများ ပေါ်လာခြင်းနှင့် ရေပိုက်ကွဲခြင်း စသဖြင့် ရေတိုင်ကီအဖုံး မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာများစွာ ရှိပါတယ်။

ဖိအားလွန်ကဲခြင်းကြောင့်

အအေးပေးစနစ်အစိတ်အပိုင်း ချို့ယွင်းမှုကို ဖြစ်စေပြီး

ဖိအားနည်းမယ်ဆို coolant အရည်များ ဆူပွက်ခြင်း ဖြစ်စေနိုင်ပါတယ်။

အအေးခံစနစ်ချို့ယွင်းရင် အင်ဂျင် အပူလွန်ကဲခြင်း ဖြစ်နိုင်ပါတယ်။

ရေတိုင်ကီအဖုံး ချွတ်ယွင်းမှု‌ကြောင့် အင်ဂျင်လည်ပတ်နေစဉ် အပူအလွန်အကျွံ တက်လာနိုင်ပြီး နောက်ဆုံးအင်ဂျင် ချို့ယွင်းမှုကိုဖြစ်စေနိုင်တဲ့ မြောက်မြားစွာသော နောက်ဆက်တွဲ ပြသနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

မကောင်းတဲ့ အင်ဂျင်အပူထိန်းသိမ်းစနစ်၊ ရေတိုင်ကီအဖုံး head gasket စတာတွေရဲ့ အဖြစ်များ တွေ့ကြုံနိုင်တဲ့ လက္ခဏာအချို့ကို သေသေချာချာ လေ့လာကြည့်ပါ။

🔸🔸ရေတိုင်ကီအဖုံးမကောင်းလျှင် ဖြစ်တတ်သော လက္ခဏာများ

---------------------------------------------------------

ထုတ်လုပ်သူ‌တွေက

သတ်မှတ်ဖိအားအတိုင်းအတာတစ်ခု ပါ၀င်တဲ့ အအေးခံစနစ်အတွက် အဖုံးကို ဖန်တီးထာတာပါ။

ရည်ရွယ်ထုတ်လုပ်တဲ့ သတ်မှတ်ဖိအား ပမာဏထက် ပိုများသော ရေတိုင်ကီအဖုံးကို အသုံးပြုခြင်းက coolant ပိုက် ပျက်စေခြင်း

coolant ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အအေးခံစနစ်မှာ လက်ရှိ အအေးခံစနစ်အတွက် အကောင်းဆုံးဖိအားကို ရောက်ရှိပြီးနောက်

ရေတိုင်ကီအဖုံးက ပိုပေးတဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အစိတ်အပိုင်းတွေက ယိုစိမ့်မှု၊ ပွင့်ထွက်မှု ၊

ဖိအားလွန်ကဲမှုကြောင့် coolant ပိုက်များ၊ ရေတိုင်ကီ၊ gasket သို့မဟုတ်ရေပန့် စတဲ့ စနစ်ရဲ့ အားနည်းတဲ့ နေရာတွေမှ coolant ယိုစိမ့်မှု ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် ရေတိုင်ကီအဖုံး မကောင်းလို့ လဲလှယ်မယ်ဆိုရင် သတ်မှတ်ဖိအား ပမာဏ နဲ့ တူညီတဲ့ အဖုံးကိုသာ အသုံးပြုသင့်ပါတယ်။

coolant ပိုက် အင်ဂျင် ကိုယ်ထည် စတာတွေမှာ ယိုစိမ့် Coolant အ ရောင်အစွန်းအထင်း တွေရှိမရှိ ကြည့်ပြီး ယိုစိမ့်မှု ရှိမရှိကို အမြင်နဲ့ ဆုံးဖြတ်နိုင်ပါတယ်။

🔸🔸အင်ဂျင်အပူလွန်ကဲခြင်း

----------------------

ဖိအားကို မခံနိုင်တဲ့ ရေတိုင်ကီ အဖုံးက အအေးခံရည် ဆူပွက်အမှတ်(Boiling Point)ကို လျော့ကျစေပြီး ယာဉ်အင်ဂျင်ကိုယ်ထည်မှ အပူစုပ်ယူနိုင်စွမ်းကိုလည်း လျော့ကျ စေနိုင်ပါတယ်။

ရေတိုင်ကီအဖုံး လုပ်‌ ဆောင်ချက်က ထိရောက်မှု မရှိတာကြောင့်

coolant မှာ လေခိုမှု ဖြစ်ရင်လည်း ပိတ်မိနေတဲ့ အအေးခံရည်ထဲက လေကအပူချိန် တက်မှု ဖြစ်လာပြီး အင်ဂျင်အပူလွန်ကဲမှု ဖြစ်စေနိုင်ပါတယ်။

gauge မှာပြတဲ့အပူချိန် သိသိသာသာ မြင့်တက်လာခြင်းက ရေဒီယေတာအဖုံး မကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပူလွန်ကဲတဲ့ အင်ဂျင်က ယာဉ်ကိုအလွန်အကျွံ ပျက်စီးစေနိုင်သော ကွဲပြားခြားနားတဲ့ အစိတ်အပိုင်းများကိုလည်း နောက်ဆက်တွဲ အနေနဲ့ ပျက်စီးစေနိုင်ပါတယ်။

အင်ဂျင် အပူလွန်ကဲလာတယ်ဆိုတာ သတိပြုမိတာနဲ့ အင်ဂျင်လည်ပတ်နေတာကိုရပ်တန့်ပစ်ဖို့ အရေးကြီးပါတယ်။

အပူလွန်ကဲတဲ့ အင်ဂျင်ကြောင့် ထိခိုက်ဒဏ်ရာရခြင်းမဖြစ်‌စေဖို့ စစ်ဆေးခြင်းမပြုခင် အင်ဂျင်အေးအောင် အရင် ထားပါ။

🔸🔸ရေနွေးအငွေ့များ ထွက်နေသော အင်ဂျင်

--------------------------------------

ဆိုးရွားတဲ့ ရေတိုင်ကီအဖုံးရဲ့ နောက်ထပ်လက္ခဏာတစ်ခုက ယာဉ်မှ အခိုးငွေ့များ ထွက်နေခြင်း ဖြစ်ပါတယ်။

ရေနွေးငွေ့တွေ ထွက်‌ေနခြင်းက အအေးခံရည် ဆူပွက်နေခြင်းဖြစ်ပြီး အအေးခံရည်က မကောင်းတဲ့ Seal၊ရေတိုင်ကီအဖုံး စတာတွေက တဆင့် အငွေ့ပုံစံနဲ့ ထွက်လာခြင်း ဖြစ်ပါတယ်။

ရေနွေးငွေ့တွေ ထွက်နေတဲ့ ယာဉ်ဟာ အင်ဂျင် အပူလွန်ကဲနေတယ်ဆိုတာ အတွက် အနီရောင်အဆင့် သတိပေးချက် ဖြစ်ပါတယ်။

အငွေ့ပျံထွက်‌နေခြင်းက များသောအားဖြင့် အင်ဂျင် အအေးခံရည် အလွန်အကျွံ ပူနေတာ ဖြစ်တာကြောင့် ပြုပြင်သူအနေနဲ အင်ဂျင်ပြသနာတွေကို စစ်ဆေးဖို့ အဖုံးကိုမဖွင့်ခင် အရင်အအေးခံ ထားသင့်ပါတယ်။

ရေငွေ့ပျံခြင်း‌ကြောင့် ပုံမှန်ရှိသင့်တဲ့ coolant ပမာဏထက် coolant ပိုမို လျော့နည်း ဆုံးရှုံးခြင်း ဖြစ်စေပြီး အင်ဂျင်မှ ထုတ်နေတဲ့ အပူကိုဖယ်ရှားဖို့ လုံလောက်တဲ့ အအေးခံရည် ပမာဏ မရှိတော့တာမျိုး ဖြစ်လာနိုင်ပြီး အင်ဂျင်အပူက ပိုမို ဆိုးရွားစွာ မြင့်တက်လာစေနိုင်ပါတယ်။

ဒါကြောင့် ရေနွေးငွေ့တွေ ထွက်နေရင် အင်ဂျင်ကို အမြန်ဆုံး ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။

🔸🔸ကန်ထွက် (သို့) ပြုတ်ထွက်နေသောရေတိုင်ကီပိုက်

------------------------------------------------

ရေတိုင်ကီအဖုံး မကောင်းခြင်းကြောင့် ရေပိုက်အတွင်း ဖိအား အတက်အကျမမှန်ခြင်း ဖြစ်စေနိုင်ပြီး ရေပိုက်များ ကွဲထွက် ပြုတ်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဖိအားနိမ့်ခြင်းက ရေပိုက်တွေအတွင်း လေဟာနယ်များ ဖြစ်ပေါ်စေနိုင်ပြီး တစ်ချိန်တည်းမှာ ဖိအားပိုများခြင်းက ပိုက်များကို ပေါက်ပြဲခြင်း အက်ကွဲခြင်း ပွင့်ထွက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

ရေပိုက်ပေါက်ခြင်းက အင်ဂျင်အပူလျော့ချပေးနိုင်တဲ့ coolant ပမာဏကို လျှော့ကျ‌စေပါတယ်။

ပိုများတဲ့ ဖိအားက ပိုက်ကို လုံးဝပျက်စီး‌အောင် မဖျက်နိုင်‌ေတာင် အပေါက်ငယ်လေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ယာဉ်ရပ်ထားပြီး ရေပိုက်အတွင်း ဖိအား လျော့ကျနေစဉ် ဒီအပေါက်‌တွေကို မြင်ချင်မှမြင်ရမှာပါ။

ရေပိုက်အတွင်း ဖိအားတက်လာချိန်မှာ ရေယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။

ဒီလို သေးငယ်တဲ့ အပေါက်လေးတွေ ရှိမရှိ ဆပ်ပြာရည်အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။

🔸🔸အဆက်မပြတ် ပြည့်လျှံထွက်‌နေသောရေလှောင်ကန်ငယ်

------------------------------------------------------

သတ်မှတ်ထားတဲ့ ဖိအားပမာဏထက် ကျော်လွန်တဲ့အခါ ဖိအားကိုထိန်းညှိပေးဖို့ overflow reservoir ထဲ coolant ကို စီးဝင်စေပါတယ်။

ဒါပေမယ့် ရေတိုင်ကီအဖုံးမကောင်းတဲ့အခါ အင်ဂျင်က coolant ကို ပိုလျှံတဲ့ ဖိအား‌ကြောင့် မဟုတ်ဘဲ ရေလှောင်ကန်ဆီ ‌စီးဆင်းစေခြင်း ဖြစ်စေပါတယ်။

ဒါက ရေတိုင်ကီအတွင်း ဖိအားဆုံးရှုံးမှုဖြစ်စေပြီး ဖိအားအနည်းငယ် သို့မဟုတ်လုံးဝမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဖိအားနည်းခြင်းက စနစ်အတွင်း ထွက်ပေါက် တစ်ခုရှိနေခြင်း၊ မကောင်းတဲ့ Radiator အဖုံး ဒါမှမဟုတ် မကောင်းတဲ့ coolant reservoir cap ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

စောစောကပြောခဲ့သလိုဘဲ

ဖိအားနိမ့်တာကြောင့်ရေတိုင်ကီ အအေးခံရည်က အပူလွန်ကဲပြီးအင်ဂျင် ချို့ယွင်းတာကိုဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့်၊ မကောင်းတဲ့ရေတိုင်ကီအဖုံး‌ေကြာင့် ပြည့်လျှံတဲ့ လက္ခဏာကိုသတိပြုမိရင် ရေတိုင်ကီအဖုံးကို စစ်‌ေဆးပြီး လိုအပ်ရင် အစားထိုး လဲလှယ်ဖို့ လိုအပ်ပါတယ် ။

🔸🔸Cooling System ထဲသို့ လေများ ဝင်ရောက်ခြင်း

-----------------------------------------------

ရေတိုင်ကီအဖုံး ချို့ယွင်းမှုရဲ့နောက်ထပ်လက္ခဏာတစ်ခုက အအေးခံစနစ်ထဲကို လေများ ဝင်‌ ရောက်လာခြင်း ဖြစ်ပါတယ်။

ပိုက်များစတင် မအက်ကွဲမီ စနစ်အတွင်း လေဝင်ရောက်နေတာကို သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။

အအေးပေးစနစ်အတွင်း ဝင်ရောက်တဲ့ လေကြောင့် ပိုက်လိုင်း အတွင်း ဖိအား‌လျော့နည်းခြင်း လေဟာနယ် နေရာများမှာ အပူချိန်မြင့်တင်ပြီး ကွဲအက်ခြင်းများဖြစ်စေနိုင်ပါတယ်။

ဖိအားနည်းခြင်းက ရေပိုက်‌တွေကို အက်ကွဲစေပြီး ယိုစိမ့်မှုကို ဖြစ်စေပါတယ်။

🔸🔸Coolant Level နိမ့်ခြင်း

----------------------

အထက် ဖော်ပြပါ အချက်‌တွေအားလုံးက တစ်နည်းမဟုတ်တစ်နည်းနဲ့ ရေတိုင်ကီအတွင်းက coolant level ကို နိမ့်စေနိုင်ပါတယ်။

ပြစ်ချက်တိုင်းက ရေတိုင်ကီဖုံးနဲ့ ပတ်သတ်နိုင်ပါတယ်။

ပေါက်နေတဲ့ ရေပိုက်က ဖိအား လျော့နည်းမှု ယိုစိမ့်မှုကိုဖြစ်စေနိုင်သလို ရေတိုင်ကီအဖုံးကလည်း ဖိအား လျော့နည်းမှုနဲ့ coolant level ကို သိသိသာသာကျဆင်းစေနိုင်ပါတယ်။

ကောင်းကောင်းမွန်မွန် မဖုံးထားတဲ့ ရေတိုင်ကီ အဖုံးကလည်း ဖိအားအတက်အကျ ဖြစ်ပေါ်စေနိုင်ပြီး ရေလှောင်ကန်ငယ် ပြည့်လျှံလာစေနိုင်ပါတယ်။

Coolant အဆင့်နိမ့်ခြင်း ပုံမှန်ထက် အ‌အေးခံရည် ဆုံးရှုံးမှု ပိုမြန်ခြင်းက သတိထားသင့်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

🔹🔹🔹ရေတိုင်ကီအဖုံး ကောင်းမကောင်း ဘယ်လိုစမ်းသပ် စစ်ဆေးရမလဲ?

----------------------------------------------------------------

ရေတိုင်ကီ အဖုံးကို အစားထိုးဖို့အချိန်ရောက်ပြီလား ဆိုတာ သိဖို့ ရေတိုင်ကီအဖုံး ကောင်းမကောင်း စစ်ဆေးနိုင်ဖို့ လိုပါတယ်။

အင်ဂျင်ကို စက် ၁၀ မိနစ်ခန့် နှိုးထားပါ။ နှိုးထားစဉ် အဖုံးနှင့်ပိုက်များမှ အအေးခံရည် ယိုစိမ့်မှုသို့မဟုတ်ပူဖောင်းများ ဖြစ်ပေါ်ခြင်း ရှိမရှိ စစ်ဆေးပါ။

ယိုစိမ့်မှု လက္ခဏာ တစ်စုံတစ်ရာ မတွေ့ပါက အဝတ်ထူထူ ဒါမှမဟုတ် အပူဒဏ်ခံ လက်အိတ် ဝတ်ပြီးရေတိုင်ကီအဖုံးကို ဖြည်းဖြည်းချင်း လှည့်ပါ။ အဖုံးကိုမဖြုတ်ပါနဲ့။

အနည်းငယ် လျော့ထားသော ရေတိုင်ကီအဖုံးမှ ရေနွေးငွေ့ အနည်းငယ်နဲ့ ရေပူဖောင်းအနည်းငယ် ထွက်လာတယ်ဆိုရင် coolant က သတ်မှတ်ထားတဲ့ ဖိအားအောက်မှာ သာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ရေနွေးငွေ့လုံးဝ မထွက်လာဘူး ဆိုရင် ဖိအားယိုစိမ့်မှုရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ရေတိုင်ကီအဖုံးက ဖိအားချို့ယွင်းချက်နဲ့ယိုစိမ့်မှု ဟုတ်မဟုတ် စစ်ဆေးဖို့ Radiator and Cap Test Kit ကို အသုံးပြု စစ်ဆေးနိုင်ပါတယ်။

ဒီ ကိရိယာကို မသုံးခင် စက်သတ်ပါ။

ရေတိုင်ကီအဖုံးကို မဖယ်ရှားခင်အနည်းဆုံး မိနစ် ၃၀ စောင့်ပါ။

ဖိအား gauge ကို cap adapter နဲ့ ကောင်းကောင်းမွန်မွန် ချိတ်ဆက်ပါ။

Tester က လေစုပ်ပန့် သုံးပြီး ဖိအား ဖြည့်ပါ။

သက်ဆိုင်ရာ ပြုပြင်နည်း လက်စွဲစာအုပ်မှာ အကြံပြုထားသော PSI ပမာဏနဲ့ tester gauge မှ ဖတ်ယူရရှိမှုကို တိုက်ဆိုင် စစ်ဆေးပါ။

ရေတိုင်ကီ အဖုံးလဲသင့် မလဲသင့် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဖိအားက အကြံပြုထားတဲ့ ဖိအားအထိ တက်မလာနိုင်ရင်

တစ်ဖြည်းဖြည်း ပြန်ကျသွားရင် ရေပိုက် ပိုက်ဆက် ရေတိုင်ကီ စတဲ့ စနစ် ရေလည်ပတ်လမ်း တစ်နေရာရာမှ ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပြီး

တက်လာတယ်ဆိုရင် ရေတိုင်ကီ အဖုံး ချို့ယွင်းပြီး ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပါတယ်။

🔹🔹🔹ရေတိုင်ကီအဖုံး မကောင်းဘဲနဲ့ အင်ဂျင်ကို လည်ပတ် မောင်းနှင်ရင် ဘာဖြစ်မလဲ?

-----------------------------------------------------------------------

အင်ဂျင်က မကောင်းတဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ ရေတိုင်ကီအဖုံး အသုံးပြု လည်ပတ်မယ်ဆို အင်ဂျင် အပူလွန်ကဲပါလိမ့်မယ်။

ရေတိုင်ကီဖိအား အလွန်နည်းမယ်ဆို အင်ဂျင်မှထုတ်တဲ့ အပူအားလုံးကို ဖယ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

အပူရှိန်လွန်ကဲခြင်းက အင်ဂျင်အစိတ်အပိုင်းများအတွက် ပိုဆိုးသော ပြသနာများ ဖြစ်စေနိုင်တဲ့ ဂတ်စ်ကတ် ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

🔹🔹🔹မကောင်းသောရေတိုင်ကီအဖုံးကြောင့် လေပူဖောင်းတွေ ဖြစ်စေနိုင်သလား?

------------------------------------------------------------------------

မ‌ေကာင်းတဲ့ မှားယွင်းတဲ့ ရေတိုင်ကီအဖုံးက အအေးပေးစနစ်အတွင်းသို့လေ၀င်ရောက်ခြင်းဖြစ်‌စေပြီး ရေလှောင်ကန်မှာ လေပူဖောင်းတွေ ထွက်တာမျိုး ဖြစ်‌စေနိုင်ပါတယ်။



ရေတိုင်ကီအဖုံးက ရေတိုင်ကီထဲက coolant စနစ်အတွင်း လည်ပတ်မှုကို တည်ငြိမ်‌စေပါတယ်။

ရေတိုင်ကီအဖုံး မကောင်းလျှင် စုပ်စက်၊ အင်ဂျင်ဘလောက်နဲ့ ရေတိုင်ကီ အတွင်း coolant ချောချော‌မွေ့မွေ့ စီးဆင်းနိုင်မှာ မဟုတ်ပါဘူး။

မကောင်းတဲ့ ရေဒီယေတာကလည်း coolant အရည်ကို ရေနွေးငွေ့ပူဖောင်း /လေသံ အနေနဲ့ ထုတ်လွှတ်နိုင်ပါတယ်။

Coolant ယိုစိမ့်မှုက အပူလွန်ကဲခြင်းနဲ့ gasket ပျက်စီးချို့ယွင်းခြင်းကိုဖြစ်စေနိုင်တာကြောင့် အင်ဂျင်ပိုမိုပျက်စီးစေခြင်းမှ ကာကွယ်ရန် ယိုစိမ့်မှုကို တတ်နိုင်သမျှ အမြန်ဆုံးပြုပြင်သင့်ပါတယ်။

ရေတိုင်ကီအဖုံးအစားထိုးလဲလှယ်မယ်ဆိုထုတ်လုပ်သူ သတ်မှတ်ရေတိုင်ကီအဖုံး သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးပါ။

ယာဉ်အတွက် လိုအပ်သော ဖိအား ထိန်းချုပ်မှု မရှိတဲ့ တွေ့ရာ ရေတိုင်ကီ အဖုံး ၀ယ်ယူ တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။

ရေတိုင်ကီအဖုံးကအကန့်အသတ်မရှိကြာရှည် ခံပါတယ်။

ဒါပေမဲ့ အခြေအနေ အပေါ်မူတည်ပြီး အချိန်မတိုင်မီ ရေတိုင်ကီအဖုံးပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။

ကမ်းရိုးတန်းဒေသ တွေမှာ စိုထိုင်းဆ အငန်ဓာတ်စတဲ့ အခြေအနေ‌ေတွက ယာဉ်အစိတ်အပိုင်း‌ေတွ သံချေးတက် လွယ်ကူပါတယ်။

အေးတဲ့ဒေသ နှင်းကျတဲ့ဒေသ ယာဉ် ထားသိုမှု ပုံစံ တွေအပေါ် မူတည်ပြီး သံချေးတက်ခြင်းက ပိုမြန်မြန်ဆန်ဆန် ဟောင်းနွမ်းပျက်စီးစေနိုင်ပါတယ်။

Crd; Photo

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 📞09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

Photos from Mr. Clean Auto Detailing's post 15/09/2024

လူကြီးမင်းတို့ရဲ့
သိန်းထောင်ချီ တန်ကားများ ဆေး အရာင် မလွှင့်ပျယ်စေရန် နှင့် ငှက်ချေး မိုးရေ ဒဏ်များ ကာကွယ်ရန် အတွက်

Coating or sealant တစ်မျိုးမျိုး ပြုလုပ်ရန် လိုအပ်ပါသည်

နှစ်သိန်း စွန်းစွန်း ဖြင့် လူကြီးမင်းတို့ ရဲ့ တန်ဖိုး ကြီးသော ကားများ ကို ကျနော်တို့ Mr.clean Detailing မှ ထိန်းသိမ်းပေး ပါရစေ 🙏🙏🙏

29(A) 71.72 ကြား
ဗထူးမြီးရှည်ဆိုင် အနီး
မန္တလေးမြို့

09763892624
09969362795

28/07/2024

မင်္ဂလာပါဗျ 🙏🙏🙏 # # ကျနော်တို့ Detailing ဆိုင် လိပ်စာလေးက 29(A) 71.72ကြား ဗထူးမြီးရှည်ဆိုင် နားဖစ် ပါတယ် ဗျ #09763892624/09969362795

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


29(A)st, Between 71 X 72 Street, Chanayetharzan Township
Mandalay
09445500529

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 17:00